Transparency Myanmar

transparency.myanmar@gmail.com

INTERNATIONAL MEDIA (1)
Document INTERNATIONAL MEDIA (1)

Snapshot of the item below:
INTERNATIONAL MEDIA (1)

ဘာသာပြန်သတင်းများ

  1. မြန်မာနိုင်ငံအတွက် ဆုလဒ်များ

(22 May 2013 ရက်စွဲပါ Jakarta Post ၏ ခေါင်းကြီးပိုင်းဖြစ်သည့် “Rewards for Myanmar သတင်းကို ဘာသာပြန် ဆိုသည်။)

  1. အမေရိကန်ဆီးနိတ်ခေါင်းဆောင်က မြန်မာနိုင်ငံအပေါ် အရေးယူမှု သက်တမ်းမတိုးရန်ပြောကြား

(22 may 2013 ရက်စွဲပါ UPI မှ U.S Senate Leader eases pressure on Myanmar သတင်းကို ဘာသာပြန်ဆိုသည်)    

  1. မြန်မာနိုင်ငံ၏ GDP သည် ၆.၇၅% ထိတိုးတက်နိုင်ဟု IMF ပြော

(22 May 2013 ရက်စွဲပါ Bangkok Post မှ  IMF:Myanmar GDP to grow 6.75% ကို ဘာသာပြန်ဆိုသည်)


မြန်မာနိုင်ငံအတွက် ဆုလဒ်များ

(22 May 2013 ရက်စွဲပါ Jakarta Post ၏ ခေါင်းကြီးပိုင်းဖြစ်သည့် “Rewards for Myanmar သတင်းကို ဘာသာပြန် ဆိုသည်။)

မြန်မာနိုင်ငံ၏ ပြုပြင်ပြောင်းလဲမှုများကို ဦးဆောင်ခဲ့သောကြောင့်  နိုင်ငံတကာ၏ ချီးကျူးမှုရရှိခဲ့သော ဗိုလ်ချုပ်ကြီး ဟောင်း သမ္မတဦးသိန်းစိန်သည် တနလာင်္နေ့တွင် အမေရိကန်အိမ်ဖြူတော်၌ အမေရိကန်သမ္မတ ဘားရက်အိုဘားမား၏ နွေး ထွေးသော ကြိုဆိုမှုအား လက်ခံရရှိခဲ့သည်။

ယင်းခရီးစဉ်သည်လွန်ခဲ့သော နိုဝင်ဘာလတွင် ရန်ကုန်သို့လာရောက် လည်ပတ်ခဲ့သော သမ္မတအိုဘားမား၏ ခရီးစဉ်အား အပြန်အလှန် လည်ပတ်သောခရီးစဉ်လည်းဖြစ်ပါသည်။

သမ္မတဦးသိန်းစိန်သည် ယင်းဂုဏ်ပြုမှုနှင့်ထိုက်တန်ခဲ့ပါသည်။

ဆယ်စုနှစ်များစွာ ကမ္ဘာ့အပြင်ဘက်တွင်လုံးဝအထီးကျန်ဖြစ်နေခဲ့သောနိုင်ငံတွင် သမ္မတဦးသိန်းစိန်၏ ဆုံးဖြတ်ချက် ခိုင်မာသောမူဝါဒများဖြင့် တိုင်းပြည်ကိုတံခါးဖွင့်ရန်ဆောင်ရွက်ခဲ့သောကြိုးပမ်းမှုများသည် ကမ္ဘာကြီးကိုအံ့အားသင့်ဖွယ်ဖြစ်စေ ခဲ့ပါသည်။

သူသည် အတိုက်အခံပါတီမှ ဒေါ်အောင်ဆန်းစုကြည်အပါအဝင် နိုင်ငံရေးအကျဉ်းသားများကိုလည်း လွတ်မြောက် စေခဲ့သည့်အပြင် စာနယ်ဇင်းဆင်ဆာများကိုလည်း ဖျက်သိမ်းပေးခဲ့ရာ ဒေါ်အောင်ဆန်းစုကြည်ပင် ယခင်ကစိတ်ပင်မကူးခဲ့ သော လမ်းကြောင်းတစ်ခုဖြစ်ပါသည်။

မြန်မာနိုင်ငံသည် ပြည်တွင်းတိုင်းရင်းသားပဋိပက္ခများ၊ လူ့အခွင့်အရေးချိုးဖောက်မှုများ၊ လူနည်းစုများအား ဖိနှိပ်မှု များနှင့် စစ်ဗိုလ်ချုပ်ကြီးများ၏ အာဏာအလွဲသုံးစားပြုမှုများအပါအဝင် စစ်အာဏာရှင်လက်ထက်က ဖြစ်ခဲ့သော ပြဿနာများ ကို တိုး၍ ရင်ဆိုင်နေရသည်မှာ အမှန်ပင်ဖြစ်ပါသည်။

ထို့အပြင် မြန်မာနိုင်ငံတွင် စီးပွားရေးနှင့်ပတ်သက်သော အဖွဲ့အစည်းများနှင့် ဥပဒေများ ခိုင်မာအောင် ပြုလုပ်ရန်နှင့် နိုင်ငံရေး အရ ပြုပြင်ပြောင်းလဲမှုများ လိုအပ်သည်မှာ အမှန်ပင်ဖြစ်ပါသည်။

 သို့သော်လည်း တိုးတက်မှုများရှိနေသည်ကိုလဲ မည်သူငြင်းနိုင်အံ့နည်း။

ကျွန်ုပ်တို့ အင်ဒိုနီးရှားနိုင်ငံသားများသည် ၁၉၉၈ မေလ က Soeharto ၏ ၃၂ နှစ်ကြာ အုပ်ချုပ်မှုကို အောင်မြင်စွာ အဆုံးသတ်စေခဲ့ဖူးသည့် အတွေ့အကြုံရှိဖူးသောကြောင့်  ယခုမြန်မာနိုင်ငံတွင် ရင်ဆိုင်နေသော အခြေအနေကိုများစွာ ကိုယ်ချင်းစာနာ နိုင်ပါသည်။

၁၉၄၅ ခုနှစ် လွတ်လပ်ရေးရပြီးစဉ်ကတည်းက ခေါင်းဆောင်နှစ်ဦးဖြစ်သည့် Sukarno နှင့် Soeharto တို့၏ ဖိနှိပ်မှု ကာလများအပြီးတွင် ကျွန်ုပ်တို့သည်လည်း ဒီမိုကရေစီဖော်ဆောင်ရေးလုပ်ငန်းစဉ်၌ ခက်ခဲသည့် စမ်းသပ်မှုများကို ကြံ့ကြံ့ခံ ၍ ကျော်လွှားနိုင်ခဲ့ပါသည်။

များပြားလှတဲ့စိန်ခေါ်မှုများကို ကျော်လွှားနိုင်ရန် ဖြတ်လမ်းနည်းမရှိသကဲ့သို့ ရှုပ်ထွေးလှတဲ့ အကြောင်းကိစ္စရပ်များ ကိုကုသရန်ရိုးရှင်းသောကုထုံးမျိုးလည်းမရှိပါ။

မြန်မာနိုင်ငံ၏တိုးတက်မှုများသည် အာဆီယံအတွက် ကျေနယ်ဖွယ်ရာကောင်းသည့် အံ့အားသင့်စရာ များဖြစ်စေပါ သည်။ အဘယ့်ကြောင့်ဆိုသော် ဆင်းရဲတဲ့နိုင်ငံဟာ ယခင်ကဆင်းရဲသော်မြန်မာနိုင်ငံကို နိုင်ငံတကာ အသိုင်းအဝိုင်းများ ကအပယ်ခံအဖြစ်ဆက်ဆံခဲ့ကြခြင်း ကြောင့်ဖြစ်ပါသည်။

ပြုပြင်ပြောင်းလဲရေးလုပ်ငန်းစဉ်အောင်မြင်ရေးသေချာစေရန် ဦးသိန်းစိန်နှင့်ဒေါ်အောင်ဆန်းစုကြည်တို့အဖို့ အတူ လက်တွဲလုပ်ဆောင် ရန်မှတစ်ပါး ရွေးချယ်စရာလမ်းမရှိပါ။

ထိုသို့လုပ်ဆောင်ရန်အတွက် အထူးသဖြင့် အတိုက်အခံ၏ပြယုဂ်တစ်ခုဖြစ်သော ဒေါ်အောင်ဆန်းစုကြည် အတွက် မလွယ်ကူလှပေ။  သူ့ အနေဖြင့် ယခုကဲ့သို့ အကျပ်ရိုက်စေမည့် မေးခွန်းအချို့ကို ကြုံတွေ့ရလိမ့်မည်ဟု  တွေးထားခဲ့လိမ့် မည်ဟု တွက်ဆရပါသည်။ ဒေါ်အောင်ဆန်းစုကြည် အနေဖြင့် သူ့အား အတိုက်အခံဇာတ်ကောင်တစ်ဦး အဖြစ်အသိအမှတ်ပြု ခံထားရသော အနေအထားကို အဆုံးရှုံးခံနိုင်ရန် အသင့်ဖြစ်နေပြီလား။


အမေရိကန်ဆီးနိတ် ခေါင်းဆောင်က မြန်မာနိုင်ငံအပေါ် အရေးယူမှုသက်တမ်း မတိုးရန် ပြော ကြား

(22 may 2013 ရက်စွဲပါ UPI မှ U.S Senate Leader eases pressure on Myanmar သတင်းကို ဘာသာပြန်ဆိုသည်)      

မြန်မာနိုင်ငံတွင် လုံလောက်သော နိုင်ငံရေးအရ တိုးတက်မှုများရှိနေပြီဖြစ်၍ စီးပွားရေးအရအရေးယူမှု များကို ဆက်လက်သက်တမ်းတိုးရန် မလိုအပ်တော့ကြောင်း ဆီးနိတ်လူနည်းစုခေါင်းဆောင်Mitch Mc Connell ကပြောကြားလိုက် ပါသည်။

ယခုအပတ်တွင် အမေရိကန်သမ္မတ Barack Obama သည်မြန်မာသမ္မတ ဦးသိန်းစိန်နှင့် တွေ့ဆုံရာ၌ ၎င်းအနေ ဖြင့် နိုင်ငံရေး စီးပွားရေးပြုပြင်ပြောင်းလဲမှုများတွင် အရေးပါသောတိုးတက်မှုများ တွေ့ခဲ့ရသည်ဟု ပြောခဲ့ပါသည်။ သို့သော် ၎င်းက မြန်မာနိုင်ငံ၏ လုံခြုံရေးအခြေအနေနှင့် ပတ်သက်၍ စိုးရိမ်ခဲ့ကြောင်းလည်း ပြောကြားခဲ့ပါသည်။

Mc Connell သည် မြန်မာနိုင်ငံအပေါ် စီးပွားရေးအရ အရေးယူမှုဥပဒေများ ချမှတ်ရန် ဦးဆောင်ခဲ့သူတစ်ဦးဖြစ်ပြီး၊ ယခုအခါ ၎င်းအနေဖြင့် အဆိုပါကိစ္စကို နောက်ထပ်ဖိအား ပေးတော့မည်မဟုတ်ကြောင်း၊ အဘယ့်ကြောင့်ဆိုသော် နိုင်ငံရေး ပြုပြင် ပြောင်းလဲမှုများကြောင့်ဟု ဆိုပါသည်။

“ကျွန်တော့် အနေနဲ့ နိုင်ငံခြားရေးဌာနနဲ့ တိုင်ပင်ညှိနှိုင်းမှုတွေအပေါ် အခြေခံပြီးတော့ ဒီနှစ်အရေးယူမှု တွေကို သက်တမ်းတိုးဖို့ ကြိုးစားတော့မှာ မဟုတ်ပါဘူး။” ဟု ၎င်းက ကြေညာချက်တွင် ပြောကြားခဲ့ပါသည်။

မြန်မာနိုင်ငံအပေါ် အမေရိကန်၏ အရေးယူမှုအချို့ကို ၂၀၁၂ ခုနှစ်က ဖြေလျော့ပေးခဲ့ပါသည်။ ဥရောပသမဂ္ဂသည် လည်း ယခုနှစ်အစောပိုင်းက မြန်မာနိုင်ငံ၏ တိုးတက်မှုကို လိုက်လျောညီထွေ တုန့်ပြန်ခဲ့ပြီး ဖြစ်ပါသည်။

လူ့အခွင့်အရေးအုပ်စုများကမူ အဆိုပါ ဆုံးဖြတ်ချက်များအတွက် စိုးရိမ်ကြောင်း ဖော်ပြခဲ့ကြပြီး၊ နိုင်ငံရေးအရ ပြုပြင် ပြောင်းလဲမှု အများအပြားကို ရှေ့ဆုံးမှအားပေးသည့်အရာမှာ အရေးယူမှုဆိုသည့် ဖိအားပင်ဖြစ်ကြောင်းပြောခဲ့ပါသည်။ အကြမ်းဖက်မှုများကို ရပ်ဆိုင်းအောင် ကြိုးပမ်းမှုများသည် နိုင်ငံရေးအရ တိုးတက်မှုများ၏ နှုန်းကို မှီအောင်မလိုက်နိုင်သေး ကြောင်း ၎င်းတို့ကပြောပါသည်။

Mc Connell ကပြောကြားရာတွင် Obama အစိုးရသည် မြန်မာနိုင်ငံကို သံလွင်ခက်ကမ်းခဲ့ပြီဖြစ်ရာ၊ ကွန်ဂရက် အနေဖြင့်လည်း ထိုနည်းတူလုပ်ဆောင်ရန် အချိန်ရောက်ပြီဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။


မြန်မာနိုင်ငံ၏ GDP သည် ၆.၇၅% ထိတိုးတက်နိုင်ဟု IMF ပြော

(22 May 2013 ရက်စွဲပါ Bangkok Post မှ  IMF:Myanmar GDP to grow 6.75% ကို ဘာသာပြန်ဆိုသည်)

မြန်မာနိုင်ငံသည် ၎င်း၏ ဘဏ္ဍာရေးစနစ်ကို ခေတ်မှီအောင်လုပ်ဆောင်နေရာ ၎င်း၏စီးပွားရေးသည် သဘာဝ ဓါတ်ငွေ့ရောင်းရငွေများ နှင့် ရင်းနှီးမြှုပ်နှံမှုများကြောင့် ယခုဘဏ္ဍာနှစ်တွင် ၆.၇၅% ထိ တိုးတက်လာနိုင်ကြောင်း နိုင်ငံတကာ ငွေကြေး-ရန်ပုံငွေအဖွဲ့(IMF)၏ အဆိုအရ သိရှိရပါသည်။

ပြီးခဲ့သည့် မတ်လ (၃၁) ရက်နေ့တွင် ကုန်ဆုံးသော ဘဏ္ဍာနှစ်တွင် ပြည်တွင်းအသားတင်ထုတ်လုပ်မှု (GDP) သည် ခန့်မှန်းချေသည် ၆.၅% အတိုင်း တိုးတက်ခဲ့ကြောင်း ဗုဒ္ဓဟူးနေ့က ထုတ်ပြန်သော ကြေညာချက် တွင် IMF က ပြောပါသည်။ ဧပြီလ ၁ ရက်နေ့တွင် စတင်သော ဘဏ္ဍာနှစ်တွင် ငွေဖောင်းပွမှုမှာ ၅.၅% သာ ရှိသင့်ကြောင်း၊ နိုင်ငံခြားသားရင်းနှီးမြှုပ်နှံ သူများ၏ စာရင်းရှင်အပ်ငွေများ ပိုမိုအပ်နှံမည်ဖြစ်၍ နိုင်ငံခြားအရန်ငွေ လည်း တိုးလာနိုင်မည်ဖြစ်ကြောင်း IMF ကဆိုပါသည်။

အာဏာပိုင်များ၏ ရည်မှန်းချက်ကြီးကြီးဖြင့် လုပ်ဆောင်လျက်ရှိသည့် ပြုပြင်ပြောင်းလဲရေးများသည် မက်ခရိုစီးပွား ရေးတည်ငြိမ်မှု (Macroeconomic Stability) နှင့် ရင်းနှီးမြှုပ်နှံသူများ၏ စိတ်ဝင်စားမှုနှုန်းမြင့်မားမှုနှုန်းများဖြင့် အသီး အပွင့် များ ခံစားနေရသည်ဟု မြန်မာအတွက် IMF မစ်ရှင်ခေါင်းဆောင် Matt Davies က ၎င်း၏ ၁၅ ရက်ခရီးအပြီး ဗုဒ္ဓဟူးနေ့က ပြောကြားခဲ့ပါသည်။

ဘတ်ဂျက်မူဝါဒမှာလည်း ရည်မှန်းချက်နှစ်ခုဖြစ်သော မြန်မာနိုင်ငံတွင် ကြီးမားသော ဖွံ့ဖြိုးတိုးတက်မှု လိုအပ်ချက် နှင့် မက်ခရိုစီးပွားရေးတည်ငြိမ်မှုထိန်းသိမ်းရန် နှစ်ခုကြားတွင် ဟန်ချက်ညီအောင် စီမံခန့်ခွဲလျက် ရှိပါသည်။

သမ္မတဦးသိန်းစိန်သည် နိုင်ငံရေးလွတ်လပ်ခွင့်များပိုမိုပေးပြီး၊ စီးပွားရေးတံခါးဖွင့်ခဲ့ခြင်းကြောင့် ဖို့ဒ်မော်တော်ကား ကုမ္ပဏီ၊ ကိုကာကိုလာကုမ္ပဏီ အပါအဝင်ကုမ္ပဏီကြီးများကို ဆွဲဆောင်ခဲ့ပါသည်။ ဥရောပသမဂ္ဂက အရေးယူမှုများ ရုတ်သိမ်း ပေးခဲ့ပြီး တစ်လအကြာတွင် ဦးသိန်းစိန်သည် ဝါရှင်တန်၌ သမ္မတ Barack Obama နှင့် တွေ့ဆုံစဉ် အမေရိကန်အရေးယူမှု များပြီးဆုံးရေးအတွက် လုပ်ဆောင်ခဲ့ပါသည်။

“မြန်မာနိုင်ငံဟာ သူ့ရဲ့ငွေလဲလှယ်နှုန်းကို ဖြေလျော့ပေးရာမှာ ရှည်လျားစွာ လုပ်ဆောင်ခဲ့ရပါတယ်။ အခုတော့ ငွေလဲ နှုန်းဟာ ပြင်ပဈေးကွက်နဲ့ နီးစပ်အောင်ညှိနှိုင်းခဲ့ပါပြီ” ဟု Mr Davies က ပြောပါသည်။ ‘ကျပ်’ ငွေ တန်ဖိုးသည် ၂၀၁၂ ဧပြီလ စီမံထားသော နှုန်းရှင်မျှောပေးမှုနောက်ပိုင်း ၁၃% ခန့် တန်ဖိုးလျော့သွားခဲ့ပြီး ယခု တစ်ဒေါ်လာလျှင် ၉၂၈ ကျပ်ရှိကြောင်း Bloomberg မှ သိရှိရသော ကိန်းဂဏန်းအရ တွေ့ရပါသည်။

မက်ခရိုစီးပွားရေးစီမံခန့်ခွဲမှုသည် မြန်မာနိုင်ငံ၏ စီးပွားရေးသွင်ပြင်လက္ခဏာတွင် အဓိကအန္တရာယ်ရှိပြီး စွန့်စားရ မည့် ကိစ္စရပ်တစ်ခုဖြစ်နေဆဲ ဖြစ်ပါသည်ဟု Mr Davies က ပြောပါသည်။ ဥပဒေသစ်တွင် မြန်မာနိုင်ငံ ဗဟိုဘဏ်အား ကိုယ်ပိုင်လုပ်ပိုင်ခွင့်ပေးတော့မည်ဖြစ်ရာ လုပ်ခများတိုးလာမှု၊ ငွေကြီးထွားလာမှုနှင့် အိမ်၊ ခြံ၊ မြေ ဈေးနှုန်းများမှ တစ်ဆင့် ငွေ ဖောင်းပွမှုဖိအားကို ကိုင်တွယ်ရမည်ဖြစ်သည်ဟု ၎င်းကဖြည့်စွက် ပြောပါသည်။ ၎င်းက လျင်မြန်စွာ ကြီးထွားလာပြီး ခေတ်မှီ လာသည့် ဘဏ်လုပ်ငန်းကဏ္ဍကို ပိုမိုကြီးကြပ်ရန် တိုက်တွန်းခဲ့ပါသည်။

“မြန်မာနိုင်ငံအနေဖြင့် ရင်းနှီးမြှုပ်နှံမှုတွေကို ဆွဲဆောင်တဲ့နေရာမှာ အခွန်ကင်းလွတ်ခွင့်မက်လုံးပေးတာ ထက်စာရင် အခြေခံအဆောက်အဦး တိုးတက်အောင် လုပ်ဆောင်၍လည်းကောင်း၊ ဗျုရိုကရေစီ ယန္တရားပိုမိုချောမွေ့အောင် လုပ်ဆောင်၍ လည်းကောင်း၊ လုပ်ဆောင်သင့်ပါတယ်” ဟု Davies ကပြောပါသည်။ ယခုနှစ် ဘတ်ဂျက်လိုငွေပြမှုသည် GDP ၏ ၅% ခန့်ရှိ မည်ဟု ခန့်မှန်းရပြီး ကျန်းမာရေးနှင့် ပညာရေးတို့တွင် ပိုမိုသုံးစွဲ လာသည်ကို တွေ့ရကြောင်း ၎င်းကပြောပါသည်။

အခွန်ကောက်ခံရရှိမှုများ အဆက်မပြတ်တိုးတက်မှုရှိနေရေးသည် အသုံးစရိတ်တိုးမြှင့်ရေးနှင့် သဘာဝသယံဇာတ အပေါ် မှီခိုမှုလျော့ချရေးအတွက် အရေးပါလှသည်ဟု Mr Davies က ပြောပါသည်။ ထိုသို့ ဖြစ်စေရန် အခွန်ငွေကို အခြေခံမူ ချဲ့ထွင်ရန်နှင့်  ဥပဒေလိုက်နာမှုတိုးတက်ရန်လိုအပ်ပါသည်။


 

 

              


Google Drive: create, share, and keep all your stuff in one place. Logo for Google Drive

0 comments:

Post a Comment