Transparency Myanmar

transparency.myanmar@gmail.com

INTERNATIONAL MEDIA (2)
Document INTERNATIONAL MEDIA (2)

Snapshot of the item below:
INTERNATIONAL MEDIA (2)

နိုင်ငံတကာသတင်းများ (၂)

ဂျပန်က မြန်မာအား ကြွေးဟောင်းများလျှော်ပေးကာ အကူအညီ ထပ်ပေး

(AFP နှင့် Reuters မှ 27 May 2013 ရက်စွဲပါ Japan forgives debt, boosts aid to Myanmar သတင်းကို ဘာသာပြန်ဆိုသည်)

ဂျပန်နိုင်ငံသည် မြန်မာနိုင်ငံ၏ စီးပွားရေးတည်ဆောက်မှုကို ပိုမိုကူညီထောက်ပံ့ရန် ကတိပေးကာ ကြွေးမြီဒေါ်လာ နှစ်ဘီလီယံနီးပါးကို လျှော်ပစ်ခြင်းအားဖြင့် မြန်မာတို့၏ ပြုပြင်ပြောင်းလဲရေးအစီအစဉ်ကို ပီပီပြင်ပြင် အားပေးထောက်ခံ လိုက်ပြီဖြစ်သည်။

ရန်ပုံငွေအချို့မှာ ကူးသန်းရောင်းဝယ်ရေးမြို့တော် ရန်ကုန်အနီးတွင် ဂျပန်တို့ အကောင်အထည်ဖော်နေသော စက်မှုဇုန် ဖွံ့ဖြိုးရေးအတွက် ကူညီပံ့ပိုးမည်ဖြစ်သည်။

မြန်မာအစိုးရက ပေးရန်ကျန်ရှိသော ကြွေးဟောင်းဒေါ်လာ ၁ ဒဿမ ၇၄ ဘီလီယံကို လျှော်ပစ်ရန် ဂျပန်နိုင်ငံက မနှစ်က သဘောတူထားခဲ့ပြီးဖြစ်သည်။

မြန်မာနိုင်ငံသည် နိုင်ငံရေးနှင့် စီးပွားရေး ပြုပြင်ပြောင်းလဲမှုများ ဆက်တိုက်ပြုလုပ်ခြင်းအပါအဝင် ဖြစ်သင့်ဖြစ်ထိုက် သော အခြေအနေများနှင့် ယခုအခါ ကိုက်ညီမှုရှိနေပြီဟု ဂျပန်တို့က ဆိုပါသည်။

“မြန်မာနိုင်ငံ၏ ပြုပြင်ပြောင်းလဲရေး ကြိုးပမ်းမှုများ ဆက်လက်ဖြစ်ပေါ်နေခြင်းကို နှစ်နိုင်ငံအစိုးရများက အသိအမှတ် ပြုခဲ့ကြပြီးနောက်တွင် သက်တမ်းလွန်နေသော ကြွေးမြီများကို ပယ်ဖျက်ပေးရန် ဂျပန်အစိုးရက ဆုံးဖြတ်ခဲ့သည်”ဟု ရှင်ဇိုအာဘေး၏ ခရီးစဉ် အပြီးသတ်တွင် ဂျပန်နိုင်ငံခြားရေးဌာနက ထုတ်ပြန်ကြေညာခဲ့သည်။

အသစ်ထပ်မံဆွေးနွေး သဘောတူညီချက်များအရ မြန်မာနိုင်ငံအား ကြွေးသစ် ဒေါ်လာ ၄၉၈.၅ သန်း (ယန်းငွေ ၅၁ ဘီလီယံ) ထပ်မံချေးငှားရန် ရှင်ဇိုအာဘေးက ကတိပြုခဲ့သည်။

၎င်းရံပုံငွေများသည် ကားလမ်း၊ လျှပ်စစ်ဓာတ်အား၊ ရေဖြန့်ဖြူးမှု၊ ဓာတ်အားပေးစက်ရုံ ပြုပြင်ထိန်းသိမ်းခြင်း အပါအဝင် နိုင်ငံတဝှမ်း အခြေခံ အဆောက်အဦစနစ် ဖွံ့ဖြိုးရေးကို ကူညီပံ့ပိုးဆောင်ရွက်မည်ဟု သိရှိရသည်။

တနင်္ဂနွေနေ့က နေပြည်တော်တွင် သမ္မတဦးသိန်းစိန်နှင့် တွေ့ဆုံခဲ့သူ ဝန်ကြီးချုပ် ရှင်ဇိုအာဘေးသည် ၃၆ နှစ် အတွင်း မြန်မာနိုင်ငံရောက် ပထမဆုံး ဂျပန်ခေါင်းဆောင်အဖြစ် မှတ်တမ်းဝင်သွားသည်။

ဝန်ကြီးချုပ် ရှင်ဇိုအာဘေးသည် မြန်မာခရီးစဉ်အတွင်း ငြိမ်းချမ်းရေး နိုဘယ်ဆုရှင် ဒေါ်အောင်ဆန်းစုကြည်နှင့် လည်း တွေ့ဆုံဆွေးနွေးခဲ့သည်။

ဂျပန်နှင့် မြန်မာအကြား နွေးထွေးပြီးသား ဆက်ဆံရေးသည် ယခုခရီးစဉ်ကြောင့် နောက်ထပ်တိုးတက်မှုကို ဖြစ်ပေါ်လာခဲ့သည်။

ဂျပန်နိုင်ငံသည် ၎င်း၏ အနောက်အုပ်စု မဟာမိတ်များနှင့်မတူဘဲ မြန်မာနိုင်ငံ စစ်အုပ်ချုပ်ရေးကာလ၌ပင် ကုန်သွယ်မှုနှင့် ဆွေးနွေးမှုတို့ကို ထိန်းသိမ်းကာ ဆက်ဆံခဲ့သော နိုင်ငံဖြစ်သည်။

လွန်ခဲ့သော ၂ နှစ်က သမ္မတဦးသိန်းစိန် အစိုးရအာဏာ ရလာကာနိုင်ငံတကာအသိုင်းအဝိုင်းသို့ ပြန်လည် ဝင်ရောက်လာခဲ့သော မြန်မာနိုင်ငံသို့ လာရောက်လည်ပတ်ကြသော အခြား ကမ္ဘာ့ခေါင်းဆောင်များကဲ့သို့ပင် ဝန်ကြီးချုပ် ရှင်ဇိုအာဘေးသည် မြန်မာနိုင်ငံသို့ ခြေချလိုက်ပြီဖြစ်သည်။

ယခင်စစ်အစိုးရလက်ထက်က အာဏာပိုင်များနှင့် ပေါင်းကာ မြန်မာပြည်သူများကို လျစ်လျူရှုထားသော အိမ်နီးချင်း ဂုတ်သွေးစုပ်နိုင်ငံများမှာမူ မြန်မာနိုင်ငံ၏ ရှေ့ခရီးလမ်းတွင် နေရာကောင်းမရနိုင်တော့ဟု ရန်ကုန်မြို့မှ အကဲခတ်များက မှတ်ချက်ပေးထားသည်။

 


 


Google Drive: create, share, and keep all your stuff in one place. Logo for Google Drive

0 comments:

Post a Comment