Transparency Myanmar

transparency.myanmar@gmail.com

INTERNATIONAL MEDIA (1)
Document INTERNATIONAL MEDIA (1)

Snapshot of the item below:
INTERNATIONAL MEDIA (1)

ဘာသာပြန်သတင်းများ

  1. ရိုဟင်ဂျာများအပေါ် ကလေးနှစ်ဦးကန့်သတ်သည့် မူဝါဒရုတ်သိမ်းရန် မြန်မာကို အမေရိကန် တိုက်တွန်း

(The Association Press မှ 28 May 2013 ရက်စွဲပါ “US urges Myanmar to eliminate 2-child Policy” သတင်းကို ဘာသာပြန်ဆိုသည်)

  1. ရိုဟင်ဂျာများကလေးနှစ်ယောက်သာ ယူခွင့်ပြုသည့် စီမံချက်ကို ဒေါ်အောင်ဆန်းစုကြည် ပြင်းထန်စွာ ဝေဖန်

(AP သတင်းဌာနမှ 28 May 2013 ရက်စွဲပါ Suu Kyi flays 2-child limit for Muslim Rohingya ကိုဘာသာ ပြန်ဆိုသည်)


ရိုဟင်ဂျာများအပေါ် ကလေးနှစ်ဦးကန့်သတ်သည့် မူဝါဒရုတ်သိမ်းရန် မြန်မာကို အမေရိကန်တိုက် တွန်း

(The Association Press မှ 28 May 2013 ရက်စွဲပါ “US urges Myanmar to eliminate 2-child Policy” သတင်းကို ဘာသာပြန်ဆိုသည်)

သွေးစွန်းသော လူမျိုးရေးပဋိပက္ခတွင် ပစ်မှတ်ထားခြင်းခံခဲ့ရသော မွတ်ဆလင်မျိုးနွယ်စုအပေါ်တွင် ကလေးနှစ်ဦး ထက်ပိုမယူရန် ကန့်သတ်မှုပြန်လည်ချမှတ်ခြင်းကို ရုတ်သိမ်းရန်မြန်မာအစိုးရကို အမေရိကန် ပြည်ထောင်စုက တောင်းဆို လိုက်ပါသည်။

ရခိုင်ပြည်နယ်မှ မြို့နယ်နှစ်ခုတွင် အာဏာပိုင်များက ရိုဟင်ဂျာမွတ်ဆလင်များအပေါ် အတင်းအကျပ် ကန့်သတ်ရန် စီစဉ်နေသည့် သတင်းနှင့်ပတ်သက်၍ အမေရိကန်ပြည်ထောင်စုအနေဖြင့် အထူးပင်စိုးရိမ်ပူပန်ကြောင်း နိုင်ငံခြားရေးဌာန ပြောရေးဆိုခွင့်ရှိသူ ပက်ထရစ်ဗင်ထရယ်က အင်္ဂါနေ့တွင် ပြောကြားသည်။

ကလေးမွေးဖွားမှု အဓမ္မကန့်သတ်သော မူဝါဒများကို အမေရိကန်ပြည်ထောင်စုက ကန့်ကွက်ကြောင်းနှင့် ယင်းကဲ့ သို့သော မူဝါဒများကို နှောင့်နှေးခြင်းမရှိရပ်ဆိုင်းရန် ဗင်ထရယ် ကပြောကြား ခဲ့သည်။

အတိုက်အခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် အစ္စလမ်ခေါင်းဆောင်များကလည်း ကလေးမွေးနှုန်း ကန့်သတ်မှုကို ကန့်ကွက်ကြောင်းထုတ်ဖော်ပြောဆိုထားကြသည်။

မြန်မာအစိုးရသည် မွတ်ဆလင်များကို ခွဲခြားဆက်ဆံမှု ပြုလုပ်နေကြောင်းလူ့အခွင့်အရေး အုပ်စုများ၏ ထုတ်ဖော် စွပ်စွဲခြင်း ခံနေရသည်။

ကလေးမွေးဖွားမှု ကန့်သတ်ရန်နှင့် နှစ်ဖက်အသိုင်းအဝိုင်းနှစ်ခုကို ယာယီခွဲခြားထားရန် လိုအပ်ကြောင်း တရားဝင် စုံစမ်းရေးကော်မရှင်၏ အစီရင်ခံစာတွင် တင်ပြထားသည်ဟု သိရှိရသည်။


ရိုဟင်ဂျာများကလေးနှစ်ယောက်သာယူခွင့်ပြုသည့်စီမံချက်ကို ဒေါ်အောင်ဆန်းစုကြည် ပြင်းထန်စွာဝေဖန်

(AP သတင်းဌာနမှ 28 May 2013 ရက်စွဲပါ Suu Kyi flays 2-child limit for Muslim Rohingya ကိုဘာသာပြန်ဆိုသည်)

မြန်မာနိုင်ငံအနောက်ပိုင်း ရခိုင်ပြည်နယ်ရှိ ရိုဟင်ဂျာမွတ်စလင်မိသားစုများအား ကလေး ၂ ယောက်သာယူခွင့်ပြု သည့် မြန်မာအစိုးရအာဏာပိုင်များ၏ သားဖွားမှုနှုန်းထိန်းချုပ်ရေး အစီအစဉ်အပေါ် ဒေါ်အောင်ဆန်း စုကြည်၊ လူ့အခွင့်အရေး အုပ်စုများနှင့် အစ္စလာမစ်ခေါင်းဆောင်များက တုန်လှုပ်ချောက်ချားမိသည်ဟု ထုတ်ဖော်လိုက်သည်။ ယင်းအစီအစဉ်သည် မြန်မာနိုင်ငံ၌ လူမျိုးတုန်းသတ်ဖြတ်မှုများပြုလုပ်နေသည်ဟူသော စွပ်စွဲချက်များ ဖြစ်ပေါ်နေစဉ်ကာလ အတွင်း ထွက်ပေါ် လာခြင်းဖြစ်ပြီး ဗုဒ္ဓဘာသာဝင်များအပေါ် သက်ရောက်မှုမရှိပေ။

ရိုဟင်ဂျာမွတ်စလင်မိသားစုများ ကလေး ၂ ယောက်ထက်ပိုယူခွင့်မပြုသော ယင်းအစီအစဉ်မှာ ယခင် စစ်အစိုးရ လက်ထက်က ကျင့်သုံးခဲ့သော စီမံချက်တစ်ခုဖြစ်ပြီး ယခုအခါ ရခိုင်ပြည်နယ်ရှိ အစိုးရအာဏာပိုင်များက ပြန်လည်သတ်မှတ် ပြဋ္ဌာန်းလိုက်ခြင်းဖြစ်သည်။ အဆိုပါ မူဝါဒနှင့် ပတ်သက် သော အသေးစိတ်အချက်အလက်နှင့် အစီအစဉ်ကို မည်သို့ အကောင်အထည် ဖော်မည်ဟူသော အချက်ကို ထုတ်ပြန်ကြေညာခြင်းမရှိသော်လည်း ကမ္ဘာပေါ်တွင် ဖိနှိပ်မှုအများဆုံးခံ ရသည့် ရိုဟင်ဂျာများ ထပ်မံဖိနှိပ်ခွဲခြားမှုခံလာရမည့်အရေးနှင့် ပတ်သက်၍ စိုးရိမ်ပူပန်မှုများစွာ ကိုဖြစ်ပေါ်စေခဲ့သည်။

“တကယ်လို့ ဒါဟာမှန်တယ်ဆိုရင် တရားဥပဒေနဲ့ဆန့်ကျင်တာပါပဲ” ဟု အတိုက်အခံခေါင်းဆောင်နှင့် နိုဗယ်လ်ငြိမ်း ချမ်းရေးဆုရှင် ဒေါ်အောင်ဆန်းစုကြည်ကပြောကြားသည်။ ဒေါ်အောင်ဆန်းစုကြည်သည် ယမန်နှစ်က ရခိုင်ပြည်နယ် တွင်ဖြစ်ပေါ်ခဲ့သည့် ဘာသာရေးဂိုဏ်းဂဏဖွဲ့ ဆူပူအကြမ်းဖက်မှုတွင် ရိုဟင်ဂျာမွတ်စလင်များကို အကာအကွယ်ပေး ပြောဆိုမှု မပြုလုပ်ခဲ့သည့်အတွက် ဝေဖန်မှုများနှင့် ရင်ဆိုင်နေခဲ့ရသည်။ ယခုလို့ ရိုဟင်ဂျာသားဖွားနှုန်း ကန့်သတ်သည့် ကိစ္စကို ကြားသိခဲ့ခြင်းမရှိကြောင်း၊ အကယ်၍ အဆိုပါ အစီအစဉ်ရှိသည်ဆိုပါက ခွဲခြားဆက်ဆံမှုနှင့် လူ့အခွင့်အရေး ချိုးဖောက်မှုကြီး တစ်ရပ်ဖြစ်ကြောင်း ၎င်းကဆက်လက်ပြောဆိုသည်။

ယင်းမူဝါဒသည် ရခိုင်ပြည်နယ်ရှိ မွတ်စလင်အများစုနေထိုင်သော ဗူးသီးတောင်နှင့် မောင်းတော မြို့နယ် ၂ ခုတွင် ကျင့်သုံးရန် စီစဉ်ခြင်းဖြစ်သည်။ မှတ်တမ်းများအရ ယင်းမြို့နယ် ၂ ခုရှိ လူဦးရေ၏ ၉၅ ရာခိုင်နှုန်းမှာ မွတ်စလင်များ ဖြစ်ကြသည်။

အဆိုပါ စီမံချက်သည် မြန်မာနိုင်ငံအား ကမ္ဘာပေါ်တွင် ဘာသာရေးအုပ်စုတစ်ခုအပေါ် လူဦးရေကန့်သတ် ထိန်းချုပ်မှု ပြုလုပ်သည့် တစ်ခုတည်းသော နိုင်ငံအဖြစ် စာရင်းဝင်သွားစေသည်။ ထို့ပြင် ယင်းစီမံချက်ကြောင့် ဗုဒ္ဓဘာသာဝင် တို့ကြီးစိုး သည့် မြန်မာနိုင်ငံရှိ မွတ်စလင်များမှာ ခွဲခြားဆက်ဆံခံနေရသည်ဟူသော ဝေဖန်ပြောဆိုမှုများကို ထပ်မံဖြစ်ပေါ်စေ မည်ဖြစ် သည်။

တရုတ်နိုင်ငံတွင် တစ်မိသားစု ကလေး ၁ ယောက်သာယူခွင့်ရှိသည့် မူဝါဒကျင့်သုံးသော်လည်း ဘာသာရေး အပေါ်တွင် အခြေခံထားခြင်းမဟုတ်ပေ။ တိုင်းရင်းသားလူနည်းစုများအတွက် ခြွင်းချက်များလည်းပေးထားသည်။ အိန္ဒိယနိုင်ငံ ဆိုလျှင် ၁၉၇၀ ပြည့်နှစ်များအတွင်း အရေးပေါ်ကာလတွင် လူဦးရေထိန်းချုပ်နိုင်ရေးအတွက် အမျိုးသားများ သားကြောဖြတ် ရမည့်အစီအစဉ်တစ်ရပ်ကို အကျဉ်းချုံးမျှသာ မိတ်ဆက်ခဲ့သည်။ သို့သော် တစ်ပြည်လုံးအတိုင်းအတာဖြင့် ကန့်ကွက်မှုများက အဆိုပါအစီအစဉ်ကို ရပ်ဆိုင်းစေခဲ့သည်။

မြန်မာနိုင်ငံရှိ ရိုဟင်ဂျာများသည် နှစ်ပေါင်းများစွာအတွင်း လွန်စွာကြီးလေးသော ကန့်သတ်ချက်မျိုးစုံနှင့် ရင်ဆိုင်ခဲ့ ရသည်။ ၎င်းတို့အနေဖြင့် နေထိုင်ရာ ကျေးရွာမှ အပြင်ဘက်သို့ထွက်ရန်လည်း ခွင့်ပြုချက်ရယူရန်လိုအပ်သလို ထိမ်းမြား လက်ထပ်ရာတွင်လည်း ခွင့်ပြုချက်ရယူရန်လိုအပ်သည်။ ထို့နောက် ကလေး ၂ ယောက်သာယူခွင့်ပြုသည့် ကန့်သတ်မှုမျိုးနှင့် ရင်ဆိုင်ခဲ့ကြရသည်။ ၂ ယောက်ထက်ပို၍ မွေးလာသော ကလေးမှာ အမည်မည်းစရင်းသွင်းခံရပြီး စာသင်ကျောင်းလည်း သွားခွင့်မရှိတော့သလို ခရီးသွားခွင့်နှင့် လက်ထပ်ထိမ်းမြားခွင့်များလည်း မရရှိတော့ကြောင်း Arakan Project အမည်ရ ထိုင်းအခြေစိုက် ရိုဟင်ဂျာအခွင့်အရေးလှုပ်ရှားသူအဖွဲ့၏ အဆိုအရသိရသည်။


 


Google Drive: create, share, and keep all your stuff in one place. Logo for Google Drive

0 comments:

Post a Comment