Transparency Myanmar

transparency.myanmar@gmail.com

INTERNATIONAL MEDIA (2)
Document INTERNATIONAL MEDIA (2)

Snapshot of the item below:
INTERNATIONAL MEDIA (2)

နိုင်ငံတကာသတင်းများ (၂)

  1. မြန်မာနိုင်ငံတွင် ရိုဟင်ဂျာထောင်ပေါင်းများစွာမှာ ကျန်းမာရေးနှင့်ပတ်သက်၍ အန္တရာယ်များ ရှိနေဟုဆို

(28 May 2013 ရက်စွဲပါ RINF မှ Health of 1000s at risk in Myanmar ကို ဘာသာပြန်ဆိုသည်)

  1. ရှမ်းပြည်နယ်တွင် ဗုဒ္ဓဘာသာနှင့်မူဆလင်ကြားရန်ပွဲဖြစ်ပွား

(28 May 2013 ရက်စွဲပါ BBC News မှ Burma Muslim-Buddhist Larhes crupt in Shan State ကိုဘာသာ ပြန်သည်)

  1. အစိုးရနှင့် KIO ဆွေးနွေးပွဲသို့ ကုလကိုယ်စားလှယ်တက်ရောက်

(AFP သတင်းမှ 28 May 2013 ရက်စွဲပါ “UN envoy attends Myanmar talks with rebels” သတင်း ကို ဘာသာပြန်ဆိုသည်)


မြန်မာနိုင်ငံတွင် ရိုဟင်ဂျာထောင်ပေါင်းများစွာမှာ ကျန်းမာရေးနှင့်ပတ်သက်၍ အန္တရာယ်များရှိနေဟု ဆို

(28 May 2013 ရက်စွဲပါ RINF မှ Health of 1000s at risk in Myanmar ကို ဘာသာပြန်ဆိုသည်)

Photo Credit By Press TV

မြန်မာနိုင်ငံအနောက်ပိုင်းတွင် ရိုဟင်ဂျာမွတ်ဆလင်များအပေါ် မြန်မာအစိုးရကကန့်သတ်မှုများ ချမှတ်ထားခြင်း ကြောင့် ထောင်ပေါင်းများစွာမှာ ကျန်းမာရေးစောင့်ရှောက်မှုနှင့် အခြေခံဝန်ဆောင်မှု များမရရှိပဲ ဖြစ်နေရကြောင်း နိုင်ငံတကာ အုပ်စုဖြစ်သော Medicines Sans Frontieres (နယ်စည်းမခြားဆရာဝန်များ-MSF) ကပြောကြားခဲ့ပါသည်။

အင်္ဂါနေ့က နယုးယောက်မြို့တွင် ထုတ်ဝေခဲ့သော ကျေညာချက်တွင် အဆိုပါအကူအညီပေးရေးအုပ်စု၏ ရခိုင် ပြည်နယ်တွင် အရေးပေါ်အခြေအနေညှိနှိုင်းရေးမှူး Ronald Kermer ကပြောကြားရာတွင် အစိုးရသည် လူဦးရေ (၁၄၀၀၀၀) ခန့်ကို ယာယီစခန်းများတွင် ပိတ်လှောင်ထားသည်ဟု ဆိုပါသည်။                

ထို့အပြင် မိမိနေအိမ်တွင်ပင် နေထိုင်ကြသူထောင်ပေါင်းများစွာ၏ ခရီးသွားလာမှုများကိုလည်း ပြင်းထန်စွာကန့် သတ် ထားသည်ဟု ၎င်းက ဖော်ပြထားပါသည်။

“MSF ဟာရွာလုံးကျွတ်အခြေခံဝန်ဆောင်မှုတွေ ဖြတ်တောက်ခြင်းခံထားရတဲ့ ဒေသတွေကနေ မကြာသေးခင် ကမှ ပြန်လာတာပါ” ဟု Kremer ကပြောပါသည်။

အမည်မဖော်လိုသူတစ်ဦးက အိုးမဲ့အိမ်မဲ့ ဖြစ်ရသူများအား တားမြစ်ထားမှုတွင် ဆေးရုံ သို့မဟုတ် စာသင်ကျောင်း သို့ပင်သွားခွင့်မပြုကြောင်းပြောခဲ့သည်ကို MSF က ကိုးကားဖော်ပြခဲ့ပါသည်။ ၎င်းတို့ကို ငါးဖမ်းရန်သော်လည်းကောင်း၊ ထင်းခွေရန်သော်လည်းကောင်း ခွင့်မပြုကြောင်း ဆိုပါသည်။ ၎င်းတို့မှာ စစ်သား အစောင့်အရှောက်ဖြင့် တစ်ကြိမ်တွင် နှစ်ဦး သုံးဦးသာ ၎င်းတို့၏ လယ်များသို့ သွားခွင့်ပြုသည်ဟု ဆိုပါသည်။

“ဒီကြောက်ရွံ့မှုဟာ မုန်တိုင်းမဟာစင် အန္တရာယ်ကိုပင် မမှုနိုင်အောင် ပျံ့နှံနေခဲ့ပါတယ်။ အများစု ကပြောပြကြတာ ကတော့ သူတို့ဟာ ဒီနေရာက ရွေ့ရမှာ သိပ်ကြောက်နေကြတယ်တဲ့။ သူတို့ဘယ်ရောက်မယ်ဘာတွေဖြစ်မယ်ဆိုတာကိုလဲ မသိကြဘူး” ဟု Kermer က ဖြည့်စွက်ပြောပါသည်။

MSF ကမြန်မာအစိုးရအားအဆိုပါ အိုးမဲ့အိမ်မဲ့များအား ကျန်းမာရေး စောင့်ရှောက်မှုနှင့် နေအိမ်များရရှိရေး ဆောင်ရွက်ပေးရန်တောင်းဆိုခဲ့ပါသည်။

၂၀၁၂ ခုနှစ် ဇွန်လ အစွန်းရောက်ဗုဒ္ဓဘာသာများနှင့် မွတ်ဆလင်များကြား ရန်ပွဲများပြီးနောက် အစိုးရသည် စစ်တွေ အနီးတဝိုက်တွင်နေထိုင်သော မွတ်ဆလင်များကို ခရီးသွားလာခြင်းအတွက်  ကန့်သတ်မှုများ လုပ်ဆောင်ခဲ့ပါသည်။

ရခိုင်ပြည်နယ်တွင် ရိုဟင်ဂျာရှစ်သိန်းခန့်မှာ နိုင်ငံသားဖြစ်ပိုင်ခွင့် အခွင့်အရေးများမရကြပဲ၊ ၎င်းတို့ အပေါ်အကြမ်း ဖက်ခြင်း၊ နှိပ်ကွပ်ခြင်းနှင့်နှင်ထုတ်ခြင်းများ အချိန်မရွေးခံရနိုင်သည့် အခြေအနေတွင် ရှိပါသည်။

မြန်မာအစိုးရသည် လက်ရှိအားဖြင့် နိုင်ငံတကာကရိုဟင်ဂျာများအပေး တရားဝင်အနေအထားတစ်ခု ပေးရန် ဖိအား ပေးနေသော်လည်း နိုင်ငံသားပြုခွင့်ကိစ္စကို ငြင်းဆန်နေဆဲဖြစ်ပါသည်။

ရိုဟင်ဂျာမွတ်ဆလင်များသည် မြန်မာနိုင်ငံတွင် နှစ်ပေါင်းများစွာကပင် နှိပ်စက်ခံရခြင်း၊ လစ်လျူရှုခံရခြင်းနှင့် ဖိနှိပ်ခံ ရခြင်းများကို ကြုံခဲ့ရကြရပါသည်။

အစွန်းရောက်များသည် မကြာခဏရိုဟင်ဂျာများကို တိုက်ခိုက်ပြီးရွာများကို မီးရှို့လေ့ရှိပါတယ်။ မြန်မာစစ်တပ် သည် ရွာများကို မီးရှို့ရန် ဓါတ်ဆီများပံ့ပိုးပေးသည်ဟု ဆိုပါသည်။

မြန်မာအစိုးရမှာလည်း မွတ်ဆလင်လူနည်းစုအပေါ် အကာအကွယ်မပေးနိုင်ခြင်းအတွက် စွပ်စွဲခံနေရ ပါသည်။

မြန်မာအတိုက်အခံခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်မှာလည်း အကြမ်းဖက်မှုနှင့် ပတ်သက်၍ သူ၏ရပ်တည် ချက်နှင့် ပတ်သက်၍ ဝေဖန်မှုများကြုံနေရပါသည်။ နိုဘယ်ဆုရှင်သည် မြန်မာစစ်တပ်က ရိုဟင်ဂျာများ  အပေါ် နှိပ်ကွပ်မှုများ နှင့်ပတ်သက်၍ ဝေဖန်ရန်ငြင်းဆိုခဲ့ပါသည်။

ရိုဟင်ဂျာများမှာ ဝါရှန်၊ တူရကီ၊ ဘင်္ဂလီ နှင့် ပသန်မူရင်းမှ ဆင်းသက်လာသည်ဟု ဆိုကြပြီး ၈ ရာစုမှ စ၍ မြန်မာနိုင်ငံသို့ ရွှေ့ပြောင်းနေထိုင်ခဲ့ကြကြောင်း ဆိုပါသည်။

နိုင်ငံတကာလွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့နှင့် Human Rights Watch တို့သည် သီးခြားစီ ကျေညာချက် များ ထုတ်ပြန်၍ မြန်မာအစိုးရအား ရိုဟင်ဂျာမွတ်ဆလင်များအပေါ်အစွန်းရောက်များ၏ အန္တရာယ်ပေးမှု ကာကွယ် ပေးရန် တောင်းဆိုခဲ့ကြပါသည်။


ရှမ်းပြည်နယ်တွင် ဗုဒ္ဓဘာသာနှင့်မူဆလင်ကြားရန်ပွဲဖြစ်ပွား

(28 May 2013 ရက်စွဲပါ BBC News မှ Burma Muslim-Buddhist Larhes crupt in Shan State ကိုဘာသာပြန်သည်)

Photo Credit by AP

မြန်မာနိုင်ငံ၏အရှေ့မြောက်ပိုင်း ရှမ်းပြည်နယ်၏မြို့တော် လားရှိုးမြို့တွင် ဗုဒ္ဓဘာသာနှင့်မူဆလင်အကြား ဘာသာ ရေးအရ ရန်ပွဲများဖြစ်ပွားခဲ့ကြောင်း သတင်းများရရှိခဲ့ပါသည်။

မူဆလင်အမျိုးသားတစ်ဦးက ဗုဒ္ဓဘာသာအမျိုးသမီးတစ်ဦးကို ဓာတ်ဆီဆိုင်တွင် လောင်ဆာဆီနှင့်လောင်း၍ မီးရှို့ သည်ဟူသော ကောလဟလပေါ်ထွက်လာရာမှ စတင်ဖြစ်ပွားခြင်းဖြစ်ပါသည်။

အဆိုပါ အမျိုးသမီးကို မီးလောင်ဒဏ်ရာဖြင့် ဆေးရုံသို့ခေါ်ဆောင်သွားပါသည်။

ပြီးခဲ့သည့်လပိုင်းအတွင်းက မြန်မာနိုင်ငံတွင် မတူသောအုပ်စုများအကြား အကြမ်းဖက်မှုများ ပိုမိုဆိုးရွားလာပါသည်။

အဆိုပါ အမျိုးသမီးအား မီးရှို့သည်ဟု စွပ်စွဲခံရသူအမျိုးသားကို ဖမ်းဆီးထားသော်လည်း လူအုပ်ကြီးက အဆိုပါ အမျိုးသား ကို ထုတ်ပေးရန်တောင်းဆိုနေသည်ဟု မြို့ခံများကပြောပါသည်။

၎င်းအား ထုတ်မပေးသောကြောင့် လူအုပ်ကြီးသည် မွတ်ဆလင်များပိုင်သောဆိုင်များနှင့် ဗလီတစ်လုံးကို မီးရှို့ခဲ့ သည်ဟု သတင်းများကဆိုပါသည်။

မြို့ခံများ၏အဆိုအရ အာဏာပိုင်များက မြို့ကို ကာဗျူးထုတ်ပြန်ခဲ့သည်ဟု သိရှိရပါသည်။

“မြို့နေရာအချို့မှာ မီးရှုံ့ကြတာတွေ့ပါရတယ်။ ဒါပေမယ့် အခြေနေကတော့ ထိန်းချုပ်နိုင်တဲ့အခြေနေရှိပါတယ်” ဟု အမည်မဖော်လိုသူ အစိုးရတာဝန်ရှိသူတစ်ဦးက AFP သတင်းဌာနသို့ပြောပါသည်။

ပြီးခဲ့သည့်မတ်လက မိတ္ထီလာတွင် အကြမ်းဖက်မှုဖြစ်ပွားခဲ့ရာ အများစုမူဆလင်များပါဝင်သော လူ (၄၃) ဦး သေဆုံးခဲ့ပြီး၊ အခြားမြို့များသို့ ပျံ့နှံ့သွားခဲ့ပါသည်။

ပဋိပက္ခစတင်ဖြစ်ပွားသောဆိုင်ရှင်နှင့် အခြားမူဆလင်(၄)ဦးအား အကြမ်းဖက်မှုစတင်ဖြစ်ပွားစေခြင်းကြောင့် ပြီးခဲ့ သည့်လက ထောင်ချခဲ့ပါသည်။ သို့သော် ဗုဒ္ဓဘာသာဝင်များကိုမူ မိတ္ထီလာရန်ပွဲအတွက် တရားရုံးသို့ တင်ပို့ခြင်းမရှိသေးပေ။

ပြီးခဲ့သည့်နှစ်က ရခိုင်ပြည်နယ်တွင်ဖြစ်ပွားသော အကြမ်းဖက်မှုများတွင် လူပေါင်း(၂၀၀)နီးပါး သေဆုံးပြီး လူပေါင်း သောင်းချီ၍ နေအိမ်များကိုစွန့်ခွာထွက်ပြေးကြရပါသည်။

ရခိုင်ပြည်နယ်တွင် ဖြစ်ပွားခဲ့သောပဋိပက္ခတွင် ဗုဒ္ဓဘာသာနှင့် မြန်မာနိုင်ငံသားအဖြစ် အသိအမှတ်ပြုခြင်း မခံရသည့် ရိုဟင်ဂျာများပါဝင်ခဲ့ကြပါသည်။

အကြမ်းဖက်မှုများပြီးနောက် အသိုင်းအဝိုင်းများမှာ ကြီးစွာခွဲခြားဆက်ဆံမှုများရှိနေရာ အိုးမဲ့အိမ်မဲ့ဖြစ်ရသူ ရိုဟင်ဂျာ အများစုမှ ယာယီတဲများ၊ မိုးကာတဲများနှင့်သာနေထိုင်နေကြရပါသည်။

လူ့အခွင့်အရေးအုပ်စုများက မြန်မာအာဏာပိုင်များသည် ရိုဟင်ဂျာများကိုနှိပ်ကွပ်ရာတွင် ပါဝင်ပတ်သတ် ကြောင်း ဝေဖန်ခဲ့ကြပါသည်။


အစိုးရနှင့် KIO ဆွေးနွေးပွဲသို့ ကုလကိုယ်စားလှယ်တက်ရောက်

(AFP သတင်းမှ 28 May 2013 ရက်စွဲပါ “UN envoy attends Myanmar talks with rebels” သတင်း ကို ဘာသာပြန်ဆို သည်)

လွန်ခဲ့သော ၂ နှစ်က မြန်မာအစိုးရတပ်နှင့် ကချင်လက်နက်ကိုင်များအကြား တိုက်ပွဲများ ပြန်လည်ဖြစ်ပွားခဲ့ပြီး နောက်ပိုင်းမနေ့က ပြည်တွင်း၌ပထမဆုံးတွေ့ဆုံဆွေးနွေးမှုပြုလုပ်ရာတွင် ကုလသမဂ္ဂအကြီးတန်း ကိုယ်စားလှယ်တစ်ဦး တက်ရောက်ခဲ့သည်ဟု တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

နိုင်ငံတစ်လွှား လူမျိုးရေးအုံကြွမှုနှင့်အတူနိုင်ငံမြောက်ပိုင်း တရုတ်နယ်စပ်ကချင်ပြည်နယ်မှ သွေးစွန်းသော တိုက်ပွဲ များက စစ်အုပ်ချုပ်ရေးအောက်မှ ရုန်းထွက်လာသော နိုင်ငံရေးအပြောင်းအလဲ လက္ခဏာကောင်းများကို လောင်းရိပ်မိုး လျက်ရှိသည်။

“ကချင်ပြည်နယ်တွင် ပဋိပက္ခပြန်လည်ဖြစ်ပွားပြီးနောက်ပိုင်း မနေ့က ကချင်ပြည်နယ် မြစ်ကြီးနားမြို့တော်၌  ကေအိုင်အိုကိုယ်စားလှယ်များနှင့် အစိုးရကိုယ်စားလှယ်များ ပထမဆုံးအကြိမ် ပြည်တွင်းတွေ့ဆုံမှု ပြုလုပ်ခဲ့ကြသည်” ဟု အမည်မဖော်လိုသော တာဝန်ရှိသူကဆိုပါသည်။

ယခင်ဆွေးနွေးပွဲများမှာ နယ်စပ်တစ်ဖက် တရုတ်ပြည်တွင်ပြုလုပ်ခဲ့ကြခြင်းဖြစ်သည်။

ယခု ဆွေးနွေးပွဲသို့ တရုတ်ကိုယ်စားလှယ်များ၊ အခြားတိုင်းရင်းသားအုပ်စုကိုယ်စားလှယ်များနှင့်အတူ ကုလအထွေ ထွေ အတွင်းရေးမှူးချုပ်၏ အထူးကိုယ်စားလှယ် ဗီဂျေးနမ်ဘီယာလည်း လေ့လာသူအဖြစ် တက်ရောက်ခဲ့သည်ဟု သိရှိရ သည်။

ရန်ကုန်မှ ကုလတာဝန်ရှိသူများက နမ်ဘီယာ၏ ကဏ္ဍနှင့် ပတ်သက်၍ မှတ်ချက်ပေးရန် ငြင်းဆိုကြသည်။

အစည်းအဝေးသို့တက်ရောက်ခဲ့သူ Myanmar Peace Center မှ ဦးဇော်မင်းဦးက ယခုတွေ့ဆုံမှုသည် အလွန် ကောင်းကြောင်း သုံးသပ်သည်။

“နိုင်ငံရေး ဒိုင်ယာလော့ စတင်နိုင်ဖို့လုပ်ငန်းစဉ်ကို အဓိကဆွေးနွေးခဲ့ကြပါတယ်။ အပစ်ရပ်စဲရေးနဲ့ ဒုက္ခသည် ပြန်လည်နေရာချထားရေးလုပ်နိုင်ဖို့အတွက် လေ့လာစောင့်ကြည့်အုပ်စုတွေနဲ့ ဘယ်လို ပူးပေါင်းဆောင်ရွက်ကြမလဲ ဆိုတာကို လည်း ဆွေးနွေးခဲ့ပါတယ်” ဟု ၎င်းက ပြောကြားသည်။

ဆွေးနွေးပွဲသည် သုံးရက်ကြာမြင့်ဖွယ်ရှိကြောင်းတက်ရောက်သူများကဆိုပါသည်။

သယံဇာတကြွယ်ဝမှု၍ တရုတ်နိုင်ငံနှင့်ထိစပ်နေသော မြောက်ပိုင်းကချင်ပြည်နယ်တွင် ၁၇ နှစ်အကြာ အပစ်ရပ်စဲ ထားခဲ့ကြသော အစိုးရတပ်နှင့်ကချင်တပ်ဖွဲ့အကြား တိုက်ပွဲများပြင်းထန်စွာပြန်လည်ဖြစ်ပွားမှုကြောင့် ဒေသခံပြည်သူ သောင်းဂဏန်းခန့်မှာ အိုးအိမ်များ စွန့်ခွာထွက်ပြေးနေ ကြရသည်။

ပြီးခဲ့သော ဒီဇင်ဘာလတွင် မြန်မာအစိုးရတပ်က KIA တပ်ဖွဲ့ကိုလေကြောင်းမှ တိုက်ခိုက်ခဲ့ခြင်းကြောင့် နိုင်ငံတကာ ၏ ပြစ်တင်ဝေဖန်မှုများ ပေါ်ထွက်လာခဲ့သည်။

ထိုးစစ်ရပ်ဆိုင်းမည်ဟူသော အစိုးရ၏ အဆက်မပြတ်ကတိပေးမှုများကို ကချင်လက်နက်ကိုင်လက်နက်ကိုင် တပ်ဖွဲ့က သတိကြီးကြီးဖြင့် စောင့်ကြည့်တုန့်ပြန်ရင်း၊ ပြီးခဲ့သော လကုန်ပိုင်းအတွင်း တိုက်ခိုက်မှုများ လျှော့နည်းလာခဲ့သည်။

ကိုယ်ပိုင်အုပ်ချုပ်ခွင့်အတွက် တိုက်ပွဲဝင်နေသော ကချင်တို့က မည်သည့်ညှိနှိုင်းမှုတွင်မဆို နိုင်ငံရေးအခွင့်အရေး ပိုမိုရရှိရေးတောင်းဆိုမှုများကို ထည့်သွင်းဆွေးနွေးရမည်ဟု ပြောကြားပါသည်။

မနေ့က တွေ့ဆုံဆွေးနွေးမှုနှင့်ပတ်သက်၍ နိုင်ငံပိုင်မြန်မာ့ရုပ်သံက ည ၈ နာရီ သတင်းအစီအစဉ်တွင် သတင်း ဗီဒီယိုအဖြစ်ထိပ်ဆုံးမှ ထုတ်လွှင့်သွားသော်လည်း၊ တပ်မတော်ပိုင်မြဝတီရုပ်သံကမူ ဗီဒီယိုမပါဝင်ပဲ သာမန်သတင်းအဖြစ်သာ ဖတ်ကြားသွားခဲ့သည်ဟု ရန်ကုန်မြို့မှ အကဲခတ်လေ့လာသူများက ပြောကြားသည်။


 

 


Google Drive: create, share, and keep all your stuff in one place. Logo for Google Drive

0 comments:

Post a Comment