Transparency Myanmar

transparency.myanmar@gmail.com

INTERNATIONAL MEDIA (1)
Document INTERNATIONAL MEDIA (1)

Snapshot of the item below:
INTERNATIONAL MEDIA (1)

ဘာသာပြန်သတင်းများ

  1. မြန်မာနှင့်ကချင်တို့ ယာယီ အပစ်အခတ်ရပ်စဲရန် သဘောတူ

(31 May 2013 ရက်စွဲပါ VOA News မှ Burma,Kachin rebels reach tentative cease-fire ကိုဘာသာပြန် ဆိုပါသည်)

  1. မြန်မာ-တရုတ် ဓါတ်ငွေ့ပိုက်လိုင်း အစမ်းလည်ပတ်ရန်အဆင်သင့်ဖြစ်နေ

(Platts မှ 31 May 2013 ရက်စွဲပါ “Myanmar-China gas pipeline ready for trial operations: CNPC” သတင်းကို ဘာသာပြန်ဆိုပါသည်)


မန်မာနှင့်ကချင်တို့ ယာယီ အပစ်အခတ်ရပ်စဲရန် သဘောတူ

(31 May 2013 ရက်စွဲပါ VOA News မှ Burma,Kachin rebels reach tentative cease-fire ကိုဘာသာပြန် ဆိုပါသည်)

မြန်မာအစိုးရနှင့် တိုင်းရင်းသားကချင်လက်နက်ကိုင်အဖွဲ့တို့သည် နှစ်နှစ်ကြာ တိုက်ပွဲဖြစ်ပွားနေခြင်းကို ရပ်ဆိုင်းရန် ရည်ရွယ်၍ ယာယီအပစ်အခတ်ရပ်စဲမှု ရရှိခဲ့ကြပါသည်။ အဆိုပါ တိုက်ပွဲများကြောင့် လူပေါင်း (၁၀၀၀၀၀) ခန့် အိုးမဲ့အိမ်မဲ့ ဖြစ်ရပါသည်။

သုံးရက်ကြာဆွေးနွေးပြီးနောက် ကြာသာပတေးနေ့က သဘောတူမှုရခဲ့ရာ တိုက်ပွဲများရပ်၍ ကချင်များတောင်းဆို သည့် နိုင်ငံရေးအရ ရပိုင်ခွင့်များပိုမိုရရှိရန်နှင့် ကိုယ်ပိုင်အုပ်ချုပ်ခွင့် ပိုမိုရရှိရေးကို ဆက်လက်ဆွေးနွေးကြမည်ဟု သဘောတူ ခဲ့ပါသည်။

မြန်မာနိုင်ငံမြောက်ပိုင်းတွင် ကျင်းပသော ဆွေးနွေးပွဲကို ကုလသမဂ္ဂ၊ တရုတ်အစိုးရနှင့် မြန်မာတိုင်းရင်းသားအုပ်စု များမှ ကိုယ်စားလှယ်များက တက်ရောက်စောင့်ကြည့် ကြပါသည်။ တရုတ်သံတမန် Lu Zhi က VOA မြန်မာပိုင်းသို့ ပြောကြားရာတွင် နှစ်ဖက်စလုံး၏ တောင်းဆိုမှုကြောင့် ယခုဆွေးနွေးပွဲသို့ တက်ရောက်လာခြင်း ဖြစ်ကြောင်း ပြောခဲ့ပါသည်။         

“ကျွန်တော်ထင်ပါတယ်။ မြန်မာနိုင်ငံရဲ့ ငြိမ်းချမ်းရေးဆွေးနွေးမှုဟာ သူ့ရဲ့ပြည်တွင်းရေးကိစ္စ ဖြစ်ပါ တယ်။ တရုတ် အနေနဲ့ကတော့ မြန်မာနိုင်ငံနဲ့ ရင်းနှီးတဲ့ အိမ်နီးချင်းနိုင်ငံတစ်ခုသာ ဖြစ်ပါတယ်။ တိုက်ရိုက် အကျိုးစီးပွားတွေကို အသာထား ဦး၊ ကျွန်တော်တို့အနေနဲ့ နှစ်ဖက်စလုံးရဲ့ တောင်းဆိုချက်အရ မြန်မာနိုင်ငံရဲ့ အချုပ်အခြာအာဏာကို အပြည့်အဝ လေးစားမှုရှိ ရေးကို အခြေခံပြီး လိုအပ်တဲ့အကူအညီတွေပေးဖို့ အဆိုပြု ထားပါတယ်။” ဟု ၎င်းကပြောပါသည်။

အချက် (၇) ချက်ပါသော သဘောတူညီချက်တွင် တိုက်ပွဲများအဆုံးသတ်ရေး၊ နိုင်ငံရေးအရဆွေးနွေးမှု တံခါးဖွင့်မှု နှင့် ပူးတွဲစောင့်ကြည့်ရေးကော်မတီများ ထူထောင်ရေးများ ပါဝင်ပါသည်။ နှစ်ဖက်အဖွဲ့များသည် အိုးမဲ့အိမ်မဲ့ ဖြစ်ရသူများ အတွက် ပြန်လည်နေရာချထားရေး လုပ်ဆောင်ရန်လည်း သဘောတူခဲ့ပါသည်။

ရန်ကုန်ရှိ အမေရိကန်သံရုံးကလည်း သောကြာနေ့တွင် ဆွေးနွေးမူကို ကြိုဆိုကြောင်း ကျေညာချက်ထုတ်ပြန်ခဲ့ ပါသည်။

ကချင်တို့သည် ဦးသိန်းစိန် အစိုးရတက်လာပြီးကတည်းက အပစ်အခတ်ရပ်စဲရေး သဘောတူညီချက် လက်မှတ် ရေးထိုးခြင်း မပြုရသေးသော တစ်ခုတည်းသော အဓိကတိုင်းရင်းသားအုပ်စုဖြစ်ပါသည်။


မြန်မာ-တရုတ် ဓါတ်ငွေ့ပိုက်လိုင်း အစမ်းလည်ပတ်ရန်အဆင်သင့်ဖြစ်နေ

(Platts မှ 31 May 2013 ရက်စွဲပါ “Myanmar-China gas pipeline ready for trial operations: CNPC” သတင်းကို ဘာသာပြန်ဆိုပါသည်)

မြန်မာ-တရုတ်ဓါတ်ငွေ့ပိုက်လိုင်းသည် ပြီးစီးသွားပြီဖြစ်၍ အစမ်းလည်ပတ်ရန် အဆင်သင့်ဖြစ်နေပြီး၊ အပြိုင် သွယ်တန်းနေသော ရေနံစိမ်းပိုက်လိုင်းသည်လည်း ၉၄ ရာခိုင်နှုန်း ပြီးစီးနေပြီဖြစ်ကြောင်း တရုတ်နိုင်ငံပိုင် CNPC ရေနံ ကုမ္ပဏီက သောကြာနေ့တွင် ၎င်း၏ ဝက်ဘ်ဆိုဒ်၌ ဖော်ပြထားသည်။

ပို့လွှတ်နှုန်း ၁၂ Bcm/year ဓါတ်ငွေ့ပိုက်လိုင်းသည် မြန်မာနိုင်ငံထွက်ဓါတ်ငွေ့ကို ယူနန်ပြည်နယ်သို့ ပို့လွှတ်ပေး မည်ဖြစ်ပြီး ပို့လွှတ်နှုန်း 22 millions mt/year ရေနံစိမ်းပိုက်လိုင်းမှာမူ အရှေ့အလယ်ပိုင်းနှင့် အာဖရိကမှသယ်ယူလာသော ရေနံများကို မလက္ကာရေလက်ကြားကို ရှောင်ရှား၍ တရုတ်ပြည်သို့ပို့ဆောင်မည် ဖြစ်သည်။

ရေနံစိမ်းပိုက်လိုင်းသည်လည်း ယခုနှစ်ကုန်တွင် စတင်ပို့ဆောင်ရန် အဆင်သင့်ဖြစ်လိမ့်မည်ဟု CNPC က မတ်လ ကုန်တွင်ပြောကြားထားသည်။

ရခိုင်ကမ်းလွန် ရွှေစီမံကိန်းမှ ဓါတ်ငွေ့ကို ဂျူလိုင်လတွင် စတင်ရောင်းချနိုင်မည်ဟု မျှော်လင့်ကြောင်း စီမံကိန်း အကောင်အထည်ဖော်သူ Daewoo International ကယခင်အပတ်တွင် ပြောကြားခဲ့သည်။ Daewoo သည် ရွှေစီမံကိန်းမှ ဓါတ်ငွေ့ကို ၅၀၀၀၀၀ Mcf/day ထုတ်ယူကာ ၄၀၀၀၀၀  Mcf/day ကို ပိုက်လိုင်းဖြင့် တရုတ်ပြည်သို့လည်းကောင်း၊ ၁၀၀၀၀၀ Mcf/day ကို မြန်မာပြည်တွင်းသို့ လည်းကောင်း အသီးသီးရောင်းချသွားမည် ဖြစ်သည်။

အဆိုပါ ဓါတ်ငွေ့ ပိုက်လိုင်းနှင့် ပတ်သက်၍ သတင်းအမျိုးမျိုး ထွက်ပေါ်နေချိန်တွင် CNPC အထွေထွေမန်နေဂျာ လျိုယောင်ယွန်သည် ပြီးခဲ့သောအပတ်က နေပြည်တော်တွင် သမ္မတဦးသိန်းစိန်နှင့် လာရောက်တွေ့ဆုံခဲ့ပြီး၊ မန္တလေးဒေသ တွင် ပိုက်လိုင်းစီမံကိန်းကို စစ်ဆေးခဲ့သည်။

ရေနံ၊ဓါတ်ငွေ့ အမြွှာပိုက်လိုင်းသည် ကျောက်ဖြူမှ စတင်ကာ ရခိုင်ပြည်နယ်၊ မန္တလေးတိုင်း၊ ရှမ်းပြည်နယ်တို့ကို ဖြတ်သန်း၍ ယူနန်ပြည်နယ်သို့ သွယ်တန်းထားခြင်း ဖြစ်သည်။

စုစုပေါင်း ၇၆၇၆ ကီလိုမီတာရှည်သော အမြွှာပိုက်လိုင်းများ၏ မြန်မာနိုင်ငံအပိုင်းသည် ၁၅၀၄ ကီလိုမီတာ ရှည်လျား သည်ဟု CNPC က အစောပိုင်းတွင် ပြောကြားခဲ့သည်။ ရေနံစိမ်း လက်ခံတင်ပို့မည့် ကျောက်ဖြူရေနက်ဆိပ်ကမ်းသည် လည်း တည်ဆောက်မှု ပြီးစီးနေပြီဟု သိရှိရသည်။



Google Drive: create, share, and keep all your stuff in one place. Logo for Google Drive

0 comments:

Post a Comment