![]() | INTERNATIONAL MEDIA (1) |
ဘာသာပြန်သတင်းများ
(31 May 2013 ရက်စွဲပါ VOA News မှ Burma,Kachin rebels reach tentative cease-fire ကိုဘာသာပြန် ဆိုပါသည်)
(Platts မှ 31 May 2013 ရက်စွဲပါ “Myanmar-China gas pipeline ready for trial operations: CNPC” သတင်းကို ဘာသာပြန်ဆိုပါသည်)
မြန်မာနှင့်ကချင်တို့ ယာယီ အပစ်အခတ်ရပ်စဲရန် သဘောတူ
(31 May 2013 ရက်စွဲပါ VOA News မှ Burma,Kachin rebels reach tentative cease-fire ကိုဘာသာပြန် ဆိုပါသည်)
မြန်မာအစိုးရနှင့် တိုင်းရင်းသားကချင်လက်နက်ကိုင်အဖွဲ့တို့သည် နှစ်နှစ်ကြာ တိုက်ပွဲဖြစ်ပွားနေခြင်းကို ရပ်ဆိုင်းရန် ရည်ရွယ်၍ ယာယီအပစ်အခတ်ရပ်စဲမှု ရရှိခဲ့ကြပါသည်။ အဆိုပါ တိုက်ပွဲများကြောင့် လူပေါင်း (၁၀၀၀၀၀) ခန့် အိုးမဲ့အိမ်မဲ့ ဖြစ်ရပါသည်။
သုံးရက်ကြာဆွေးနွေးပြီးနောက် ကြာသာပတေးနေ့က သဘောတူမှုရခဲ့ရာ တိုက်ပွဲများရပ်၍ ကချင်များတောင်းဆို သည့် နိုင်ငံရေးအရ ရပိုင်ခွင့်များပိုမိုရရှိရန်နှင့် ကိုယ်ပိုင်အုပ်ချုပ်ခွင့် ပိုမိုရရှိရေးကို ဆက်လက်ဆွေးနွေးကြမည်ဟု သဘောတူ ခဲ့ပါသည်။
မြန်မာနိုင်ငံမြောက်ပိုင်းတွင် ကျင်းပသော ဆွေးနွေးပွဲကို ကုလသမဂ္ဂ၊ တရုတ်အစိုးရနှင့် မြန်မာတိုင်းရင်းသားအုပ်စု များမှ ကိုယ်စားလှယ်များက တက်ရောက်စောင့်ကြည့် ကြပါသည်။ တရုတ်သံတမန် Lu Zhi က VOA မြန်မာပိုင်းသို့ ပြောကြားရာတွင် နှစ်ဖက်စလုံး၏ တောင်းဆိုမှုကြောင့် ယခုဆွေးနွေးပွဲသို့ တက်ရောက်လာခြင်း ဖြစ်ကြောင်း ပြောခဲ့ပါသည်။
“ကျွန်တော်ထင်ပါတယ်။ မြန်မာနိုင်ငံရဲ့ ငြိမ်းချမ်းရေးဆွေးနွေးမှုဟာ သူ့ရဲ့ပြည်တွင်းရေးကိစ္စ ဖြစ်ပါ တယ်။ တရုတ် အနေနဲ့ကတော့ မြန်မာနိုင်ငံနဲ့ ရင်းနှီးတဲ့ အိမ်နီးချင်းနိုင်ငံတစ်ခုသာ ဖြစ်ပါတယ်။ တိုက်ရိုက် အကျိုးစီးပွားတွေကို အသာထား ဦး၊ ကျွန်တော်တို့အနေနဲ့ နှစ်ဖက်စလုံးရဲ့ တောင်းဆိုချက်အရ မြန်မာနိုင်ငံရဲ့ အချုပ်အခြာအာဏာကို အပြည့်အဝ လေးစားမှုရှိ ရေးကို အခြေခံပြီး လိုအပ်တဲ့အကူအညီတွေပေးဖို့ အဆိုပြု ထားပါတယ်။” ဟု ၎င်းကပြောပါသည်။
အချက် (၇) ချက်ပါသော သဘောတူညီချက်တွင် တိုက်ပွဲများအဆုံးသတ်ရေး၊ နိုင်ငံရေးအရဆွေးနွေးမှု တံခါးဖွင့်မှု နှင့် ပူးတွဲစောင့်ကြည့်ရေးကော်မတီများ ထူထောင်ရေးများ ပါဝင်ပါသည်။ နှစ်ဖက်အဖွဲ့များသည် အိုးမဲ့အိမ်မဲ့ ဖြစ်ရသူများ အတွက် ပြန်လည်နေရာချထားရေး လုပ်ဆောင်ရန်လည်း သဘောတူခဲ့ပါသည်။