Transparency Myanmar

transparency.myanmar@gmail.com

Quote & Comment and News in brief
Document Quote & Comment and News in brief

Snapshot of the item below:
Quote & Comment and News in brief

သတင်းဆောင်းပါးမှ ကောက်နှုတ်ချက်များ

“ကျွန်တော်တို့ ဇွန်လမှာ KIO/KIA နှင့် အပစ်အခတ်ရပ်စဲနိုင်ရင် သမ္မတကဇူလိုင်မှာ တိုင်းရင်းသားအားလုံးပါဝင်တဲ့ ငြိမ်းချမ်း ရေးဆွေးနွေးပွဲလုပ်ဖို့ စီစဉ်ထားပြီးပြီ။ အဲဒါ ဖြစ်ဖို့က KIO အပေါ် မူတည်နေပါတယ်”

ဇွန်လ  ၃ ရက်နေ့ထုတ် The Voice နေ့စဉ်သတင်းစာ တွင်ပါရှိသော “KIO နှင့်အပစ်ရပ်ပါက ဇူလိုင်တွင် တိုင်းရင်း သားအားလုံးနှင့် ငြိမ်းချမ်းရေးဆွေးနွေးရန် အစိုးရစီစဉ်”သတင်းမှ မြန်မာငြိမ်းချမ်းရေးစင်တာမှ အကြီးတန်း အကြံပေးအရာရှိ ဦးလှမောင်ရွှေ၏ ပြောကြားချက်အား ကောက်နှုတ်ချက်။


“ကျွန်တော်တို့နိုင်ငံဟာ အဆင်းရဲဆုံးစာရင်းဝင်(LDC)နိုင်ငံ ဖြစ်နေပါတယ်။ ဒီဘ၀ကလွတ်မြောက်အောင် ကြိုးစားရပါမယ်။ လောလောဆယ်မှာ တိုင်းပြည်ချမ်းသားရေးထက် ဆင်းရဲနွမ်းပါးမှုနှုန်းလျော့ချနိုင်ရေးသည် ဦးစားပေးဆောင်ရွက်ရမဲ့ကိစ္စ ဖြစ် တာကြောင့် ကျွန်တော်တို့အစိုးရတက်လာလာချင်း ကျေးလက်ဒေသ ဖွံ့ဖြိုးရေးနဲ့ဆင်းရဲနွမ်းပါးမှုနှုန်းလျှော့ချရေးလုပ်ငန်း စီမံ ချက်ကို ပညာရှင်များနဲ့ တိုင်ပင်ရေးဆွဲပြီး အကောင်အထည်ဖော် ဆောင်ရွက်ခဲ့တာ ဖြစ်ပါတယ်”

ဇွန်လ ၂ ရက်နေ့ ရန်ကုန်မြို့ အမျိုးသားအားကစားပြိုင်ပွဲရုံ (၁) သုဝဏ္ဏတွင်ကျင်းပသော ကျေးလက်ဒေသ ဖွံ့ဖြိုးရေးနှင့်လူမှုစီးပွားဘ၀ မြှင့်တင်ရေးအခမ်းအနားတွင် နိုင်ငံတော်သမ္မတ ဦးသိန်းစိန် ပြောကြားခဲ့သော မိန့် ခွန်းမှ ကောက်နှုတ်ချက်။


“ကျွန်တော်တို့ နှစ်ဖက်တပ်တွေအကြား ညှိနှိုင်းမှုတွေပြုလုပ်ထားပါတယ်။ ဒုက္ခသည်တွေ နေရပ်ပြန်လို့ရှိရင် မိုင်းအန္တရာယ် ကင်းရှင်းစေဖို့အတွက် ကျွန်တော်တို့ဘက်ကလည်း တပ်အင်အားတွေတိုးချဲ့ပြီးတော့ ကူညီပေးသွားမှာ ဖြစ်သလို နှစ်ဖက် တပ်များ ပူးပေါင်း လုပ်ဆောင်သွားဖို့လည်း စီစဉ်ထားပါတယ်”

ဇွန်လ ၃ ရက်နေ့ထုတ် Street View ဂျာနယ်တွင်ပါရှိသော “ကချင်ဒုက္ခသည်များ နေရပ်အပြန် မိုင်းအန္တရာယ် ကင်းရှင်းရေး တပ်မတော်နှင့်ကေအိုင်အို ပူးပေါင်းဆောင်ရွက်မည်”သတင်းမှ ဒုတိယဗိုလ်ချုပ်ကြီးမြင့်စိုး၏ ပြောကြားချက်အား ကောက်နှုတ်ချက်။


“KNU နဲ့ code of conduct စည်းကမ်းတွေကို လုပ်ငန်းဆိုင်ရာ အဖွဲ့ (Technical Team) တွေနဲ့ ဆွေးနွေးပြီးရင် အတည်ပြု ဖို့အတွက် ထပ်တွေ့ဖို့ရှိတယ်။ နောက်လဆန်းပိုင်းလောက် ဖြစ်ပေမယ့် မချိန်းရသေးဘူး။ KNPP နဲ့ ဒီလထဲမှာ တွေ့ဆုံ ဆွေးနွေးဖို့ရှိသလို UNFC နဲ့လည်း တွေ့ဖို့ရှိတယ်။ RCSS က ဦးရွက်ဆစ် တို့နဲ့ ဆွေးနွေးပြီးမှ အချိန်ရရင် သမ္မတနဲ့ ပေးတွေ့ မှာပါ”

ဇွန်လ  ၃ ရက်နေ့ထုတ် ရွှေနိုင်ငံသစ် နေ့စဉ်သတင်းစာတွင် ပါရှိသော “KNPP,KNU,UNFC,SSA တို့နှင့် တွေ့ဆုံ ဆွေးနွေးရန် အစိုးရစီစဉ်နေ”သတင်းမှ ပြည်ထောင်စုငြိမ်းချမ်းရေး ဖော်ဆောင်ရေးလုပ်ငန်းကော်မတီ ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်း၏ ပြောကြားချက်အား ကောက်နှုတ်ချက်။


“သမဝါယမလုပ်ငန်းဟာ တိုင်းပြည်ရဲ့ ဒုတိယစီးပွားရေးမဏ္ဍိုင် ဖြစ်ပါတယ်။ သမဝါယမလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ဖို့အတွက် မှန်ကန်တဲ့ မူဝါဒတွေချမှတ်ပြီး သမ၀ါယမအသင်းတွေကို အဆင့်တိုးမြှင့် ဖွဲ့စည်းသွားကြရပါမယ်။ ကုန်ထုတ်လုပ်မှု၊ ကုန်သွယ် မှု၊ စက်မှုလယ်ယာ စတဲ့ သမ၀ါယမအသင်းများ ထူထောင်ပြီး တိုင်းပြည်ရဲ့ စီးပွားရေးကို ထောက်ကူပေးရမှာဖြစ်ပါတယ်။”

ဇွန်လ ၃ ရက်နေ့ထုတ် The Voice နေ့စဉ်သတင်းစာတွင်ပါရှိသော ကျေးလက်ဒေသဖွံ့ဖြိုးရေးနှင့် လူမှုစီးပွားဘ၀ မြှင့်တင်ရေးအခမ်းအနားတွင် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်ပြောကြားခဲ့သည့် မိန့်ခွန်းမှ ကောက်နှုတ်ချက်။


သတင်းတိုများ

ပြည်တွင်း ရေကြောင်း ၁၀ နှစ်အတွင်း အသုံးစရိတ် ၁၅ ဘီလီယံကျော်မြင့်တက်

မြန်မာနိုင်ငံ၌ ရေကြောင်းခရီးစဉ်များကို ခုတ်မောင်းပြေးဆွဲလျက်ရှိသော ပြည်တွင်းရေကြောင်း ပို့ဆောင်ရေးသည် ဆယ်နှစ်တာကာလအတွင်း အသုံးစရိတ် ကျပ် ၁၅ ဘီလီယံကျော်ခန့် မြင့်တက်လျက် ရှိကြောင်း ပြည်တွင်းရေကြောင်း ပို့ဆောင်ရေး ဒုတိယ အထွေထွေ မန်နေဂျာ ဦးရှိန်ယော၏ ပြောကြားချက်အရ သိရသည်။

ဝန်ထမ်းလစာ၊ ပင်စင်လစာနှင့် ထောက်ပံ့ကြေးများ တိုးမြှင့်ခြင်းများ အပြင် စက်မောင်းဆီမှာလည်း တစ်ဂါလန် ၂၅၀၀မှ ၃၅၀၀ အထိ ဈေးတိုးမြှင့်ခြင်းကြောင့် ယခုလို အသုံးစရိတ်မြင့်တက်ခဲ့ရခြင်း ဖြစ်ပြီး ၂၀၁၃- ၂၀၁၄ ဘဏ္ဍာနှစ်မှ စ၍ မိမိဌာန အသုံးစရိတ်ကို မိမိဌာန ၀င်ငွေဖြင့်သာ ရပ်တည်ဆောက်ရွက်သွားမည် ဖြစ်ကြောင်း အဆိုပါဌာန၏ တရားဝင် ထုတ်ပြန်ချက်များ အရ သိရသည်။


ကေအိုင်အိုနှင့် အစိုးရ သဘောတူညီချက် နော်ဝေကြိုဆို

၂ နှစ်ကြာ တိုက်ပွဲများ ဖြစ်ပွားနေသော ကချင်လွတ်မြောက်ရေးတပ်မတော် (ကေအိုင်အို)နှင့် မြန်မာအစိုးရတို့ အကြား သဘောတူညီချက်များ ရေးထိုးနိုင်ခဲ့မှုအပေါ် နော်ဝေနိုင်ငံမှ ကြိုဆိုထောက်ခံကြောင်း ဇွန်လ ၂ ရက်နေ့က ကြေညာချက်ထုတ်ပြန်ခဲ့သည်ဟု သိရသည်။ အဆိုပါ သဘောတူညီချက်ကြောင့် နှစ်ဦး နှစ်ဖက်ဖြစ်ပွားနေသော ပဋိပက္ခများ ဖြေရှင်းနိုင်ရန် နီးကပ်လာပြီဖြစ်ကြောင်း နော်ဝေ နိုင်ငံခြားရေးဝန်ကြီး၏ ပြောဆိုချက်ကို ကိုးကား၍ The Norway Post သတင်းစာမျက်နှာတွင် ဖော်ပြထားချက်အရ သိရသည်။


မြန်မာနှင့် EU ဆက်ဆံရေး ခြေတစ်လှမ်းတိုး

မြန်မာနိုင်ငံဆိုင်ရာ ဥရောပသမဂ္ဂ သံအမတ်ကြီးအဖြစ် ဘယ်ဂျီယံနိုင်ငံသား Roland Kobia ကို ခန့်အပ်လိုက် ကြောင်း သိရှိရသည်။ ထိုသို့ခန့်အပ်လိုက်ခြင်းကြောင့် လက်ရှိအချိန်တွင် ထိုင်းနိုင်ငံဆိုင်ရာ EU သံအမတ်ကြီး Andreas List က မြန်မာနိုင်ငံအတွက် တွဲဖက်တာဝန်ယူနေရပြီး Roland Kobia သည် စီးပွားရေး အချက်အချာကျရာ ရန်ကုန်မြို့တော်တွင် တာဝန်ထမ်းဆောင်ရမည် ဖြစ်ကြောင်း နိုင်ငံတော်အစိုးရ၏ သတင်းထုတ်ပြန်ထားချက်အရ သိရသည်။


ဗြိတိန် ကာကွယ်ရေးဦးစီးချုပ် မြန်မာနိုင်ငံသို့ လာမည် 

မြန်မာနိုင်ငံအား နှစ်ပေါင်းများစွာ စီးပွားရေးပိတ်ဆို့ အရေးယူမှုပြုလုပ်ခဲ့သည့် ဥရောပသမဂ္ဂ (EU) အဖွဲ့ဝင် နိုင်ငံတစ်နိုင်ငံဖြစ်သော ဗြိတိန်နိုင်ငံ၏ ထိပ်ပိုင်းတပ်မတော်ခေါင်းဆောင်တစ်ဦးဖြစ်သူ ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်ကြီး ဆာဒေးဗစ်ရစ်ချက်သည် ဇွန်လ ပထမပတ်တွင် မြန်မာနိုင်ငံသို့ လာရောက်လည်ပတ် တော့မည်ဖြစ်ကြောင်း သိရသည်။ ယခုကဲ့သို့ ဗြိတိန်ကာကွယ်ရေးဦးစီးချုပ် လာရောက်လည်ပတ်မည့် ယခုခရီးစဉ်သည် နှစ်ပေါင်းငါးဆယ်ကျော် ကာလအတွင်း ဗြိတိန်တပ်မတော်မှအဆင့်မြင့်အရာရှိတစ်ဦး၏ မြန်မာနိုင်ငံသို့ ပထမဆုံးလာရောက်လည်ပတ်ခြင်းဖြစ်ပြီး ဗြိတိန်ဗိုလ်ချုပ်ကြီး ၏ နှစ်ရက်ကြာမြင့်မည့် မြန်မာနိုင်ငံခရီးစဉ်အတွင်း  နိုင်ငံတော်သမ္မတ ဦးသိန်းစိန်အပါအ၀င် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ် မှူးကြီး မင်းအောင်လှိုင် တို့နှင့်လည်း တွေ့ဆုံမည်ဖြစ်ကြောင်း သိရသည်။


 အသေးစား ငွေစုငွေချေးဘဏ် ထူထောင်ရန် တရုတ်နိုင်ငံမှ ချေးငွေ အမေရိကန်ဒေါ်လာ သန်း ၁၀၀ ရရှိ

အသေးစား ငွေချေးသည့် ဘဏ် ထူထောင်ရန်အတွက် တရုတ်ပြည်သူ့သမ္မတနိုင်ငံမှ ချေးငွေ အမေရိကန် ဒေါ်လာသန်း ၁၀၀ ရရှိထားပြီးဖြစ်သည်ဟု သမ၀ါယမ၀န်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်ဆန်း၏ ပြောကြားချက်အရ သိရသည်။ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးနှင့် လူမှုစီးပွား ဘ၀မြှင့်တင်ရေးအတွက် လုပ်ငန်းစဉ်ငါးရပ် ချမှတ်ရာတွင် အသေးစား ချေးငွေလုပ်ငန်းအတွက် လိုအပ်သော အရင်းအနှီးများ ရရှိစေရေးအတွက် Microfinance Bank ထူထောင် ဆောင်ရွက်ရမည် ဆိုသော အချက်ပါဝင်ခြင်းကြောင့် ယခုလိုဆောင်ရွက်ရခြင်းဖြစ်ပြီး အဆိုပါဘဏ်ထူထောင်ရန် နိုင်ငံတကာ မှ အကူအညီ (Aids,Grant)များ ရရှိရေး၊ ချေးငွေရရှိရေးကို ဆောင်ရွက်သွားမည်ဟု သိရသည်။


ပြည်ထောင်စုတိုင်းရင်းသားပေါင်းစုံ ဆွေးနွေးပွဲ DKBA ဌာနချုပ်တွင် ကျင်းပမည်

လက်ရှိနိုင်ငံရေး အခြေအနေမှ သိသာမြင်သာသည့် တိုးတက်မှုရရှိရေး အဖြေရှာရန် ပြည်ထောင်စု တိုင်းရင်းသား ပေါင်းစုံ ဆွေးနွေးပွဲကို ဒီမိုကရေစီ အကျိုးပြု ကရင်တပ်မတော် (D.K.B.A) ဌာနချုပ်တွင် ပြုလုပ်သွားမည် ဖြစ်ကြောင်း သိရှိရသည်။

အဆိုပါဆွေးနွေးပွဲကို ကရင်ပြည်နယ်ရှိ ဆုံဆည်းမြိုင်ကျေးရွာတွင် D.K.B.A မှ ကမကထပြု၍ ကျင်းပသွား မည်ဖြစ်ပြီး လက်ရှိနိုင်ငံရေး အခြေအနေမှ ရှေ့ဆက်တိုး၍ တိုင်းပြည်နှင့် ပြည်သူလူထုအတွက် အလားအလာကောင်းများကို ပြည်တွင်း ပြည်ပရှိ ဒီမိုကရေစီ အင်အားစုများ၊ ပါတီများ၊ တစ်သီးပုဂ္ဂလ လှုပ်ရှားသူများ ၊ ပညာရှင်များနှင့် လက်နက်ကိုင် အင်အားစုများ၊ အစိုးရ၀န်ထမ်းအဖွဲ့များ ပါဝင်၍ ရှာဖွေဖော်ထုတ် ဆွေးနွေးသွားမည်ဖြစ်ကြောင်း သိရသည်။


ထားဝယ်ဒေသရှိ လယ်သမား ၁၀၀ ကျော် လယ်ယာပြန်လည်လုပ်ကိုင်ခွင့် ရရှိရေး ဆန္ဒဖော်ထုတ်မည်

ထားဝယ်ဒေသရှိ သိမ်းဆည်းခံ လယ်မြေများတွင် လယ်ယာ ပြန်လည်လုပ်ကိုင်ခွင့် ရရှိရန် ဒေသခံ လယ်သမား ၁၀၀ ကျော်မှ ထုတ်ဖော်တောင်းဆိုမှုများ ပြုလုပ်သွားမည်ဖြစ်ကြောင်း ထားဝယ်ဒေသ လယ်သမားများ အရေးကူညီ ဆောင်ရွက်ပေးနေသူ ဦးသန်းဝင်း၏ ပြောကြားချက်အရ သိရှိရသည်။ယခုနှစ် မိုးရာသီအတွင်း လုပ်ကိုင်ခွင့်ရရှိရန် ဇွန်လ ပထမပတ်အတွင်း ဆန္ဒထုတ်ဖော်ကြမည် ဖြစ်ပြီး ထားဝယ်ဒေသရှိ လယ်ယာမြေ သိမ်းဆည်းခံထားရသည့် လယ်သမား များမှာ ၎င်းတို့၏ လယ်ယာမြေများအား ပြန်လည်ရရှိရေးနှင့် မရရှိပါကလည်း သင့်လျော်သည့် လျော်ကြေးငွေ ရရှိရန် မျှော်လင့်နေကြောင်း သိရှိရသည်။



Google Drive: create, share, and keep all your stuff in one place. Logo for Google Drive

0 comments:

Post a Comment