Transparency Myanmar

transparency.myanmar@gmail.com

INTERNATIONAL MEDIA (1)
Document

Snapshot of the item below:
INTERNATIONAL MEDIA (1)

ဘာသာပြန်သတင်းများ

  1. အိန္ဒိယ-မြန်မာ သယ်ယူပို့ဆောင်ရေးစီမံကိန်းက အခွင့်အရေးနှင့် စိုးရိမ်စရာများကို ဖန်တီးလျက်ရှိ

(VOA သတင်းဌာန၏ 17 June 2013 ရက်စွဲပါ Burma-India Transport Project Raises Opportunities, Concerns ကိုဘာသာပြန်ဆိုသည်)  

  1. ဘာသာမတူ အိမ်ထောင်ပြုမှုတားမြစ်ရေးအဆိုပြုချက်ကို မြန်မာအမျိုးသမီးအဖွဲ့အစည်းများဆန့်ကျင်

(The Nation မှ 18 Jun 2013 ရက်စွဲပါ “Myanmar woman’s groups oppose interfaith marriage proposal ”သတင်းကိုဘာသာပြန်ဆိုသည်)


အိန္ဒိယ-မြန်မာ သယ်ယူပို့ဆောင်ရေးစီမံကိန်းက အခွင့်အရေးနှင့် စိုးရိမ်စရာများကို ဖန်တီးလျက်ရှိ

(VOA သတင်းဌာန၏ 17 June 2013 ရက်စွဲပါ Burma-India Transport Project Raises Opportunities, Concerns ကို ဘာသာပြန်ဆိုသည်)  

အိန္ဒိယနိုင်ငံ၏ ငွေကြေးထောက်ပံ့မှုဖြင့် မြန်မာနိုင်ငံကို ဖြတ်ကျော်ဖောက်လုပ်လျက်ရှိသည့် သယ်ယူပို့ဆောင်ရေး လမ်းကွန်ယက် စီမံကိန်းသည် ပွင့်လင်းမြင်သာမှုမရှိခြင်း၊ သဘာဝပတ်ဝန်းကျင်ထိခိုက်မည့် ကိစ္စနှင့်ပတ်သက်သော စိုးရိမ် ပူပန်မှုများကိုဖြစ်ပေါ်လျက်ရှိသောကြောင့် များစွာဝေဖန်ခံနေရသည်။ ကုလားတန်ဟုအမည်ရသော ယင်းစီမံကိန်းသည် ဖွံ့ဖြိုး မှုနည်းပါးသော မြန်မာနိုင်ငံအနောက်ပိုင်းဒေသနှင့် အိန္ဒိယနိုင်ငံတို့ကို ဆက်သွယ်မည်ဖြစ်ပြီး နှစ်နိုင်ငံကုန်သွယ်မှု လုပ်ငန်းများ တိုးမြှင့်လုပ်ကိုင်နိုင်ရန် ရည်မှန်းထားသည်။ သို့သော် တက်ကြွလှုပ်ရှားသူများနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးသမား များ၏ သတိပေးချက်အရ နှစ်နိုင်ငံမှအာဏာပိုင်များသည် သဘာဝပတ်ဝန်းကျင်နှင့် တောရိုင်းတိရစ္ဆာန်များ ဘေးအန္တရာယ် ကျရောက်မည့် အရေးကို လစ်လျူရှုလျက်ရှိသည်။

၂၀၁၅ ခုနှစ်၊ယင်း ကုလားတန်စီမံကိန်းကြီး ပြီးဆုံးချိန်တွင် အိန္ဒိယနိုင်ငံအရှေ့မြောက်ပိုင်းမီဇိုရမ်ပြည်နယ်မှတစ်ဆင့် မြန်မာနိုင်ငံ ချင်းပြည်နယ်ကိုဖြတ်သန်းကာ ရခိုင်ပြည်နယ်ရှိ ရေနက်ဆိပ်ကမ်းရှိရာဒေသသို့ အဝေးပြေးလမ်းနှင့်ရေကြောင်း လမ်းဖြင့် ဆက်သွယ်နိုင်မည်ဖြစ်သည်။

ကုလားတန် သယ်ယူပို့ဆောင်ရေးကွန်ယက်က ဖွံ့ဖြိုးမှုနိမ့်ကျပြီး ဆက်သွယ်ရန်ခက်ခဲသော နယ်မြေဒေသများ အကြား ကုန်သွယ်ရေးစီးဆင်းမှုကို အလွယ်တကူတိုးမြင့်စေမည်ဖြစ်ပြီး လယ်သမားများအတွက် ဝင်ငွေလည်းမြင့်တက်စေ မည်ဖြစ်ကာ အလုပ်အကိုင်အခွင့်အလမ်းများလည်း ပေါ်ထွန်းစေနိုင်မည်ဖြစ်သည်။

သို့သော် သက်ဆိုင်ရာအာဏာပိုင်များသည် စီမံကိန်းနှင့်ပတ်သက်သည့် လုံလောက်သောသတင်းအချက်အလက် များကို အများပြည်သူများသိရှိနိုင်အောင် ထုတ်ပြန်ပေးခြင်းမရှိကြောင်း၊ သဘာဝပတ်ဝန်းကျင်နှင့် ဒေသခံပြည်သူများအပေါ် ကျရောက်နိုင်သည့် အန္တရာယ်များကိုလည်း လစ်လျူရှုထားကြကြောင်း တက်ကြွလှုပ်ရှားသူများကဆိုသည်။

 

ယဉ်ကျေးမှု၊ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ဂယက်ရိုက်ခတ်မှု

ရခိုင်ပြည်နယ်တွင် ရေနက်ဆိပ်ကမ်းတည်ဆောက်ခဲ့စဉ်က ယဉ်ကျေးမှုဆိုင်ရာ အမွေအနစ်များ ထိခိုက်ပျက်စီးခဲ့ရပြီး မြန်မာအာဏာပိုင်များသည် ထိုသို့ ထိခိုက်ပျက်စီးမှုများနှင့်ပတ်သက်သော အကဲဖြတ်ချက်များ လက်တွေ့ကျကျ လုပ်ဆောင် ပေးရန် ပျက်ကွက်ခဲ့သည်။

ထိုသို့သော စိုးရိမ်စရာကောင်းသည့် အရေးကိစ္စများကို ထုတ်ဖော်ဖြေရှင်းမှုမပြုလုပ်နိုင်သေးသရွေ့ စီမံကိန်းကြီးကို ရပ်ဆိုင်းထားရန် ကုလားတန်လှုပ်ရှားမှုဟု အမည်ရသည့် ပြည်တွင်း လူ့အခွင့်အရေးအဖွဲ့အစည်းများ ညွန့်ပေါင်းအဖွဲ့က ပြီးခဲ့ သည့် ရက်သတ္တပတ်အတွင်း ထုတ်ဖော်ပြောဆိုခဲ့သည်။

Arakan River Network မှ ညွှန်ကြားရေးမှူး TwanZaw က ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့ရှိ နိုင်ငံခြားသတင်း ထောက်များကလပ်တွင် ယခုလိုပြောဆိုသည်။

“လက်ရှိအချိန်အထိ သဘာဝပတ်ဝန်းကျင်၊ လူမှုရေး၊ ကျန်းမာရေး အစရှိတာတွေနဲ့ပတ်သက်တဲ့ အစီရင်ခံစာတစ်ခုမှ ထွက်မလာ သေးပါဘူး။ စီမံကိန်းကြောင့် ဂယက်ရိုက်ခတ်မှု ဖြစ်တဲ့ကိစ္စတွေ အကဲဖြတ်ချက်လည်း ထွက်မလာသေးပါဘူး။ အဲဒါကြောင့် ဒေသခံတွေရဲ့ လူမှုရေးနဲ့ အသက်မွေးဝမ်းကျောင်းနဲ့ပတ်သက်တဲ့ စိုးရိမ်ပူပန်မှုတွေဖြစ်ပေါ်နေရတာပါ”ပာု ၎င်းက ပြောကြားသည်။

ကုလားတန်စီမံကိန်းကြီးတစ်ခုလုံးကို အိန္ဒိယအစိုးရက ခန့်မှန်းခြေဒေါ်လာ ၂၁၄ သန်းဖြင့် ငွေကြေးထောက်ပံ့ပေး လျက်ရှိသည်။ ယင်းသို့ထောက်ပံ့မှုသည် အိန္ဒိယအစိုးရ၏ အရှေ့တောင်အာရှဒေသနှင့် ချိတ်ဆက်ရေးဟူသော အရှေ့မျှော် မူဝါဒတစ်စိတ်တစ်ပိုင်းလည်း ဖြစ်သည်။ ယင်းစီမံကိန်းသည် မြန်မာနိုင်ငံတွင် အိန္ဒိယ၏အကြီးဆုံးသော ဖွံ့ဖြိုးရေးစီမံကိန်းကြီး လည်းဖြစ်သည်။

သို့သော် လက်ရှိအနေအထားတွင် အိန္ဒိယနိုင်ငံဘက် မီဇိုရမ်ပြည်နယ်မှ မြန်မာနိုင်ငံ ချင်းပြည်နယ်သို့ ဖောက်လုပ် လျက်ရှိသည့် အဝေးပြေးလမ်းမကြီး၏ အိန္ဒိဘက်အပိုင်းအတွက်သာ သဘာဝပတ်ဝန်းကျင် အကျိုးသက်ရောက်မှု အကဲဖြတ် ချက်တစ်ရပ် ပြုလုပ်ထားနိုင်သည်ဟု သိရသည်။

တောရိုင်းတိရစ္ဆာန်ဆိုင်ရာ ဇီဝဗေဒပညာရှင် KashmiraKatati က မြန်မာနိုင်ငံသို့ အိန္ဒိယမှ ဖောက်လုပ်လျက်ရှိသော အဝေးပြေး လမ်းမသည် တောရိုင်းတိရစ္ဆာန်များ၏ အသိုက်မြုံများရှိရာ နေရာများကို ဖြတ်သန်းသွားကြောင်း၊ အိန္ဒိယနိုင်ငံ သဘာဝပတ်ဝန်းကျင်နှင့် သစ်တောဝန်ကြီးဌာနကလည်း အဆိုပါကိစ္စကို လစ်လျူရှုထားကြောင်း ပြောကြားသည်။ ၎င်းသည် တောရိုင်းတိရိစ္ဆာန်များအပေါ် ထိခိုက်မှုကို အလေးပေးဖော်ပြထားသည့် ၂၀၁၁ခုနှစ် အစီရင်ခံစာကိုရေးသားခဲ့သည်။

“အဲဒီဝန်ကြီးဌာနက ဒါရိုက်တာဆီကို ကျွန်တော်စာလည်းရေးတယ် ဖက်စ်လည်းပို့ခဲ့တယ်။ အစီရင်ခံစာကို တစ်စုံ တစ်ယောက်ကမှ အသိအမှတ်မပြုကြပါဘူး။ ကျွန်တော်သိတာနောက်တစ်ခုက ဝန်ကြီးဌာနဆီက ဘာသတင်းအချက်အလက် တစ်ခုမှ ထပ်ထွက်မလာဘူးဆိုတာပါပဲ။ နောက်ဆုံးမှာ ကုလားတန်စီမံကိန်း အစီရင်ခံစာကို ကျွန်တော်ဖတ်လိုက်ရတယ်။ အဲဒီ ထဲမှာ ဘာတစ်ခုမှ ကန့်ကွက်ထားတာ မရှိဘူး။ စုံစမ်းစစ်ဆေးရေး ကော်မရှင်ကလည်း စီမံကိန်းကို ခွင့်ပြုထားတာတွေ့ရ တယ်။ သူတို့ရဲ့အကဲဖြတ်ချက်တွေဟာ ဆိုးဆိုးရွားရွားမှားယွင်းနေပါတယ်”ဟု KashmiraKatati ကပြောကြားသည်။

မီဇိုရမ်ပြည်နယ်တွင် လမ်းဖောက်လုပ်မှုမှာ တစ်ဝက်ခန့်ပြီးစီး သွားပြီဖြစ်သည်။ အဆိုပါလမ်းမဖောက်လုပ်မှု အပြည့် အဝပြီးစီးသွားပါက သဘာဝတောရိုင်း တိရိစ္ဆာန်များ နေထိုင်ရာ အသိုက်အမြုံများကို ခြိမ်းခြောက်မှု ဖြစ်ပေါ်လာမည်ဖြစ်သည်။

“အစီရင်ခံစာထဲမှာ ကျွန်တော်တို့မျှော်လင့်ထားသလို ကြောက်စရာအကောင်းဆုံး ကိစ္စပါလာတယ်။ အဲဒါကတော့ အဲဒီလမ်းမကြီးဟာ သဘာဝတောရိုင်းတိရိစ္ဆာန်တွေ ရောင်းဝယ်ဖောက်ကား နိုင်ရေးအတွက် ပင်မလမ်းကြောင်းကြီးတစ်ခု ဖြစ် လာမယ်ဆိုတာပါပဲ။ ကျားအကောင်ရေတွေလျော့ကျလာတာကို ကျွန်တော်တို့ဆွေးနွေးပြောဆိုထားပြီးဖြစ်ပါတယ်။ နယ်စပ် ဒေသတရားမဝင် တောရိုင်းတိရိစ္ဆာန် မှောင်ခိုရောင်းချမှုတွေ အများကြီးဖြစ်ပေါ်လာလိမ့်မယ်”ဟု ၎င်းက ဆိုသည်။

ထိုသို့ သဘာဝပတ်ဝန်းကျင်ထိခိုက်မှုနှင့် ပတ်သက်၍ အကဲဖြတ်ချက်များကို လွတ်လပ်စွာပြုလုပ်ရန် လိုအပ်သည့် ကိစ္စကို အိန္ဒိယအစိုးရအရာရှိများက မသိကျိုးနွံပြုခဲ့သည်။

ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့ရှိအိန္ဒိယသံရုံးမှ ပထမအတွင်းဝန် Rajesh Swami က စီမံကိန်းကို ထောက်ခံမှုပြုထားသည့် ကြေညာချက်ကို ဖတ်ပြသည်။ ကုလားတန်စီမံကိန်းကြီးနှင့်ပတ်သက်သော သတင်းအချက်အလက်များကို ပြည်သူများသိရှိ နိုင်အောင် ထုတ်ပြန်ရန် လိုအပ်သော်လည်း စီမံကိန်းရပ်ဆိုင်းရန် အကြောင်းမရှိကြောင်း ၎င်းက ဆိုသည်။

“အမှန်ပြောရရင် စီမံကိန်းက ဒေသတွင်းအတွက် အပြုသဘောဆောင်တဲ့ ပြောင်းလဲမှုတွေကိုပဲ ဆောင်ကြဉ်းလာမှာ ဖြစ်ပါတယ်”ပာု ၎င်းကဆိုသည်။

ကုလားတန်လှုပ်ရှားမှုအဖွဲ့အဆိုအရ အိန္ဒိယနိုင်ငံတွင်းရှိ လယ်သမားများသည် မီဇိုရမ်ပြည်နယ်မှ လယ်ယာမြေများ အတွက် လုံလောက်သောလျော်ကြေးငွေ မရရှိခဲ့ကြကြောင်း၊ မြန်မာနိုင်ငံတွင်လည်း အလားတူ ခေါင်းပုံဖြတ်မှုများဖြစ်ပေါ် လာမည်ကို ၎င်းတို့က စိုးရိမ်လျက်ရှိကြောင်းသိရသည်။

ကုလတန်စီမံကိန်းအတွက် မြန်မာနိုင်ငံက မြေနေရာနှင့်လုံခြုံရေးပေးမည်ဖြစ်သည်။ သို့သော် စီမံကိန်းပြီးဆုံးရန် ၂ နှစ်သာ လိုတော့သည်ဖြစ်ပြီး ချင်းပြည်နယ်မှ ဒေသခံများသည် အဝေးပြေးလမ်းမ ဖောက်လုပ်မည့် အစီအစဉ်နှင့်ပတ်သက်၍ ကောင်းစွာ သိရှိထားခြင်းမရှိသေးပေ။

စီမံကိန်းပြီးမည့် နောက်ဆုံးအချိန်ပိုင်းတွင် မြန်မာအာဏာပိုင်များက မြေသိမ်းမှုများပြုလုပ်လာမည်ကို တက်ကြွလှုပ် ရှားသူများက စိုးရိမ်လျက်ရှိသည်။

ချင်းလူ့အခွင့်အရေးအဖွဲ့မှ ဒါရိုက်တာ SalaiZuk Ling က ဒေသတွင်း စစ်တပ်၏ လှုပ်ရှားမှုများ တိုးမြင့်လာမှုသည် နောက်ထပ်စိုးရိမ်စရာ ကိစ္စတစ်ခုဖြစ်သည်ဟုဆိုသည်။ စီမံကိန်းပြီးဆုံးရန် စစ်တပ်ကအဓမ္မလုပ်သားစေခိုင်းမှုများ ပြုလုပ်လာ နိုင်ဖွယ်ရှိသည်ဟုလည်း ၎င်းက သတိပေးပြောဆိုသည်။

“မြန်မာနိုင်ငံမှာအတိုင်းအတာကြီးမားတဲ့ အခြေခံအဆောက်အဦးဖွံ့ဖြိုးရေးစီမံကိန်းတွေ၊ အထူးသဖြင့် လမ်းဖောက် လုပ်ရေး စီမံကိန်းတွေကို ကြည့်မယ်ဆိုရင် ဖိအားပေးအလုပ်စေခိုင်းမှုတွေရှိခဲ့တာချည်းပါပဲ”ဟု ၎င်းကဆိုသည်။

မြန်မာစစ်တပ်သည် အစဉ်အလာအရ ကိုယ်၌က ရွာသူရွာသားများကို စစ်လက်နက်များ သယ်ဆောင်ခိုင်းခြင်း၊ လမ်း ဖောက်လုပ်ခိုင်းခြင်း အစရှိသည်တို့ကိုလုပ်ကိုင်လေ့ရှိသည်။ ချင်းပြည်နယ်တွင်မူ မြန်မာစစ်တပ်ကတပ်စခန်းများ မြောက်များ စွာဖွင့်လှစ်ထားသည်။ အဆိုပါစီမံကိန်းနှင့် ပတ်သက်၍ မြန်မာအစိုးရ ပြောရေးဆိုခွင့်ရှိသူက ထင်မြင်သုံးသပ်ချက် တစ်စုံတရာ မပေးသေးပေ။ သို့သော် အဆိုပါစီမံကိန်း ပြီးဆုံးသွားပါက အိန္ဒိယမှ မြန်မာ၊ ထိုမှတစ်ဆင့် အရှေ့တောင်အာရှဒေသသို့ ကုန်သွယ်ရေးများ တိုးမြှင့်ပေးနိုင်မည်ဖြစ်ကြောင်း၊ ယင်းလမ်းမသည် ကုန်သွယ်ရေးစင်္ကြံန်အဖြစ် ပါဝင်မည်ဖြစ်ကြောင်း နိုင်ငံ ပိုင် New Light of Myanmar သတင်းစာက ရေးသားဖော်ပြသည်။  


ဘာသာမတူ အိမ်ထောင်ပြုမှုတားမြစ်ရေးအဆိုပြုချက်ကို မြန်မာအမျိုးသမီးအဖွဲ့အစည်းများဆန့်ကျင်

(The Nation မှ 18 Jun 2013 ရက်စွဲပါ “Myanmar woman’s groups oppose interfaith marriage proposal”သတင်းကို ဘာသာပြန်ဆိုသည်)

ဘာသာရေးအစွန်းရောကဗုဒ္ဓဘာသာဘုန်းကြီးတစ်ပါးက လှုံဆော်နေသောဘာသာမတူ အိမ်ထောင်ပြုမှုတားမြစ် ရေးကိစ္စကို မြန်မာအမျိုးသမီးများ၏ အခွင့်အရေးလှုပ်ရှားနေသော အုပ်စုများက အင်္ဂါနေ့တွင် ဝိုင်းဝန်ကန့်ကွက်ခဲ့ကြသည်။

မွတ်ဆလင်(သို့)ဘာသာကွဲတစ်ဦးကို လက်ထပ်မည့် ဗုဒ္ဓဘာသာအမျိုးသမီး မှန်သမျှသည် မိဘများနှင့် ဒေသန္တရ အစိုးရတာဝန်ရှိသူများထံမှ ဦးစွာခွင့်ပြုချက် တောင်းရန်လိုအပ်သော ဥပဒေများကို လွှတ်တော်တွင်အဆိုပြုရန် ကြိုးပမ်းနေ သောကိစ္စအား ဆန့်ကျင်ကန့်ကွက်ကြောင်း RAINPaLL အဖွဲ့အစည်းနှင့် အခြားအဖွဲ့အစည်း ၇ ခုတို့က ပြောကြားလိုက်ပါ သည်။

“ဒီကိစ္စပာာ မြန်မာအမျိုးသမီးတွေအပေါ် ခွဲခြားဖိနှိပ်မှုတစ်ခု ဖြစ်တယ်လို့ ကျွန်မတို့ယူဆပါတယ်”ပာု RAINFALL ကို ဦးဆောင်နေသူ နိုင်ငံရေးအကျဉ်းသူပောာင်း ဇင်မာအောင်က ပြောကြားပါသည်။

မြန်မာနိုင်ငံတွင် မွတ်ဆလင်ဈေးဆိုင်များကို သပိတ်မှောက်ရန်လှုံဆော်သော ၉၆၉ လှုပ်ရှားမှုကို ယခုနှစ်အစောပိုင်း တွင်စတင်ခဲ့သူမန္တလေးမြို့မှ သြဇာကြီးနာမည်ကျော် ဘုန်းတော်ကြီးဦးဝီရသူက ၎င်းရေးဆွဲထားသောဥပဒေကြမ်းကို ဘာသာ ရေးအဓိကရုဏ်း ကြီးထွားလာမှုအပေါ် သံဃာတော် ၂၀၀ ကျော် စုဝေးဆွေးနွေးကြသည့် အစည်းအဝေးတွင် တင်ပြခဲ့ခြင်း ဖြစ်သည်။

အစည်းအဝေးတွင် ဆွေးနွေးရန်တင်ပြလာသော ၎င်းအဆိုပြုချက်ကို တက်ရောက်လာသော သံဃာတော်များက ပယ်ချခဲ့သော်လည်း ဦးဝီရသူက ၎င်းကိုပာန့်တား၍ မရနိုင်ပာု ပြောကြားလိုက်ပါသည်။

“ဒီဥပဒေကို ကျုပ်အိပ်မက် မက်လာတာကြာပါပြီ။ ဒီဥပဒေက ဗုဒ္ဓဘာသာအမျိုးသမီးတွေကို ကာကွယ်ပေးမှာပါ”ပာု ပြောကြားသူ ဦးဝီရသူက အဆိုပြုချက်ကို ထောက်ခံသည့်လက်မှတ်အရေအတွက် ၃၀၀,၀၀၀ ခန့်ရအောင် ကြိုးစားလျက်ရှိပြီး ယင်းဥပဒေကို အားပေးသောလွှတ်တော်ကိုယ်စားလှယ်များမှတစ်ဆင့် လွှတ်တော်သို့တင်ပြသွားမည်ပာုဆိုပါသည်။

ထိုဥပဒေတွင် ဗုဒ္ဓဘာသာအမျိုးသမီးများကိုလက်ထပ်မည့် မွတ်ဆလင်အမျိုးသားများကိုလည်း လက်မထပ်မီဗုဒ္ဓ ဘာသာအဖြစ်သို့ ကူးပြောင်းရန် သတ်မှတ်မည်ပာု သိရှိရသည်။

ဥပဒေချိုးဖောက်သူများသည် ထောင်ဒဏ် ၁၀ နှစ်အထိဖြစ်စေ၊ ပိုင်ဆိုင်သောပစ္စည်းများ သိမ်းဆည်းခံရခြင်းဖြစ်စေ ရင်ဆိုင်ရမည်ပာု ဆိုသည်။

ဘာသာရေးအစွန်း ရောက်မှုများကြောင့် အစ္စလာမ်နိုင်ငံများတွင် မငြိမ်သက်မှုများ ဖြစ်ပွားနေခြင်းကို အထင်အရှား တွေ့မြင်နိုင်သဖြင့် မြန်မာနိုင်ငံတွင်လည်း ဗုဒ္ဓဘာသာအစွန်းရောက် အယူအဆများထကြွလာခြင်းကို တားဆီးကြရမည်ပာု လေ့လာစောင့်ကြည့်သူများက မှတ်ချက်ပေးထားကြသည်။


 

 

 


Google Drive: create, share, and keep all your stuff in one place. Logo for Google Drive

0 comments:

Post a Comment