Transparency Myanmar

transparency.myanmar@gmail.com

INTERNATIONAL MEDIA (2)
Document

Snapshot of the item below:
INTERNATIONAL MEDIA (2)

နိုင်ငံတကာသတင်းများ (၂)

  1. ကုလသမဂ္ဂက မြန်မာနိုင်ငံမှ အိုးမဲ့အိမ်မဲ့ ၁၄၀၀၀၀ ကျော်အတွက် စိုးရိမ်ပာုဆို

(19 June 2013 ရက်စွဲပါ Nation Pakistan တွင်ပါရှိသော UN concerned over 140000 displaced in Myanmar ကိုဘာသာပြန်ဆိုသည်)

  1. ထားဝယ်တွင် ကျောက်မီးသွေး လောင်စာသုံးစက်ရုံ ဓါတ်အားပေးစက်ရုံသစ် တည်ဆောင်ရန်  EGAT  အဆိုပြု

(Energy Business Review မှ  18 Jun 2013 “ EGAT Proposes New coal.fired Plant in Myanmar” သတင်းကို ဘာသာပြန်ဆိုသည်)


ကုလသမဂ္ဂက မြန်မာနိုင်ငံမှ အိုးမဲ့အိမ်မဲ့ ၁၄၀၀၀၀ ကျော်အတွက် စိုးရိမ်ပာုဆို

(19 June 2013 ရက်စွဲပါ Nation Pakistan တွင်ပါရှိသော UN concerned over 140000 displaced in Myanmar ကိုဘာသာပြန်ဆိုသည်)

ကုလသမဂ္ဂအနေဖြင့် မြန်မာနိုင်ငံ ရခိုင်ပြည်နယ်မှ အိုးမဲ့အိမ်မဲ့ဖြစ်နေသော လူ(၁၄၀၀၀၀)ခန့်အတွက် စိုးရိမ်မှုများရှိ ကြောင်း ပြောရေးဆိုခွင့်ရ ပုဂ္ဂိုလ်တစ်ဦးက ပြောပါသည်။

“မြန်မာနိုင်ငံမှာရှိတဲ့ ကုလသမဂ္ဂအနေနဲ့ ပြီးခဲ့တဲ့နှစ်အကြမ်းဖက်မှုတွေ ပြီးကတည်းက ရခိုင်ပြည်နယ်က အိုးမဲ့အိမ်မဲ့ ဖြစ်ရတဲ့လူပေါင်း (၁၄၀၀၀၀)ခန့်ရဲ့ လူသားချင်းစာနာမှုဆိုင်ရာ အခြေအနေပာာ စိတ်ပျက်ဖွယ်အခြေအနေမှာပဲ ရှိနေသေး ကြောင်း သတိပေးခဲ့ပါတယ်”ပာု ကုလသမဂ္ဂလက်ထောက် ပြောခွင့်ရပုဂ္ဂိုလ် Eduardo del Buey က နယူးယောက်မြို့ ကုလ သမဂ္ဂဌာနချုပ်တွင် တနင်္လာနေ့က သတင်းထောက်များသို့ ပြောကြားခဲ့ပါသည်။

ယခုအချိန်တွင် စားနပ်ရိက္ခာအကူအညီမှာ လစဉ်အခြေခံ၍ ပို့ပေးလျက်ရှိပြီး၊ မေလတစ်ခုတည်းတွင် တန်(၂၂၀၀) ပေးပို့ခဲ့ပြီး ဖြစ်သည်ပာုဆိုပါသည်။ လူပေါင်း(၇၁၀၀၀)ခန့်မှာ ယာယီတဲများ ရရှိခဲ့ကြောင်း Del Buey ကပြောပါသည်။

“လူသားချင်းစာနာမှုဆိုင်ရာ အကူအညီပေးရေးအဖွဲ့များသည် ဒုက္ခသည်များကို စားနပ်ရိက္ခာ၊ ကျန်းမာရေးစောင့် ရှောက်မှု၊ ရေနှင့် သန့်ရှင်းမှု၊ နေစရာတဲများနှင့် အခြားအသက်ကယ်သည့် ကယ်ဆယ်ရေးပစ္စည်းများ ဖြည်းဆည်းပေးခဲ့ပါ တယ်။ ဒါပေမယ့် ဒုက္ခသည်စခန်း စီမံခန့်ခွဲမှုနဲ့ ညှိနှိုင်းမှုလုပ်ငန်းများအပါအဝင် အရေးကြီးတဲ့ကိစ္စတွေမှာ ကွာပာချက်တွေ ရှိ နေဆဲဖြစ်ပါတယ်”ပာု Buey ကပြောပါသည်။

ထို့အပြင် မြန်မာနိုင်ငံမှ ကုလသမဂ္ဂလူသားချင်း စာနာသော အကူအညီပေးရေးအတွက် ညှိနှိုင်းရေးမှူး Ashok Nigama ကရခိုင်ပြည်နယ်မှ ပြည်သူများကြား ရေရှည်တည်တံ့မည့် ငြိမ်းချမ်းရေးနှင့် လိုက်လျောညီထွေရှိမှု ပြန်လည်ရရှိရေး အတွက် ရေရှည်တည်တံ့မည့် အဖြေရှာရေးတောင်းဆိုခဲ့သည်ပာု Buey ကပင်ပြောပါသည်။

ပြီးခဲ့သည့် ရက်သတ္တပတ်နှောင်းပိုင်းက ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ်သည် မြန်မာလွှတ်တော် ကိုယ်စားလှယ်များက အကြမ်းဖက်မှုများဖြစ်ပွားနေသော တိုင်းပြည်ကိုအထောက်အကူဖြစ်မည့် ပြုပြင်ပြောင်းလဲရေး လုပ်ငန်း စဉ်တွင် တွေ့ဆုံဆွေးနွေးရေးနှင့် အဖွဲ့များအားလုံး ပါဝင်ရေးကို အသုံးပြုမည်ပာုဆိုခဲ့ခြင်းကို ကြိုဆိုခဲ့ပါသည်။


ထားဝယ်တွင် ကျောက်မီးသွေး လောင်စာသုံးစက်ရုံ ဓါတ်အားပေးစက်ရုံသစ် တည်ဆောင်ရန်  EGAT  အဆိုပြု

(Energy Business Review မှ  18 Jun 2013 “ EGAT Proposes New coal.fired Plant in Myanmar” သတင်း ကိုဘာသာပြန်ဆိုသည်)

ထိုင်းနိုင်ငံ လျှပ်စစ်ဓါတ်အား ထုတ်လုပ်ရေး အာဏာပိုင်အဖွဲ့ ( EGAT )  ကမြန်မာနိုင်ငံ ထားဝယ်ဒေသတွင် ကျောက်မီးသွေး လောင်စာသုံး ဓါတ်အားပေးစက်ရုံသစ် တည်ဆောင်ရန် အဆိုပြုထားပါသည်။

အဆိုပါ ကျောက်မီးသွေးလောင်စာသုံး ဓါတ်အားပေးစက်ရုံနှင့် ဓါတ်အားလိုင်းကွန်ယက် တည်ဆောက်မှုသည် ထိုင်းဘတ်ငွေ ဘီလျံ ၁၀၀ ( ဒေါ်လာ ၃. ၂ ဘီလျံ ) ကုန်ကုမည့်ဟု ခန့်မှန်းထားသည်။

EGAT သည် ထားဝယ်အထူးစီးပွားရေးဇုန်တွင် တည်ဆောက်မည့် ဓါတ်အားပေးစက်ရုံသစ် စီမံကိန်းအတွက် ဖြစ်နိုင် ချေ ကနဦးလေ့လာမှုကို ပြုလုပ်ခဲ့ပြီး ၊ ၄င်းဓါတ်အားပေးစက်ရုံမှ  ထုတ်လုပ်ပေးမည့် လျှပ်စစ်ဓါတ်အားသည် နှစ်နိုင်ငံ စလုံးအ တွက် အကျိုးဖြစ်ထွန်းစေမည့်ဟု အတည်ပြုပြောကြားကြောင်း   Bernama  News က သတင်းဖော်ပြထားသည်။

EGAT ၏ ကနဦးလေ့လာမှု အစီရင်ခံစာတွင် ထိုဓါတ်အားပေးစက်ရုံမှ လျှပ်စစ်ဓါတ်အား ၁၈၀၀ မဂ္ဂါဝပ် ထွက်ရှိလာမည့်ဖြစ်ပြီး ထိုင်းနိုင်ငံဓါတ်အားစနစ်သို့ ချိတ်ဆက်ရန် ဓါတ်အားလိုင်း ကွန်ယက်ပါရှိမည်ဟု ဆိုပါသည်။

ထိုင်းနိုင်ငံအနေဖြင့် အဆိုပါကျောက်မီးသွေး ဓါတ်အားပေးစက်ရုံမှ ထွက်ရှိလာမည့် မိုလျှံဓါတ်အားကို ဝယ်ယူသွား မည့်ဖြစ်ပြီး အကယ်၍ ဓါတ်အားပြတ်တောက်သည့် အခြေအနေမျိုး ဖြစ်ပေါ်လာပါက ဓါတ်အားစနစ် ချိတ်ဆက်မှုလိုင်း မှတ ဆင့် ထိုင်းနိုင်ငံမှ လျှပ်စစ်ဓါတ်အားကို ဖြည့်ဆည်းပေးသွားမည်ဟု ထိုင်းနိုင်ငံ လျှပ်စစ်ဓါတ်အား အာဏာပိုင်အဖွဲ့ EGAT ဥက္ကဋ္ဌ ဆူသာပါမာဆရီဝပ်က ပြောကြားခဲ့သည်။

အီတာလျံ - ထိုင်းကုမ္ပဏီက အကောင်အထည်ဖော်နေသည့် ထားဝယ်အထူးစီးပွားရေးဇုန်အတွက် ကျောက်မီးသွေး လောင်စာသုံး ဓါတ်အားပေးစက်ရုံ တည်ဆောက်ရန် ယခင်ကလည်း ထိုင်းဘက်က  အဆိုပြုခဲ့ဘူးပြီး သဘယဝပတ်ဝန်းကျင် ထိခိုက်မှု အလားအလာများကြောင့် ထိုစဉ်က မြန်မာဘက်က ပယ်ချခဲ့ပါသည်။

ယခုအခါ မြန်မာနိုင်ငံတွင် ဓါတ်အာားလိုအပ်မှု ပြဿနာကြီးထွားလာသောကြောင့် ကျောက်မီးသွေးအပါအဝင် ဓါတ်အားပေးနည်းလမ်း အမျိုးမျိုးကိုစဉ်းစားရမည့်ဟု မြန်မာတာဝန်ရှိသူတစ်ဦးက မကြာသေးမီက ပြောကြားခဲ့ပြီးနောက်၊ ထိုင်းနိုင်ငံဘက်မှ ယခုကဲ့သို့ နောက်တစ်ချီ ကြိုးပမ်းလာခြင်းဖြစ်သည်။



Google Drive: create, share, and keep all your stuff in one place. Logo for Google Drive

0 comments:

Post a Comment