Transparency Myanmar

transparency.myanmar@gmail.com

INTERNATIONAL MEDIA (1)
Document

Snapshot of the item below:
INTERNATIONAL MEDIA (1)

ဘာသာပြန်သတင်းများ

  1. စီးပွားရေးဖွံ့ဖြိုးမှုပုံစံ ချမှတ်ကျင့်သုံးနိုင်အောင်  မြန်မာကို ကိုရီးယားကူညီမည်

(The Korea Herald မှ 19 Jun 2013  ရက်စွဲပါ “Korea to  help  Myanmar adopt  development model” သတင်းကို ဘာသာပြန်ဆိုသည်)

  1. Exim Bank ကိုယ်စားလှယ်ရုံး မြန်မာနိုင်ငံတွင် ဖွင့်မည်

(19 June 2013 ရက်စွဲပါ The Hindu Business Time မှ Exim Bank to open office in Myanmar ကိုဘာသာ ပြန်ဆိုသည် )

  1. မြန်မာနိုင်ငံတွင် မွတ်စလင် ဆန့်ကျင်ရေးအကြမ်းဖက်မှုကို ကိုင်တွယ်ဖို့လိုအပ်

(UPI မှ 19 June 2013 ရက်စွဲပါ “ UN official: Myanmar must deal with anti – Muslim violence” သတင်းကို ဘာသာပြန်ဆိုသည်။)


စီးပွားရေးဖွံ့ဖြိုးမှုပုံစံ ချမှတ်ကျင့်သုံးနိုင်အောင်  မြန်မာကို ကိုရီးယားကူညီမည်

(The Korea Herald မှ 19 Jun 2013  ရက်စွဲပါ “Korea to  help  Myanmar adopt  development model” သတင်းကို ဘာသာပြန်ဆိုသည်)

လက်ရှိ တောင်ကိုရီးယားသမ္မတ ပတ်ဂွန်းဟေး၏ဖခင် ကွယ်လွန်သူသမ္မတ ပတ်ချုံးဟီးလက်ထက် ၁၉၇၀ ခုနှစ်များ ကာလတွင် ကိုရီးယားစီးပွားရေးတက်လာအောင် အသုံးပြုခဲ့သော ဖွံ့ဖြိုးရေးပုံစံကို မြန်မာနိုင်ငံတွင် ချမှတ်ကျင့်သုံးနိုင်ရန် ကူညီသွားမည်ဟု ကိုရီးယားဒုတိယဝန်ကြီးချုပ် ဘဏ္ဍရေးဝန်ကြီး ဟွန်အူဆွတ်က ပြောကြားလိုက်သည်။

မစ္စတာဟွန်ဦးဆောင်သော တောင်ကိုရီးယားအစိုးရ တာဝန်ရှိသူများအဖွဲ့သည် မြန်မာအစိုးရ အမျိုးသားစီမံကိန်းနှင့် စီးပွားရေးဖွံ့ဖြိုးမှုဝန်ကြီး ဒေါက်တာကံဇော်အပါအဝင် မြန်မာတာဝန်ရှိသူများနှင့် အစည်းအဝေးများ ဆက်တိုက်ပြုလုပ်ရန် အတွက် ဗုဒ္ဓဟူးနေ့က နေပြည်တော်သို့ ရောက်ရှိလာသည်။             

မြန်မာနိုင်ငံ၏ စီးပွားရေးဖွံ့ဖြိုးရန် အားထုတ်ကြိုးပမ်းနေမှုကို ပံ့ပိုးအားပေးရန်အတွက် ကျယ်ပြန့်သော စီးပွားရေး အကူအညီများ ပေးအပ်သွားရန် ကိုရီးယားနိုင်ငံက စီစဉ်ထားသည်ဟု ဟွန်ကဆိုပါသည်။

ထို့အပြင် မြန်မာတို့၏ စီးပွားရေးဖွံ့ဖြိုးမှုအတွက် လမ်းညွှန်ကဏ္ဍမှပါဝင်မည့် စီးပွားရေးတွေးခေါ်ရှင်အုပ်စု Think Tank ထူထောင်ဖွဲ့စည်းခြင်းကိုလည်း ကူညီဦးမည်ဟု သိရှိရသည်။

ကိုရီးယား-မြန်မာ နှစ်နိုင်ငံသည် အိုင်တီ၊ စွမ်းအင်ရင်းမြစ်၊ အခြေခံအဆောက်အဦးစနစ်၊ ရုပ်သံထုတ်လွှင့်မှု စသောကဏ္ဍများတွင် အသိပညာမျှဝေခြင်းမှတဆင့် နီးကပ်စွာပူးပေါင်း လုပ်ဆောင်သွားမည်ဖြစ်ကြောင်း၊ ထို့ပြင် မြန်မာနိုင်ငံ ၏ ရေအားလျှပ်စစ် ဖြန့်ဖြူးရေးဓါတ်အားလိုင်းများ အပါအဝင် စွမ်းအင်နှင့် ကားလမ်း အခြေခံ အဆောက်အဦးစနစ် တိုးတက် ရေးအတွက် စီးပွားရေးဖွံ့ဖြိုးမှု ပူးပေါင်းဆောင်ရွက်ရေး ရန်ပုံငွေမှတစ်ဆင့် ငွေကြေးအကူအညီများ ပေးသွားမည်   ဖြစ်ကြောင်း ကိုရီးယားဘဏ္ဍာရေးဝန်ကြီးက ဆက်လက် ပြောကြားသည်။

ကိုရီးယားကုမ္ပဏီများနှင့် ရင်းနှီးမြှုပ်နှံသူများကိုလည်း မြန်မာနိုင်ငံသို့ စီးပွားရေးလမ်းကြောင်း ဖောက်ကြရန်နှင့် ဒလတွင် ဒေသတွင်းအခြေစိုက် ထူထောင်ကြရန် တိုက်တွန်းအားပေးသွားမည်ဟု သိရှိရသည်။


Exim Bank ကိုယ်စားလှယ်ရုံး မြန်မာနိုင်ငံတွင် ဖွင့်မည်

(19 June 2013 ရက်စွဲပါ The Hindu Business Time မှ Exim Bank to open office in Myanmar ကိုဘာသာပြန် ဆိုသည် )

Export – Import Bank of India (Exim Bank) သည် ရန်ကုန်တွင် ကိုယ်စားလှယ်ရုံး ဖွင့်ရန် မြန်မာအစိုးရ၏ ခွင့်ပြုချက်လည်း ရရှိခဲ့ပြီးဖြစ်သည်။ လိုင်စင်အား မြန်မာနိုင်ငံတော် ဗဟိုဘဏ်မှ ငွေကြေးအဖွဲ့အစည်းများ ကြီးကြပ်ရေးဌာန ဒုတိယညွှ့န်ကြားရေးမှူးချုပ် ဦးသိန်းဇော်က Exim Bank အမှုဆောင်ဒါရိုက်တာ David Rasquinha အားပေးအပ်ခဲ့သည်။ အိန္ဒိယနှင့် မြန်မာနိုင်ငံအကြား နှစ်နိုင်ငံကုန်သွယ်ရေး သည် ၂၀၀၇ - ၀၈ ခုနှစ်တွင် ဒေါ်လာ တစ်ဘီလီယံရှိခဲ့ရာမှ ယခုအခါ ဒေါ်လာ တစ် ဒသမ ကိုး ဘီလီယံသို့ ရောက်ရှိနေပြီဖြစ်သည်။


  1. မြန်မာနိုင်ငံတွင် မွတ်စလင် ဆန့်ကျင်ရေးအကြမ်းဖက်မှုကို ကိုင်တွယ်ဖို့လိုအပ်

(UPI မှ 19 June 2013 ရက်စွဲပါ “ UN official: Myanmar must deal with anti – Muslim violence” သတင်းကို ဘာသာ ပြန်ဆိုသည်။)

မြန်မာနိုင်ငံတွင် ဘာသာကွဲ၊လူမျိုးကွဲ ရိုဟင်ဂျာများ အပေါ် အကြမ်းဖက်မှုကို ကိုင်တွယ် ရန် ပျက်ကွက်မှုသည် နိုင်ငံ၏ ဒီမိုကရေစီကူးပြောင်းမှုကို ခြိမ်းခြောက်နေကြောင်း ကုလသမဂ္ဂတာဝန်ရှိသူ ကပြောကြားလိုက်ပါသည်။

ကုလသမဂ္ဂလူ့အခွင့်ရေးဆိုင်ရာ ကော်မရှင်နာမင်းကြီး နေဗီပီလေ က မြန်မာနိုင်ငံ အစိုးရသည် အကြမ်းဖက်မှု ကိုင်တွယ်ခြင်းကို ဦးစားပေးလုပ်ဆောင်ဖို့လိုသည်ဟု ဗုဒ္ဓဟူး နေ့က ပြောကြားခဲ့သည်။

“မြန်မာသမ္မတက သူ့နိုင်ငံမှာ ဘာသာကွဲ၊ လူမျိုးကွဲပြည်သူတွေအကြား သီးခံစိတ်ရှည် ကြဖို့၊ အပြန်အလှန် လေးစားမှုရှိဖို့၊ အကြမ်းဖက်မှုနဲ့ ခွဲခြားဆက်ဆံမှုတွေ အဆုံးသတ်ဖို့ လိုအပ်နေတဲ့အပေါ်မှာ အရေးပါတဲ့ ကြေညာချက်အချို့ ပြုလုပ်ခဲ့ပါတယ်။ နိုင်ငံရေး စိတ်ရင်းစေတနာ ကောင်းကတော့ ရှိနေပြီလို့ ကျွန်တော်ယုံကြည်ပါတယ်။ ဒါပေမဲ့ ဒီစေတနာကို ခိုင်မာတဲ့လက်တွေ့ဆောင်ရွက်ချက်တွေ အဖြစ် ကူးပြောင်းဖို့ အစိုးရကို တိုက်တွန်းအားပေးဖို့ လိုပါတယ်”ဟု ကော်မရှင်နာ မင်းကြီး ပီလေ ကပြောကြားခဲ့သည်။

မြန်မာနိုင်ငံတွင်ရှိနေသော ဘင်္ဂါလီဘာသာစကား ပြောဆိုသူ ရိုဟင်ဂျာ ၈၀၀,၀၀၀ (ရှစ်သိန်း) ခန့်သည် နိုင်ငံ အနောက်ပိုင်း ရခိုင်ပြည်နယ်တွင် အများစုနေထိုင်ကြသည်။ နယ်စပ်တစ်ဖက်ရှိ ဘင်္ဂလားဒေ့ရှ် နိုင်ငံဖက်တွင် နေထိုင်နေ သော ရိုဟင်ဂျာ အရေအတွက်မှာ ၃၀၀,၀၀၀ (သုံးသိန်း) ခန့်ရှိသည်။ ဘင်္ဂလားဒေ့ရှ် မျိုးရင်းတစ်ခုဖြစ်သော ဘင်္ဂါလီများ (ရိုဟင်ဂျာများ) တို့ မြန်မာနိုင်ငံက နိုင်ငံသားအဖြစ် သတ်မှတ်ရန် ငြင်းပယ်ထားပြီး ဘင်္ဂလားဒေ့ရှ်နိုင်ငံကလည်း ၎င်း ရိုဟင်ဂျာ များကို လက်ခံလိုခြင်းမရှိပေ။

လောလောဆယ်တွင် ရခိုင်ပြည်နယ်မှ ရိုဟင်ဂျာ ၁၄၀,၀၀၀ ခန့်မှာ အိုးမဲ့အိမ်မဲ့ဖြစ်ကာ၊ ယာယီဒုက္ခသည် စခန်းများတွင် နေထိုင်ကြရပြီး၊ အချို့ရိုဟင်ဂျာများမှာ စက်လှေများ ဖြင့် ပင်လယ်ဖြတ်ကူး ထွက်ပြေးလျက်ရှိသည်။

ရခိုင် - ရိုဟင်ဂျာ အဓိကရုဏ်းမှ အစပြုခဲ့သော မွတ်စလင်ဆန့်ကျင်ရေး အကြမ်းဖက်မှု သည် မြန်မာနိုင်ငံတွင်း အခြားဒေသများသို့ ကူးစက်ပျံနှံ့သွားကာ မတ်လအတွင်းက မိတ္တီလာမြို့ အကြမ်းဖက်မှုဖြစ်စဉ်တွင် မွတ်စလင် ၄၃ ဦးသေဆုံး ခဲ့ရပြီး မေလ အတွင်းက လားရှိုးမြို့ အကြမ်းဖက်မှုဖြစ်စဉ်တွင် ဗလီနှင့် ဈေးဆိုင်များ မီးလောင်ပျက်စီး သွားခဲ့သည်။

အကြမ်းဖက်မှု ကျုးလွန်သူများကို အာဏာပိုင်များက ဖမ်းဆီးအပြစ်ပေးနေသော်ငြား လည်း နောက်ကွယ်မှ နိုင်ငံရေး ပယောဂဆရာများ၏ ကြိုးကိုင်မှုကို ဖော်ထုတ်နိုင်ခြင်း မရှိဟု ပြည်တွင်းမှ လေ့လာစောင့်ကြည့်သူများက ပြောဆိုကြ သည်။

 

 


 

 

 


Google Drive: create, share, and keep all your stuff in one place. Logo for Google Drive

0 comments:

Post a Comment