Transparency Myanmar

transparency.myanmar@gmail.com

Quote & Comment and News in brief
Document

Snapshot of the item below:
Quote & Comment and News in brief

သတင်းဆောင်းပါးမှ ကောက်နှုတ်ချက်များ

“ဒီ အခြေအနေ အချိန်အခါမှာ အစိုးရ ဖွဲ့စည်းဖို့ ပြောရမယ့် အချိန်လား။ ပြောရော ပြောမှာလားဆိုတာ ဒါစဉ်းစားကြည့်ပါ။ ဒီဟာက ဘယ်လိုဖွဲ့စည်းမယ်ဆိုတဲ့ ဥစ္စာသည် စောများစောနေလားလို့။ ဒီဟာက ဗဟိုအလုပ်အမှုဆောင်အဖွဲ့မှာ လုံးဝ မဆွေးနွေးဘူး။ ဒါနဲ့ပတ်သက်ပြီး ပြောတာမရှိဘူးလို့ပဲ အတိအကျ ပြောလို့ရပါတယ်”

၂၀၁၃ ဇွန်လ ၂၅ ရက်နေ့ထုတ် Mizzima နေ့စဉ်ထုတ်သတင်းစာတွင် ပါရှိသော “ပြည်ခိုင်ဖြိုးညီလာခံ PR နှင့် ဖက်ဒရယ် စနစ်များ ဆွေးနွေးသော်လည်း မဆုံးဖြတ်နိုင်သေး” သတင်းမှ ပြည်ခိုင်ဖြိုးပါတီ၏ ဒုတိယ ဥက္ကဋ္ဌ ဦးဌေးဦး၏ ပြောကြား ချက်အား ကောက်နှုတ်ချက်။


“တချို့ကိစ္စတွေမှာ တော်တော်လေး အဆင်ပြေသွားတာမျိုးရှိတယ်။ သို့သော် ထုံးစံအတိုင်း တချို့ ဖြေရှင်းရနည်းနည်း ခက်ခဲ တာလေးတွေတော့ ကျန်သေးတာပေါ့။ ပွင့်ပွင့်လင်းလင်း ပြောရရင် ဒါက ဆေးမြီးတိုအဆင့် လောက်ပဲ ရှိသေးတယ်။ ရေရှည် ကုစားမယ်ဆိုရင် စနစ်ကြီးတစ်ခုလုံးကို အောက်ခြေကလှန်ပြီး အသစ် ပြန်ဆောက်ရမယ်”

၂၀၁၃ ဇွန်လ ၂၅ ရက်နေ့ထုတ် စံတော်ချိန် နေ့စဉ်ထုတ်သတင်းစာတွင် ပါရှိသော “ဌာနဆိုင်ရာများ ယာယီသာ ပြုပြင်ပါက အကဲဖြတ်အဖွဲ့သို့ ထပ်မံအသိပေးနိုင်” သတင်းမှ ပြည်သူများထံမှ တိုင်ကြားစာ ကိစ္စရပ်များနှင့် ပတ်သက်၍ နိုင်ငံတော် သမ္မတ၏ နိုင်ငံရေးအကြံပေး ပြည်သူ့ဝန်ဆောင်မှု လုပ်ငန်းများ စွမ်းဆောင်ရည် အကဲဖြတ်အဖွဲ့ အဖွဲ့ဝင် ဦးကိုကိုလှိုင်၏ ပြောကြားချက်အား ကောက်နှုတ်ချက်။


“ပါကစ္စတန်၊ ထိုင်းလို အားနည်းတဲ့ ဒီမိုကရေစီနဲ့ စစ်တပ်က အာဏာသိမ်းတာ တစ်လှည့်စီဖြစ်နေတယ်။ သူတို့ စစ်တပ်တွေ မှာလည်း အထိမခံတဲ့ စီးပွားရေးတွေရှိတယ်။ သူတို့အကျိုးစီးပွားကို ထိပါးလားရင် အာဏာသိမ်းတယ်။ သိမ်းပြီးလို့ နှစ်နှစ်သုံး နှစ်ကြာရင် ငါတို့ အကျိုးစီးပွားကို လာမထိနဲ့ ဆိုတာမျိုး သတိပေးပြီး အာဏာပြန်လွှဲလိုက်တယ်။ မြန်မာနိုင်ငံမှာလည်း ဒီလို မျိုးဖြစ်နိုင်တယ်။ သူတို့ အာဏာသိမ်းတာက မြန်မာနိုင်ငံ စစ်တပ်လို အတိုက်အခံကို ထောင်ထဲထည့်၊ အနှစ် ၄၀ လောက် ပြည်သူကို ဒုက္ခရောက်အောင် မလုပ်တာပါပဲ”

၂၀၁၃ ဇွန်လ ၂၅ ရက်နေ့ထုတ် Daily Eleven နေ့စဉ်ထုတ်သတင်းစာတွင် ပါရှိသော “နောက်ကြောင်းပြန် အာဏာသိမ်း ယူမှု မဖြစ်ပေါ်စေရန် စစ်တပ်ပိုင် အကျိုးစီးပွားများကို ထိပါးမှု မပြုသင့်ကြောင်း Educational Initiatives အဖွဲ့ပြော ကြား” သတင်းမှ  Mr. Igor Blazevic ၏ ပြောကြားချက်အား ကောက်နှုတ်ချက်။


“ဈေးကွက် အခြေခံစီးပွားရေးစနစ်နဲ့ အညီ မြန်မာနိုင်ငံအဖို့ လယ်ယာထွက်ကုန်များ စံချိန်စံညွှန်းများနှင့် ကိုက်ညီမှု၊ အရည် အသွေး တိုးတက်ကောင်းမွန်မှုနဲ့ ပိုးမွှားကင်းစင်မှုများ ပြည့်စုံရန်တွက် နည်းပညာများ လိုအပ်လျက်ရှိနေပါတယ်။ ထို့ကြောင့် သီးနှံထုတ်လုပ်မှု ပိုလျှံသော်လည်း ယင်း လိုအပ်ချက်များ ရှိနေသည့် အတွက် နယ်စပ်ကုန်သွယ်မှုကိုသာ အားထားနေရလျှက် ရှိပါတယ်”

၂၀၁၃ ဇွန်လ ၂၄ ရက်နေ့ Daily Eleven နေ့စဉ်ထုတ်သတင်းစာတွင် ပါရှိသော “မြန်မာနိုင်ငံ၏ လယ်ယာထွက်ကုန်များ နိုင်ငံတကာ စံချိန်စံညွှန်းနှင့် ကိုက်ညီမှု မရှိသည့်အတွက် ပြည်ပဈေးကွက်တွင် ယှဉ်ပြိုင်နိုင်စွမ်းမရှိကြောင်း ပြည်ထောင်စု ၀န်ကြီး ပြောကြား” သတင်းမှ လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်း ၀န်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြင့်လှိုင်၏ ပြောကြားချက်အား ကောက်နှုတ်ချက်။


“ပါတီ ဖျက်သိမ်းတဲ့အထိ အရေးယူမယ်ဆိုတာ ဥပဒေရှိပြီးသားပဲ၊ ယူသင့် မယူသင့် အကြံပြုစာပေးပါ ဆိုရင်  ဒါနိုင်ငံရေးပါတီ တွေကို တရားခံလုပ်တာပဲ၊ ဘာမှ မတုံ့ပြန်လိုက်ဘူး”

၂၀၁၃ ဇွန်လ ၂၇ ရက်နေ့ထုတ် Venus News အတွဲ (၄) အမှတ် (၄၈) တွင် ပါရှိသော “ရွေးကောက်ပွဲ ကော်မရှင်က နိုင်ငံ ခြားငွေကို ပါတီများ လက်ခံရန် သင့်မသင့် အကြံပြုစာတောင်းခံခြင်းသည် ပါတီများကို တရားခံ လုပ်ခြင်းဟုဆို” သတင်းမှ ဒီမိုကရက်တစ်ပါတီ (မြန်မာ) ဥက္ကဋ္ဌ ဦးသုဝေ၏ ပြောကြားချက်အား ကောက်နှုတ်ချက်။


သတင်းတိုများ

တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ရုရှားနိုင်ငံသို့ သွားရောက်

ဇွန်လ ၂၄ ရက်နေ့၌ ရုရှားဖက်ဒရေးရှင်းနိုင်ငံ ကာကွယ်ရေး ဝန်ကြီး၏ ဖိတ်ကြားချက်အရ  ရုရှားနိုင်ငံသို့  ချစ်ကြည် ရေး အလှည်အပတ်ခရီးစဉ် သွားရောက်သော  တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် ရုရှား တပ်မတော်ရှိ ကာကွယ်ရေးဦးစီးချုပ် ဗိုလ်မှူးကြီး ဆာဒေးဗစ်ရစ်ချတ် နှင့် တွေ့ဆုံဆွေးနွေးမှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။ အဆိုပါ သွားရောက်မည့်ချစ်ကြည်ရေးခရီးစဉ်၌် မြန်မာ - ရုရှား နှစ်နိုင်ငံ၏ တပ်မတော်အချင်းချင်း လေ့ကျင့်ရေးဆိုင်ရာ ကိစ္စ များတွင် ပူးပေါင်းဆောင်ရွက်သွားနိုင်ရန် ဆွေးနွေးမည့်ဖြစ်ပြီး ရုရှားနိုင်ငံသို့   ပညာသင်စေလွှတ်ထားသော မြန်မာတပ်မတော် သားများနှင့်လည်း တွေ့ဆုံသွားမည့်ဖြစ်ကြောင်း သိရသည်။


 စားသုံးသူကာကွယ်ရေးဥပဒေ လွှတ်တော်တွင် တင်သွင်းမည်

မြန်မာနိုင်ငံ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနမှ ဦးဆောင်ရေးဆွဲထားသော  စားသုံးသူကာကွယ် ရေးဥပဒေ (  Consumer Protection  Law ) ကြမ်းကို  ပြည်ထောင်စုအစိုးရအဖွဲ့ထံသို့ အတည်ပြုချက်ရယူပြီး  မကြာမီ ကျင်းပမည့် လွှတ်တော်အစည်းအဝေး၌  တင်ပြသွားမည်ဖြစ်ကြောင်း  ကူးသန်းရောင်းဝယ်ရေးနှင့် စားသုံးသူရေးရာ ဦးစီးဌာန မှ သိရှိရသည်။အဆိုပါဥပဒေကြမ်းကို အတည်ပြုချက်ရရှိပြီးပါက စားသုံးသူများကိုကောင်းမွန်စွာ အကာအကွယ်ပေး နိုင်မည့်အပြင်  ၂၀၁၅ ခုနှစ် အာဆီယံဒေသတွင်း၏ လွတ်လပ်သော ကုန်သွယ်မှုအသိုင်းအဝန်းဖြစ်လာခြင်းကို ကြိုတင်ပြင် ဆင်ခြင်းဖြစ် ကြောင်းသိရသည်။


 မရမ်းကုန်းမြို့နယ်များရှိ စည်ပင်ပိုင်မြေများကို  တင်ဒါခေါ်ယူမည်

မရမ်းကုန်းမြို့နယ်ရှိ စည်ပင်သာယာရေး ကော်မတီပိုင်မြေဧက ၅၀ ကျော်ကို ရန်ကုန်မြို့၏ ဒုတိယစီးပွားရေး အချက် အချာနယ်မြေအဖြစ် အကောင်အထည်ဖော်ရန်အတွက် ပြည်တွင်းပြည်ပရှိ လုပ်ငန်းရှင်များအားလုံး ရင်းနှီးမြှုပ်နှံမှု လုပ်ကိုင်ရန်   တင်ဒါများ ခေါ်ယူသွားမည့်ဖြစ်ကြောင်း ရန်ကုန်မြို့ရှိ စည်ပင်သာယာရေးကော်မတီ မြို့ပြနှင့် မြေယာစီမံခန့်ခွဲမှုဌာနမှ သိရှိရ သည်။ ရန်ကုန်မြို့ပြ  ဖွံ့ဖြိုးမှု စီမံကိန်းရေးဆွဲရာတွင်  အရေးကြီးဆုံးအစိတ်အပိုင်းဖြစ်သည့်  စီးပွားရေး အချက်အခြာများထပ်မံ ဖော်ဆောင်ခြင်း ဟူသော စီမံကိန်းအရ မရမ်းကုန်းမြို့နယ်အပါအဝင် အခြားမြို့နယ်များတွင်လည်း အကောင်အထည် ဖော် ဆောင်ရွက်တော့မည်ဖြစ်ရာ  မရမ်းကုန်းမြို့နယ်ကို  မြို့ပြစီမံကိန်း၏ ပထမဦးဆုံး အဖြစ် တင်ဒါခေါ်ယူပြီး ဆောင်ရွက် လုပ် ကိုင်လိုခြင်းဖြစ်သည်။ ယင်းရန်ကုန်မြို့ပြ  ဖွံ့ဖြိုးမှုစီမံကိန်းကို ဂျပန်အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးအေဂျင်စီမှ ကူညီရေးဆွဲပေးပြီး ယခုနှစ် ဒီဇင်ဘာလကုန်တွင် အပြီးသတ်ရေးဆွဲသွားမည့်ဖြစ်ကြောင်း သိရသည်။


 နိုင်ငံရေးကဏ္ဍတွင် အမျိုးသမီးပါဝင်နှုန်းမြင်မားရေး အမျိုးသမီးပါတီ တည်ထောင်မည်

အနာဂတ် မြန်မာ့နိုင်ငံရေးအခန်းကဏ္ဍတွင် အမျိုးသမီးများပါဝင်မှုနှုန်း  မြင့်မားရေးအတွက် ခေတ်သစ်အမျိုးသမီး အစည်းအရုံး ( မြန်မာ)ပါတီ မှ နိုင်ငံရေးပါတီအဖြစ် ဇွန်လ ၂၅ ရက်နေ့တွင် တရားဝင်မှတ်ပုံတင်၍ ဖွဲ့စည်းသွားမည် ဖြစ်ကြောင်း ခေတ်သစ်အမျိုးသမီးအစည်းအရုံး (မြန်မာ)ပါတီမှ သိရသည်။ အဆိုပါ ခေတ်သစ်အမျိုးသမီးအစည်းအရုံး( မြန်မာ) ပါတီအနေဖြင့် အမျိုးသမီးများ၏ စွမ်းဆောင်ရည်မြင့်မားရေးနှင့် နိုင်ငံရေးတွင် အမျိုးသမီးများ ၃၀ ရာခိုင်နှုန်း ပါဝင်လှုပ်ရှားနိုင် ရေးအတွက် ဝါးခယ်မ၊ မော်ကျွန်း၊ ညောင်တုန်း၊ စသည့်နယ်မြို့များ၌ ဟောပြောပွဲများ ပြုလုပ်ခဲ့ကြောင်း သိရသည်။


သတ္တုကဏ္ဍ ပြည်ပရင်းနှီးမြှုပ်နှံမှုတိုးမြှင့်ရန် ဆွေးနွေးမည်

နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ကဏ္ဍများတွင်  တတိယအများဆုံးဖြစ်သည့် သတ္တုကဏ္ဍ ပြည်ပရင်းနှီးမြှုပ်နှံမှုကို တိုးမြှင့်ရန် အတွက် ဒုတိယအကြိမ်မြောက် သတ္တုတွင်းကဏ္ဍ ရင်းနှီးမြှုပ်နှံရေးဆိုင်ရာ ဆွေးနွေးပွဲ ( 2nd Annual Myanmar Mining Investment Forum 2013 ) ကို  အောက်တိုဘာလအတွင်း ကျင်းပသွားမည် ဖြစ်ကြောင်း ယင်းဆွေးနွေးပွဲကို စီစဉ်ဆောင် ရွက်သည့်  IBC  ကုမ္ပဏီထံမှ သိရသည်။ အဆိုပါဆွေးနွေးပွဲသို့ အစိုးရခေါင်းဆောင်များနှင့် သတ္တုတွင်းဝန်ကြီးဌာနမှ တာဝန်ရှိ သူများအပါအဝင် ပြည်တွင်းပြည်ပရှိ သတ္တုတွင်းလုပ်ငန်းရှင်များလည်း တက်ရောက်လာကြမည် ဖြစ်ကြောင်းသိရသည်။ 2nd Annual Myanmar Mining Investment Forum 2013တွင် သတ္တုတွင်းဆိုင်ရာ၊ ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ လုပ်ထုံးလုပ်နည်းများ၊ သတ္တုတွင်းစီမံကိန်းအသစ်များနှင့် လုပ်ငန်းလုပ်ဆောင်ချက် လေ့လာဆွေးနွေးမှုများ ၊ မြန်မာ့တွင်းထွက်အရင်းအမြစ်များ၊ စီးပွားဖြစ်ထုတ်ယူသုံးစွဲရေး အလားအလာများကို အဓိကထား၍ ဆွေးနွေးသွားမည့်ဖြစ်ကြောင်း သိရသည်။


 အခြေခံဥပဒေပြင်ရေး ညီလာခံခေါ်ရန် လုပ်ငန်းစဉ်များရေးဆွဲပြီးစီးနေ

ဖွဲ့စည်းပုံအခြေခံဥပဒေသစ် ပြန်လည်ရေးဆွဲနိုင်ရန် တိုင်းရင်းသားများနှင့် ဒီမိုကရေစီအင်အားစုများ ပါဝင်သော အမျိုးသားညီလာခံ တစ်ရပ်ခေါ်ယူရေးအတွက် လုပ်ငန်းစဉ်များကို ရေးဆွဲနေပြီဖြစ်ကြောင်း ရှမ်းတပ်ပေါင်းစုဌာန မှသိရှိရ သည်။ အဆိုပါညီလာခံ ခေါ်ယူရေးအတွက် တိုင်းရင်းသားခေါင်းဆောင်များနှင့် တလအတွင်း တွေ့ဆုံဆွေးနွေးရန် ညီလာခံ ကျင်းပရေး အလုပ်အမှုဆောင်အဖွဲ့က စီစဉ်ထားကြောင်း သိရသည်။ယင်းအမျိုးသားညီလာခံကို  ၂၀၁၄ ခုနှစ် ဒီဇင်ဘာလ မတိုင်ခင် ခေါ်ယူပြီး ဖွဲ့စည်းပုံအခြေခံဥပဒေသစ်ရေးဆွဲ၍ လူထုဆန္ဒခံယူပွဲကို ပြုလုပ်သွားမည်ဖြစ်ကြောင်း ညီလာခံကျင်းပရေး အလုပ်အမှုဆောင်အဖွဲ့ဝင်တစ်ဦးဖြစ်သူ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ သိရှိရသည်။


အစိုးရတပ်နှင့် ရှမ်းပြည်မြောက်ပိုင်းတပ်မတော်တို့ စစ်ပွဲဖြစ်

 ၂၀၁၂ ခုနှစ် ဖေဖော်ဝါရီလတွင်  အစိုးရနှင့်အပစ်အခတ်ရပ်စဲရေး လက်မှတ်ထိုးထားသည့်  ရှမ်းပြည်တပ်မတော် မြောက်ပိုင်း SSPP / SSA နှင့်အစိုးရတပ်များသည်  ဇွန်လ ၂၃ ရက်နေ့တွင် တိုက်ပွဲများပြန်လည်ဖြစ်ပွားခဲ့ကြောင်း သိရ သည်။ ဇွန်လ ၂၂ ရက်နေ့တွင် ရှမ်းပြည်နယ် ကျေးသီးမြို့နယ် တာဖာဆောင် ကျေးရွာရှိ SSPP/SSA စခန်းတစ်ခုကို တပ်မတော်က စစ်ကြောင်းနှစ်ကြောင်းဖြင့် စတင်ပြီးဝိုင်းလာသောကြောင့် ယခုကဲ့သို့ နှစ်ဖက်တိုတ်ပွဲများ ဖြစ်ပွားခဲ့ခြင်းဖြစ် ကြောင်း SSPP/SSA ဝမ့်ဟိုင်းဌာနချုပ်မှ အရာရှိတစ်ဦး ကပြောကြားခဲ့သည်။

လက်ရှိတိုက်ပွဲများဖြစ်ပွားနေသည့် ကျေးသီးမြို့နယ် မန့်ကတ်ကျေးရွာအတွင်းသို့ နှစ်ဖက်တိုက်ခိုက်မှုမှ ကျရောက် လာသည့် လက်နက်များကြောင့် ဒေသခံများ နေရပ်စွန့်ခွာ တိမ်းရှောင်ခဲ့ရပြီး ထိခိုက်ဒဏ်ရာနှင့် သေဆုံးမှုများ ရှိ၊ မရှိကို အတည်မပြုနိုင်သေးကြောင်း ၎င်းကဆက်လက်ပြောကြားခဲ့သည်။


 

 

 


Google Drive: create, share, and keep all your stuff in one place. Logo for Google Drive

0 comments:

Post a Comment