Transparency Myanmar

transparency.myanmar@gmail.com

INTERNATIONAL MEDIA (1)
Document

Snapshot of the item below:
INTERNATIONAL MEDIA (1)

ဘာသာပြန်သတင်းများ

  1. မြန်မာရေတပ်သင်တန်းသားများ ပါကစ္စတန်တွင် ရေငုတ်သင်္ဘောသင်တန်း စတင်တက်ရောက်

(HIS Jane’s Defence Weekly  20 June 2013 မှ “Myanmar Navy Starts submarine Training in Pakistan” သတင်းကို ဘာသာပြန်ဆိုသည် )

  1.  ကချင်ငြိမ်းချမ်းရေးကိစ္စနှင့်ပတ်သတ်၍ မြန်မာကို တရုတ်ဖိအားပေး

( YPI မှ 24 June 2013 ရက်စွဲပါ “ Chinese Press Myanmar on Kachin Peace “ သတင်းကိုဘာသာပြန် သည်)

  1. မွတ်စလင်ဆန့်ကျင်ရေး ဘုန်းတော်ကြီးအရှင် ဝီရသူကို မြန်မာခေါင်းဆောင်အကာအကွယ်ပေး

(BBC သတင်းဌာနမှ 24 June 2013 ရက်စွဲပါ Burmese leader defends anit Muslim monk Ashin Wirathu ကိုဘာ သာပြန်ဆိုသည်)


မန်မာရေတပ်သင်တန်းသားများ ပါကစ္စတန်တွင် ရေငုတ်သင်္ဘောသင်တန်း စတင်တက်ရောက်

( HIS Jane’s Defence Weekly  20 June 2013 မှ “Myanmar Navy Starts submarine Training in Pakistan” သတင်းကို ဘာသာပြန်ဆိုသည် )

မြန်မာရေတပ်မှ သင်တန်းသားအဖွဲ့ငယ်တစ်ခုသည် ပါကစ္စတန်နိုင်ငံတွင် ရေငုတ်သင်္ဘောသင်တန်းကို စတင်တက် ရောက်နေပြီဖြစ်ရာ၊ မြန်မာနိုင်ငံသည် နောက်ဆုံးရေအောက်တိုက်စွမ်းရည် ပိုင်ဆိုင်နိုင်ရန် ခိုင်ခိုင်မာမာ စတင်လုပ် ဆောင်နေ သည့် လက္ခဏာကိုထင်ဟပ်နေပါသည်။

အရာရှိများအပါဝင် သန်တန်းသား ၂၀ ခန့်သည် ပါကစ္စတန်ရေတပ်တွင် ရေငုတ်သင်္ဘောအခြေခံသင်တန်း စတင် တက်ရောက်ရန်အတွက် ဧပြီလကုန်နှင့် မေလဆန်းက ကရာချီမြို့သို့ရောက်ရှိလာခဲ့ကြသည်ဟု သံတမန်သတင်းရပ်ကွက်က ပြောကြားသည်။

ရေငုတ်သင်္ဘောနှင့်ပတ်သတ်သည့် diving ၊ population ၊ sonar tape listing နှင့် analysis တို့ကို လက်တွေ့သင် ကြားပေးမည့် ကရာချိကမ်းခြေ ရေတပ်ဆိပ်ကမ်း Pors Bachdadur ရှိ ပါကစ္စတန်ရေတပ် ရေငုတ်သင်္ဘော လေ့ကျင့်ရေး စင်တာတွင် မြန်မာရေတပ်သင်တန်းသားများ  အခြေစိုက်နေထိုင်ကြဖွယ်ရှိသည်ဟု သိရှိရသည်။

ပါကစ္စတန်ရေတပ်၏ ရေငုတ်သင်္ဘောတပ်ဖွဲ့သည် စတင်ဖွဲ့စည်းသော ၁၉၆၀ ခုနှစ်များမှစတင်၍ ပြင်သစ်လုပ် ရေငုတ်သင်္ဘောများကိုသာ အဓိကအားကိုးအားထားပြုခဲ့ပြီး၊ ယခုအခါ ခေတ်ဟောင်း ဟာ့ရှ်မက်အမျိုးအစား Agosta-70 ရေငုတ်သင်္ဘောနှစ်ဆင်းနှင့် ခေတ်ပေါ်ခါလစ်အမျိုးအစား Agosta-90 ရေငုတ်သင်္ဘောသုံးစင်းကို အသုံးပြုလျှက်ရှိသည်။


 ကချင်ငြိမ်းချမ်းရေးကိစ္စနှင့်ပတ်သတ်၍ မြန်မာကို တရုတ်ဖိအားပေး

( YPI မှ 24 June 2013 ရက်စွဲပါ “ Chinese Press Myanmar on Kachin Peace “ သတင်းကိုဘာသာပြန်သည်)

မြန်မာနိုင်ငံတွင် ကချင်လက်နက်ကိုင်အုပ်စုနှင့် အပစ်ရပ်ခံနိုင်ရန် ဦးတည်လုပ်ဆောင်နေသော မြန်မာအစိုးရ၏ လုပ်ငန်းစဉ်တွင် တရုတ်နိုင်ငံက ပါဝင်ရန်လိုလားကြောင်း၊ နေပြည်တော်တွင် အလည်အပတ်ရောက်ရှိနေသော တရုတ်ထိပ် တန်း သံတမန်ကပြောကြားသည်။

တနင်္လာနေ့ နေပြည်တော်တွင် သမ္မတဦးသိန်းစိန်နှင့် တွေ့ဆုံခဲ့သူ နိုင်ငံခြားရေးဝန်ကြီးဟောင်း နိုင်ငံတော်ကောင်စီ ဝင် ရင်ကျားချိက ကချင်လက်နက်ကိုင်များနှင့် ငြိမ်းချမ်းရေးဆွေးနွေးမှုကို ဆက်လက်လုပ်ဆောင်ရန် မြန်မာအစိုးရကို တိုက် တွန်းခဲ့ပြီး ၊ ကချင်အစိုးရအကြား ရေရှည်ခံငြိမ်းချမ်းရေး ရရှိစေရန်အတွက် တရုတ်နိုင်ငံကကြားဝင်ကူညီ လုပ်ဆောင်ပေးလို ကြောင်း ပြောကြားခဲ့သည်ဟု တရုတ်အစိုးရအာဘော် Ximhua သတင်းဌာနက ထုတ်ပြန်သည်။

ပြီးခဲ့သောနှစ်ကုန်တွင် အစိုးရတပ်များက ကချင် KIO အဖွဲ့၏ဌာနချုပ်နယ်မြေကို လေကြောင်းပစ်ကူအားကိုးဖြင့် သီတင်းပတ် ၃ပတ်ကြာ ထိုးစစ်ဆင်ခဲ့ပြီးနောက် ဇန်နဝါရီလတွင် တစ်ဖက်သတ်အပစ်ရပ်ဆဲကြောင်း မြန်မာအစိုးရက လူသိရှင် ကြားကြေငြာခဲ့သည်။ ထို့နောက်မေလတွင် ကချင် KIO အုပ်စုကို တရားမဝင်အဖွဲ့အစည်းစာရင်းမှ ပယ်ဖျက်ကြောင်း ငြိမ်းချမ်း ရေးညှိနှိုင်းမှုတာဝန်ခံ သမ္မတရုံးဝန်ကြီး ဦးအောင်မင်းက ပြောကြားခဲ့သည်။

KIO စစ်ဖက်ပြောရေးဆိုခွင့်ရှိသူ ဂျိမ်းလမ်ဒေါက ယခုသီတင်းပတ်ကုန်ရက်တွင် တပ်မတော်၏ တိုက်ခိုက်မှုများရှိခဲ့ ကြောင်းနှင့် မေလငြိမ်းချမ်ရေးဆွေးနွေးမှုနောက်ပိုင်း ယခုကဲ့သို့တိုက်ခိုက်မှု ၁၀ ကြိမ်မက ဖြစ်ပွားခဲ့သည်ဟု ထိုင်းအခြေစိုက် မြန်မာသတင်းဌာနတစ်ခုသို့ ပြောကြားသွားသည်။

“လွန်ခဲ့တဲ့ ၂ရက်က ကျွန်တော်တို့ကို အစိုးရတပ်တွေက လာတိုက်ပါတယ်။ ကျွန်တော်တို့တပ်တွေက ပြန်လည်ခုခံခဲ့ ပါတယ်။ ဒါမျိုးကမဆန်းပါဘူး” ဟု ဂျိမ်းလမ်ဒေါက တနင်္လာနေ့တွင် ပြောကြားသည်။

စီးပွားရေးပြိုလဲသွားကာ လှောင်ပိတ်မိနေသော မြန်မာနိုင်ငံသည် ၂၀၁၀ ရွေးကောက်ပွဲများကို  အချိန်မှီကျင်းပပြီး နောက် ဒီမိုကရေစီပြုပြင်ပြောင်လဲမှုများကို စတင်လုပ်ဆောင်နေပြီဖြစ်သော်လည်း အမျိုးသားလုံခြုံရေးစိန်ခေါ်မှုများနှင့် ညံ့ဖျင်း သောလူ့အခွင့်အရေး မှတ်တမ်းများက နိုင်ငံ၏ ပြောင်းလဲတိုးတက်မှုကို လောင်းရိပ်မိုးလျက်ရှိသည်။

ရင်ကျားချိသည် နှစ်ရက်ကြာခရီးစဉ်အဖြစ် မြန်မာနိုင်ငံသို့ တနင်္ဂနွေနေ့က ရောက်ရှိခဲ့သည်။


မွတ်စလင်ဆန့်ကျင်ရေး ဘုန်းတော်ကြီးအရှင် ဝီရသူကို မြန်မာခေါင်းဆောင်အကာအကွယ်ပေး

(BBC သတင်းဌာနမှ 24 June 2013 ရက်စွဲပါ Burmese leader defends anit Muslim monk Ashin Wirathu ကိုဘာ သာပြန်ဆိုသည်)

မြန်မာနိုင်ငံတွင် မွတ်စလင်ဆန့်ကျင်ရေး ဆူပူအကြမ်းဖက်မှုများကိုအကွက်ချစီစဉ်သူအဖြစ် စွပ်စွဲခံထားရသော ဗုဒ္ဓ ဘာသာဘုန်းတော်ကြီး အရှင်ဝီရသူကိုသမ္မတဦးသိန်းစိန်က အကာအကွယ်ပေးခဲ့သည်။

အမေရိကန် မဂ္ဂဇင်းတစ်စောင်ဖြစ်သော TIME က အရှင်ဝီရသူကိုဗုဒ္ဓဘာသာဝင်အကြမ်းဖက်သမား၏ မျက်နှာ ဟူသည့် ခေါင်းစဉ်ဖြင့်မျက်နှာဖုံးဆောင်းပါးတစ်ပုဒ် ရေးသားဖော်ပြခဲ့သည်။

အဆိုပါ ဆောင်းပါးသည် ယုံကြည်ကိုးကွယ်ရာမတူညီသည့် ဘာသာဝင်များအကြားယုံကြည်မှုပြန်လည် တည် ဆောက်ရန် ကြိုးပမ်းချက်များကို ထိခိုက်နစ်နာစေကြောင်း၊အရှင်ဝီရသူ၏ လုပ်ရပ်များသည် ငြိမ်းချမ်းရေးထွန်းကားစေရန် လုပ်ဆောင်နေခြင်းသာဖြစ်ကြောင်း ဦးသိန်းစိန်ကပြောကြားသည်။

မြန်မာသမ္မတရုံးက ထုတ်ပြန်သောကြေညာချက်တွင်မူ “TIME မဂ္ဂဇင်း၏မျက်နှာဖုံးဆောင်းပါးသည် တိုင်းပြည်တွင် နှစ်ပေါင်းများစွာကတည်းကရှိခဲ့ပြီးမြန်မာနိုင်ငံသားအများစု ယုံကြည်ကိုးကွယ်သည့် ဗုဒ္ဓဘာသာနှင့် ပတ်သက်၍ နားလည်မှု လွဲမှားမှုများကိုဖြစ်ပေါ်စေသည်” ဟု ဖော်ပြပါရှိသည်။

 “အစိုးရသည် လတ်တလောကာလအတွင်း ဘာသာရေးခေါင်းဆောင်များ၊ နိုင်ငံရေးပါတီများ၊ မီဒီယာများ နိုင်ငံသားများနှင့် ပူးပေါင်းကာ မလိုလားအပ်သည့် ပဋိပက္ခများကို ဖယ်ရှားနိုင်ရန် ကြိုးပမ်းလျက်ရှိသည်” ဟု သမ္မတရုံး၏ ကြေညာ ချက်ကဆိုသည်။

အရှင်ဝီရသူ (၄၅ နှစ်)သည် ၂၀၀၃ ခုနှစ်တွင် မွတ်စလင်ဆန့်ကျင်ရေးဆူပူအကြမ်းဖက်မှုများဖြစ်ပေါ်စေရန်လှုံ့ဆော် မှုဖြင့် အကျဉ်းချခံခဲ့ရသည်။ သို့သော်၂၀၁၂ ခုနှစ်တွင် နိုင်ငံရေးအကျဉ်းသားများ လွတ်ငြိမ်းချမ်းသာခွင့်ဖြင့်ပြန်လည်လွတ် မြောက်လာခဲ့သည်။

၎င်းသည် ဆူပူအကြမ်းဖက်မှုများကြောင့် လူပေါင်း ၂၀၀ ကျော်သေဆုံးခဲ့ရပြီးထောင်ပေါင်းများစွာ ရွှေ့ပြောင်း ခဲ့ရ သည့် ရခိုင်ပြည်နယ်တွင် ဗုဒ္ဓဘာသာဝင်များကိုထောက်ခံမှုပြုလုပ်သည့် ဆန္ဒပြမှုများကို စည်းရုံးလုပ်ကိုင်ခဲ့သည်။

ယခုနှစ်ဆန်းပိုင်းတွင် မြန်မာနိုင်ငံအလယ်ပိုင်း၌လည်း ဗုဒ္ဓဘာသာဝင်များနှင့်မွတ်စလင်များ အကြမ်းဖက်မှုဖြစ်ပွား ခဲ့ရာ လူပေါင်း ၄၀ ကျော်ခန့်သေဆုံးခဲ့သည်။သေဆုံးသူအများစုမှာ မွတ်စလင်များဖြစ်ကြသည်။

အရှင်ဝီရသူ၏ မွတ်စလင်ဆန့်ကျင်ရေး သဘောထားကို ဗုဒ္ဓဘာသာဝင်အများစုက သဘောတူလက်ခံကြသည်။ BBC သတင်းထောက်အဆိုအရ ဆူပူအုံကြွမှုတွင်ပါဝင်သော မွတ်စလင်ရာပေါင်းများစွာကို အာဏာပိုင်များက ဖမ်းဆီးထိန်း သိမ်းခဲ့သော်လည်းဗုဒ္ဓဘာသာဝင်အများစုအပေါ် အရေးယူမှုမှာ အနည်းငယ်သာရှိသည်ဟု သိရသည်။


 


Google Drive: create, share, and keep all your stuff in one place. Logo for Google Drive

0 comments:

Post a Comment