Transparency Myanmar

transparency.myanmar@gmail.com

INTERNATIONAL MEDIA (1)
Document

Snapshot of the item below:
INTERNATIONAL MEDIA (1)

ဘာသာပြန်သတင်းများ

  1. အော်ပရေတာလိုင်စင် တင်ဒါကို  ပြည်သူ့လွှတ်တော် ဟန့်တား

(Reuters မှ 26 Jun 2013  ရက်စွဲပါ  “Myanmar Parliament defers telecom licence  award –lawmaker” သတင်းကို ဘာသာပြန်ဆိုသည်)

  1.  “ ဝ ”တပ်ဖွဲ့၏ ရဟတ်ယာဉ်များမြင်တွေ့ရကြောင်း လွတ်လပ်သော သတင်းများက အတည်ပြု

( IHS Jame’s Defence Weekly မှ 25 Jun 2013 ရက်စွဲပါ  “ Independent report confirm UWSA helicopter sighting “ သတင်းကို အကျဉ်းချုပ်ဘာသာပြန်ဆိုသည်။)

  1. ဝီရသူ မျက်နှာဖုံးပါ  TIME  မဂ္ဂဇင်းအား မြန်မာအစိုးရက  ပိတ်ပင်

( 27 June 2013  ရက်စွဲပါ Wall Street Journal မှ  Shibani Mahtani ရေးသားသော  Myanmar bans TIME Magazine Issue over ‘ Buddhist Terror’ Cover  ကို ဘာသာပြန်ပါသည် )


အော်ပရေတာလိုင်စင် တင်ဒါကို  ပြည်သူ့လွှတ်တော် ဟန့်တား

(Reuters မှ 26 Jun 2013  ရက်စွဲပါ  “Myanmar Parliament defers telecom licence  award –lawmaker” သတင်းကို ဘာသာပြန်ဆိုသည်)

ဆက်သွယ်ရေးဥပဒေသစ် အတည်ပြုပြဋ္ဌာန်းပြီးချိန်အထိ တယ်လီဖုန်းအော်ပရေတာ လိုင်စင်နှစ်ခု တင်ဒါချပေးမှုကို ဆိုင်းငံ့ထားရန် မြန်မာအောက်လွှတ်တော်တွင် ဗုဒ္ဓဟူးနေ့က သဘောတူခဲ့ကြသည်ဟု လွှတ်တော်အမတ်တစ်ဦးက ဆိုပါ သည်။

အော်ပရေတာလိုင်စင် တင်ဒါအောင်သော ကုမ္ပဏီများကို ဇွန် ၂၇  ကြာသာပတေးနေ့တွင် ကြေညာရန် အစိုးရက စီစဉ်ထားခြင်းဖြစ်ပြီး ဆက်သွယ်ရေးဥပဒေ မူကြမ်းမှာမူ လွှတ်တော်တွင် ဆွေးနွေးဆဲအဆင့်၌သာ ရှိနေသေးသည်။

မြန်မာအစိုးရ၏ တယ်လီဖုန်း ဆက်သွယ်ရေး အော်ပရေတာတင်ဒါ အကဲဖြတ် ရွေးချယ်ရေး ကော်မတီက ကြီးမှူး ဆောင်ရွက်နေသော အဆိုပါလုပ်ငန်းကို နှောင့်နှေးစေမည့် လုပ်ပိုင်ခွင့်အာဏာ အောက်လွှတ်တော်တွင် ရှိသလားဆိုသည့် အချက်မှာ သဲကွဲခြင်း မရှိပါ။

 “ဆက်သွယ်ရေး ဥပဒေပြဋ္ဌာန်းပြီးချိန်အထိ တယ်လီဖုန်းအော်ပရေတာ တင်ဒါကို  ဆိုင်းငံ့ထားဖို့ အောက်လွှတ်တော် အမတ်တွေက  အဆိုတင်သွင်းခဲ့ကြပါတယ်။ ဒီအဆိုကို လွှတ်တော်မှာ ကန့်ကွက်သူ မရှိပါဘူး” ဟု အောက်လွှတ်တော် အမတ်တစ်ဦးဖြစ်သူ အမျိုးသား ဒီမိုကရေစီသစ်ပါတီ ဥက္ကဋ္ဌ ဦးသိန်းညွှန့်က  Reuters သို့ပြောကြားသည်။

၎င်းကိစ္စအပေါ် တင်ဒါရွေးချယ်ရေးကော်မတီက လတ်တလော မှတ်ချက်ပေးခြင်း မပြုသေးပါ။ NLD ပါတီမှ ဦးဖြိုး မင်းသိန်းက “ အချို့ကိစ္စတွေမှာ အမျိုးသားအကျိုးစီးပွားကို  ဦးစားပေးဖို့ လိုအပ်ပါ တယ်” ဟု ပြောကြားခဲ့သည်။

အခြား NLD အမတ်များကမူ ၄င်းအရေးပေါ် အဆိုပြုချက်ကို အံ့အားသင့်ခဲ့ရပြီး  စဉ်းစားသုံး သပ်ရန် လုံလောက် သော အချိန်မရခဲ့ကြောင်း ထုတ်ဖော်ပြောကြားသည်။

နိုင်ငံတကာက အနီးကပ်စောင့်ကြည့်နေပြီး  မြန်မာပြည်သူများကလည်း အထူးပင် စိတ်အား ထက်သန်နေကြသော  နိုင်ငံခြားအော်ပရေတာ တင်ဒါရွေးချယ်မှုကို နှောင့်နှေးအောင် လွှတ်တော်က ကြိုးစားခဲ့ခြင်း၏ နောက်ကွယ်မှ အကြောင်းရင်း မှာ စိတ်ဝင်စားစရာ ကောင်းလိမ့်မည်ဟု ပြည်တွင်းမှ အကဲခတ်လေ့လာသူ အချို့က ပြောကြားသည်။ ထို့အပြင် အဆင့်မြင့် နည်းပညာနှင့် ဆက်နွယ်သော ယခုလိုကိစ္စမျိုးတွင် ဦးစားပေးရမည်။ အမျိုးသားအကျိုးစီးပွားဆိုသည်မှာ ပြည်သူလူထု၏ အကျိုးစီးပွား သာဖြစ်သင့်ပြီး ပြည်တွင်း ပုဂ္ဂလိကကုမ္ပဏီများ၏ အကျိုးစီးပွား မဖြစ်သင့်ဟု အကဲဖြတ်လေ့လာသူ များက မှတ်ချက်ပေးထားသည်။


  “ ဝ ”တပ်ဖွဲ့၏ ရဟတ်ယာဉ်များမြင်တွေ့ရကြောင်း လွတ်လပ်သော သတင်းများက အတည်ပြု

( IHS Jame’s Defence Weekly မှ 25 Jun 2013 ရက်စွဲပါ  “ Independent report confirm UWSA helicopter sighting “ သတင်းကို အကျဉ်းချုပ်ဘာသာပြန်ဆိုသည်။)

မြန်မာနိုင်ငံ၏ အစိုးရမဟုတ်သော အကြီးဆုံးလက်နက်ကိုင်အဖွဲ့ UWSA ( ဝပြည်သွေးစည်း ညီညွတ်ရေး တပ်မ တော်) က တရုတ်နိုင်ငံထံမှ ပို့ဆောင်ရေးရဟတ်ယာဉ်များအား လက်ခံထားရှိကြောင်း ဖော်ပြခဲ့သည့် IHS Jame’s Defence Weekely၏ အစီရင်ခံစာကို မြန်မာနိုင်ငံအရှေ့မြောက်ဒေသ ရှမ်းပြည်နယ်မှ လွပ်လပ်သော ဒေသခံသတင်းအရင်း အမြစ်များ က အတည်ပြုလိုက်ပါသည်။

 နိုင်ငံတကာ အသိအမှတ်ပြု မြန်မာ့ရေးရာ ကျွမ်းကျင်သူ ဘာတစ်လ် လင့်တနာ၏ ဇွန် ၂၅ရက်စွဲပါ Asiam Times online မှ သတင်းဆောင်းပါးတွင် Mil Mi – 17 Hip အလတ်စား သယ်ယူပို့ဆောင်ရေး ရဟတ်ယာဉ် နှစ်စင်းသည် တရုတ် နယ်စပ် နှင့်မဝေးသော အရှေ့မြောက် ဝတောင်တန်းပေါ်ရှိ ပန်းဝါမြို့အနီးမှ မန်နမ်ဆိုင်တွင် လတ်တလော အခြေစိုက်ထားပြီး စူးစမ်းထောက်လှမ်းသော မျက်လုံးများ၏ ရန်မှ ဖုံးကွယ်ထားသည်ဟု ၎င်းနယ်မြေနှင့် နီးစပ်သော သတင်းရင်းမြစ်များကို ကိုးကား၍ ရေးသားဖော်ပြထားသည်။


ဦးဝီရသူ မျက်နှာဖုံးပါ  TIME  မဂ္ဂဇင်းအား မြန်မာအစိုးရက  ပိတ်ပင်

( 27 June 2013  ရက်စွဲပါ Wall Street Journal မှ  Shibani Mahtani ရေးသားသော  Myanmar bans TIME Magazine Issue over ‘ Buddhist Terror’ Cover  ကို ဘာသာပြန်ပါသည် )

မြန်မာအစိုးရသည် ယခုအပတ် နိုင်ငံတကာသုံး ဖြန့်ဝေသော TIME  မဂ္ဂဇင်းကို ပိတ်ပင်ခဲ့ပါသည်။ယခုအပတ်တွင် မျက်နှာဖုံးဆောင်ပါးတွင် ဦးဝီသူရ အမည်ရ ဘုန်းတော်ကြီးနှင့် ပတ်သက်၍ ‘ The Face of Buddhist Terror’ အကြောင်း ရေးသားထားပါသည်။

သမ္မတဦးသိန်းစိန်၏ ပြောရေးဆိုခွင့်ရ ပုဂ္ဂိုလ် ဦးရဲထွဋ်က ၄င်း၏ ဖေ့စ်ဘုတ် စာမျက်နှာတွင် အင်္ဂါနေ့ညနေက ပြောကြားရာတွင် အဆိုပါမဂ္ဂဇင်း ဖြန့်ဝေခြင်း ၊ ရောင်းချခြင်းကို လူမျိုးရေးအရလည်းကောင်း၊ ဘာသာရေးအရလည်းကောင်း ၊ ပဋိပက္ခများပြန်လည်မပေါ်ပေါက်ရန် ကာကွယ်သောအားဖြင့် ပိတ်ပင်ခဲ့ခြင်းဖြစ်ကြောင်း ပြောပါသည်။

TIME တွင် ဦးဝီသူရ အကြောင်း ဖော်ပြထားပြီး ၊ ၄င်းသည်တိုင်းပြည်၏ လူနည်းစုဖြစ်သော မွတ်ဆလင် လူနည်းစု အပေါ် လူမူရေးအရ ကျဉ်ထားရန် လုပ်ဆောင်သော ဗုဒ္ဓဘာသာ ၉၆၉  လှုပ်ရှားမှုကို ခေါင်းဆောင်သူ ဖြစ်ပါသည်။အဆိုပါ လှုပ်ရှားမှုသည် လွန်ခဲ့သည့်နှစ်ကတည်းက နိုင်ငံတစ်လွှားတွင် ဗုဒ္ဓဘာသာနှင့် မွတ်ဆလင်များကြား အသက်အန္ထရာယ် ထိခိုက်နိုင်သည် ရန်ပွဲများကို လှုံဆော်သည်ဟု စွပ်စွဲမှုများ ရှိပြီး၊ ယင်းကြောင့် လူပေါင်း ၂၀၀ ကျော်သေဆုံးပြီး ( ၁၄၀၀၀၀ )ကျော် အိုးမဲ့အိမ်မဲ့ ဖြစ်ကြရပါသည်။ခံစားကြရသူအများစုမှာ မွတ်ဆလင်များ ဖြစ်ကြပါသည်။ဗုဒ္ဓဘာသာ လူအုပ်ကြီးသည် ဗလီများနှင့် မွတ်ဆလင်များ၏ စီးပွားရေးလုပ်ငန်းများကို  တိုတ်ခိုက်ခဲ့ကြပြီး၊ ၉၆၉ လှုပ်ရှားမှုနှင့် ပက်သတ်သော စတစ်ကာများ ၊ လက်ကမ်းစာစောင်များကို အကြမ်းဖက်မှု ဖြစ်နေစဉ်နှင့် ဖြစ်ပွားအပြီးတွင် ပလူပျံနေခဲ့ပါသည်။

အဆိုပါ ဘုန်းတော်ကြီးကမူ အကြမ်းဖက်မှုအတွက် တာဝန်ရှိသည်ဟု စွပ်စွဲချက်များကို ငြင်းဆိုခဲ့ပါသည်။သို့သော် မြန်မာနိုင်ငံမှ မီဒီယာများနှင့်အင်တာဗျူးများတွင် ၄င်းသည်ရက်ဒီကယ် ဗုဒ္ဓဘာသာဖြစ်ရခြင်းကို ဂုဏ်ယူကြောင်းပြောခဲ့ပြီး ၊ မွတ်ဆလင်များပိုင်ဆိုင်သော စီးပွားရေးလုပ်ငန်းများကို သပိတ်မှောက်ရန် လှုံဆော်ခဲ့ပါသည်။ယခုကြာသပတေ့နေ့တွင် ၄င်း၏ ဗုဒ္ဓဘာသာအမျိုးသမီးများကို မိမိတို့ဘာသာအပြင်ဘက်မှ အမျိုးသားများနှင့် လက်ထပ်ခြင်းကို တားမြစ်ရန် အဆိုပြုမှုကို ထောက်ခံသည့် ဖိုရမ်ကျင်းပရန်ရှိပြီး၊ ဖောက်ဖျက်ပါက ထောင်ဒဏ်( ၁၀ )နှစ် အထိ ချမှတ်ရေး ပါဝင်နိုင်ရန် မျှော်လင့်လျှက် ရှိပါသည်။

အဂါင်္နေ့က TIME အား ပိတ်ပင်ခဲ့ခြင်းသည် မြန်မာအစိုးရသည် လွန့်ခဲ့သည့် နှစ်နှစ်ပြုပြင်ပြောင်းလဲရေးများ စတင်လုပ်ဆောင်ပြီးကတည်းက ပထမဦးဆုံးအကြိမ်အဖြစ် အနောက်တိုင်းမီဒီယာများအပေါ် ဗြောင်ကျကျကန့်သတ်ခြင်းတစ် ခု ဖြစ်ပါသည်။အဆိုပါ ဆုံးဖြတ်ချက်နှင့်ပတ်သက်၍ အစိုးရက နိုင်ငံပိုင်ရုပ်မြင်သံကြားမှ အဂါင်္နေ့ ညနေက  ရှင်းလင်းပြော ကြားရာတွင် အဆိုပါ ဆောင်းပါးသည် အုပ်စုနှစ်ခုကြားတွင် ပြန်လည်ရင်ကြားစေ့ရေးအတွက် ထိခိုက်နိုင်သောကြောင့် ဖြစ် သည်ဟု ဆိုပါသည်။သို့သော် မြန်မာအစိုးရသည် အဆိုပါ ဆောင်းပါးကိုအွန်လိုင်းမှ ပါဝင်မှုအပေါ် မည်သို့ပိတ်ဆိုမည် ဆို သည်ကိုမူ ရှင်းလင်းခြင်းမရှိသေးပေ။

တနင်္ဂနွေနေ့က သမ္မတရုံးသည် ရှားရှားပါးပါး ကြေငြာချက်တစ်ခု ထုတ်ပြန်ရာ မဂ္ဂဇင်းပါဆောင်းပါးကို ရှုတ်ချခဲ့ပြီး ၉၆၉  လှုပ်ရှားမှုကို ငြိမ်းချမ်းသော လှုပ်ရှားမှုဖြစ်ကြောင်း တံဆိပ်ကပ်ခဲ့ပါသည်။အဆိုပါ ကြေငြာချက်တွင် ဦးဝီသူရအား ဘုရား၏ သားတော်အဖြစ် ခေါ်ဆို၍ ၄င်းဘက်မှ ကာကွယ်ပြောကြားခဲ့ပြီး ၊ အဆိုပါဆောင်းပါးသည် တိုင်းပြည်အတွင်းရှိ ဗုဒ္ဓဘာသာအပေါ် ခံယုချက်များအတွက် အနုတ်လက္ခဏာဆောင်သော သက်ရောက်မှုများ ဖြစ်နိုင်ကြောင်း ဖော်ပြထား ပါသည်။အဆိုပါ ကြေငြာချက်တွင် TIME မဂ္ဂဇင်းအား ဖေ့စ်ဘုတ်၊ တွမ်တာကဲ့သို့သော လူမှုကွန်ရက်များမှ သပိတ်မှောက် ကြရန်နှင့် စိတ်ဆိုးနေသော ဗုဒ္ဓဘာသာာဝင်များမှ အနောက်တိုင်း မီဒီယာနှင့် စာရေးသူအပေါ် ရှင်းရှင်းလင်းလင်း ကန့်ကွက် သော ဖော်ပြချက်များ ထုတ်ဖော်ကြရန် တောင်းဆိုခဲ့ပါသည်။

သုံးသပ်သူများက ယခုမြန်မာအစိုးရ၏ ရှားရှားပါးပါး ကန့်ကွက်မှုသည် ဗုဒ္ဓဘာသာအသိုင်းအဝိုင်းအတွင်း ရက်ဒီ ကယ်အစိတ်အပိုင်းများကို ပိုမိုတောက်ပအောင် ပုံဖော်ပေးပြီး ၊ လူနည်းစု မွတ်ဆလင်များအပေါ် တိုတ်ခိုက်မှုများအတွက် အားပေးသလို ဖြစ်ရပါသည်ဟု ဆိုပါသည်။အချို့ကလည်း TIME မဂ္ဂဇင်းအပေါ် မွတ်ဆလင်များအား အကြမ်းဖက်သော ပုဂ္ဂိုလ်များအပေါ် တိတိကျကျ ဖော်ပြခြင်းမရှိပဲ ဗုဒ္ဓဘာသာအပေါ် အကြမ်းဖက်မှုတွင် ပါဝင်ပက်သက်သယောင် ချဲ့ကားရေး သားထားမှုအား ဝေဖန်ခဲ့ပါသည်။

အစိုးရ၏ တုန်ပြန်မှုနှင့် ဦးဝီသူရနှင့် ၉၆၉ လှုပ်ရှားမှုတို့အပေါ် စကားလုံးနှင့် မဟုတ်သော်လည်း ထောက်ခံခြင်း ပြသခဲ့မှုများသည် မြန်မာမွတ်ဆလင်များအပေါ်  ကျရောက်တော့မည် ဆိုးရွားသော လက္ခဏာများပင်ဖြစ်သည်ဟု London School of Economics  မှ မြန်မာပညာရှင် ဒေါက်တာမောင်ဇာနည်မှ ပြောကြားခဲ့ပါသည်။အဘယ်ကြောင့် ဆိုသော် ၄င်းမှာ မြန်မာ့အသိုင်းအဝိုင်းအတွင်း ရက်ဒီကယ်များ၏ အရေးယူမှု မခံရပဲ ကျူးလွန်မှုများကို ခွင့်ပြုလာဖွယ်ရှိသောကြောင့် ဟုဆိုပါ သည်။မောင်ဇာနည်က TIME မဂ္ဂဇင်းအပေါ်လည်း အသိုင်းအဝိုင်းနှစ်ခုအကြား တင်းမာမှုများ ဖြစ်ပေါ်စေရန် ရေးသားထား သောကြောင့် မြန်မာအသိုင်းအဝိုင်းအပေါ် လူမှုရေးအရ တန်ဖိုးကြီးစွာ ပေးဆပ်ရနိုင်ကြောင်း ဝေဖန်ထားပါသည်။

ဦးဝီသူရကမူ TIME မဂ္ဂဇင်းကို တရားစွဲမဟုတ်ပဲ လက်ခံရမည် ဗုဒ္ဓဘာသာ စည်းမျဉ်းများကို အမှန်တရားပျောက် မသွားရေး ထိန်းသိမ်းခြင်းသာ ဖြစ်ကြောင်း ယုံကြည်သည်ဟု ဆိုပါသည်။


 

 

 

 

 

 


Google Drive: create, share, and keep all your stuff in one place. Logo for Google Drive

0 comments:

Post a Comment