Transparency Myanmar

transparency.myanmar@gmail.com

INTERNATIONAL MEDIA (1)
Document

Snapshot of the item below:
INTERNATIONAL MEDIA (1)

ဘာသာပြန်သတင်းများ

  1. ထိုင်းနိုင်ငံသို့ လှေဖြင့်ထွက်ပြေးသူရိုဟင်ဂျာများ ထိန်းသိမ်းသတ်မှတ်ရက် ခြောက်လပြည့်မှုနီးလာ ပြီဖြစ်သည်ဟုဆို

( 27 June 2013 ရက်စွဲပါ CNN News မှ Steve Sandford ရေးသားသော Homeless Rohingya boat people face detention deadline ကို ဘာသာပြန်ပါသည်)

  1. မန်မာတယ်လီဖုန်းစီးပွားရေးခွင်ကို စိတ်ဝင်စားနေဆဲဟု တောင်အာဖရိက  MTN ကုမ္မဏီပြောကြား

( Reuter မှ 27 June 2013 ရက်စွဲပါ “ South Africa’s MTN Says still keen on a Myanmar telecom business” သတင်းကို ဘာသာပြန်ဆိုသည်)

  1. မန်မာနိုင်ငံတွင် မိုဘိုင်းဖုန်းခေတ်ပြောင်းတော်လှန်ရေးစတင်

(Associated Press မှ 27 June 2013 ရက်စွဲပါ “Mobile phone revolution begins in Burmese” သတင်းကို ဘာသာ ပြန်သည် )


ထိုင်းနိုင်ငံသို့ လှေဖြင့်ထွက်ပြေးသူရိုဟင်ဂျာများ ထိန်းသိမ်းသတ်မှတ်ရက် ခြောက်လပြည့်မှုနီးလာ ပြီဖြစ်သည်ဟုဆို

( 27 June 2013 ရက်စွဲပါ CNN News မှ Steve Sandford ရေးသားသော Homeless Rohingya boat people face detention deadline ကို ဘာသာပြန်ပါသည်)

မြန်မာနိုင်ငံတွင်အကြမ်းဖက်မှုများကြောင့် လှေဖြင့်ထွက်ပြေးလာသော ရိုဟင်ဂျာဦးရေ (၂၀၀၀ ) ခန့်ကို ယာယီနေ ထိုင်ခွင့်ခြောက်လပေးထားရာ လာမည့်လတွင် ကုန်ဆုံးမည်ဖြစ်ပါသည်။ ထိုင်းလူဝင်မှုကြီးကြပ်ရေး၏ ထိန်းသိမ်းရေး စခန်းများ တွင် မှားယွင်းစွာ ကိုင်တွယ်မှုများအပေါ် သတင်းများရေးသားခဲ့ပါသည်။

ထိုင်းနိုင်ငံတောင်ပိုင်း တောင်ထူထပ်သောဒေသတွင် ဒေသခံရာဘာခြစ်သူများသည် မူလနေထိုင်သူများဖြစ်ပါ သည်။ သို့သော် ပြီးခဲ့သည့်လများအတွင်း ဒေသခံများအပြင် အခြားလူများပါ တွေ့လာရသည်။

ယခုနှစ်တွင် အစောပိုင်းက ဒေသခံ Arun Somphot သည် နံနက်မိုးလင်း အိပ်ယာမှနိုးသောအခါ အိမ်ရှေ့ ကွပ်ပြစ်တွင် လှေဖြင့်ဝင်လာသော လူတစ်စုအိပ်နေသည်ကိုတွေ့ရသည်ဟု ဆိုပါသည်။

“ကျွန်တော်က သူတို့အိပ်နေတာတွေ့ရတော့၊ တံခါးနောက်မှာရပ်ပြီး ဘယ်သူတွေလဲဆိုတာကြည့်ပါတယ်။ ကျွန်တော့်အမျိုးတွေက အနီးအနားကအိမ်တွေမှာနေ နေကြတာ။ တံခါးဖွင့်လိုက်တော့ သူတို့က ထ ထိုင်ကြတယ်။ ကျွန်တော် အော်လိုက်တယ်” ဟု Arun ကပြောပါသည်။

ဇန်နဝါရီလကတည်းက လှေဖြင့်ဝင်လာသူ ရိုဟင်ဂျာ (၂၀၀၀ ) နီးပါးမှာ မြန်မာနိုင်ငံမှ အကြမ်းဖက်မှုများကြောင့် ထွက်ပြေးလာသူများဖြစ်ပြီး ထိုင်းအာဏာပိုင်များက ဖမ်းဆီး၍ ထိန်းသိမ်းထားပါသည်။

၎င်းတို့သည် သူတို့၏တိုင်းပြည်တွင် နိုင်ငံသားဖြစ်ခွင့်ငြင်းပယ်ခံရသူများဖြစ်ပြီး၊ အရေးယူခံရမည်ကိုကြောက်ရွံ၍ စိတ်ပျက်ပြီး ထွက်ပြေးလာကြသူများ ဖြစ်ပါသည်။

အဗဒူစလမန်သည် ၄င်းအားမြန်မာနိုင်ငံမှ ခေါ်ယူလာသူများနှင့်အတူ ထိုင်းနိုင်ငံတောထဲတွင် အဖမ်းခံရပါသည်။ ၄င်း၏ မလေးရှားရှိဆွေမျိုးများက ဒေါ်လာ (1500) ပေးသောကြောင့် လွတ်လာခဲ့ပါသည်။

ယခုအခါ သူသည်လုံခြုံရာအိမ်တွင် နေထိုင်နေပြီး၊ ထိုင်းလူဝင်မှုကြီးကြပ်ရေးမှ လူများစွာပြည့်ကြပ်နေသော ထိန်းသိမ်းရေးစခန်းများတွင် လှေဖြင့်ဝင်လာပြီး ထိန်းသိမ်းထားသူများကို ကျွေးမွေးရန် ချက်ပြုတ်ပေးလျက်ရှိပါသည်။

 “အရင်တုန်းကတော့ ကျွန်တော် တော်တော်ခံစားရပေမယ့် အခုတော့ ကျွန်တော်လွတ်လပ်သွားပါပြီ။ ဒါပေမယ့် ကျွန်တော့သူငယ်ချင်းတွေကတော့ ကြောက်စရာကောင်းတဲ့အခြေအနေမှရှိနေပြီး၊ စားနပ်ရိက္ခာ ပြတ်လပ်နေပါတယ်”ဟု ၄င်းကရှင်းပါသည်။

အဆိုပါလူများအပေါ် မတရားပြုမူနေပုံများကို ဗွီဒီယိုဖြင့်ထုတ်လွှင့်ပြီး လူ့အခွင့်ရေးအုပ်စုများက ကန့်ကွက်နေ သော်လည်း၊ ၄င်းတို့၏အခြေအနေများမှာ မပြောင်းလဲသေးပေ။

သို့သော်လည်း မီဒီယာသတင်းများတွင် အချို့ရိုဟင်ဂျာများ လူကုန်ကူးမှုကိစ္စတွင် ထိုင်းလုံခြုံရေးများ ပါဝင်ပတ် သတ်သည်ဟု ဖော်ပြကြခြင်းကြောင့် ထိပ်တန်းတာဝန်ရှိသူများက အာရုံပြုလာကြသည်ကို တွေ့ရပါသည်။

“ဒီနေရာတွေမှာ လူတွေပြည့်ကျပ်နေပြီဆိုတာ ကျွန်တော်သိပါတယ်။ ဒါ့ကြောင့်သူတို့အတွက် နေရာအသစ်ချဲ့နေ ပါတယ်။ ဒီနေရာသစ်တွေမှာ သူတို့အတွက် ဆရာဝန်တွေဆေးကုပေးမယ့် အစီအစဉ်တွေပါဝင်ပါတယ်” ဟု အမျိုးသားလုံခြုံ ရေးကောင်စီမှ ဒုတိယဗိုလ်ချုပ်ကြီး Paradorm Paltanatabu ကပြောကြားပါသည်။

ယာယီနေထိုင်ခွင့်ကာလ ခြောက်လကုန်ဆုံးမည့်သူများအတွက် ရိုဟင်ဂျာများမည့်သို့ စခန်းသွားကြရမည်ကို မေးခွန်းထုတ်လျက်ရှိပါသည်။


မန်မာတယ်လီဖုန်းစီးပွားရေးခွင်ကို စိတ်ဝင်စားနေဆဲဟု တောင်အာဖရိက  MTN ကုမ္မဏီပြောကြား

( Reuter မှ 27 June 2013 ရက်စွဲပါ “ South Africa’s MTN Says still keen on a Myanmar telecom business” သတင်းကို ဘာသာပြန်ဆိုသည်)

နိုင်ငံရေး၊ စီးပွားရေးပြုပြင်ပြောင်းလဲမှုများပြုလုပ်နေသော မြန်မာနိုင်ငံတွင် တယ်လီကွန်အော်ပရေတာလိုင်စင် တင်ဒါရှုံးနိမ့်သွားပြီးနောက် အာဖရိက၏အကြီးဆုံး တယ်လီကွမ်း ကုမ္မဏီ MTN က ၄င်းတို့အနေဖြင့် မြန်မာနိုင်ငံတွင် အခွင့် အလမ်းများ ဆက်လက်ရှာဖွေသွားဦးမည်ဖြစ်ကြောင်း ကြသပတေးနေ့တွင် ပြောကြားပါသည်။

မြန်မာနိုင်ငံတွင် နိုင်ငံခြားကုမ္မဏီများအတွက်ရည်ရွယ်ထားသော အော်ပရေတာလိုင်စင်နှစ်ခုအတွက် ပြည်တွင်း၊ ပြည်ပကုမ္မဏီပေါင်း ၉၀ ခန့်သို့ တင်ဒါဝင်ပြိုင်ခဲ့ကြပြီးနောက် ဆန်ကာတင်ကုမ္မဏီ ၁၁ခု ကျန်ခဲ့ပြီး နောက်ဆုံးတင်ဒါအောင်သူ နှစ်ဦးကိုထုတ်ပြန်ကြေညာခါနီးအဆင့်တွင် ၄င်းလုပ်ငန်းစဉ် ဆိုင်းငံ့ထားရန် တောင်းဆိုသော လွှတ်တော်၏ကြိုးပမ်းမှု အံ့အား သင့်ဖွယ် ရုတ်တရက်ပေါ်ထွက်လာခဲ့သည်။ ပြည်တွင်းကုမ္မဏီများနှင့်ပူးပေါင်းထားသော ဖက်စပ်ကုမ္မဏီများကို ဦးစားပေးသင့် သည်ဟုလည်း လွှတ်တော်တွင်တောင်းဆိုကြောင်း ကြားသိရသည်။

နောက်ဆုံးတွင်မူ နိုင်ငံတကာအသိုင်းအဝိုင်းနှင့် မြန်မာပြည်သူတစ်ရပ်လုံး အနီးကပ်စောင့်ကြည့်နေသော ယင်း လုပ်ငန်းစဉ်ကို ဆက်လက်လုပ်ဆောင်သင့်ကြောင်း အစိုးရက လွှတ်တော်တွင် ရှင်းလင်းတင်ပြကာ တင်ဒါအောင်သူအဖြစ် Telenor, Oredoo တို့နှင့် အရံလူအဖြစ် Orage တို့ကို ထုတ်ပြန်ကြေညာပေးခဲ့သည်။

တင်ဒါရှုံးနိမ့်သွားသော အာဖရိက MTN ကုမ္မဏီသည် ပြည်တွင်းမှ အမရာ Amara Communication နှင့် ပူးပေါင်းထားပြီး၊ ၄င်း Amara Communication သည် ဝန်ကြီး ဦးအောင်သောင်း၏သားများပိုင်ဆိုင်သော IGE ကုမ္မဏီ၏ လက်အောက်ခံကုမ္မဏီဖြစ်သည်ဟု သိရှိရသည်။


မန်မာနိုင်ငံတွင် မိုဘိုင်းဖုန်းခေတ်ပြောင်းတော်လှန်ရေးစတင်

(Associated Press မှ 27 June 2013 ရက်စွဲပါ “Mobile phone revolution begins in Burmese” သတင်းကို ဘာသာ ပြန်သည် )

မြန်မာနိုင်ငံသည် ပထမဆုံးနိုင်ငံခြားတယ်လီဖုန်း အော်ပရေတာ ကွန်ယက်များ တည်ဆောက်ရန်အတွက် နော်ဝေ ၏ Telenor နှင့် ကာတာ၏ Ooredoo တို့ကို ခွင့်ပြုချက်လိုင်စင်ပေးလိုက်ပြီ ဖြစ်သည်။

လူဦးရေ သန်း ၆၀ ရှိသောမြန်မာနိုင်ငံတွင် မိုဘိုင်းဖုန်းကိုင်ဆောင်သူအရေအတွက်မှာ ၆ သန်းပင် မပြည့်သေးပေ။ ထို့ကြောင့် လက်ရှိမိုဘိုင်းဖုန်း ပျံ့နှံ့သုံးစွဲနှုန်း ၂% ကို  ၂၀၁၆ မတိုင်မှီ ၈၀% သို့တိုးမြှင့်ပေးရန် မြန်မာအစိုးရက ကြိုးစားလျက် ရှိသည်။

ဆက်သွယ်ရေးဥပဒေသစ် ထွက်ပေါ်လာချိန်အထိ တင်ဒါရွေးချယ်သည့် ဆုံးဖြတ်ချက်ကို  ဆိုင်းငံ့ထားရန် လွှတ် တော်အမတ်များက ၁၁နာရီကြာ တွန်းအားပေးခဲ့သည့်ကြားမှ နောက်ဆုံးတွင် အစိုးရက အော်ပရေတာလိုင်စင်ကို ချပေးလိုက် ပါသည်။

တပ်မတော်အစိုးရလက်ထက်တွင် ဆင်းရဲတွင်းနက်သောနိုင်ငံအဖြစ်ကျရောက်သွားခဲ့သော မြန်မာနိုင်ငံတွင် မူလ ရှိပြီးသားဖုန်းကွန်ယက်မှာ သုံးစွဲသူအနည်းငယ်အတွက်သာ ရည်ရွယ်တည်ဆောက်ခဲ့ခြင်းဖြစ်၍ လက်ရှိအာဏာရအစိုးရက ဆက်သွယ်ရေးကဏ္ဍကို အစအဆုံးပြုပြင်ပြောင်းလဲပစ်ရန် ကြိုးစားလျက်ရှိသည်။ လွန်ခဲ့သောနှစ်အနည်းငယ်ကဆိုလျှင် မိုဘိုင်းဖုန်း sim card တစ်ခု၏ဈေးနှုန်းမှာ ဒေါ်လာ ၂၀၀၀ (ကျပ်ငွေ သိန်း၂၀ ကျော်) ခန့်အထိ ရောက်ရှိခဲ့သည်။

ယခုအခါ တင်ဒါအောင်သွားသူနှစ်ဦး ( Telenor နှင့် Ooredoo) အနက်မှ နောက်ပိုင်းကန်ထရိုက်စည်းကမ်းများ မလိုက်နာသူရှိခဲ့ပါက အစားထိုးရန်အတွက် အရံအနေဖြင့် ပြင်သစ်၏  Orange (ဂျပန် မာရူဘီနီ ကော်ပရေးရှင်းနှင့် လက်တွဲ ထားသူ) ကုမ္မဏီကို ရွေးချယ်ထားကြောင်း ဆက်သွယ်ရေးဝန်ကြီးဌာန ဝက်ဘ်ဆိုက်တွင် ဖော်ပြထားသည်။

နော်ဝေ Telenor ကုမ္မဏီသည် ကမ္ဘာတစ်လွှားသုံးစွဲသူ သန်း၁၅၀ခန့်ကို ဝန်ဆောင်မှုပေးနေပြီး၊ အိမ်နီးခြင်းဘင်္ဂ လားဒေ့ရှ်နှင့်ထိုင်းနိုင်ငံတို့နှင့်လည်း ဆက်သွယ်ရေးလုပ်ငန်းများ လုပ်ကိုင်လျက်ရှိသည်။

ကာတာအခြေစိုက် Ooredoo ကုမ္မဏီသည်လည်း အရှေ့အလယ်ပိုင်း၊ မြောက်အာဖရိက၊ အရှေ့တောင်အာရှ တစ်လွှား ခေါင်းပြူစဈေးကွက်များတွင် ဆက်သွယ်ရေးလုပ်ငန်းများလုပ်ကိုင်နေသော အကြီးဆုံးနှင့် အင်အားအကောင်းဆုံး ကုမ္မဏီတစ်ခုဖြစ်သည်။


 

 

 

 

 

 


Google Drive: create, share, and keep all your stuff in one place. Logo for Google Drive

0 comments:

Post a Comment