Transparency Myanmar

transparency.myanmar@gmail.com

INTERNATIONAL MEDIA (2)
Document

Snapshot of the item below:
INTERNATIONAL MEDIA (2)

နိုင်ငံတကာသတင်းများ (၂)

အရှင်ဝီရသူ သို့မဟုတ် ဗုဒ္ဓဘာသာအကြမ်းဖက်မှုနောက်ကွယ်က ဘုန်းကြီးတစ်ပါး

(The Diplomat မှ 27 June 2013 ရက်စွဲပါ Ashin Wirathu: The Monk Behind Burma’s Buddhist Terror ကိုဘာသာ ပြန်ဆိုသည်)

 ဇူလိုင်လအတွက် ထွက်ရှိလာသော TIME မဂ္ဂဇင်းသည် မြန်မာအစိုးရ၏ထိပ်ပိုင်းအရာရှိကြီးများ၏ အာရုံစိုက် မှုကိုရရှိခဲ့သည်။ အဆိုပါ မဂ္ဂဇင်း၏မျက်နှာဖုံးတွင် ဗုဒ္ဓဘာသာဘုန်းတော်ကြီးတစ်ပါးဖြစ်သော အရှင်ဝီရသူ၏ တည်ငြိမ်အေး ချမ်းနေသည့် ဓာတ်ပုံကိုဖော်ပြထားသည်။ ဘုန်းတော်ကြီးရုံထားသော သင်္ကန်းနေရာတွင်မူ “ဗုဒ္ဓဘာသာအကြမ်းဖက်သမား၏ မျက်နှာ” ဟုဆောင်းပါးခေါင်းစဉ်တပ်ထားသည်။ ဆောင်းပါးမှာ မြန်မာနိုင်ငံ တွင်းထွက်ပေါ်လျက်ရှိသည့် မွတ်စလင်ဆန့်ကျင် ရေး ဆူပူအုံကြွမှုများနှင့် ယင်းဖြစ်စဉ်များတွင် အရှင်ဝီရသူ များစွာပတ်သက်နေမှုများကို ရေးသားထားခြင်းဖြစ်သည်။

ထိုသို့ ရန်စမှုများပါဝင်သော ဆောင်းပါးကို သမ္မတ ဦးသိန်းစိန်၏ သမ္မတရုံးက ကြေညာချက်တစ် ရပ်ထုတ် ပြန်ကာ တုံ့ပြန်သည်။ “TIME မဂ္ဂဇင်းပါဆောင်းပါးသည် ဗုဒ္ဓဘာသာအပေါ် နားလည်မှုလွဲမှားမှုများကို ဖြစ်ပေါ် စေသည်။ မြန်မာအ စိုးရသည် လက်ရှိအနေအထားတွင် ဘာသာရေးခေါင်းဆောင်များ၊ နိုင်ငံရေးပါတီများ၊ မီဒီယာများ၊ ပြည်သူများနှင့်ပူးပေါင်းကာ မလိုလားအပ်သော ပဋိပက္ခများကို ရှင်းလင်းနိုင်ရန် ကြိုးပမ်း လျက်ရှိသည်” ဟု ကြေညာချက်ကဆိုသည်။ ဦးသိန်းစိန်ကမူ အရှင်ဝီရသူကို ဗုဒ္ဓ၏သားတော်၊ မြင့်မြတ်သော ပုဂ္ဂိုလ်တစ်ဦးအဖြစ်ပင် ခေါ်ဆိုသည်။

‘ဗုဒ္ဓဘာသာဝင်’ နှင့် ‘အကြမ်းဖက်သမား’ ဟူသော စကားလုံးနှစ်လုံးကို ပူးတွဲရေးသားထားမှုက တစ်ကမ္ဘာ လုံးတွင် ရှိသော ဗုဒ္ဓဘာသာဝင်များအားလုံးကို အကြမ်းဖက်သမားသဖွယ် ဝါးလုံးရှည်ဖြင့် ရမ်းလိုက်သကဲ့သို့ မမျှမတဖြစ် စေသည် ဟူသည်မှာ မှန်ကန်ဖွယ်ရှိသည်။ သို့သော် မြန်မာနိုင်ငံတွင် ဘာသာရေးဂိုဏ်းဂနဖွဲ့ အကြမ်း ဖက်မှုများ အဆုံးသတ်ရေး၊ တိုင်းရင်းသားများစည်းလုံးညီညွတ်မှု တည်ဆောက်ရေး အစရှိ သည်တို့အ တွက် စစ်မှန်သောကြိုးပမ်းချက်များ လုပ်ဆောင် လျက်ရှိသည်ဟူသော အစိုးရ၏ ပြောဆိုမှုများ ကအ မှန်တကယ် ပြဿနာဖြစ်နေသော အကြောင်းကိစ္စများကို လျှော့လျှော့ ပေါ့ပေါ့ဖြစ်စေ ရန်ရည်ရွယ် ခြင်းဖြစ် သည်ဟူသော အချက်ကို အဆိုပါ TIME မဂ္ဂဇင်းဆောင်းပါးကအကြံပြုထားသည်။

ထိုသို့ အမှန်တကယ်ဖြစ်နေသော ပြဿနာများထဲက သိသာထင်ရှားသော ကိစ္စတစ်ခုမှာ ဘုန်းတော်ကြီး အရှင်ဝီရသူသည် မြန်မာနိုင်ငံမှ မွတ်စလင်များအပေါ် အစွန်းရောက်သည့်သဘောထားများဖြစ်ပေါ်စေရန် တက်ကြွစွာ အားပေးအားမြှောက်ပြုနေသည်ဟူသောအချက်ပင်ဖြစ်သည်။

မွတ်စလင်များကို ရန်သူဟုခေါ်သော အရှင်ဝီရသူက မကြာသေးခင်က ယခုလိုပြောသည်။

 “သင်တို့အနေနဲ့ အကြင်နာမေတ္တာတရားအပြည့်အဝထားနိုင်ပါလိမ့်မယ်။ ဒါပေမဲ့ ခွေးရူးတစ်ကောင်ရဲ့ ဘေးမှာ သင်တို့အိပ် နိုင်မှာမဟုတ်ပါဘူး”

 “မွတ်စလင်တွေဟာ အာဖရိကငါးကြင်းတွေလိုပဲ။ သားပေါက်တာအရမ်းမြန်တယ်။ ကြမ်းတမ်းတယ်။ ဇတ်တူ သားစားတယ်။ သူတို့က ဒီနိုင်ငံမှာ လူနည်းစုတွေဖြစ်ပေမယ့်သူတို့ရဲ့ ဝန်ထုပ်ဝန်ပိုးတွေကြောင့် ကျုပ်တို့တွေ ဒုက္ခခံကြရတယ်”

 ထိုသို့သော သဘောထားမျိုးရှိနေသည်မှာ အရှင်ဝီရသူတစ်ဦးတည်းမဟုတ်ပေ။ ၎င်းကိုကျောထောက် နောက်ခံ ပေးကြသော ပရိသတ်ထောင်ပေါင်းများစွာတွင်လည်း ယင်းသို့သော သဘောထားမျိုးရှိကြသည်။ တစ်ပါးသူအပေါ် ယုံမှားသံ သယဖြစ်လွန်းသည့် သဘောထားများ၊ လူမျိုးရေးဆိုင်ရာ ပုံသေကားချ တွေးတော မှုများ အစရှိသည်တို့ရောယှက်ကာ အရှင်ဝီရသူက မြန်မာဗုဒ္ဓဘာသာဝင်များအကြား မွတ်စလင်ဆန့် ကျင်ရေး စိတ်သဘောထားများဖြစ်ပေါ်လာအောင်လုပ် ဆောင်ခဲ့သည်။

သို့အတွက်ကြောင့် ရလဒ်အနေဖြင့် စနစ်တကျပြုလုပ်ထား မွတ်စလင်ဆန့်ကျင်ရေး အမျိုးသား ရေးလှုပ်ရှား မှုကြီး တစ်ရပ်ထွက်ပေါ်လာသည်။ ယင်းလှုပ်ရှားမှုကို ၉၆၉ လှုပ်ရှားမှုဟုလည်းခေါ်သည်။ ၉၆၉ ၏ အဓိပ္ပာယ်မှာ ဗုဒ္ဓမြတ်စွာဘုရား၏ ဂုဏ်တော် ၉ ပါး၊ ဗုဒ္ဓဟောကြားခဲ့သော တရားဂုဏ်တော် ၆ ပါးနှင့် ရဟန်းသံဃာ၏ ဂုဏ်တော် ၉ ပါးတို့ကို စုစည်း ထားခြင်းဖြစ်သည်။

မြန်မာမွတ်စလင်များတွင်လည်း ယင်းသို့ နံပါတ်ဖြင့် ဘာသာရေးသင်္ကေတကိုဖော်ပြသည့် ဂဏန်းရှိသည်။ ယင်းမှာ ၇၈၆ ဖြစ်ပြီး “အလ္လာအရှင်မြတ်၏ အမည်၊ ကျက်သရေရှိမှု၊ အမြဲတစေ ဂရုဏာထားမှု” တို့ကို ရည်ညွှန်းသည်။ ၇၈၆ ဟူသော ဂဏန်းနံပါတ်ကို မြန်မာနိုင်ငံရှိ ဟာလာ စားသောက်ဆိုင်အတော်များများ၏ ရှေ့ဘက်တွင်ဖော်ပြထားလေ့ရှိသည်။

၉၆၉ မှာ ဗုဒ္ဓဘာသာဝင်များ၏ မွတ်စလင်များအပေါ် တုံ့ပြန်မှုတစ်ရပ်ဖြစ်သည်။ စတေကာများ၊ ဓာတ်ပုံများ ပြုလုပ်ကာ စားသောက်ဆိုင်၊ လက်ဖက်ရည်ဆိုင်၊ လမ်းဘေးဈေးဆိုင် အတော်များများတွင် ရေးဆွဲချိတ်ကပ် ထားပြီး ၎င်းတို့ သည်ဗုဒ္ဓဘာသာဝင်များဖြစ်ကြောင်း သိသာထင်ရှားအောင် ဖော်ပြကြသည်။

မွတ်စလင်တို့၏ စီးပွားရေးလုပ်ငန်းများကို အားပေးမိသောကြောင့် ၉၆၉ အုပ်စုများ၏ဝိုင်းဝန်း ရိုက်နှက် ခံလိုက် ရသော ဗုဒ္ဓဘာသာဝင်များလည်းရှိသည်ဟူသော သာဓကများလည်းရှိသည်။ ဆူပူအ ကြမ်းဖက်မှုများ တွင် ပါဝင်ပတ် သက်မိ သောကြောင့် ဖမ်းဆီးခံရသော မွတ်စလင်ဦးရေမှာ ရာပေါင်းများစွာရှိ သော်လည်း ဗုဒ္ဓဘာသာဝင် များမှာမူ အနည်းစု သာဖြစ် သည်။

ထိုသို့ ရိုက်နှက်မှုများမှာ အဆုံးသတ်ခြင်းမရှိပေ။ ရခိုင်ပြည်နယ်မြောက်ပိုင်းဒေသတွင် ယမန်နှစ်ကဖြစ် ပေါ်ခဲ့သော ဆူပူအကြမ်းဖက်မှုများတွင် မွတ်စလင်အများစု အသတ်ခံခဲ့ကြရသည်။ လူပေါင်း ၁၂၅၀၀၀ ကျော်နေရာပြောင်းရွှေ့ နေထိုင်ခဲ့ရသည်။ လူ့အခွင့်အရေးစောင့်ကြည့်ရေးအဖွဲ့ HRW ကမူ ရိုဟင်ဂျာမွတ်စလင် များအပေါ် မြန်မာအစိုးရ၏ ဆက်ဆံမှု ကို လူမျိုးဖြုတ်သတ်ဖြတ်မှုအဖြစ် စွပ်စွဲပြောဆိုသည်။

“ယနေ့အထိဖြစ်ပေါ်နေတဲ့ ရိုဟင်ဂျာမွတ်စလင်များ အပေါ် လူမျိုးဖြုတ်သတ်ဖြတ်မှုများမှာ မြန်မာအစိုးရ ပါဝင်ပတ် သက်နေပါတယ်။ မြန်မာအစိုးရအနေနဲ့ ဖိနှိပ်ချုပ်ခြယ်မှုတွေကိုအမြန်ဆုံးရပ်တန့်ပြီး နောက်ထပ် အလားတူ တိုင်းရင်းသား လူနည်းစုတွေအပေါ် ဆူပူအကြမ်းဖက်မှုတွေ မဖြစ်ပေါ်အောင် တာဝန်ယူဆောင်ရွက် ပေးဖို့လိုပါတယ်” ဟု HRW မှ အာရှ ဒေသဆိုင်ရာဒုတိယဒါရိုက်တာ Phil Robertson ကပြောကြားသည်။

မြန်မာအစိုးရ ဆန့်ကျင်ရေးဝါဒီတစ်ဦးဖြစ်သူ ဒေါက်တာမောင်ဇာနည်ကလည်း အစိုးရလုပ်ကိုင်ခဲ့သော မွတ်စလင် ဆန့်ကျင်ရေး လုပ်ဆောင်ချက်များစွာကို စာရင်းပြုစုခဲ့သည်။ ရိုဟင်ဂျာမွတ်စလင်များအပေါ် ဆူပူ အကြမ်းဖက်မှုများကို ကျောထောက်နောက်ခံပြုခြင်းမှသည် မွတ်စလင်ဆန့်ကျင်ရေးအတွက် ရေးသားထုတ် ဝေခွင့်ပေးခြင်း၊ စစ်တပ်၏ ရိုဟင်ဂျာများ ပေါ် လူမျိုးဖြုတ်သတ်ဖြတ်ခြင်းနှင့် အရှင်ဝီရသူ၏ မွတ်စလင်ဆန့်ကျင် ရေးလှုပ်ရှားမှုများအစရှိသည်တို့ကို စာရင်းပြုစု ထားသည်ဟု ဆိုသည်။

နိုဗယ်လ်ငြိမ်းချမ်းရေးဆုရှင် ဒေါ်အောင်ဆန်းစုကြည်သည်ပင် အစပိုင်းကရိုဟင်ဂျာတို့၏ ဘေးဒုက္ခနှင့် ပတ်သက်၍ တစ်စုံတရာ ထုတ်ဖော်ပြောဆိုမှုမပြုဘဲ အသံတိတ်နေခဲ့သော်လည်း ရိုဟင်ဂျာများကို ကလေး နှစ်ဦးသာယူခွင့်ပြုသည့် အစိုးရ၏ မူဝါဒအပေါ် ကန့်ကွက်ပြောဆိုမှုများပြုလုပ်ခဲ့သည်။ ထိုသို့ အစိုးရ၏ အငြင်းပွားစရာ မူဝါဒအပေါ် ဒေါ်အောင်ဆန်း စုကြည်က ဆိတ်ငြိမ်မှုမပြုတော့ဘဲ ကန့်ကွက်ဝေဖန်မှုပြုလုပ်ခဲ့ သော်လည်းလတ်တလော အရှင်ဝီရသူ၏ လှုပ်ရှားမှုများအပေါ် ထင်မြင်သုံးသပ်ချက်မပြုပေ။

မြန်မာမွတ်စလင်လူနည်းစုအပေါ် ဆူပူအကြမ်းဖက်သည့်အရေးကိစ္စအပေါ် ၎င်းတို့အနေဖြင့် အာပေါင်အာရင်း သန်သန်ထုတ်ဖော်ပြောဆိုမှုမပြုဘဲနေသော်လည်း မြန်မာနိုင်ငံသား ၅၉၀၀၀ ကျော်ခန့်က TIME မဂ္ဂဇင်းပါ မျက်နှာဖုံး ဆောင်း ပါးကို ဆန့်ကျင်ကန့်ကွက်ကြောင်း လက်မှတ်ရေးထိုးကာ ဆန္ဒထုတ်ဖော်ခဲ့ကြသည်။

လူမှုကွန်ယက်တစ်ခုဖြစ်သော Facebook ပေါ်တွင်လည်း ဆန့်ကျင်ကန့်ကွက်ရေးသားမှုများပြုလုပ်ကြသည်။ D Day Ang ဆိုသူကမူ ၎င်း၏ Wall တွင် “ကျွန်တော်တို့ အကြမ်းဖက်သမားများမဟုတ်ပါ။ ကျွန်တော်တို့ဟာ ငြိမ်းချမ်းရေး သမားတွေဖြစ်ပြီး အကြမ်းဖက်မှုကို မုန်းတီးသူများသာဖြစ်သည်။ ကျေးဇူးပြု၍ ဆောင်းပါးများ ရေးသားသည့်အခါ ခိုင်လုံသော သတင်းအချက်အလက်များကိုရယူပြီးမှ ရေးသားကြပါ” ဟု ရေးသားထားသည်။



Google Drive: create, share, and keep all your stuff in one place. Logo for Google Drive

0 comments:

Post a Comment