Transparency Myanmar

transparency.myanmar@gmail.com

Quote & Comment and News in brief
Document

Snapshot of the item below:
Quote & Comment and News in brief

သတင်းဆောင်းပါးမှ ကောက်နှုတ်ချက်များ

“တင်ဒါအောင်မြင်ပြီး အော်ပရေတာအဖြစ် လုပ်ဆောင်မယ့် ကုမ္ပဏီတွေအနေဖြင့် အပြောကောင်းပြီး တကယ်အလုပ် မဖြစ်မှာ ကို ကျွန်တော်တို့လည်း စိတ်ပူပါတယ်။ မြန်မာနိုင်ငံရဲ့ အခြေအနေကိုလည်း သူတို့သိအောင်ပြောပြထားတယ်။  ဆက်သွယ် ရေးနဲ့ မဆိုင်တဲ့ ဥပဒေကလည်း မထွက်သေးတာကြောင့်ထွက်လာမယ့် ဥပဒေအတိုင်း လိုက်နာပြီးတော့ လုပ်ရမယ်လို့လည်း အသိပေးထားတယ်။ ပြောတဲ့အတိုင်း ဖြစ်မလာရင် ဒေါ်လာ သန်း ၂၀၀ ကို လျော်ကြေးအဖြစ် ပေးရမှာပါ”

၂၀၁၃ ခုနှစ် ဇူလိုင်လ ၁၅ ရက်နေ့ထုတ်  Messenger  ဂျာနယ် အတွဲ ( ၄ ) အမှတ် ( ၈) တွင် ပါရှိသော “  လိုင်စင်ရ အော်ပရတာများ ကတိအတိုင်းမလုပ်ပါက ဒေါ်လာ သန်း ၂၀၀ ကျော် လျော်ကြေးပေးရမည်” သတင်းမှ   ဆက်သွယ်ရေး၊  သတင်း အချက်အလက်နှင့် နည်းပညာ ဝန်ကြီးဌာနမှ ဒုတိယဝန်ကြီး ဦးသောင်းတင်၏ ပြောကြားချက်အား  ကောက်နှုတ် ချက်။


“တပ်မတော် အကြီးအကဲတွေက ပြောတဲ့စကားကို အောက်ခြေကရှိတဲ့ အရာရှိတွေ လက်တွေ့အကောင်အထည် မဖော်ဘူးဆိုရင် တပ်မတော်အတွက် စိတ်အနှောင့်အယှက် ဖြစ်လာနိုင်တယ်။ ကာကွယ်ရေးဦးစီးချုပ် မင်းအောင်လှိုင်ကလည်း ၂၀၁၂ ခုနှစ် ဖေဖော်ဝါရီ ၁၂ ရက်နေ့တွင် တပ်မတော်က အသုံးမပြုတဲ့ အပိုင်းကို ပြန်ပေးမယ်လို့ ကတိကဝတ်ကို ပေးထားပါတယ်”

၂၀၁၃ ခုနှစ် ဇူလိုင်လ ၁၈ ရက်နေ့ထုတ် ပြည်သှူဆန္ဒ ဂျာနယ် အတွဲ ( ၁ ) အမှတ် ( ၁၈ ) တွင် ပါရှိသော “  ဒုက္ခ ရောက်နေတဲ့ ပြည်သူတွေကို ဒုက္ခဆင်းရဲကနေ လွတ်ကင်းအောင် တပ်မတော်က ပြန်ပေးသင့်”သတင်းမှ   တရားလွှတ် တော်ရှေ့နေ ရောပတ်ဆန်းအောင်၏ပြောကြားချက်အား ကောက်နှုတ်ချက်။


“ကျွန်တော်ကတော့ ဘာဖြစ်စေချင်လဲဆိုရင် ကောက်ပဲသီးနှံတွေ ပေါ်လာတဲ့အချိန်မှာ တောင်သူလက်ထဲမှာလည်း ငွေပြတ် နေပြီ။ အဲဒီအချိန်မှာ ပြိုင်တူပေါ်လာတာဖြစ်လို့ ဈေးနှိမ်ပြီး ဝယ်တဲ့အခြေအနေရှိတက်တယ်။ ဒီအချိန်မှာ သင့်တော်တဲ့ ဈေးလေးမှန်မှန်ကန်ကန် ရဖို့လိုတယ်။ ဒါလေးဝိုင်းဆောင်ရွက်ပေးနိုင်ရင် တော်တော် အကျိုးရှိမယ်”

၂၀၁၃ ခုနှစ် ဇူလိုင် ၁၅ ရက်နေ့ထုတ် 7 Day Daily နေ့စဉ်ထုတ်သတင်းစာ အမှတ် (၈၂ )တွင် ပါရှိသော “  လယ်ယာ ထွက်ကုန်ဈေးနှုန်း အုပ်ချုပ်ရေးနည်းဖြင့် မသတ်မှတ်ရန် ဒေါက်တာဦးမြင့် အကြံပြု” သတင်းမှ ပြည်ထောင်စု ကြံခိုင်ရေး ပါတီ ဒုတိယ ဥက္ကဋ္ဌ ဦးဌေးဦး ၏  ပြောကြားချက်အား ကောက်နှုတ်ချက်။


“ကုန်သည်စက်မှုအသင်းဆိုတာ အစိုးရ၊ လွှတ်တော်အတို့ပြီးရင်  နိုင်ငံမှာ အကြီးဆုံးအဖွဲ့အစည်း တစ်ရပ်လို့ဆိုနိုင်တယ်။ ဒါကြောင့် ဒီအဖွဲ့အစည်း  ရေရှည်ရပ်တည်ဖို့ဆိုရင် အမြင်မတူတာတွေကို ပူးပေါင်းလုပ်ဆောင်နိုင်ဖို့ လိုတယ်။ အမြင်မတူ တာက ပြဿနာ မဟုတ်ဘူး။ အမြင်မတူတာက ပြောတဲ့အခါမှာ ပိုပြီးပွင့်လင်းမြင်သာလာတယ်လို့ပဲ မြင်တယ်။ အမြင်မတူ တာကို ဝန်ကြီးတွေရှိနေလို့ တာဝန်မရှိဘူးလားလို့ မေးရင်မရသလို ပြောလို့လဲမရဘူး။ အခုအချိန်မှာ ဝင်မစွက်ဖက်ချင်လို့ လွှတ်ပေးထားတာ”

၂၀၁၃ ခုနှစ် ဇူလိုင်လ ၁၅ ရက်နေ့ထုတ်  The Yangon Times  နေ့စဉ်ထုတ်သတင်းစာ အတွဲ(၁) အမှတ် (၆၅ ) တွင်ပါ ရှိသော  “ အစိုးရက ပုဂလိက စီးပွားရေးလုပ်ငန်းများတွင် ဝင်စွက်ဖက်သည်မှာ ခေတ်မရှိတော့ဟု ပြည်ထောင်စုဝန်ကြီး ဆို ”သတင်းမှ   ပြည်ထောင်စုဝန်ကြီး ဦးတင်နိုင်သိန်း၏ ပြောကြားချက်အား ကောက်နှုတ်ချက်။

 


“အခုအခြေအနေအရဆိုရင်တော့ ဒီ ၆၂ ခုနှစ်နောက်ပိုင်းကနေ အခုအချိန်အထိ အခုအခြေအနေဟာ အထိရောက် ဆုံးအခြေအနေပါပဲ။ ဒါပေမယ့်  လိုအပ်ချက်ကတော့ အများကြီးရှိတယ်။ ကျွန်တော်တို့ ဆက်လုပ်စရာ အများကြီး ရှိတယ်။ ဒီပြည်သူ့ငွေစာရင်းကော်မတီ၊ စာရင်းစစ်အဖွဲ့ ဒီနှစ်ခုပေါင်းပြီးတော့ လွှတ်တော်ကိုတင်ပြရမည်။ လွှတ်တော်က အစိုးရကိုရော အားလုံးကို ကျွန်တော်တို့တိုင်းပြည်မှာ နိုင်ငံခြားခြစားမှု၊ ငွေအလွဲသုံးစားမှု မရှိအောင် ဒါအများကြီး လုပ်လို့ရတယ်။  သူများ နိုင်ငံမှာ အဲဒီလိုလုပ်ထားတာ လေ့လာသမျှနဲ့ တွေ့ရတယ်။  ကိုယ်တိုင်နိုင်ငံခြား သွားပြီးတော့ လေ့လာတော့လည်း ဒါကိုတွေ့ ရတယ်။  စာမှာဖတ်ကြည့်တဲ့အခါ သူတို့ရဲ လုပ်ပုံကိုင်ပုံကို လေ့လာသိခွင့်ရတယ်။  အခုလောလောဆယ်မှာ ၆၂ ခုနှစ် နောက် ပိုင်းထက် အကောင်းဆုံးအခြေအနေရှိတယ်ဆိုပေမယ့် ကျွန်တော်တို့ရဲ့လုပ်ဆောင်ချက်၊ ကျွန်တော်တို့ လုပ်နေတဲ့ လုပ်နည်း၊ လုပ်ဟန်ကအစ ရာခိုင်နှုန်း မပြည့်သေးဘူး။ ၅၀ ရာခိုင်နှုန်းတောင် ရှိပါမလား ။ အဲဒီ ကျွန်တော်တို့တိုင်းပြည်ရဲ့ ဘဏ္ဍာငွေကို ပြည်သူအတွက် ၊ နိုင်ငံအတွက် အားလုံး ထိထိရောက်ရောက် အကျိုးရှိအောင် ဆိုပြီးတော့ လုပ်ဖို့အများကြီး လိုသေးပါတယ်။ ဒါကို ကျွန်တော်တို့က ဖွဲ့စည်းပုံ အခြေခံဥပဒေအပိုင်းမှာတောင် သွားပြီးတော့ ပြန်လည်သုံးသပ်ဖို့ လိုပါတယ်။ ဒါက ပုဂ္ဂိုလ် အနေနဲ့ မြင်တာပါ။

၂၀၁၃  ခုနှစ် ဇူလိုင် ၁၇ ရက်နေ့ထုတ် The  Myanmar Post ဂျာနယ် အတွဲ (၅)  အမှတ် (၂၈)တွင် ပါရှိသော “  ပြည်သူ့ ငွေစာရင်း၊ ကော်မတီ၊ မွန်ပြည်နယ်မဲဆန္ဒနယ်အမှတ်(၇) အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဒေါက်တာဗညား အောင်မိုး နှင့် တွေ့ဆုံခြင်း”သတင်းမှ  အမျိုးသားကိုယ်စားလှယ် ဒေါက်တာဗညားအောင်မိုး၏ ပြောကြားချက်အား ကောက်နှုတ် ချက်။


သတင်းတိုများ

လက်ပံတောင်းတောင်အစီရင်ခံစာအတိုင်း ကော်မတီမှလုပ်ဆောင်ခြင်းမရှိ လွှတ်တော်သို့ပြန်လည်တင်ပြမည်

လက်ပံတောင်းတောင် စုံစမ်းစစ်ဆေးရေးကော်မရှင်၏ အစီရင်ခံစာတွင် စီမံကိန်းအတွင်း ပိုလျှံနေသော မြေဧက ပေါင်း ၉၀၂ ဧကကို လုပ်ငန်းအကောင်အထည်ဖော်ရေး ကော်မတီက တောင်သူများကို ပြန်လည်ပေးအပ်ရန် ဖော်ပြခဲ့ သော်လည်း ဧက ၅၀၀ ကျော်ကို စိုက်ခင်းမြေအတွက်ဟု ဆိုကာ ပြန်လည် သိမ်းယူသွားခဲ့သည့် အတွက် လက်ပံတောင်း တောင် အစီရင်ခံစာနှင့် ပတ်သက်၍ လုပ်ငန်း အကောင်အထည် ဖော်ဆောင်ရေးကော်မတီအနေဖြင့် အစီရင်ခံစာအတိုင်း အလေးထားဆောင်ရွက်ခြင်း မရှိပါက အဆိုရှင်တစ်ဦး အနေဖြင့် လွှတ်တော်တွင်ပြန်လည်အဆို တင်သွင်းသွားမည် ဖြစ် ကြောင်း ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်ခင်စန်းလှိုင်က ပြောကြားချက်အရ သိရသည်။


ကိုရီးယားအခြေစိုက် ကျေးရွာသစ်လှုပ်ရှားမှုစီမံကိန်း ထပ်မံဆောင်ရွက်မည်

မြန်မာနိုင်ငံအတွင်း ကိုရီးယားနိုင်ငံ အခြေစိုက် ကျေးရွာသစ်လှုပ်ရှားမှု စီမံကိန်းကို ဆက်လက်ချဲ့ထွင် လုပ်ဆောင် သွားမည်ဖြစ်ကြောင်း ကိုရီးယားအပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး အေဂျင်စီ(KOICA)မှ Assistant Program Officer Ms.Edviges ၏ ပြောကြားချက်အရ သိရသည်။ လက်ရှိအချိန်တွင် ကိုရီးယား-မြန်မာ နှစ်နိုင်ငံချင်း ပူးပေါင်း၍ ပြည် တွင်းရှိ လှည်းကူးနှင့် သန်လျင်မြို့နယ်တို့တွင် ကျေးရွားသစ် လှုပ်ရှားမှုစီမံကိန်း (Saemaul Undong) SMU စံပြကျေးရွာ  စီမံကိန်းများကို ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။


မိုဘိုင်းလ်ဖုန်းပြောဆိုခနှုန်းများ မဖြစ်မနေလျှော့ချမည်ဖြစ်ကြောင်း ဆက်သွယ်ရေး ဒု - ၀န်ကြီးပြောဆို

ယခု ၂၀၁၃ -၂၀၁၄ ဘတ်ဂျက်နှစ်အတွင်း မိုဘိုင်းလ်ဖုန်းပြောဆိုခများကို မဖြစ်မနေလျှော့ချပေး သွားမည်ဖြစ် ကြောင်း ဆက်သွယ်ရေး နှင့် သတင်းအချက်အလက် နည်းပညာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးသောင်းတင်၏ ပြောကြား ချက်အရ သိရှိရသည်။ အခြား ပြည်ပအော်ပရေတာများက မိုဘိုင်းလ်ဖုန်း ပြောဆိုခများကို လက်ရှိပြောဆိုခ ကျပ် ၅၀ ထက် သက်သာသည့်ဈေးနှုန်း အတိအကျ ထုတ်ပြန်ကြေညာ လိုက်သည့်အတွက် မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ ဖုန်းပြောဆို ခများကို ယခုအခါ မဖြစ်မနေ လျှော့ချ ပေးတော့မည် ဖြစ်ကြောင်း သိရသည်။


 သတ္ထုတူးဖော်ရေး လုပ်ကိုင်ခွင့်များကို ရုရှားနှင့် အနောက် ကုမ္ပဏီများအား အဓိက ဦးစားပေးမည်

သတ္ထုတူးဖော်ရေး လုပ်ငန်းအများစုကို ပြည်ပကုမ္ပဏီများအား လုပ်ကိုင်ခွင့်ပြုရာတွင် ရုရှားနှင့် အနောက်နိုင်ငံများမှ ကုမ္ပဏီကြီးများကိုသာ အဓိက လုပ်ကိုင်ခွင့်ပြုတော့မည် ဖြစ်ကြောင်း သတ္ထုတွင်း ဝန်ကြီး ဌာနမှ သိရသည်။ လက်ရှိတွင် မြန်မာနိုင်ငံ၏ သတ္ထုတွင်းလုပ်ကွက်များကို လုပ်ကိုင်လျှက်ရှိသော ကုမ္ပဏီများ၏ သက်တမ်းကို တိုးမြှင့်ခြင်း ၊ သတ္ထုတွင်းများမှ ထွက်ရှိနေသောနှုန်းထားနှင့် ယခုနှစ်အတွင်း ထပ်မံခွင့်ပြုမည့် ကုမ္ပဏီအရေအတွက်ကို မကြာမီ ထုတ်ပြန်ပေးသွားမည် ဖြစ်ကြောင်း သိရှိရသည်။


အခြေခံဥပဒေတွင် တိုင်းရင်းသား အခွင့်အရေး ကာကွယ်သည့်အချက်များ ပြင်ဆင်၍ လွှတ်တော်သို့ တင်သွင်းမည်

ညီနောင်တိုင်းရင်းသားပါတီများ၏ တောင်ကြီးညီလာခံတွင် သဘောတူညီချက် ရရှိထားပြီးဖြစ်သော အခြေခံမူများ ကိုအခြေခံ၍ သက်ဆိုင်ရာဥပဒေပညာရှင်များက ဖွဲ့စည်းပုံအခြေခံ ပြင်ဆင်ရာတွင် တိုင်းရင်းသားများ၏ အခွင့်အရေးကို ကာကွယ်သည့်အချက်များကို ထည့်သွင်းရေးဆွဲ၍ ပြည်ထောင်စု လွှတ်တော်သို့ တင်သွင်းသွားမည်ဖြစ်ကြောင်း ညီနောင်တိုင်း ရင်းသားပါတီများ ဖက်ဒရေးရှင်း၏ ပြောကြားချက် အရ သိရသည်။ ဖွဲ့စည်းပုံအခြေခံဥပဒေ လေ့လာသုံးသပ်ရေး ကော်မတီကို ယခု လက်ရှိကျင်းပနေသည့် ပြည်ထောင်စုလွှတ်တော် သတ္တမပုံမှန် အစည်းအဝေးတွင် ဖွဲ့စည်းမည်ဖြစ်သည်။


နိုင်ငံဖြတ်ကျော် မှုခင်းများတားဆီးရန် ဥရောပသမဂ္ဂ ကူညီမည်

အာဆီယံနိုင်ငံများရှိ ကားလမ်း၊ ရထားလမ်းများတွင် ဖြတ်သန်းသွားလာခြင်းကြောင့် ဖြစ်ပေါ်လာနိုင် သော နိုင်ငံဖြတ် ကျော် မှုခင်းပြစ်မှုများကို တားဆီးနှိမ်နင်းရန် ဥရောပသမဂ္ဂ အကူအညီဖြင့် နယ်စပ်ဒေသဆိုင်ရာ စီမံခန့်ခွဲမှုစနစ်တစ်ခုကို ပြုလုပ်လျက်ရှိကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာန အာဆီယံရေးရာဌာန ဒုတိယ ညွှန်ကြားရေးမှူးဦးမြတ်သူ၏ ပြောကြားချက် အရ သိရသည်။  အဆိုပါစနစ်ကို အာဆီယံစီးပွားရေး အသိုက်အဝန်း(AEC)ဖော်ဆောင်ရန်အတွက် အာဆီယံနိုင်ငံများသို့ ဆက်သွယ်ထားသည့် ကားလမ်း၊ ရထားလမ်းများမှတစ်ဆင့် အခြားနိုင်ငံများတွင် ပြစ်မှုကျူးလွန်ထားသူများ ပုန်းအောင်း ခိုလှုံမှုများ မဖြစ်ပေါ်လာ စေရန်အတွက် ပြုလုပ်ခြင်းဖြစ်ပြီး ယင်းလုပ်ဆောင်မှုတွင် နယ်စပ်ဒေသဆိုင်ရာ စီမံခန့်ခွဲမှုကို ဥရောပ သမဂ္ဂနှင့် ပူးပေါင်း၍ နိုင်ငံခြားရေးဝန်ကြီးဌာန၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့နှင့် နိုင်ငံတကာရဲတပ်ဖွဲ့တို့မှ ပါဝင်လုပ်ဆောင်မည် ဖြစ်ကြောင်း သိရှိရသည်။


ဒေါ်အောင်ဆန်းစုကြည် UNAIDS ညီလာခံတက်ရန် သြစတြေးလျသို့ သွားရောက်မည်

လာမည့် ဒီဇင်ဘာလတွင် သြစတြေးလျနိုင်ငံ၌ ကျင်းပမည့် United Nations Programme on HIV/AIDS (UNAIDS) ညီလာခံသို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် တက်ရောက်မည် ဖြစ်ကြောင်း သြစတြေးလျ နိုင်ငံခြားရေးဝန်ကြီးဌာန၏ ပြောကြားချက်ကို ကိုးကား၍ ဘရစ်စ်ဘိန်း တိုင်းမ်သတင်းစာတွင် ဖော်ပြထား ချက်အရ သိရသည်။


 

 

 

              

 


Google Drive: create, share, and keep all your stuff in one place. Logo for Google Drive

0 comments:

Post a Comment