Transparency Myanmar

transparency.myanmar@gmail.com

INTERNATIONAL MEDIA (1)
Document

Snapshot of the item below:
INTERNATIONAL MEDIA (1)

ဘာသာပြန်သတင်းများ

  1. မြန်မာနိုင်ငံ၌ ၂၀၁၅ တွင် စတော့ဈေးကွက်ဖွင့်တော့မည်

(Finance Asia မှ 15 July 2013 ရက်စွဲပါ “Myanmar to open capital markets by 2015”သတင်းကို ဘာသာပြန်ဆိုသည်)

  1. မြန်မာနိုင်ငံ၏ ခေတ်မှီပြောင်းလဲရေးတွင် ဗြိတိန် အားကြိုးမာန်တက် ပါဝင်မည်

(   15 July  2013  ရက်စွဲပါ  Sydney Morning Herald မှ Damien McElroy  ရေးသားသော Britain to Wade into Myanmar’s modernization ကိုဘာသာပြန်ပါသည် )

  1.  ပေါက်ကြားပျံ့နှံ့နေသော အသံဖိုင်ကြောင့် မြန်မာနိုင်ငံနှင့် ဆက်ဆံရေး မထိခိုက်

( Bangkok Post မှ  13 July 2013 ရက်စွဲပါ “Tanasak Says Audio  clip will not damage Myanmar ties “  သတင်း ကို ဘာသာပြန်ဆိုသည်)


မြန်မာနိုင်ငံ၌ ၂၀၁၅ တွင် စတော့ဈေးကွက်ဖွင့်တော့မည်

(Finance Asia မှ 15 July 2013 ရက်စွဲပါ “Myanmar to open capital markets by 2015”သတင်းကို ဘာသာပြန်ဆို သည်)

မြန်မာနိုင်ငံ၌ဘဏ်များ၊ သတ္တုတွင်းလုပ်ငန်းများ၊ ပာိုတယ်များသည် အစောဆုံး ၂၀၁၅ အောက်တိုဘာခန့်တွင် ရန်ကုန်စတော့ အိတ်ချိန်း၌ ပထမဆုံးစာရင်း ဝင်လာကြဖွယ်ရှိနေပြီပာု Prince waterhouse Coopers Pwc က ပြော ကြားသည်။

မြန်မာနိုင်ငံသည် ၎င်း၏ဥပဒေစည်းမျဉ်းပုံစံကို ခေတ်မှီအောင် ပြုပြင်ခြင်း၊ လာမည့်နှစ်နှစ်အတွင်း စတော့အိတ်ချိန်း ဖွင့်လှစ်ခြင်းတို့ဖြင့် နိုင်ငံခြားရင်းနှီးမြှုပ်နှံသူများကို ဆွဲဆောင်ရန်ကြိုးစားနေပြီဖြစ်သည်။

နိုင်ငံခြားဘဏ်များသည် ၂၀၁၅ တွင် မြန်မာဘဏ်များနှင့် ဖက်စပ်လုပ်ငန်း ထူထောင်လုပ်ကိုင် နိုင်ကြလိမ့်မည်ပာု Prince waterhouse Coopers မှ မြန်မာအခြေစိုက် အခွန်အကြံပေးများက ပြောကြားသည်။ ထိုသို့ထူထောင်ပြီးလျှင် နိုင်ငံခြားဘဏ်များ အနေဖြင့် ၎င်းတို့၏ကိုယ်ပိုင် ဘဏ်ခွဲများကို ဖွင့်လှစ်နိုင်ကြမည်ဖြစ်သည်။

လက်ရှိ မြန်မာနိုင်ငံတွင် နိုင်ငံခြားဘဏ် ၁၈ ခု၏ကိုယ်စားလှယ်ရုံးများ ဖွင့်လှစ်ထားပြီးဖြစ်ကာ ဇန်နဝါရီလက နောက်ဆုံးလိုင်စင်ရရှိခဲ့သော ဘဏ်မှာ Standard Chartered ဖြစ်သည်။

မြန်မာအစိုးရက လက်ရှိငွေကြေး အဖွဲ့အစည်းဆိုင်ရာ ဥပဒေကို ပြန်လည်သုံးသပ် ပြင်ဆင်ခြင်းဖြင့် ကန့်သတ်မှုကို ဖြေလျှော့ပေးရန် စီစဉ်ဆောင်ရွက်နေပြီး ၂၀၁၅ တွင်အဆိုပါ လုပ်ငန်းစဉ်ပြီးစီးရန် မျှော်လင့်ထားပါသည်။

တစ်ချိန်ထဲတွင် မြန်မာနိုင်ငံသည် ၂၀၁၅ ၌ စတော့အိတ်ချိန်းထူထောင်ရန် ပြင်ဆင်နေပြီး ၎င်းစတော့အိတ်ချိန်းတွင် ရှယ်ယာအသစ်များ ထုတ်ပေးခြင်းအပါအဝင် အေဂျင်စီများ၊ အကျိုးဆောင်များ(ပွဲစားများ)၊ ရောင်းဝယ်သူများ၊ တစ်ဆင့်ခံ တာဝန်ယူရောင်းချပေးသူများ ရှိလာမည်ဖြစ်သည်။

ထို့ပြင် မြန်မာနိုင်ငံသည် ဘဏ်ချင်းဆက်သွယ်မှု ဈေးကွက်၊ ဘွန်းငွေချေးစာချုပ်ဈေးကွက်နှင့် ငွေကြေးဈေးကွက်တို့ ဆက်လက်တိုးတက်ရေးကိုလည်း စီစဉ်ဆောင်ရွက်ချက်ရှိသည်။

Pwc ၏ရန်ကုန်အခြေစိုက် အကြံပေးဒါရိုက်တာ ဂျပ်စမင်သဇင်အောင်က “ပြည်သူတွေအနေနဲ့ အရမ်းစိတ်ရှည် ကြဖို့တော့ လိုပါတယ်။ ဘာကြောင့်လဲဆိုရင် ဒီဈေးကွက်က နှစ် ၅၀ လောက် နောက်ကျနေပြီး၊ နိုင်ငံတကာစံနှုန်းတွေကို မှီအောင် ကြိုးစားနေလို့ပါ”ပာု ပြောကြားသည်။

 


မြန်မာနိုင်ငံ၏ ခေတ်မှီပြောင်းလဲရေးတွင် ဗြိတိန် အားကြိုးမာန်တက် ပါဝင်မည်

(   15 July  2013  ရက်စွဲပါ  Sydney Morning Herald မှ Damien McElroy  ရေးသားသော Britain to Wade into Myanmar’s modernization ကိုဘာသာပြန်ပါသည် )

တနင်္လာနေ့တွင် ဗြိတိန်နိုင်ငံ လန်ဒန်မြို့၌ သမ္မတ ဦးသိန်းစိန်နှင့်  David Cameron တို့တွေ့ဆုံရာတွင် ဗြိတိန်နိုင်ငံ အနေဖြင့် မြန်မာနိုင်ငံပြည်တွင်း ပဋိပက္ခများကို ကိုင်တွယ်ဖြေရှင်းနိုင်ရေးအတွက် စစ်တပ်လေ့ကျင့် သင်ကြားမှုများနှင့် တရားဝင် အကူအညီများပေးရန် အဆိုပြုလိမ့်မည် ဖြစ်ပါသည်။

နိုင်ငံခြားရေးဝန်ကြီး  Hugo Swire ကပြောကြားရာတွင် ဗြိတိန်နိုင်ငံသည် ဒီမိုကရေစီစနစ် ဖွံ့ဖြိုးရေးနှင့် တိုင်းရင်း သား တင်းမာမှုများ ဖြေရှင်းရေးအတွက် မြန်မာနိုင်ငံကိုကူညီရာတွင် ဦးဆောင်ကဏ္ဍမှ ပါဝင်ရန် ဆုံးဖြတ်ထားသည်ဟု ပြောဆို လိုက်ပါသည်။

အတိအကျဆိုရသော် စစ်တပ်နောက်ခံပြုအစိုးရနှင့် ရိုဟင်ဂျာမွတ်ဆလင်များကြား ဖြစ်ပွားနေသော တင်းမာမှုများ ရပ်ဆိုင်း သွားရန် နိုင်ငံခြားရေးဌာနသည် ၄င်း၏ကိုလိုနီ ဖြစ်ခဲ့ဘူးသော နိုင်ငံတွင် သမိုင်းမှ အတွေ့အကြုံများကို ရှာဖွေအ သုံးပြု သွားမည်ဖြစ်ပါသည်။ ရိုဟင်ဂျာများနှင့် ဗုဒ္ဓဘာသာ ရယ်ဒီကယ်များကြားတွင် ဖြစ်ပွားနေသော ရန်ပွဲများသည် ပြီးခဲ့သည့် နှစ်က  ရခိုင်ပြည်နယ်တွင် ရာပေါင်းများစွာ သေဆုံးပြီး လူပေါင်း (၁၄၀၀၀၀)ကျော် အိုးမဲ့အိမ်မဲ့ဖြစ်ရသည့် ဖြစ်ရပ်နှင့် ဆက်စပ် နေပါသည်။

 “မြန်မာနိုင်ငံမှာ ဘာတွေလုပ်ဖို့ ဘယ်လောက်လိုအပ်နေတယ်ဆိုတာ လျှော့တွက်လို့တော့ မရပါဘူး။ ဒါပေမယ့် မြန်မာ နိုင်ငံမှာ လုပ်ဆောင်နေတဲ့ ပြောင်းလဲမှုတွေကို ကူညီဖို့ ကျွန်တော်တို့ ချိတ်ဆက်မိထားတာတော့ အရေးပါလှတယ်လို့ ပြောချင်ပါတယ်”ဟု  Mr. Swire ကပြောပါသည်။

“ ရှေ့ဆက်ရမယ့် မှန်ကန်တဲ့ လမ်းစဉ်ကတော့ သူတို့အခက်အခဲတွေကို ကူညီဖို့ မြန်မာတွေကို ဒီမှာခေါ်ပြီး လေ့ကျင့် ပေးတာတို့ ကျွန်တော်တို့ တာဝန်ရှိသူတွေ စေလွှတ်တာတို့ လုပ်ဆောင်ရမှာပါ”ဟု ၄င်းက ဆိုပါသည်။

သမ္မတဦးသိန်းစိန်က ဘာသာရေးနှင့် ပတ်သက်၍ စိတ်ရှည်သည်းခံကြရန် တောင်းဆိုခဲ့ပြီး၊ အကြမ်းဖက်မှုများတွင် စစ်တပ်မှ တိတ်တဆိတ် ပါဝင်သည်ဆိုသည့် စွပ်စွဲချက်များကို ပယ်ချခဲ့ပါသည်။ သို့သော် တရားဝင် အစီရင်ခံစာတွင် မြန်မာ နိုင်ငံ အနောက်ပိုင်းမှ မွတ်ဆလင်များသည် ခိုးဝင်လာသော ဘင်္ဂါလီများဟု စွပ်စွဲထားပါသည်။ ရိုဟင်ဂျာအများစုကို ယနေ့ထိ နိုင်ငံသား ဖြစ်ခွင့် မပေးပေ။

Mr. Swire ကပြောကြားရာတွင် ၄င်းသည် ထိုရှုမြင်မှုကို ရင်ဆိုင်မည်ဖြစ်ကြောင်း၊ နိုင်ငံခြားရေးဌာန၏ မှတ်တမ်းများအရ မွတ်ဆလင် အသိုင်းအဝိုင်းသည် ရာစုနှစ်များစွာကပင် မြန်မာနိုင်ငံတွင် ပါဝင်ခဲ့သည်ဟု ရှုမြင်သင့်ကြောင်း ဆိုပါသည်။

အတိုက်အခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က  Mr Comeron  အား တောင်းဆိုမှုကြောင့် လည်းကောင်း၊ ထိုစဉ်က ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး ဆာဒေးဗစ်ရစ်ချတ် မြန်မာနိုင်ငံသို့ သွားရောက်စဉ်က စီစဉ်မှုဖြင့် လည်း ကောင်း ရန်ကုန်တွင် ကာကွယ်ရေးဌာန သံမှူးထားရှိတော့မည်ဖြစ်ပါသည်။ ထိုသို့ ခန့်အပ်ရခြင်းမှာ မြန်မာနှင့် ဗြိတိန် လက်နက်ကိုင် တပ်များအကြား စစ်တပ်ချင်းဆက်ဆံရေး ထူထောင်ရာတွင် ကြီးကြပ်ရန် ဖြစ်ပါသည်။

မြန်မာစစ်တပ်ရှိ အရာရှိများသည် ဗြိတိန်နိုင်ငံတွင် လက်နက်ကိုင်ပဋိပက္ခ ဥပဒေများနှင့် လူ့အခွင့်အရေးများကို သင်ကြား ရတော့မည် ဖြစ်ပါသည်။

မြန်မာနိုင်ငံတွင် ဒီမိုကရေစီလှုပ်ရှားနေသော အဖွဲ့အစည်းများက ပြောကြားရာတွင် အစိုးရသည် ဖိနှိပ်သော စစ်တပ်နှင့် လုံခြုံရေးစနစ်များကို ထိန်းသိမ်းထားနေဆဲ ဖြစ်ကြောင်း ပြောကြပါသည်။  Burma Campaing UK မှ Baroness Kinnock ကပြောကြားရာတွင် Mr Comeron  သည် ကတိပေးထားသော ပြောင်းလဲမှုများကို လုပ်ဆောင်ပေးနိုင်ခြင်း မရှိ သည့် ခေါင်းဆောင်ကို ဆုလဒ်များ ပေးနေသည်ဟု ပြောဆိုခဲ့ပါသည်။

“ Willian  Hague နဲ့ David Cameron တို့အနေနဲ့ ဦးသိန်းစိန်အား ချီးကျူးနေမယ့် အစား၊ အနားမလာနဲ့လို့ မောင်း ထုတ် ပစ်ရမှာဖြစ်ပါတယ်”ဟု အဆိုပါ အမျိုးသမီးက ဆိုပါသည်။ လှုပ်ရှားသောအဖွဲ့တစ်ခုဖြစ်သည့်  Avaazmမှ ကြီးမှူး၍ ဗြိတိန်နှင့် ပြင်သစ်အား ဦးသိန်းစိန်၏ အကြမ်းဖက်မှုများကို ရာဇသံပေးရန် တောင်းဆိုမည့်ကိစ္စအား လက်မှတ်များ စုဆောင်း လျက် ရှိရာ လက်မှတ်တစ်သန်းကျော်စုဆောင်းရရှိနေပြီဖြစ်ပါသည်။

လှုပ်ရှားသူများသည် အစည်းအဝေးပြုလုပ်နေစဉ်တွင် အစိုးရဌာနများရှိသော White Hall တွင် အမည်းရောင် ကျောက်ပြားများနှင့် တန်းစီရပ်နေမည်ဖြစ်ပါသည်။

Mr.Swire ကပြောကြားရာတွင် လှုပ်ရှားသူများသည် အစိုးရ၏ ရည်ရွယ်ချက်များကို အဓိပ္ပါယ် ကောက်ယူမှု မှားယွင်း နေကြောင်း၊ အစိုးရသည် ဒေါ်အောင်ဆန်းစုကြည်နှင့် နီးကပ်စွာ ဆက်ဆံရေးရှိကြောင်း ပြောပါသည်။ “ အစိုးရက မြန်မာ နိုင်ငံ အပေါ် ဖိအားပေးမှု မရှိတော့ဘူးလို့ ထင်မှတ်ရင် မှားပါလိမ့်မယ်”ဟု ၄င်းက ဆိုပါသည်။

တာဝန်ရှိသူများက ပြောကြားရာတွင်  Mr. Cameron အနေဖြင့် သမ္မတ  Barack Obama ကဲ့သို့ စစ်အစိုးရ  ၁၉၉၀ ခုနှစ်များဆီက ရွေးချယ်ခဲ့သော  Myanmar ဆိုသည့်အမည်ကို ညွန်းဆိုရန် အစီအစဉ်မရှိကြောင်း ပြောခဲ့ပါသည်။


 ပေါက်ကြားပျံ့နှံ့နေသော အသံဖိုင်ကြောင့် မြန်မာနိုင်ငံနှင့် ဆက်ဆံရေး မထိခိုက်

( Bangkok Post မှ  13 July 2013 ရက်စွဲပါ “Tanasak Says Audio  clip will not damage Myanmar ties “  သတင်း ကို ဘာသာပြန်ဆိုသည်)

ထားဝယ်စီမံကိန်းကို အမြတ်ထုတ်မည့် အစီအစဉ်တွင် ထည့်သွင်းပြောဆိုခံရသော အသံဖိုင်ကြောင့် မြန်မာစစ်တပ် အကြီးအကဲသည် စိတ်အနှောက်အယှက် ဖြစ်နေခြင်းမရှိကြောင်း ထိုင်းစစ်တပ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး တာနာဆပ်ပါတီ မာပရာဂွန် က မနေ့က ပြောကြားသည်။

တနင်္လာနေ့က တွေ့ဆုံကြစဉ် ဗိုလ်ချုပ်ကြီးမင်းအောင်းလှိုင်( မြန်မာနိုင်ငံတွင် ဗိုလ်ချုပ်မှူးကြီးဟု ခေါ်ဝေါ်)သည်။ ထိုအသံဖိုင်ကြောင့် စိတ်ရှုတ်နေပုံမရကြောင်း ဗိုလ်ချုပ်ကြီး တာနာဆပ် က ပြောကြားပါသည်။

မနက်ဖြန် တပ်မတော်ချင်း ချစ်ကြည်ရေး ဘောလုံးပွဲတွင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် တွေ့ဆုံရန်  စီစဉ်ထားသည်ဟု ၄င်းကဆိုသည်။

“ကျွန်တော်တို့ ဇူလိုင် ၈ ရက်နေ့ တွေ့ကြတုန်းက  သူဘာမှ ပြောမသွားပါဘူး။ အရင်လိုခင်ခင်မင်မင်ပါပဲ။ သူ့ဘက် က နားလည်မှုရှိတယ်လို့ ကျွန်တော်သေချာပေါက် ပြောနိုင်ပါတယ်” ဟု ဗိုလ်ချုပ်ကြီး တာနာဆပ် ကပြောကြားသည်။

ဝန်ကြီးချုပ်ဟောင်း သက်ဆင်နှင့် ဒုတိယကာကွယ်ရေး ဝန်ကြီး ယူသာဆတ်တို့ ဆွေးနွေးပြောဆိုခဲ့ကြသော စကားများဟု  ယုံကြည်ရသည့် မိနစ် ၃၀ စာ အသံဖိုင်သည် ပြီးခဲ့သော စနေနေ့က လူမှုကွန်ယက် မီဒီယာမှ တဆင့် ပျံ့နှံ့သွားခဲ့ သည်။

၎င်းအသံဖိုင်နှင့် ပတ်သက်၍ သတင်းဖော်ပြရာတွင် နှစ်နိုင်ငံ နားလည်မှု အလွဲများဖြစ်မသွားစေရန် ရှောင်ရှားကြ ဖို့ ဗိုလ်ချုပ်ကြီး တာနာဆပ်က မီဒီယာများကို တောင်းဆိုထားသည်။

ဗိုလ်ချုပ်ကြီးပရာဆပ် က ၄င်းအနေဖြင့် ထိုအသံဖိုင်ကို အထူးအလည် စိတ်ဝင်စားခြင်းမရှိကြောင်း ၊ အချိန်အကြာ ကြီး သိကျွမ်းခဲ့သော ဗိုလ်ချုပ်ကြီးဟောင်း ယူသာဆတ်အကြောင်းကို ကောင်းစွာသိထားကြောင်း၊ ဤကိစ္စကို လူကိုယ်တိုင် ပြောကြားသည်ဖြစ်စေ၊ ပထမဆုံးအသိပေးသည်ဖြစ်စေ မိမိစိတ်ဆိုးမည် မဟုတ်ကြောင်း၊ ဂရုလည်းမစိုက်ကြောင်း၊ ဝေဖန်မှု တွေကို အာရုံစိုက်နေပါက အလုပ်ကို ကောင်းစွာ လုပ်နိုင်မည် မဟုတ်ကြောင်း၊  ၄င်းအသံ ဖိုင်ကြောင့် ဒုတိယကာကွယ်ရေး ဝန်ကြီး ဗိုလ်ချုပ်ကြီးဟောင်း ယူသာဆတ်နှင့် စစ်တပ်ခေါင်းဆောင်များအကြား  တစုံတရာ ပြဿနာ မရှိကြောင်း ရှင်းလင်း ပြောကြားပါသည်။

“စစ်တပ်ဟာ သူတာဝန်ကို သူထမ်းဆောင်မယ်။ ဥပဒေကို လိုက်နာမယ်။ ကြည်းရေလေ တပ်ဖွဲ့ ခေါင်းဆောင်တွေ ကလည်း ဒီအတိုင်းပဲ ပြောကြမှာပါ” ဟု ထိုင်းစစ်တပ် အကြီးအကဲက ဆက်လက်ပြောကြားသည်။

ပေါက်ကြားပျံ့နှံ့သွားသော အသံဖိုင်တွင် ထားဝယ်စီမံကိန်းနှင့် ပတ်သက်၍  မြန်မာခေါင်းဆောင်များအပေါ် သြဇာ ညောင်းအောင် ဗိုလ်ချုပ်မှူးကြီး  မင်းအောင်လှိုင်ကို အသုံးချရေး၊သက်ဆင်ပြန်လာခွင့်ရမည့်  လွတ်ငြိမ်းချမ်းသာခွင့် အတွက် ထိုင်းစစ်တပ်က ပါဝင်တွန်းအားပေးရေး တို့အပါအဝင်  ထိုင်းစစ်တပ်နှစ်စဉ် ရာထူးနေရာ  အရွှေ့အပြောင်း ကိစ္စများကို  ဆွေးနွေးထားသည်။

သက်ဆင် အိမ်ပြန်လာခိုင်းစေမည့်  လွတ်ငြိမ်းချမ်းသာခွင့် အစီအစဉ်၌  ထိုင်းစစ်တပ် ပါဝင်နေသည်ဟူသော စွပ်စွဲမှု များကို ဗိုလ်ချုပ်ကြီး တာနာဆပ်က ငြင်းဆိုသည်။

“ကျွန်တော်တို့က တရားရေးဒါနလည်း မဟုတ်ဘူး။ရဲတပ်ဖွဲ့လည်း မဟုတ်ပါဘူး။ ကျွန်တော်တို့ ဘာလုပ်ရမယ် ဆိုတာ ကို ပြဌာန်းထားတဲ့ ဥပဒေရှိပြီးသားပါ” ဟု ထိုင်းစစ်တပ်အကြီးအကဲက ပြောကြားသွား ပါသည်။



Google Drive: create, share, and keep all your stuff in one place. Logo for Google Drive

0 comments:

Post a Comment