Transparency Myanmar

transparency.myanmar@gmail.com

INTERNATIONAL MEDIA (1)
Document

Snapshot of the item below:
INTERNATIONAL MEDIA (1)

ဘာသာပြန်သတင်းများ

  1. စကားလုံးများကို လက်တွေ့အကောင်အထည်ဖော်ရန် ဦးသိန်းစိန်ကိုတိုက်တွန်း

(AFP မှ 17 JULY 2013 ရက်စွဲပါ “Turn words to action, activisits urage Thein Sein” သတင်းကိုဘာသာပြန်ဆိုသည်)

  1. ပနားမားက မြောက်ကိုရီးယားသင်္ဘောအား စစ်ဆေးခြင်းကို အမေရိကန်ပြင်းထန်စွာထောက်ခံ

(16 July 2013 ရက်စွဲပါ VOA News မှ US ‘strongly supports’ Panama inspection of North Korean ship ကိုဘာသာပြန်ဆိုသည်)


စကားလုံးများကို လက်တွေ့အကောင်အထည်ဖော်ရန် ဦးသိန်းစိန်ကိုတိုက်တွန်း

(AFP မှ 17 JULY 2013 ရက်စွဲပါ “Turn words to action, activisits urage Thein Sein” သတင်းကိုဘာသာပြန်ဆိုသည်)

ယခုနှစ်မကုန်မီ နိုင်ငံရေးအကျဉ်းသားအားလုံးကို လွှတ်ပေးမည်ပာု မြန်မာသမ္မတ ဦးသိန်းစိန်ကပြောကြားပြီး နောက်တွင် ၎င်းပြောစကားများကို လက်တွေ့အကောင်အထည်ဖော်ရန် လူ့အခွင့်အရေးလှုပ်ရှားသူများက အင်္ဂါနေ့တွင်တိုက် တွန်း တောင်းဆို လိုက်ကြသည်။

ဒီနှစ်ကုန်ဆိုရင် မြန်မာနိုင်ငံမှာ နိုင်ငံရေးအကျဉ်းသားတွေ ရှိတော့မှာမပာုတ်ဘူးလို့ ကျွန်တော်အာမခံပါတယ်ပာု တနင်္လာနေ့က လန်ဒန်ခရီးစဉ်တွင် ဦးသိန်းစိန်က ပြောကြားခဲ့သည်။ သို့သော်လည်း ဒီမိုကရေစီအရေး လှုပ်ရှားသူများက တပ်မတော်အစိုးရ ခေါင်းဆောင်ပောာင်းသမ္မတသည် နိုင်ငံခြားအထောက်အပံ့နှင့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများ ရရှိစေရန် အတွက် လွတ်ငြိမ်းချမ်းသာခွင့်ကြေညာမှုများကို တစ်ကြိမ်ပြီးတစ်ကြိမ် အသုံးပြုနေသည်ပာု စွပ်စွဲထားကြသည်။

အကျဉ်းထောင်သံတိုင်များ နောက်တွင် နိုင်ငံရေးအကျဉ်းသား ၁၅၀ ခန့်ကျန်ဦးမည်ပာု ခန့်မှန်းသူ ထိုင်းအခြေစိုက် AAPP(Burma)မှ ကိုဘိုကြည်က “သမ္မတဦးသိန်းစိန်ပာာ လူထုစည်းရုံးဆက်ဆံရေးမှာတော့ သိပ်ကောင်းပါတယ်။ ဒါပေမယ့် သူပြောတဲ့စကားတွေကို လက်တွေ့ဖြစ်အောင်ပြောင်းဖို့လိုပါတယ်”ပာု ထုတ်ဖော်ပြောကြားပါသည်။

မြန်မာနိုင်ငံတွင်ခွင့်ပြုချက်မရပဲဆန္ဒပြမှုကြောင့် ဖမ်းဆီးခံရသူများအပါအဝင် အမှုရင်ဆိုင်နေရသောတက်ကြွလှုပ်ရှား သူများ ပိုမိုများပြားလာခြင်းကြောင့် အစိုးရအနေဖြင့် နိုင်ငံရေးအကျဉ်းသားအားလုံး လွှတ်ပေးမည့်ကတိကို ထိန်းသိမ်းရန် ခက်ခဲလိမ့်မည်ပာု ၎င်းကဆိုပါသည်။

“ဒီနိုင်ငံမှာတရားဥပဒေစိုးမိုးမှု အားနည်းနေတဲ့အတွက် မတရားဖမ်းဆီးမှုတွေ မမျှတတဲ့တရားစွဲဆိုမှုတွေ ရှိနေတုန်း ပါပဲ”ပာု ကိုဘိုကြည်ကဆက်လက်ပြောကြားသည်။

NLD ပါတီပြောရေးဆိုခွင့်ရှိသူ ဦးဥာဏ်ဝင်းကလည်း “သမ္မတကြီးပြောတဲ့စကားကို ကျွန်တော်တို့ကြိုဆိုပါတယ်။ ကျွန်တော်တို့လည်း သူတို့အားလုံးကို လွတ်စေချင်ပါပြီ”ပာု ပြောကြားပါသည်။

“လာမယ့် သီတင်းပတ်တွေအတွင်းမှ တစ်နိုင်ငံလုံး အပစ်ရပ်စဲပြီး၊ နှစ်ပေါင်း ၆၀ တစ်လျှောက်လုံး ပထမဆုံးအကြိမ် အဖြစ် နေရာအနှံ့သေနတ်သံတွေ တိတ်ဆိတ်သွားဖို့ အလားအလာကောင်းနေပါတယ်”ပာု ၎င်းကဆက်လက်ဆိုသည်။

“ခက်ခဲတဲ့ ဆွေးနွေးမှုတွေ ရှိလာမယ်။ အခြေအတင် ညှိနှိုင်းအလျှော့အတင်းတွေ လုပ်ဖို့လာမယ်။ ဒါပေမယ့် လုပ်ကို လုပ်ရမယ်”ပာု မြန်မာသမ္မတက လန်ဒန်ခရီးစဉ်တွင်ပြောကြားထားသည်။

“ကျွန်တော်တို့အတွေ့အကြုံအရဆိုရင် မြန်မာ့တပ်မတော်ကို ယုံကြည်စိတ်ချလို့မရနိုင်ပါဘူး”ပာု ကရင်လူမျိုးအစည်း အရုံးယူကေမှထူးကူဆာဆေးက ထိုင်းနယ်စပ်စစ်ဘေးဒဏ်သင့် ကရင်ပြည်နယ်မှမြန်မာစစ်တပ်များကို ဆုတ်ခွာပေးရန်သမ္မ တ ဦးသိန်းစိန်ကိုတောင်းဆိုလိုက်ပါသည်။


ပနားမားက မြောက်ကိုရီးယားသင်္ဘောအား စစ်ဆေးခြင်းကို အမေရိကန်ပြင်းထန်စွာထောက်ခံ

(16 July 2013 ရက်စွဲပါ VOA News မှ US ‘strongly supports’ Panama inspection of North Korean ship ကိုဘာသာပြန်ဆိုသည်)

Photo Credit By Online

မသင်္ကာဖွယ် ဒုံးကျည်အစိတ်အပိုင်းများ တင်ဆောင်လာသော မြောက်ကိုရီးယားအလံတင် သင်္ဘောသည် ပနားမား တူးမြောင်းသို့ မဖြတ်သန်းမီ ရပ်တန့်စစ်ဆေးရန် ကိစ္စနှင့်ပတ်သက်၍ ပနားမားနိုင်ငံအနေဖြင့် အကူအညီပေးရန် တောင်းဆို သင့်ပြီး ၎င်းအနေဖြင့်လည်း ပနားမားနှင့်အတူ ပူးပေါင်းဆောင်ရွက်ရန် အသင့်ရှိကြောင်း အမေရိကန်ပြည်ထောင်စုက ပြော ကြားလိုက်ပါသည်။

အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရ ပုဂ္ဂိုလ် Patrick Ventrell ကပြောကြားရာတွင် အဆိုပါသင်္ဘောအား စစ်ဆေးရန် ပနားမား၏ ကိုယ်ပိုင်ဆုံးဖြတ်ချက်ကို ပြင်းထန်စွာထောက်ခံကြောင်း ပြောကြားခဲ့ပါသည်။

ပနားမားသမ္မတ Ricardo Marlinellia ကတနင်္လာနေ့နှောင်းပိုင်းကပြောကြားရာတွင် အာဏာပိုင်များက၎င်းသင်္ဘော တွင် မူးယစ်ဆေးဝါများ တင်ဆောင်လာသည်ပာု သံသယရှိ၍ ရပ်တန့်စေခဲ့ရာ ရှုပ်ထွေးသော ဒုံးကျည်အစိတ်အပိုင်းများပာု ယူ ဆရသည့် ကိရီယာများတွေ့ရကြောင်းဆိုပါသည်။ သင်္ဘောသည် ကျူးဘားမှထွက်လာကြောင်း ၎င်းကဆိုပါသည်။

သို့သော်သမ္မတကတွေ့ရှိသော ဒုံးကျည်အစိတ်အပိုင်းများနှင့်ပတ်သက်၍ အရေအတွက်(သို့)အမျိုးအစားကိုအသေး စိတ်ပြောကြားခြင်းမရှိပေ။ Twitter တွင်မူ သကြားကွန်တိန်နာတွင် ထည့်သွင်းထားသော အစိမ်းရောင် tube ပုံသဏ္ဍာန် ဓာတ် ပုံများကို ဖော်ပြထားပါသည်။

Martinelli က ပနားမားမီဒီယာများသို့ပြောကြားရာတွင် သင်္ဘောကပ္ပတိန်သည် မိမိကိုယ်ကိုသတ်သေရန် ကြိုးပမ်း ကြောင်း၊ အခြားသင်္ဘောသား(၃၅)ဦးအား စစ်ဆေးမေးမြန်းမှုများ ပြုလုပ်ရန် ထိန်းသိမ်းထားကြာင်းဆိုပါသည်။

Ventrell ကပြောကြားရာတွင် အဆိုပါသင်္ဘောသည် မူးယစ်ဆေးဝါးရောင်းဝယ်သည့် ရာဇဝင်ရှိသည်ပာုဆိုပါသည်။ အမေရိကန် အာဏာပိုင်များသည် ထိုကိစ္စနှင့်ပတ်သက်၍ ပနားမားနှင့် ဆက်သွယ်မှုရှိနေကြောင်း သင်္ဘောပေါ်တွင်ပါဝင်သော ပစ္စည်းအတိအကျ သတင်းစုဆောင်းလျက်ရှိကြောင်းပြောပါသည်။ အဆိုပါ သင်္ဘောသည် လက်နက်(သို့မပာုတ်) ဆက်စပ် ပစ္စည်းများတင်ဆောင်လာပါက ကုလသမဂ္ဂလုံခြုံရေးကောင်စီ၏ ဆုံးဖြတ်ချက်များကို ချိုးဖောက်ခြင်းဖြစ်ကြောင်း ၎င်းက ဆိုပါသည်။

ကွန်မြူနစ်နိုင်င်ငံဖြစ်သော ကျုးဘားသည် မြောက်ကိုရီးယား၏အနည်းငယ်သော မပာာမိတ်များအနက်မှ တစ်နိုင်ငံ ဖြစ်ပါသည်။

ကုလသမဂ္ဂအရေးယူမှုများတွင် မြောက်ကိုရီးယားထံမှ ဒုံးကျည်များသော်လည်းကောင်း၊ နျူကလီးယား နည်းပညာ များရောင်းဝယ်ခြင်းကို တားမြစ်ထားပါသည်။ အဆိုပါအရေးယူမှုများကို ဖေဖော်ဝါရီလက မြောက်ကိုရီးယား၏ တတိယ အကြိမ် နျူကလီးယားစမ်းသပ်မှုအပြီးတွင် ပိုမိုတင်းကြပ်ခဲ့ပါသည်။


 


Google Drive: create, share, and keep all your stuff in one place. Logo for Google Drive

0 comments:

Post a Comment