Transparency Myanmar

transparency.myanmar@gmail.com

INTERNATIONAL MEDIA (2)
Document

Snapshot of the item below:
INTERNATIONAL MEDIA (2)

နိုင်ငံတကာသတင်းများ (၂)

  1. အိန္ဒိယ-မြန်မာ နယ်စပ်တွင် သူပုန်အုပ်စုကွဲများအကြားတိုက်ပွဲဖြစ်

(The Indian Express မှ 16 July 2013 ရက်စွဲပါ “Gunfight between militant factions in Indo-Myanmar border”သတင်းကိုဘာသာပြန်ဆိုသည်)

  1. မြန်မာနိုင်ငံသည် ခက်ခဲသော အခြေအနေကို မလွတ်မြောက်သေး

(16 July 2013 ရက်စွဲပါ UPI မှ Myanmar not yet off the hook  ကို ဘာသာပြန်ဆိုသည်)


အိန္ဒိယ-မြန်မာ နယ်စပ်တွင် သူပုန်အုပ်စုကွဲများအကြားတိုက်ပွဲဖြစ်

(The Indian Express မှ 16 July 2013 ရက်စွဲပါ “Gunfight between militant factions in Indo-Myanmar border”သတင်းကိုဘာသာပြန်ဆိုသည်)

Photo Credit By Online

အိန္ဒိယ-မြန်မာနယ်စပ် အဏိပူရပြည်နယ် အူကရူးခရိုင်တွင် ပြိုင်ဖက်အုပ်စုနှင့်ဖြစ်ပွားသော တိုက်ပွဲအတွင်း နာဂါ လန်အမျိုးသား ဆိုရှယ်လစ်ကောင်စီ အိုင်ဇက်မူမားအုပ်စု(NSCN-IM)မှ တပ်ဖွဲ့ဝင်ပာု ယူဆရသူတစ်ဦး သေဆုံးသွားကြောင်း သိရှိရသည်။

ဒေသခံသတင်းများ၏အဆိုအရ NSCN-IM တပ်ဖွဲ့ဝင်များသည် ၎င်းတို့၏ ပြိုင်ဖက်အုပ်စုတပ်ဖွဲ့များ တည်းခိုနေ သော ဝမ်လီကျေးရွာစုဝေး ခန်းမဆောင်ကို တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

နာရီပေါင်းများစွာကြာသော တိုက်ပွဲအတွင်း(NSCN-IM) တပ်ဖွဲ့ဝင်တစ်ဦးကျဆုံးသွားပြီး ပြိုင်ဖက်အုပ်စုမှ ဒဏ်ရာ ရသူနှစ်ဦးကို(NSCN-IM)တပ်ဖွဲ့ဝင်များက ဖမ်းဆီးခေါ်ဆောင် သွားကြသည်ပာု သတင်းများကဆိုပါသည်။

တိုက်ပွဲအပြီးတွင် အနီးအနားမှ တောအုပ်အတွင်းသို့ နှစ်ဖွဲ့စလုံးဝင်ရောက် တိမ်းရှောင်သွားခဲ့ကြသည်။ ၎င်းသူပုန် အဖွဲ့များသည် မြန်မာနိုင်ငံဖက်မှာ လတ်တလော ဝင်ရောက်လာခြင်းပာုတ်မပာုတ်ကို မိမိတို့စုံစမ်းစစ်ဆေး သွားမည်ပာု ဝမ်လီ ရွာ နှင့် ၁၁၂ ကီလိုမီတာဝေးသော ကာဆွန်ခူလန် ခရိုင်ခွဲမှ ရဲတပ်ဖွဲ့ဝင်က ပြောကြားသည်။

မဏိပူပြည်နယ်အတွင်းရှိ အိန္ဒိယ-မြန်မာနယ်စပ်ဒေသများဖြစ်သော ယူကရူးနှင့်ချန်ဒါးခရိုင်များတွင် သူပုန်အုပ်စု များစွာမှ တပ်ဖွဲ့ဝင်များ ပေါ်ပေါ်ထင်ထင် လှုပ်ရှားလျက်ရှိသည်ပာု ရဲတပ်ဖွဲ့ကဆိုပါသည်။


မြန်မာနိုင်ငံသည် ခက်ခဲသော အခြေအနေကို မလွတ်မြောက်သေး

(16 July 2013 ရက်စွဲပါ UPI မှ Myanmar not yet off the hook  ကို ဘာသာပြန်ဆိုသည်)

Photo Credit By Telegrapg

မြန်မာနိုင်ငံအနေဖြင့် အငြင်းပွားဖွယ် နယ်စပ်လုံခြုံရေးတပ်ဖွဲ့ကို ဖျက်သိမ်းခဲ့သော်လည်း ကျူးလွန်မှုများကို အရေး ယူခြင်းမရှိသော ယဉ်ကျေးမှုကို ကိုင်တွယ်သင့်ကြောင်း ကုလသမဂ္ဂ လူ့အခွင့်အရေးကိုယ်စားလှယ် တစ်ဦးက အင်္ဂါနေ့က ပြောကြားခဲ့ပါသည်။

မြန်မာသမ္မတဦးသိန်းစိန်သည် ယခုအပတ်တွင် ဗြိတိန်နိုင်ငံသို့ လာရောက်လျက်ရှိရာ  ဝန်ကြီးချုပ် ဒေးဗစ်ကင်မရွန်း က ဒီမိုကရေစီပြုပြင် ပြောင်းလဲရေးများအတွက်  ချီးကျူးခဲ့ပါသည်။  သို့သော် ၄င်းကရခိုင်ပြည်နယ်မှ လူနည်းစု မူဆလင်များ အပေါ်ပစ်မှတ်ထား အကြမ်းဖက်မှုများ အပေါ်  စိုးရိမ်ကြောင်း ဖော်ပြခဲ့ပါသည်။

ကုလသမဂ္ဂလူ့အခွင့်အရေး အထူးကိုယ်စားလှယ်  Tomas Ojea Quintana က မြန်မာအစိုးရ၏ နစကနယ်စပ် လုံခြုံ ရေးတပ်ဖွဲ့ ဖျက်သိမ်းရန်ဆုံးဖြတ်ခြင်းကို ကြိုဆိုကြောင်းပြောကြားခဲ့ပါသည်။ အဆိုပါအဖွဲ့သည် ရခိုင်ပြည်နယ်တွင် လူ့အခွင့် အရေးချိုးဖောက်မှုများ ကျူးလွန်သည်ဟု သံသယရှိကြောင်း ၄င်းက ပြောခဲ့ဘူးကြောင်း ပြောပါသည်။

ကျူးလွန်မှုတွေအတွက် အရေးယူမှုမရှိခြင်းဟာ ရခိုင်ပြည်နယ်မှာ တရားဥပဒေစိုးမိုးမှု အားနည်းစေတယ်ဆိုတာ သံသယဖြစ်ဖွယ် မရှိပါဘူး။အသိုင်းအဝိုင်းတွေကြားမှာ ငြိမ်းချမ်းစွာအတူယှဉ်တွဲ နေထိုင်ခြင်းကိုလည်း ကြီးမားစွာ အကျိုး ဆက်တွေ ဖြစ်စေပါတယ်ဟု ၄င်းက ကြေညာချက်တွင် ပြောကြားခဲ့ပါသည်။

ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီသည် မတ်လက အဆိုပါနကစ စစ်ဆင်ရေးများကိုရုတ်သိမ်းရန် အကြံပြုတင်ပြ ခဲ့ပါသည်။ နေရာချထားခြင်းခံရသည့် မည်သည့်လုံခြုံရေးတပ်ဖွဲ့မဆို နိုင်ငံတကာလူ့အခွင့်အရေး ဥပဒေများကို လိုက်နာသင့် ကြောင်း Quintana ကပြောပါသည်။

“အသစ်ရောက်လာမယ့် လုံခြုံရေးတပ်ဖွဲ့ဟာလည်း သူလုပ်ဆောင်ရတဲ့အပေါ် တာဝန်ယူမှုမရှိရင်၊ အစိုးရအနေနဲ့ နောက်ကွယ်က ပြဿနာကို  ကိုင်တွယ်နိုင်မှာမဟုတ်ပါဘူး”ဟု  ၄င်းကပြောပါသည်။



Google Drive: create, share, and keep all your stuff in one place. Logo for Google Drive

0 comments:

Post a Comment