![]() | INTERNATIONAL MEDIA (2) |
နိုင်ငံတကာသတင်းများ (၂)
(The Indian Express မှ 16 July 2013 ရက်စွဲပါ “Gunfight between militant factions in Indo-Myanmar border”သတင်းကိုဘာသာပြန်ဆိုသည်)
(16 July 2013 ရက်စွဲပါ UPI မှ Myanmar not yet off the hook ကို ဘာသာပြန်ဆိုသည်)
အိန္ဒိယ-မြန်မာ နယ်စပ်တွင် သူပုန်အုပ်စုကွဲများအကြားတိုက်ပွဲဖြစ်
(The Indian Express မှ 16 July 2013 ရက်စွဲပါ “Gunfight between militant factions in Indo-Myanmar border”သတင်းကိုဘာသာပြန်ဆိုသည်)
Photo Credit By Online
အိန္ဒိယ-မြန်မာနယ်စပ် အဏိပူရပြည်နယ် အူကရူးခရိုင်တွင် ပြိုင်ဖက်အုပ်စုနှင့်ဖြစ်ပွားသော တိုက်ပွဲအတွင်း နာဂါ လန်အမျိုးသား ဆိုရှယ်လစ်ကောင်စီ အိုင်ဇက်မူမားအုပ်စု(NSCN-IM)မှ တပ်ဖွဲ့ဝင်ပာု ယူဆရသူတစ်ဦး သေဆုံးသွားကြောင်း သိရှိရသည်။
ဒေသခံသတင်းများ၏အဆိုအရ NSCN-IM တပ်ဖွဲ့ဝင်များသည် ၎င်းတို့၏ ပြိုင်ဖက်အုပ်စုတပ်ဖွဲ့များ တည်းခိုနေ သော ဝမ်လီကျေးရွာစုဝေး ခန်းမဆောင်ကို တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
နာရီပေါင်းများစွာကြာသော တိုက်ပွဲအတွင်း(NSCN-IM) တပ်ဖွဲ့ဝင်တစ်ဦးကျဆုံးသွားပြီး ပြိုင်ဖက်အုပ်စုမှ ဒဏ်ရာ ရသူနှစ်ဦးကို(NSCN-IM)တပ်ဖွဲ့ဝင်များက ဖမ်းဆီးခေါ်ဆောင် သွားကြသည်ပာု သတင်းများကဆိုပါသည်။
တိုက်ပွဲအပြီးတွင် အနီးအနားမှ တောအုပ်အတွင်းသို့ နှစ်ဖွဲ့စလုံးဝင်ရောက် တိမ်းရှောင်သွားခဲ့ကြသည်။ ၎င်းသူပုန် အဖွဲ့များသည် မြန်မာနိုင်ငံဖက်မှာ လတ်တလော ဝင်ရောက်လာခြင်းပာုတ်မပာုတ်ကို မိမိတို့စုံစမ်းစစ်ဆေး သွားမည်ပာု ဝမ်လီ ရွာ နှင့် ၁၁၂ ကီလိုမီတာဝေးသော ကာဆွန်ခူလန် ခရိုင်ခွဲမှ ရဲတပ်ဖွဲ့ဝင်က ပြောကြားသည်။
မဏိပူပြည်နယ်အတွင်းရှိ အိန္ဒိယ-မြန်မာနယ်စပ်ဒေသများဖြစ်သော ယူကရူးနှင့်ချန်ဒါးခရိုင်များတွင် သူပုန်အုပ်စု များစွာမှ တပ်ဖွဲ့ဝင်များ ပေါ်ပေါ်ထင်ထင် လှုပ်ရှားလျက်ရှိသည်ပာု ရဲတပ်ဖွဲ့ကဆိုပါသည်။
မြန်မာနိုင်ငံသည် ခက်ခဲသော အခြေအနေကို မလွတ်မြောက်သေး
(16 July 2013 ရက်စွဲပါ UPI မှ Myanmar not yet off the hook ကို ဘာသာပြန်ဆိုသည်)