Transparency Myanmar

transparency.myanmar@gmail.com

INTERNATIONAL MEDIA (2)
Document

Snapshot of the item below:
INTERNATIONAL MEDIA (2)

နိုင်ငံတကာသတင်းများ (၂)

  1. ကိုရီးယား၊ တရုတ်၊ ဂျပန်တို့ မြန်မာဈေးကွက်တွင် အပြိုင်အဆိုင်ခြေချ

(The Korea Times မှ 21 July 2013 ရက်စွဲပါ “Korea, China, Japan Vying for Myanmar”သတင်းကို ဘာသာပြန် ဆိုသည်)

  1. ငါးမွေးမြူရေးကဏ္ဍတွင် မြန်မာကိုအမေရိကန်ကူညီမည်

(Xinhua မှ 21 July 2013 ရက်စွဲပါ “U.S to help Myanmar with fish farming”သတင်းကို ဘာသာပြန်ဆိုသည်)

  1. ရိုဟင်ဂျာများကို လူမှောင်ခိုကူးမှု ပြုလုပ်ခြင်းမရှိဟု ထိုင်းရေတပ်ငြင်းဆို

 (Reuters သတင်းဌာန၏ 21 July 2013 ရက်စွဲပါ Thailand denies smuggling Rohingya Muslims ကိုဘာသာပြန် ဆိုသည်)


ကိုရီးယား၊ တရုတ်၊ ဂျပန်တို့ မြန်မာဈေးကွက်တွင် အပြိုင်အဆိုင်ခြေချ

(The Korea Times မှ 21 July 2013 ရက်စွဲပါ “Korea, China, Japan Vying for Myanmar”သတင်းကို ဘာသာပြန် ဆိုသည်)

အရှေ့တောင်အာရှ၌ မဖွံ့ဖြိုးသေးသော ဈေးကွက်အဖြစ် ကျန်နေခဲ့သည့် မြန်မာနိုင်ငံတွင် အသာစီးရရန်အတွက် တောင်ကိုရီးယား၊ တရုတ်၊ ဂျပန်တို့အပြင်းအထန် ပြိုင်ဆိုင်လျက်ရှိသည်။

၂၀၁၁ အာဏာရလာပြီးနောက် စီးပွားရေး၊ နိုင်ငံရေး အပြောင်းအလဲများ ဆက်တိုက်ပြုလုပ်ခဲ့သူ သမ္မတဦးသိန်းစိန်၏ တံခါးဖွင့်မူဝါဒအားကိုးဖြင့် အာရှအင်အားကြီးသုံးနိုင်ငံသည် လူဦးရေးသန်း ၆၀ မြန်မာဈေးကွက်သို့ ရင်းနှီးမြှုပ်နှံမှုများ တိုးမြှင့် နေကြသည်။

တောင်ကိုရီးယား၏ အကြီးဆုံးပင်လယ်ရပ်ခြား စွမ်းအင်စီမံကိန်းဖြစ်သော ရွှေဓာတ်ငွေ့ပရောဂျက်တွင် Daewoo International ၏ ရင်းနှီးမြှုပ်နှံမှု ဒေါ်လာ နှစ်ဘီလီယံအပါအဝင် စုစုပေါင်း ဒေါ်လာနှစ်ဘီလီယံ အပါအဝင် စုစုပေါင်းဒေါ်လာ သုံးဘီလီယံခန့် တောင်ကိုရီးယားက မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံထားကြောင်း နိုင်ငံပိုင်ကိုရီးယားကုန်သွယ်မှု ရင်းနှီးမြှုပ်နှံမှု မြှင့်တင်ရေး အေဂျင်စီကဆိုပါသည်။

မြန်မာနိုင်ငံ၏ ပြည်တွင်းဈေးကွက်ဖွံ့ဖြိုးရေးအလားအလာနှင့် လုပ်အားခဈေးချိုမှုတို့ကို အားသာချက်ရယူရန် အတွက် လာမည့်နှစ်များအတွင်း မြန်မာနိုင်ငံတွင် လုပ်ငန်းချဲ့ရန် တောင်ကိုရီးယားကုမ္ပဏီများ ပြင်ဆင်နေကြသည်။

တပ်မတော်အစိုးရလက်ထက် မြန်မာနိုင်ငံကို အရေးယူထားသော Sanction များကိုလည်း အနောက်အုပ်စုနိုင်ငံ များက ရုတ်သိမ်းပေးနေကြပြီဖြစ်ရာ မြန်မာနိုင်ငံ၏ စီးပွားရေး ရာသီဥတုသည်လည်း တိုးတက်ကောင်းမွန်လာနေသည်။

ဆမ်ဆောင်း ကုမ္ပဏီက ရန်ကုန်တွင် မိုဘိုင်းဖုန်းတပ်ဆင်စက်ရုံတည်ဆောက်ရန် စဉ်းစားနေသည်ပာု ပြောကြားထား ပြီး Korea Development Bank အပါအဝင် အကြီးစားကိုရီးယားဘဏ် ၆ ခုခန့်ကလည်း ရန်ကုန်တွင် ရုံးခွဲများဖွင့်လှစ်ရန် စီစဉ်နေကြသည်။

ကိုရီးယား ကုမ္ပဏီများ မြန်မာနိုင်ငံတွင် တိုးချဲ့နေခြင်းကို ကိုရီးယားအစိုးရကလည်း တက်တက်ကြွကြွ အားပေးပံ့ပိုး လျက်ရှိသည်။

တရုတ်နိုင်ငံမှာမူ မြန်မာနိုင်ငံ၌ အလှုပ်ရှားဆုံး ရင်းနှီးမြှုပ်နှံသူဖြစ်သည်။ အမှန်စင်စစ် တရုတ်တို့သည် ပြီးခဲ့သော မတ်လကုန်အထိ ဒေါ်လာ ၁၄.၁ ဘီလီယံဖြင့် မြန်မာနိုင်ငံတွင် အများဆုံးရင်းနှီးမြှုပ်နှံထားသည်။ ယင်းပမာဏသည် မြန်မာ နိုင်ငံ၏ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုဇယားတွင် ၃၃.၆ ရာခိုင်နှုန်းရှိပြီး ပောာင်ကောင်၏ရင်းနှီးမြှုပ်နှံမှု ဒေါ်လာ ၆.၄ ဘီလီယံမှာ ၁၅.၁ ရာခိုင်နှုန်းရှိသည်။

မြန်မာနိုင်ငံတွင် ဒေါ်လာသန်း ၂၇၀ ရင်းနှီးမြှုပ်နှံထားသော ဂျပန်နိုင်ငံသည် အဆိုပါ သုံးနိုင်ငံအနက် ပမာဏအနည်း ဆုံးဖြစ်နေသည်။ သို့သော် ဂျပန်အစိုးရသည် မနှစ်ကစ၍ မြန်မာနိုင်ငံ၌ ရင်းနှီးမြှုပ်နှံမှုကို အသည်းအသန်တိုးချဲ့လျက်ရှိသည်။

ဂျပန်အစိုးရသည် မြန်မာတို့ချေးထားသော အကြွေးဒေါ်လာ ၅.၂ ဘီလီယံကို လျှော်ပေးခဲ့ပြီးနောက် တရား ဝင်ဖွံ့ဖြိုးရေးအထောက်အပံ့ ဒေါ်လာ သန်း ၇၀၀ ဖိုးကူညီထားသည်။ ယင်းအစီအစဉ်၏အားကိုးဖြင့် ဂျပန်တို့၏ လျှပ်စစ်၊ သဘာဝစွမ်းအင်၊ ဘဏ္ဍာရေး၊ မော်တော်ကားနှင့် အထည်အလိပ် ကုမ္ပဏီများ မြန်မာနိုင်ငံသို့ ဝင်ရောက်လာခဲ့ကြသည်။

ထို့အပြင် မစ်ဆူဘီရှီ၊ မာရူဘီနီ၊ ဆူမီတိုမိုစသော အကြီးစားကုန်သွယ်ရေး ကော်ပရေးရှင်းကြီးများသည် မြန်မာနိုင်ငံ ၏ အရှေ့မြောက်ဒေသတွင် အကြီးစားစက်မှုဇုန်တည်ဆောက်ရန် စီစဉ်နေခြင်းကြောင့် မြန်မာနိုင်ငံ၌ ဂျပန်တို့၏ ရင်းနှီးမြှုပ်နှံ မှုကြီးထွားလာတော့မည်ပာု မျှော်လင့်ရသည်။


 

ငါးမွေးမြူရေးကဏ္ဍတွင် မြန်မာကိုအမေရိကန်ကူညီမည်

(Xinhua မှ 21 July 2013 ရက်စွဲပါ “U.S to help Myanmar with fish farming”သတင်းကို ဘာသာပြန်ဆိုသည်)

မြန်မာနိုင်ငံ၏ ရေချိုတယားဗီးယားငါးမွေးမြူရေးလုပ်ငန်းကို ကူညီရန် အမေရိကန်ပြည်ထောင်စုက နည်းပညာ အထောက်အပံ့ပေးမည်ပာု တနင်္ဂနွေနေထုတ် အစိုးရသတင်းစာတွင် ဖော်ပြထားသည်။

မြန်မာနိုင်ငံအား အရည်အသွေးမြင့် ငါးနှင့် ရေထွက်ကုန်များတင်ပို့နိုင်စွမ်းရှိစေရန်အတွက် တလားဗီးယားငါး မွေးမြူရေးလုပ်ငန်းကို မြှင့်တင်ရန် ကြိုးပမ်းသည့်အနေဖြင့် ကျွမ်းကျင်သူများပါဝင်သော အမေရိကန်ကိုယ်စားလှယ်အဖွဲ့က အကြံဥာဏ်နှင့် နည်းပညာများပေးမည်ပာု မြန်မာ့ငါးလုပ်ငန်းဌာနက ပြောကြားကြောင်း သတင်းစာတွင်ပါရှိသည်။

ထို့အပြင် အော်ဂဲနစ်ငါးမွေးမြူရေးလုပ်ငန်းကို လုပ်ကိုင်နိုင်စေရန်အတွက်လည်း အမေရိကန်အဖွဲ့က ကူညီဦးမည်ပာု သိရှိရသည်။

လက်ရှိတွင် မြန်မာနိုင်ငံသည် ရေထွက်ကုန်အမျိုးအမည် ၁၂၀ ခန့်ကို ပြည်ပသို့တင်ပို့လျက်ရှိသည်။

မြန်မာနိုင်ငံတွင် အအေးခန်း ရေထွက်ကုန်စက်ရုံ ၁၀၀ ကျော်ခန့်ရှိသော်လည်း အချို့စက်ရုံများသာ အရည်အသွေး မြင့်ပစ္စည်းကို ထုတ်လုပ်နိုင်သည်။

မတ်လတွင် ကုန်ဆုံးခဲ့သော ၂၀၁၂-၂၀၁၃ ဘဏ္ဍာရေးနှစ်တွင် ရေထွက်ပစ္စည်းတန်ချိန် ၃၇,၀၀၀ ခန့်ကို မြန်မာနိုင်ငံ က တင်ပို့ခဲ့သည်ပာု တရားဝင်ကိန်းဂဏန်းများကဆိုသည်။

ထိုအတောအတွင်း အီးယူက ယခင်တပ်မတော်အစိုးရအပေါ် အရေးယူထားသော Sanctions များကို ရုတ်သိမ်း ပေးပြီးနောက် မြန်မာနိုင်ငံမှ ပင်လယ်စာထွက်ကုန်တင်သွင်းရန် အစီအစဉ်ကို အကောင်အထည်ဖော် နေပြီဖြစ် သောကြောင့် ယခုနှစ်တွင် မြန်မာ့ပင်လယ်စာထွက်ကုန်တင်ပို့မှု မြင့်တက်လာတော့မည်ပာု မျှော်လင့်ရသည်။

အီးယူ၊ အမေရိကန်ပြည်ထောင်စုနှင့် အခြားနိုင်ငံများမှ ဝယ်လက်များက တလားဗီးယားကဲ့သို့ မွေးမြူရေး ငါးနှင့် သဘာဝပုဇွန် ကမ္ဘာ့ဝယ်လိုအား မြင့်တက်နေခြင်းကို ဖြည့်ဆည်းရန်အတွက် မြန်မာ့ရေထွက်ကုန်ပစ္စည်းထုတ်လုပ်မှုကို လေ့လာနေကြသည်ပာု သိရှိရသည်။


ရိုဟင်ဂျာများကို လူမှောင်ခိုကူးမှု ပြုလုပ်ခြင်းမရှိဟု ထိုင်းရေတပ်ငြင်းဆို

 (Reuters သတင်းဌာန၏ 21 July 2013 ရက်စွဲပါ Thailand denies smuggling Rohingya Muslims ကိုဘာသာပြန် ဆိုသည်)

မြန်မာနိုင်ငံတွင် ဖိနှိပ်ချုပ်ခြယ်မှုများကြောင့် ထွက်ပြေးတိမ်းရှောင်လာကြရသည့် ရိုဟင်ဂျာမွတ်စလင်များကို ထိုင်းရေ တပ်မှ တပ်ဖွဲ့ဝင်များက လူမှောင်ခိုကူးခြင်း၊ တရားမဝင်ခိုးသွင်းခြင်းတို့ပြုလုပ်ပြီး အမြတ်ထုတ်လျက်ရှိသည်ဟူ သော Reuters သတင်းဌာန၏ သတင်းပေးပို့ချက်ကို ထိုင်းရေတပ်ကငြင်းပယ်လိုက်ကြောင်းသိရသည်။

Reuters သတင်းဌာနက စုံစမ်းဖော်ထုတ်ရေးသားရာတွင် မြန်မာနိုင်ငံမှထွက်ပြေးတိမ်းရှောင်ခဲ့သော ရိုဟင်ဂျာ များနှင့် မှောင်ခိုလုပ်ငန်းလုပ်ကိုင်သူများကိုတွေ့ ဆုံမေးမြန်းခဲ့ရာထိုင်းရေတပ်လုံခြုံရေးတပ်ဖွဲ့ဝင်များသည် ရိုဟင်ဂျာမွတ်စလင် များကို လူမှောင်ခိုကူးရာ၌ ပါဝင်ပတ်သက်မှုရှိနေကြောင်း တွေ့ရှိခဲ့သည်။

ထိုင်းတောင်ပိုင်းဒေသ အနောက်ဘက်ကမ်းရိုးတန်တွင် အခြေချလုပ်ကိုင်လျက်ရှိသည့်မှောင်ခိုကူးသည့် ကွန်ယက် သည် ရိုဟင်ဂျာမွတ်စလင်များအတွက် ကောင်းကင်ဘုံတစ်ခုသဖွယ်ဖြစ်သည့် မလေးရှားနိုင်ငံသို့ ရိုဟင်ဂျာထောင်ပေါင်း များစွာကို ပို့ဆောင်ပေးလျက်ရှိသည်။

 “အဲဒီလို စွပ်စွဲချက်တွေဟာ မှန်ကန်မှုမရှိပါဘူး” ဟု ထိုင်းတော်ဝင်ရေတပ်၏ ပြောရေးဆိုခွင့်ရှိသူ Wipan Chamachote ကပြောကြားသည်။ “ထိုင်းနိုင်ငံကို ဝင်ရောက်လာကြတဲ့ ရိုဟင်ဂျာတွေနဲ့ပတ်သက်ပြီး ကျွန်တော်တို့ ဝန်ထမ်းတွေကအလွဲသုံးစားလုပ်တာမျိုးကို မတွေ့ရသလို လူကုန်ကူးမှုအတွက် ငွေကြေးလွှဲပြောင်းပေးတာမျိုးလည်းမရှိပါဘူး” Reuters သတင်းဌာနက အင်တာဗျူးပြုလုပ်ရာတွင် ထိုင်းရေတပ်မှပုဂ္ဂိုလ်တစ်ဦးတစ်ယောက်အဖြစ် မှားယွင်းစွာ မေးမြန်းမိ ခဲ့ခြင်းဖြစ်နိုင်ကြောင်း၊ သို့သော် မိမိအနေဖြင့်လူမှောင်ခိုကူးမှုတွင် ထိုင်းရေတပ် ပါဝင်ပတ်သက်နေသည်ဟု သွယ်ဝိုက်ပြော ဆိုခြင်းမရှိခဲ့ပါကြောင်း ၎င်းကဖြည့်စွက်ပြောကြားသည်။

ထိုင်းကမ်းခြေဒေသတွင် တော်ဝင်ရေတပ်အပြင် ထိုင်းရေကြောင်းရဲတပ်ဖွဲ့နှင့်စစ်တပ်မှတပ်မှူးများ၏ ထိန်းချုပ်မှု အောက် တွင်ရှိသော စစ်သည်များလည်းကင်းလှည့်စောင့်ကြပ်လျက်ရှိသည်။

ပြီးခဲ့သည့် သောကြာနေ့တွင် ဝန်ကြီးချုပ် ရင်းလတ်ရှင်နာဝပ်က လူကုန်ကူးမှုတွင် ပါဝင်ပတ်သက်နေသူများကို အရေးယူရန် အလုပ်သမားဝန်ကြီးဌာနအား အမိန့်ပေးခဲ့သည်။ သို့သော် ရေတပ်နှင့်ပတ်သက်သော စွပ်စွဲပြောဆိုမှုများကို ကိုကားပြောဆိုမှုမပြုခဲ့ပေ။

 “Reuters သတင်းဌာနက ဖော်ထုတ်တွေ့ရှိချက်ကြောင့် ဝန်ကြီးချုပ်ရင်းလတ်အနေနဲ့ အဲဒီစွပ်စွဲချက်တွေကို အရေးတကြီး စုံစမ်းဖော်ထုတ်ဖို့ အမိန့်ပေးရတဲ့အထိဖြစ်သွားပါတယ်။ ဒါပေမဲ့လည်း ယနေ့အချိန်အထိ ထွက်ပေါ်လာတဲ့ စုံစမ်းဖော်ထုတ်မှုတွေဟာ အောက်ခြေအဆင့်ထိမရောက်သေးပါဘူး” ဟု Human Rights Watch မှ အာရှဒါရိုက်တာ Phil Robertson ကပြောကြားသည်။

Reuters သတင်းဌာန၏ စုံစမ်းဖော်ထုတ်ရေးသားခဲ့မှုအရ ငွေကြေးပေးဆောင်နိုင်ခြင်းမရှိသော ရိုဟင်ဂျာများမှာ လူကုန်ကူးသူများလက်ဝယ်သို့ အပ်နှံခြင်းခံရသည်။ လူကုန်ကူးသူများသည် တစ်ခါတရံတွင် ရိုဟင်ဂျာအမျိုးသားများကို ထိုင်းငါးဖမ်းသင်္ဘောများ သို့မဟုတ် လယ်ယာလုပ်သူများထံသို့ အလုပ်အစေအပါးအဖြစ် ရောင်းချလေ့ရှိသည်။

ရိုဟင်ဂျာများသည် နောက်ပိုင်းတွင် ထိုင်းနိုင်ငံ၏ ဒေါ်လာ ၈ ဘီလီယံတန်ဖိုးရှိသော ရေထွက်ကုန်ပြည်ပတင်ပို့သည့် လုပ်ငန်းများသို့ဝင်ရောက်သွားကြကြောင်း၊ ယင်းရေထွက်ကုန်များသည် အမေရိကန်ပြည်ထောင်စု၊ ဂျပန်နှင့် ဥရောပသို့ တင်ပို့လျက်ရှိကြောင်း သိရသည်။

ဤအတောအတွင်းမှာပင် မြန်မာနိုင်ငံတွင် ရိုဟင်ဂျာများကို လူမျိုးတုန်းသတ်ဖြတ်မှုများပြုလုပ်လျက်ရှိသည်ဟူသော စွပ်စွဲချက်များကို သမ္မတဦးသိန်းစိန်က ငြင်းပယ်ခဲ့ပြီး ယင်းစွပ်စွဲချက်များသည် ၎င်း၏ အစိုးရ ဂုဏ်သိက္ခာကျဆင်းစေရန် လှုံ့ဆော်မှုများပင်ဖြစ်ကြောင်းပြောကြားသည်။

သမ္မတဦးသိန်းစိန်သည် ပြင်သစ်နိုင်ငံသို့ ရောက်ရှိနေစဉ် France 24 ရုပ်သံနှင့် တွေ့ဆုံမေးမြန်းခန်းတွင် မြန်မာအ စိုးရသည် လူမျိုးတုန်းသတ်ဖြတ်မှုများ ပြုလုပ်ခြင်းမရှိကြောင်း ပြောကြားသည်။

“ပြည်ပကအင်အားစုတွေက ချဲ့ကားပြောဆိုနေတာပါ။ မှန်ကန်မှုမရှိတဲ့ သတင်းတွေပဲဖြစ်ပါတယ်။ လူမျိုးဖြုတ် သတ်ဖြတ် တယ်ဆိုတာ ဘယ်လိုမှကိုမရှိပါဘူး။ ဒါဟာအစိုးရကို တိုက်ခိုက်တဲ့ လှုံ့ဆော်မှုတွေပဲဖြစ်ပါတယ်။ ရခိုင်ပြည်နယ် မှာဖြစ်တဲ့ကိစ္စဟာ လူမျိုးတုန်းသတ်ဖြတ်မှုမဟုတ်ပါဘူး” ဟု ဦးသိန်းစိန်ကပြောကြားသည်။



Google Drive: create, share, and keep all your stuff in one place. Logo for Google Drive

0 comments:

Post a Comment