Transparency Myanmar

transparency.myanmar@gmail.com

CURRENT NEWS
Document

Snapshot of the item below:
CURRENT NEWS

ပြည်တွင်း နိုင်ငံရေး၊ စီးပွားရေး သတင်းစဉ်

  1. နေပြည်တော်တွင် တပ်မတော် ကာကွယ်ရေးဦးစီးချုပ်နှင့် တရုတ်ဗဟိုစစ်ကော်မရှင် ဒုဥက္ကဋ္ဌတို့   တွေဆုံမည်
  2. မြန်မာ - ဗီယက်နမ် လွှတ်တော်နှစ်ရပ် ပူးပေါင်းဆောင်ရွက်မည်
  3. မြန်မာနိုင်ငံ၏ နိုင်ငံခြားရင်းနှီးမြှပ်နှံမှုကဏ္ဍတွင် ၉ လအတွင်း ကန်ဒေါ်လာသန်း ၁၀၀၀ ရှိနေ

နေပြည်တော်တွင် တပ်မတော် ကာကွယ်ရေးဦးစီးချုပ်နှင့် တရုတ်ဗဟိုစစ်ကော်မရှင် ဒုဥက္ကဋ္ဌတို့   တွေဆုံမည်

တရုတ် - မြန်မာ ပြည်ဝခြုံငုံသော မဟာဗျုဟာပူးပေါင်းဆောင်ရွက်မှု လက်တွဲမိတ်’ အစီအစဉ်ကို ပိုမိုခိုင်မြဲစေရန် ရည်ရွယ်၍  တရုတ်နိုင်ငံ ဗဟိုစစ်ရေး ကော်မရှင် ဒုဥက္ကဋ္ဌ  Mr. Fan Changlong သည် ဇူလိုင်လ ၂၂ ရက်၊ မြန်မာနိုင်ငံ သို့  တရားဝင် အလည်အပတ်ခရီး လာရောက်ခဲ့ကြောင်း သိရသည်။

၎င်း၏ မြန်မာနိုင်ငံခရီးစဉ်အတွင်း  ဇူလိုင်လ ၂၃ ရက်နေ့တွင် နေပြည်တော်၌ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့်  တွေ့ဆုံဆွေးနွေးမှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။

ထို့ပြင် မြန်မာနှင့် တရုတ်တပ်မတော်ကြား နှစ်နိုင်ငံပူးတွဲဆောင်ရွက်မှု ကဏ္ဍမြှင့်တင်ရေးနှင့် ဒေသတွင်း ငြိမ်းချမ်းရေးကို ထိန်းသိမ်းနိုင်ရေးအတွက်  အပြန်အလည်နားလည်မှုတိုးမြှင့်ရေးကို  ဆောင်ရွက်သွားမည်ဖြစ်ကြောင်း  တရုတ်နိုင်ငံ ဗဟိုစစ်ကော်မရှင် ဒုဥက္ကဋ္ဌ ဗိုလ်ချုပ်ဖန်ချန်လုံ၏ ထုတ်ပြန်ချက်တွင် ဖော်ပြ ထားကြောင်း သိရသည်။

မကြာသေးမီကလည်း မြန်မာ-တရုတ်နှစ်နိုင်ငံအကြား ပေါက်ဖော်ချစ်ကြည်ရင်းနှီးမှုကို မွေးမြူ၍ အပြန်အလှန်ကူညီမှုများကို ကမ်းလှမ်းကာ နှစ်ပြည်ထောင်အကြားနှင့် တပ်မတော်နှစ်ရပ်အကြား သင့်တင့်သောကဏ္ဍများတွင် လက်တွေ့ပူးပေါင်း ဆောင်ရွက်မှုကို မြှင့်တင်ခြင်းဖြင့် ပြည်သူနှစ်ရပ်၏ အခြေခံအကျိုးစီးပွားညီညွှတ်မျှတရုံမျှမက ကမ္ဘာနှင့် ဒေသကြီး၏ အေးချမ်းရေးနှင့် တည်ငြိမ်ရေးကို ပံ့ပိုးပေးခဲ့ကြောင်း သိရသည်။

ထို့ပြင် ဗဟိုစစ်ကော်မရှင် ဒုဥက္ကဋ္ဌ ဗိုလ်ချုပ်ဖန်ချန်လုံသည် ပြီးခဲ့သည် ၂၀၁၀ ခုနှစ် ဇွန်လအတွင်း မြန်မာနိုင်ငံသို့ ပထမအကြိမ် လာရောက်ခဲ့ခြင်းဖြစ်ပြီး ပြည်သူလွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းနှင့်လည်း တွေ့ဆုံဆွေးနွေးမှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။

ယခုလာရောက်သည့် ခရီးစဉ်တွင် ဗဟိုစစ်ကော်မရှင် ဒုဥက္ကဋ္ဌနှင့် အတူ တရုတ်ပြည်သူ့လွှတ်မြောက်ရေး တပ်မတော်ရေတပ်၊ လေတပ်တို့မှ အကြီးတန်းအရာရှိတို့ လိုက်ပါလာခဲ့ကြောင်း သိရသည်။

မစ္စတာ ဖန်ချန်လုံသည် မြန်မာနိုင်ငံအပြင် ကာဇက်စတန်နှင့် ထိုင်းနိုင်ငံသို့လည်း အလည်အပတ်ခရီး သွားရောက်ခဲ့ကြောင်း သိရသည်။

YC


 

မြန်မာ - ဗီယက်နမ် လွှတ်တော်နှစ်ရပ် ပူးပေါင်းဆောင်ရွက်မည်

မြန်မာနိုင်ငံ၏ ပြည်ထောင်စုလွှတ်တော်နှင့် ဗီယက်နမ်နိုင်ငံရှိ အမျိုးသားလွှတ်တော်အကြား ပူးပေါင်းဆောင်ရွက်နိုင်ရေး အတွက် နားလည်မှုစာချွန်လွှာကို ဇူလိုင်လ ၂၄ ရက်နေ့တွင် လက်မှတ်ရေးထိုးသွားမည်ဖြစ်ကြောင်း အမျိုးသား လွှတ်တော်ဥက္ကဋ္ဌ ဦးခင်အောင်မြင့်မှ ပြောကြားသည်။

ထိုသို့လွှတ်တော်နှစ်ရပ် ပူးပေါင်းဆောင်ရွက်နိုင်ရေးအတွက် ဇူလိုင်လ ၂၃ ရက်နေ့တွင် ပြုလုပ်ကျင်းပခဲ့သော ပြည်သူ့လွှတ်တော် အစည်းအဝေးတွင် ညှိနှိုင်းဆွေးနွေးရာ သဘောတူညီမှုရရှိခဲ့ပြီး ပြည်ထောင်စုလွှတ်တော် နာယက၏ ဖိတ်ကြား ချက်အရ ဗီယက်နမ်အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ Nguyen Sinh Hung ခေါင်းဆောင်သော ကိုယ်စားလှယ် အဖွဲ့သည် ဇူလိုင်လ ၂၄ ရက်နေ့တွင် မြန်မာနိုင်ငံသို့ ချစ်ကြည်ရေးခရီး လာရောက်မည်ဖြစ်ကြောင်း သိရသည်။

ထို့ပြင် ဗီယက်နမ်အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ Nguyen Sinh Hung ၏ မြန်မာနိုင်ငံခရီးစဉ်တွင် ပြည်ထောင်စု လွှတ်တော်တွင် မိန့်ခွန်းပြောကြားသွားမည်ဖြစ်ကြောင်း သိရသည်။

မြန်မာနိုင်ငံနှင့် ဗီယက်နမ်ဆိုရှယ်လစ် သမ္မတနိုင်ငံတို့၏ အမျိုးသား လွှတ်တော်နှစ်ရပ်အကြား ပူးပေါင်းဆောင်ရွက်မည့် နားလည်မှုစာချွန်လွှာတွင် လွှတ်တော်နှစ်ရပ်အကြား ပူးပေါင်းဆောင်ရွက်ရေးကို မြှင့်တင်နိုင်ရေး၊ နှစ်ဘက်စလုံးမှ အဓိပ္ပါယ် ပြည့်ဝစွာဖြင့် လွှတ်တော်ချင်း ထိရောက်စွာဆောင်ရွက်နိုင်ရေးတို့အတွက် အပုဒ် ၉ ပုဒ်ပါ အချက်အလက်များ ပါဝင်ကြောင်း သိရသည်။

ပြည်ပနိုင်ငံများရှိ လွှတ်တော်များနှင့် ပူးပေါင်းဆောင်ရွက်နိုင်ရန်အတွက် အမျိုးသားလွှတ်တော်တွင် ချစ်ကြည်ရေး အသင်းများကို ဇွန်လ ၂၆ ရက်နေ့တွင် စတင်ဖွဲ့စည်းပေးခဲ့သည်။ ယခု ဗီယက်နမ်နိုင်ငံနှင့် လွှတ်တော်ချစ်ကြည်ရေး အသင်းတွင် ဥက္ကဋ္ဌအဖြစ် ဦးနေဝင်းထွန်းနှင့် အတွင်းရေးမှူးအဖြစ် ဦးဇုံလှယ်ထန်းတို့က တာဝန်ယူဆောင်ရွက် လျက်ရှိကြောင်း သိရသည်။

YC


 

မြန်မာနိုင်ငံ၏ နိုင်ငံခြားရင်းနှီးမြှပ်နှံမှုကဏ္ဍတွင် ၉ လအတွင်း ကန်ဒေါ်လာသန်း ၁၀၀၀ ရှိနေ

မြန်မာနိုင်ငံ၏ ပြည်တွင်းအလုပ်အကိုင် အခွင့်အလမ်းများ ဖန်တီးရရှိနိုင်မည့် ကုန်ထုတ်လုပ်မှုကဏ္ဍတွင် ၉ လအတွင်း အမေရိကန် ဒေါ်လာသန်း ၁၀၀၀ နီးပါးခန့် ရှိနေကြောင်း မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင် (MIC)က ထုတ်ပြန်ကြေညာသည်။

MIC ၏ထုတ်ပြန်ချက်တွင် မြန်မာနိုင်ငံ၏ ကုန်ထုတ်လုပ်မှုကဏ္ဍတွင် ၂၀၁၂ ခုနှစ်၊ စက်တင်ဘာ ၃၀ ရက်အထိ လုက်ငန်း ပေါင်း ၉၄ ခုမှ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုပမာဏ အမေရိကန်ဒေါ်လာသန်း ၆၀၀ ကျော်ရှိခဲ့ပြီး ၂၀၁၂ ခုနှစ် အောက်တိုဘာလမှ ၂၀၁၃ ခုနှစ်ဇွန်လ ၃၀ ရက်နေ့အထိ လုပ်ငန်း ၁၅၅ ခုမှ နိုင်ငံခြားရင်းနှီးမြှပ်နှံမှုပမာဏ အမေရိကန်ဒေါ်လာသန်း ၁၀၀၀ နီးပါး ရှိခဲ့ကြောင်း သိရသည်။

“မြန်မာနိုင်ငံ ရင်းနှီးမြှပ်နှံမှုကော်မရှင် အသစ်စတင်ဖွဲ့စည်းပြီးတဲ့ စက်တင်ဘာကနေ အခု ဇွန်လ ၃၀ ရက်နေ့အထိ ယှဉ်ကြည့်မယ်ဆိုရင် ဂက်စ်ကဏ္ဍက နည်းနည်းလျော့သွားတာ တွေ့ရပါလိမ့်မယ်။ နောက်တစ်ခုက အလုပ်အကိုင်အခွင့် အလမ်းတွေ ဖန်တီးပေးနိုင်မယ့် Manufacturing ကဏ္ဍတွေမှာတော့ နှစ်ရာခိုင်နှုန်းကနေ သုံးရာခိုင်နှုန်းအထိ တက်လာတာ တွေ့ရလိမ့်မယ်။ Project အနေနဲ့ဆိုရင် ၉၄ ခုကနေ ၁၅၅ ခုအထိ တက်လာပါတယ်။ ဒါဟာအလုပ်အကိုင် အခွင့်အလမ်းတွေ အတွက် ကောင်းတဲ့အလားအလာလို့ မြင်ပါတယ်”ဟု မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင်(MIC) အဖွဲ့ ဝင် ဒေါ်ခိုင်ခိုင်နွယ်မှ ပြောသည်။

ထို့ပြင် မြန်မာနိုင်ငံ၏ ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာန၏ သတင်းထုတ်ပြန်ချက်များအရ မြန်မာနိုင်ငံ အတွင်း နိုင်ငံပေါင်း ၃၂ နိုင်ငံမှ ဝင်ရောက်လုပ်ကိုင်လျှက်ရှိပြီး တရုတ်နိုင်ငံမှ အမေရိကန်ဒေါ်လာ ၁၄ သန်းကျော်ဖြင့် အများဆုံး ရင်းနှီးမြှုပ်နှံထားပြီး ထိုင်းနိုင်ငံမှ ဒုတိယ၊ ပောာင်ကောင်မှ တတိယ၊ တောင်ကိုရီးယားနိုင်ငံမှ တတိယနှင့် ဗြိတိန်နိုင်ငံမှ အဆင့် ၅ နေရာတွင်ရပ်တည်လျှက်ရှိသည်။

လက်ရှိအချိန်တွင် မြန်မာနိုင်ငံအတွင်း နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများ ပြုလုပ်ဆောင်ရွက်နိုင်ရန် အမေရိကန်၊ အီးယူနှင့် ဂျပန်နိုင်ငံတို့မှ ကမ်းလှမ်းထားပြီး ၎င်းတို့နိုင်ငံများအနေဖြင့် မြန်မာနိုင်ငံ၏ အခြေခံအဆောက်အအုံ၊ လျှပ်စစ်ဓါတ်အား ထုတ်လုပ်ရေး၊ သယ်ယူပို့ဆောင်ရေး၊ ကုန်သွယ်ရေးနှင့် ဆိပ်ကမ်းတည်ဆောက်မှုတို့တွင် အဓိကထား ဝင်ရောက် ရင်းနှီးမြှုပ်နှံလိုခြင်းဖြစ်ကြောင်း သိရသည်။

ထို့ပြင် ယင်းနိုင်ငံများမှ မြန်မာနိုင်ငံ၏ အသေးစားနှင့် အလတ်စားလုပ်ငန်း(SMEs)ကဏ္ဍများတွင်လည်း ဝင်ရောက် လုပ်ကိုင်ရန် စိတ်ဝင်စားလျှက်ရှိသည်။

YC


 

 

 

 

 

 

 

 


Google Drive: create, share, and keep all your stuff in one place. Logo for Google Drive

0 comments:

Post a Comment