Transparency Myanmar

transparency.myanmar@gmail.com

Q & C
Document

Snapshot of the item below:
Q & C

သတင်းဆောင်းပါးမှ ကောက်နှုတ်ချက်များ 

"၁၉၈၈ ခုနှစ်မှာ ဒီမိုကရေစီ တောင်းဆိုတယ်။ တောင်းဆိုတဲ့ ကျောင်းသားတွေက နှစ်ဖွဲ့ကွဲသွားတယ်။ တစ်ဖွဲ့က မြို့မှာ ကျန်ခဲ့ပြီးတော့ ဒီမိုကရေစီရအောင် တောင်းဆိုတယ်။ နောက်တစ်ဖွဲ့က လက်နက်ကိုင်ပြီး တောင်းဆိုမယ်ဆိုပြီး တောထဲ ထွက်သွားတယ်။ သူတို့က သူတို့ရဲ့ ယုံကြည်ချက်အတွက် အနစ်နာခံခဲ့ကြတယ်။ နိုင်ငံတော် အစိုးရကလည်း ဒီမိုကရေစီ စနစ်ကို သွားနေတာဆိုတော့ စနစ်ကို တိုက်စရ မလိုတော့ဘူး။ စနစ်ကမှန်နေပြီ ဒီမှာလာပြီး ပူးပေါင်းဆောင်ရွက်တာပါ။ ဒီပွဲဟာ အောင်မြင်တဲ့ပွဲလို့ ပြောရမယ်"

သြဂုတ် ၁၁ ရက်နေ့ထုတ် Daily Eleven နေ့စဉ်ထုတ် သတင်းစာတွင်  ပါရှိသော “အစိုးရနှင့် ABSDF တို့ ပြည်နယ်အဆင့် ငြိမ်းချမ်းရေး ဆွေးနွေးပြီး ငါးရက်အကြာတွင် ပြည်ထောင်စုအဆင့် သဘောတူညီချက်များ လက်မှတ်ရေးထိုး”သတင်းမှ  နိုင်ငံတော်သမ္မတရုံး ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်း၏ ပြောကြားချက်အား ကောက်နှုတ် ချက်။


 

"ကျွန်တော်တို့ကလည်း ပြီးသလောက်လုပ်ပြီး ကျွန်တော်တို့ လုပ်တဲ့ဟာတွေ အားလုံးကို လွှတ်တော်မှာ ကတိကဝတ်များ ကော်မတီဆိုတာ ရှိတယ်။ အဲဒီမှာ ပေးခဲ့မယ်။ ပေးခဲ့ပြီး ပြီးအောင်ကြိုးစားပြီး လုပ်မယ်။ မပြီးရင်လည်း ကတိကဝတ် အနေနဲ့ ထားခဲ့မယ်။ နောက်အစိုးရအနေနဲ့လည်း မလုပ်လို့ မရပါဘူး။ သူတို့ကလည်း ဆက်လုပ်မှာပဲ။ အားလုံးကလည်း ငြိမ်းချမ်းရေးကို မလိုလားတဲ့သူ တစ်ယောက်မှ မရှိပါဘူး။ ငြိမ်းချမ်းရေးကို နောက်အစိုးရသစ်လည်း လုပ်မှာပဲ။ အခုလည်း လုပ်နေတာပဲ"

သြဂုတ် ၁၁ ရက်နေ့ထုတ် Daily Eleven နေ့စဉ်ထုတ်သတင်းစာတွင် ပါရှိသော “လက်ရှိအစိုးရ၏ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များအား လွှတ်တော်မှ ကတိကဝတ် ကော်မတီတွင် ထားရှိခဲ့မည်ဖြစ်၍ အစိုးရသစ် အနေဖြင့် ဆက်လက် ဆောင်ရွက်ရမည်ဟု ဝန်ကြီးဦးအောင်မင်းဆို” သတင်းမှ  ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်း၏ ပြောကြားချက်အား ကောက်နှုတ်ချက်။


 

"ဒီနေ့သာမန်အားဖြင့် ပြောနေကြပါတယ်။ နည်းဥပဒေများကို သက်ဆိုင်ရာ ပြည်ထောင်စုအဆင့် ပြည်ထောင်စု ဝန်ကြီးဌာနက ဥပဒေ ထုတ်ပြန်ရမယ်၊ မဖြစ်မနေ ထုတ်ပြန်ရမယ်လို့ ဒီလိုယူဆထားပါတယ်။ ဒီအယူအဆဟာ မှားပါတယ်။ ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၉၇ (က)အရ ပြည်ထောင်စုလွှတ်တော်သည် ဥပဒေပြဋ္ဌာန်းသည့်အခါ (၁) ဖွဲ့စည်းပုံ အခြေခံ ဥပဒေအရ ဖွဲ့စည်းထားသည့် ပြည်ထောင်စုအဆင့် အဖွဲ့အစည်းတစ်ရပ်အား ယင်းဥပဒေနှင့် သက်ဆိုင်သည့် နည်းဥပဒေ စည်းမျဉ်းနှင့် စည်းကမ်းများ ထုတ်ပြန်ခွင့်ကို အပ်နှင်းနိုင်သည်။ ပြည်ထောင်စုလွှတ်တော်က အပ်နှင်းမှသာ ထုတ်ပိုင်ခွင့် ရှိတယ်ဆိုတာကို မိမိတို့ ပြည်ထောင်စုလွှတ်တော်က ဒီသတိကင်းလွတ်နေတယ် ဆိုတာကို ပြန်သတိရဖို့ လိုပါတယ်။ ဒါကြောင့်မို့လို့ အဲဒီလို ဥပဒေ၊ နည်းဥပဒေ အမိန့်ကြေညာစာများကိုလည်း ပြည်ထောင်စုလွှတ်တော်က ထပ်ဆင့်ထုတ်ခွင့် ရှိသည်၊ ဒါကြောင့်မို့လို့ သက်ဆိုင်ရာ ပြည်ထောင်စုအဆင့်များက ဥပဒေ၊ နည်းဥပဒေ၊ လုပ်ထုံးလုပ်နည်း၊ အမိန့် ကြော်ငြာစာ၊ ညွှန်ကြားချက်များက ဥပဒေနဲ့ မညီညွတ်ဘူးဆိုရင် ပြင်ဆင်လို့လည်း ရတယ်။ ဒါကြောင့်မို့လို့ သတ္တုတွင်း ၀န်ကြီးဌာနက ပြီးခဲ့တဲ့ကာလက ထုတ်ပြန်ထားသော ဥပဒေသည် တရားမျှတသော ဥပဒေ ဟုတ်၊ မဟုတ် နိုင်ငံတော်နဲ့ နိုင်ငံသား အကျိုးစီးပွားကို ကာကွယ်စောင့်ရှောက်သော ဥပဒေ ဟုတ်၊ မဟုတ် ပြန်လည်သုံးသပ်ပြီး ဥပဒေရဲ့ အစကနေ အဆုံးအထိ မိမိတို့ ပြည်ထောင်စုလွှတ်တော်က ထုတ်ဆင့်ပိုင်ခွင့်ရှိကြောင်း သိရှိပြီး လိုအပ်တဲ့အခါမှာ ဒီလိုဆက်လက် ဆောင်ရွက် ဖို့လိုကြောင်း တင်ပြလိုပါတယ်"

၂၀၁၃ခုနှစ် သြဂုတ် ၁၁ရက်ထုတ် Daily Eleven နေ့စဉ်ထုတ် သတင်းစာတွင်“ပြည်ထောင်စု ဝန်ကြီးဌာနများက ဥပဒေများနှင့် စပ်လျဉ်းသည့် နည်းဥပဒေများ မဖြစ်မနေ ထုတ်ပြန်နေခြင်းသည် မှားယွင်းကြောင်း ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ပြောကြား “ ပြည်သူလွှတ်တော်ဥက္ကဋ္ဌ ဦးသူရရွှေမန်းက သတ္တမအကြိမ် လွှတ်တော်အစည်း အဝေးတွင် ပြောကြားချက်အား ကောက်နှုတ်ချက်။


“နိုင်ငံရေး ပြောင်းလဲလာတာကို ပြည်သူတွေက လက်ခံတယ်။ ဒါပေမယ့် စီးပွားရေးမှာ မတိုးတက်ဘူးလို့ ပြောနေတော့ လိုအပ်တာတွေ ဆောင်ရွက်ဖို့ သမ္မတကြီးက ညွှန်ကြားထားတယ်”

သြဂုတ် ၁၁ ရက်နေ့ထုတ် 7Day Daily နေ့စဉ်ထုတ်သတင်းစာတွင် ပါရှိသော “ပြည်နယ်နှင့် တိုင်းဒေသကြီး အစိုးရအဖွဲ့များ အငယ်တန်းနှင့် နေ့စားဝန်ထမ်းများခန့်အပ်နိုင်” သတင်းပါ ပြည်ထောင်စုဝန်ကြီး ဦးအုန်းမြင့်၏ ပြောကြားချက်အား ကောက်နှုတ်ချက်။


 

“တပ်မတော်နှင့် လက်နက်ကိုင် အဖွဲ့တွေကြားမှာ အချို့ကိစ္စတွေက ဆွေးနွေးတာ တော်တော်ခက်ပါတယ်။ ပြည်နယ် အဆင့် အပစ်အခတ်ရပ်စဲရေးမူကို လက်မခံတဲ့အတွက် တိုက်ပွဲအချို့ဖြစ်နေတာပါ။ တပ်မတော်ဘက်က အစိုးရ ငြိမ်းချမ်းရေးဘ ဖော်ဆောင်ရေး မူအတိုင်း လိုက်ပါဆောင်ရွက်ပါတယ်။ ပြည်နယ်အဆင့် အပစ်အခတ်ရပ်ရေးရမှ ပြည်ထောင်စု အဆင့် နိုင်ငံရေးဆွေးနွေးမှုတွေကို စတင်နိုင်ပါလိမ့်မယ်။ ဒီမူငါးချက်ကိုလက်မခံသေးတာ ဘာကြောင့်လဲဆိုတာတော့ သူတို့ပဲ သိလိမ့်မယ်”

၂၀၁၃ခုနှစ် သြဂုတ် ၁၁ ရက်နေ့ထုတ် ရွှေနိုင်ငံသစ် နေ့စဉ်ထုတ်သတင်းစာတွင် ပါရှိသော “ကချင်လက်နက်ကိုင်တွေနဲ့ တိုက်ပွဲဆက်ဖြစ်နေတာ အစိုးရ၏ ပြည်နယ်အဆင့် အပစ်အခတ်ရပ်စဲရေးမူကို မလိုက်နာသေး တပ်မတော်က အစိုးရညွှန်ကြားချက်အတိုင်းဆောင်ရွက်နေ” သတင်းမှ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးမှ တာဝန်ရှိသူ တစ်ဦး၏ ပြောကြားချက်အား ကောက်နှုတ်ချက်။



Google Drive: create, share, and keep all your stuff in one place. Logo for Google Drive

0 comments:

Post a Comment