Transparency Myanmar

transparency.myanmar@gmail.com

INTERNATIONAL MEDIA (1)
Document

Snapshot of the item below:
INTERNATIONAL MEDIA (1)

ဘာသာပြန်သတင်းများ (၁)

  1. အမေရိကန်က မြန်မာနိုင်ငံနှင့် ကုန်သွယ်ရေးကန့်သတ်ထားမှုများ ဆက်လက်ဖြေလျော့

(9 Aug 2013 ရက်စွဲပါ Just Style မှ Leonie Barrie ရေးသားသော US:continues to relax curbs on trade with Burma ကိုဘာသာပြန်ဆိုသည်)

  1. အမေရိကန်က မြန်မာနိုင်ငံနှင့် ကုန်သွယ်ရေးကန့်သတ်ထားမှုများ ဆက်လက်ဖြေလျော့

(9 Aug 2013 ရက်စွဲပါ Just Style မှ Leonie Barrie ရေးသားသော US:continues to relax curbs on trade with Burma ကိုဘာသာပြန်ဆိုသည်)

  1. ဟံသာဝတီလေဆိပ်တည်ဆောက်ရေးအတွက် ကိုရီးယား Incheon တင်ဒါအောင်

( Associated Press မှ 10 Aug 2013 ရက်စွဲပါ “Korea’s Incheon wins tender for Myanmar airport” သတင်းကိုဘာသာပြန်သည်)


အမေရိကန်က မြန်မာနိုင်ငံနှင့် ကုန်သွယ်ရေးကန့်သတ်ထားမှုများ ဆက်လက်ဖြေလျော့

(9 Aug 2013 ရက်စွဲပါ Just Style မှ Leonie Barrie ရေးသားသော US:continues to relax curbs on trade with Burma ကိုဘာသာပြန်ဆိုသည်)

သြဂုတ်လ ၈ ရက်နေ့က သမ္မတ Barak Obama သည် အမိန့်တစ်ခုအား လက်မှတ်ရေးထိုး၍ မြန်မာနိုင်ငံနှင့် ကုန်သွယ်မှုတွင် ကန့်သတ်ထားမှုများအား ဆက်လက်ဖြေလျော့ပေးခဲ့ပါသည်။

Obama သည် အရေးယူမျှုားကို တဖြည်းဖြည်းဖြေလျော့ပေးခြင်းအားဖြင့် မြန်မာနိုင်ငံအား ထောက်ခံမည်ဆိုခြင်းကို ထပ်မံအတည်ပြုလိုက်ခြင်းပင်ဖြစ်ပါသည်။

ယခုနောက်ဆုံးအမိန့်တွင် Burmese Freedom and Democracy Act အက်ဥပဒေအရ စောစောပိုင်းက မြန်မာနိုင်ငံမှ တင်သွင်းလာမည့် ကုန်ပစ္စည်းများကို ပိတ်ပင်ထားမှုကိုပယ်ဖျက်ပေးခဲ့ပါသည်။ အဆိုပါ အက်ဥပဒေသည် ဇူလိုင်လ (၂၈)ရက်နေ့က သက်တမ်းကုန်ဆုံးခဲ့ရာ မြန်မာနိုင်ငံမှ ပတ္တမြားနှင့် ကျောက်စိမ်းကို တင်သွင်းခြင်းအား ဆက်လက် ပိတ်ပင်ထားပါသည်။

“ကျောက်စိမ်းနဲ့ ပတ္တမြားက လွဲလို့ ဥပဒေအရ ပိတ်ထားတဲ့ အခြားသွင်းကုန်တွေကို ပယ်ဖျက်ပေးလိုက်ခြင်းပာာ မြန်မာနိုင်ငံရဲ့ ပြုပြင်ပြောင်းလဲရေးကို အထောက်အပံ့ဖြစ်မယ့် တာဝန်ယူတဲ့ ကုန်သွယ်ရေးနဲ့ ရင်းနှီးမြှုပ်နှံမှုကို မြှင့်တင်ပေးမယ့် အမေရိကန်အစိုးရရဲ့ ကြိုးပမ်းမှုနောက်ခြေလှမ်းတစ်ရပ်ကို ကိုယ်စားပြုပါတယ်”ပာု ဒုတိယအမျိုးသားလုံခြုံရေးအကြံပေး Ben Rhodes ကကြေညာချက်တွင် ပြောကြားခဲ့ပါသည်။

Burmese Freedom and Democracy Act (BFDA)ကို နှစ်စဉ်သက်တမ်းတိုးရပါသည်။ သို့သော် အမေရိကန်သည် မြန်မာနိုင်ငံမှ စစ်အစိုးရ၏ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းများနှင့် လူ့အခွင့်အရေး တိုးတက်ရန်ကြိုးစားမှု များကြောင့် ကန့်သတ်မှုများကို တဖြည်းဖြည်း လျော့ချပေးခဲ့ပါသည်။

မြန်မာနိုင်ငံအပေါ် ရင်းနှီးမြှုပ်နှံမှု၊ ငွေကြွေးလွှဲပြောင်းမှုများ ပိတ်ပင်ထားခြင်းကို ယမန်နှစ် ဇူလိုင်လက ပယ်ဖျက်ပေးခဲ့ပြီး နိုဝင်ဘာလက ဆယ်စုနှစ် တစ်ခုအတွင်း ပထမဆုံး အကြိမ်အဖြစ် မြန်မာနိုင်ငံမှ ထွက်ရှိသော ကုန်ပစ္စည်းများကို အမေရိကန်သို့တင်သွင်းရန်ခွင့်ပြုခဲ့ပါသည်။

နှစ်နိုင်ငံ ကုန်သွယ်ရေးမှာ တိုးတက်လာပြီပာုဆိုနိုင်သော်လည်း ပမာဏမှာ သေးငယ်နေပါသေးသည်။ ၂၀၁၃ ခုနှစ်၏ ပထမသုံးလတွင် အမေရိကန်က မြန်မာနိုင်ငံမှ ကုန်ပစ္စည်းများ တင်သွင်းခဲ့မှုတန်ဖိုးမှာ ဒေါ်လာ(၁)သန်းသာရှိပါသည်။

၂၀၀၃ ခုနှစ် မြန်မာနိုင်ငံမှသွင်းကုန်များကို မပိတ်ပင်မှီက အထည်ချုပ်များသည် မြန်မာနိုင်ငံမှ အမေရိကန်သို့ အကြီးဆုံးပို့ကုန်ဖြစ်ပါသည်။

ယခုနှစ်အစောပိုင်းကလည်း ဥရောပသမဂ္ဂ ( EU ) သည် မြန်မာနိုင်ငံတွင် ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်၏ အထင်ကရရှိမှုကြောင့် ၎င်း၏မြန်မာနိုင်ငံအပေါ် လက်ကျန် ကုန်သွယ်ရေးနှင့် စီးပွားရေး အရေးယူမှုများကို ရုတ်သိမ်း ပေးခဲ့ပါသည်။


 

ပြည်တွင်းလုပ်ခလစာကြီးမှုကြောင့်တရုတ်စက်ရုံများ မြန်မာနှင့်ဗီယက်နမ်မှ တရားမဝင်အလုပ်သမားများခေါ်ယူ

 ( Bloomberg မှ Aug 2013 ရက်စွဲပါ “ China factories turn to undocumented labor as local wages jump” သတင်းကိုဘာသာပြတ်သည်)

တရုတ်နိုင်ငံအရှေ့ကမ်းရိုးတမ်းတစ်လျှောက်မှ စက်ရုံများသည် နယ်ခံအလုပ် သမားလစာ တိုးမြှင့်လာမှုကြောင့် မြန်မာနိုင်ငံ နှင့်ဗီယက်နမ်နိုင်ငံတို့မှ လုပ်ခနည်း အလုပ်သမားများကို ခေါ်ယူလျက်ရှိသည်။

၂၀၁၀မှ ၂၀၁၂အတွင်း ဗီယက်နမ်နှင့်မြန်မာနိုင်ငံမှ အလုပ်သမား ထောင်ပေါင်းများစွာ ရှန်ဇင်းပြည်နယ်တွင် တရားမဝင် အလုပ်လုပ်နေကြကြောင်း  နိုင်ငံပိုင်း Ximhua သတင်းဌာနကို အမှုလိုက်အရာရှိတစ်ဦးကို  ကိုးကား၍ သတင်း ဖော်ပြထားသည်။

ကမ္ဘာ့လူဦးရေအများဆုံး တရုတ်နိုင်ငံသည် လုပ်နိုင်ကိုင်နိုင်သောအရွယ် လူဦးရေစတင်လျော့ပါးလာမှုကြောင့် အလုပ်သမား လစာတိုးမှုကို ရင်ဆိုင်နေရသည်။ တရားဝင်ကိန်းဂဏာန်းများအရ တရုတ်ပြည်တွင်းအလုပ်သမား တစ်ဦးက တစ်လလျှင်၂၄၇၇ယွမ်ရရှိနေချိန်တွင် တရားမဝင်အလုပ်သမားတစ်ဦးလျှင် ယွမ်ငွေ ၁၄၀၀ခန့်သာရရှိပြီး ၄င်းအနက်မှ ယွမ်၂၀၀ခန့်မှာ အလုပ်သမားမှောင်ခိုပွဲစားများလက်သို့ရောက်ရှိသွားသည်ဟု တရုတ်သတင်းဌာနက ဆိုပါသည်။

China Development Institute မှ သုတေသနပညာရှင် ကျူကျိမအိန်းက “တရုတ်နဲ့အိမ်နီခြင်းနိုင်ငံတွေအကြား လုပ်ခလစာ ကွာဟမှု ကြီးလာတာနှင့်အမျှ ဒီပြဿနာဟာ ပိုမိုဆိုးဝါးလာတော့မှာ ဖြစ်ပါတယ်။ အစိုးရအနေနဲ့ ဒီကိစ္စကို စနစ်တကျဖြေရှင်းနိုင်မယ့် နည်းလမ်းကို စဉ်းစားဖို့အချိန်တန်နေပါပြီ။ ပြည်ပလုပ်သားတွေကို တရားဝင်လွယ်လွယ်ကူကူ ငှားရန်းနိုင်အောင် လုပ်ပေးရမှာပါ” ဟု သုံးသပ်ပြောကြားသည်။

ပျော်ပျော်ကြီးငှားနေကြ တရားမဝင်အလုပ်သမားများအတွက် ကျန်းမာရေးအာမခံနှင့် ပစ်စင်လစာ ပေးစရာမလို သောကြောင့် တရုတ်အလုပ်ရှင်များက  ပျော်ပျော်ကြီးငှားရမ်း နေကြသည်ဟု China News Service ကဆိုပါသည်။ ဗီယက်နမ်နိုင်ငံပိုင်လုပ်ငန်းများနှင့် အစိုးရအေဂျင်စီများတွင် အနိမ့်ဆုံးလစာမှာ ၅၅ဒေါ်လာခန့်ဖြစ်ပြီး မြန်မာနိုင်ငံတွင် ခန့်မှန်းခြေ အနိမ့်ဆုံးလစာမှာ ဒေါ်လာ၃၀ခန့်သာရှိသည်ဟု သိရှိရပါသည်။

ရှန်ဇင်းမှ ဥပဒေအရာရှိ ဟွမ်ရောင်က “ တရားမဝင်အလုပ်သမားတွေက နာခံတတ်တယ်။ အလုပ်ကြိုးစားတယ်၊ မချိန်ပိုခိုင်းရင်းအတွန့်မတတ်ဘူး၊ လခကလည်းနည်းတယ်၊ ဒီတော့ လောလောဆယ်မှာ ကုန်ကျစရိတ်ထောင်းနေတဲ့ လုပ်ငန်းတွေအတွက် ဆွဲဆောင်းမှုအရမ်းကောင်းနေတာပေါ့။ ရှန်ဇင်းမှာခိုင်းဖို့ အရှေ့တောင်အာရှက အလုပ်သမားတွေကို တရားမဝင်ခေါ်ယူ စုဆောင်းနေတာနဲ့ပတ်သတ်ပြီး အရေးယူဖို့ဥပဒေရေးဆွဲနေပါပြီ” ဟု ပြောကြားကြောင်း China News Service ဖော်ပြထားသည်။

တရုတ်ပြည်သူ့လုံခြုံရေးဝန်ကြီးဌာနသည် ၂၀၁၂ခုနှစ်အတွင်း ဂွမ်ဇီ၊ ယူနန်၊ ဂွမ်ဒေါင်း၊ ဖူကျင်း၊ ဟိုင်းနန်၊ ကျန်စုပြည်နယ်များတွင် ၄လစီမံချက်ဆောင်ရွက်ကာ တရားမဝင်အလုပ်သမားခေါ်ယူစုဆောင်းသူ ၁၃၉ဦးနှင့် တရားမဝင် အလုပ်သမား ၃၄၁၀ ဦးတို့ကို ဖမ်းဆီးခဲ့သည်ဟု Ximhua သတင်းဌာနကဆိုပါသည်။


 

ဟံသာဝတီလေဆိပ်တည်ဆောက်ရေးအတွက် ကိုရီးယား Incheon တင်ဒါအောင်

( Associated Press မှ 10 Aug 2013 ရက်စွဲပါ “Korea’s Incheon wins tender for Myanmar airport” သတင်းကိုဘာသာပြန်သည်)

အပြောင်းအလဲဖြင့်ခေါင်းပြူစပြုလာသော မြန်မာနိုင်ငံတွင် နိုင်ငံတကာခရီးသွားဧည့်သည်များ၊ စီးပွားရေးသမားများ စီးဝင်လာမှုကို လက်ခံကိုင်တွယ်ရာတွင် အထောက်အကူဖြစ်စေမည့် နိုင်ငံတကာလေဆိပ်သစ်ကို တောင်ကိုးရီးယား Incheon ကုမ္မဏီအုပ်စုကတည်ဆောက်သွားမည်ဖြစ်ကြောင်း နိုင်ငံပိုင် မီဒီယာက စနေနေ့တွင် ထုတ်ပြန်သည်။

နိုင်ငံ၏အဓိကမြို့တော် ရန်ကုန်အတွက် ဒုတိယမြောက်နိုင်ငံတကာဂိတ်ပေါက်ဖြစ်လာမည့် ဒေါ်လာ တစ်ဘီလီယံတန် ဟံသာဝတီလေဆိပ်တည်ဆောက်ရေး ကြိုးပမ်းမှုများသည် ပြီးခဲ့သောနှစ် ၂၀အတွင်း ပေါ်လာလိုက်၊ ပျောက်သွားလိုက်ဖြစ်ခဲ့သည်။

၁၉၉၆ ခုနှစ် မြန်မာနိုင်ငံတွင် Visit Myanmar Year ဟုကြွေးကြော်ကာ ခရီးသွားကဏ္ဍမြှင့်တင်ရန် ဟိုတယ်စီမံကိန်းများ၊ လေဆိပ်စီမံကိန်းများကို ရေးဆွဲစီစဉ်ခဲ့သော်လည်း ထိုစဉ်က တပ်မတော်အစိုးရ အကြီးအကဲက နိုင်ငံခြားသား အမြောက်အမြား ဝင်ရောက်မှုကို မလိုလားသောကြောင့် ၄င်းစီမံကိန်းများ ကြက်ပျောက်ငှက်ပျောက် ပျောက်ကွယ်ခဲ့ရခြင်းဖြစ်သည်။

ယခု ခေတ်ပြောင်းချိန်တွင် ပြန်လည်တည်ဆောက်တော့မည့် ဟံသာဝတီလေဆိပ်ကို ၂၀၁၈တွင် ပြီးစီးရန် ရည်မှန်းထားသည်။ ၄င်းလေဆိပ်သည် တစ်နှစ်လျှင်ခရီးသည် ၃၅သန်းခန့်ကို လက်ခံကိုင်တွယ်နိုင်လိမ့်မည်ဟု အာဏာပိုင်များက ဆိုပါသည်။

ယခု တင်ဒါအောင်သော Incheon အပါအဝင် ကုမ္မဏီပေါင်း ၃၀ကျော်က စီမံကိန်းကို စိတ်ဝင်စားကြောင်း အဆိုပြုလွှာတင်သွင်းခဲ့ကြသည်ဟု သိရှိရသည်။

လက်ရှိတစ်နှစ်လျှင် ခရီးသည် ၂.၇ သန်းမျှသာ ကိုင်တွယ်နိုင်သော ရန်ကုန်နိုင်ငံတကာလေဆိပ်ကိုလည်း ၂၀၁၇တွင် ခရီးသည် ၆သန်းအထိ ကိုင်တွယ်နိုင်အောင် တိုးချဲ့ရန်စီစဉ်နေသည်ဟု နိုင်ငံပိုင်မီဒီယာက ဆိုပါသည်။


 

 


Google Drive: create, share, and keep all your stuff in one place. Logo for Google Drive

0 comments:

Post a Comment