Transparency Myanmar

transparency.myanmar@gmail.com

Q & C
Document

Snapshot of the item below:
Q & C

သတင်းဆောင်းပါးမှ ကောက်နှုတ်ချက်များ 

“လယ်ယာပိုင်ဆိုင်ခွင့်စာအုပ် ထုတ်ပေးပြီးသွားလို့ ထိုက်သင့်သလောက်ရှိပြီးဆိုရင် မြေယာမဲ့အိမ်ထောင်စုစာရင်းကောက်မယ်။ တစ်ဦးတစ်ယောက်ချင်းတော့ မတတ်နိုင်ပါဘူး။ အိမ်ထောင်စုအနေနဲ့ လုပ်ပါမယ်။  မြေယာမဲ့အိမ်ထောင်စု စာရင်းကောက် ပြီးရင် သူတို့ကိုနေရာချပေးဖို့ အဆင့်ဆင့်စီစဉ်နေပါတယ်။ အောက်ခြေက ပြဿနာတွေကို သေသေချာချာလိုက်ဖြေရှင်း ပေးရင် ဒီကျူးကျော်ကိစ္စက ရှင်းသွားဖို့ပါ။ ဒါကို၂၀၁၅ မှာ Landless တွေအကုန်လုံးကို မြေယာတွေပေးသွားပါမယ်”

၂၀၁၃ ခုနှစ် သြဂုတ်လ ၂၈ ရက်နေ့ထုတ် The Myanmar Post ဂျာနယ် အတွဲ(၅)အမှတ် ( ၃၄) တွင် ပါရှိသော “မြေယာမဲ့ပြည်သူများအားလုံးကို ၂၀၁၅ ခုနှစ်တွင် အပြီး မြေပေးသွားမည်ဟု ဝန်ကြီးဦးစိုးသိန်းပြော”သတင်းမှ  သမ္မတရုံးမှ ပြည်ထောင်စုဝန်ကြီး ဦးစိုးသိန်၏ ပြောကြားချက်အား ကောက်နှုတ်ချက်။


 

“အမေရိကန်မှာ Green Card ဆိုတာ ရှိပါတယ်။ ဒါက နေထိုင်ခွင့်ပေါ့။ အဲဒီလို နေထိုင်ခွင့်ရဖို့တောင်မှ သူတို့မှာ စည်းကမ်းတွေ၊ လုပ်ထုံးလုပ်နည်းတွေအများကြီးကို ကျော်ဖြတ်ပြီးမှရတာပါ။ အဲဒီကတ်ရပေမယ့် မဲရွေးပိုင်ခွင့်၊ မဲပေးခွင့် လုံးဝမရှိပါဘူး။ ကျွန်တော်တို့နိုင်ငံမှာ ဝိုက်ကတ် ကိုင်ထားသူတွေက မဲပေးခွင့်ရှိတယ်။ ပါတီထောင်ခွင့်ရှိတယ်ဆိုတာက ဒီလက်ထက်မှာမှ ကြားဖူးတာ။ ဝိုက်ကတ်ဆိုတာ ကျွန်တော်တို့ကြားတောင်မကြားဘူး။ အဲဒီတော့ ၂၀၁၀ ရွေးကောက်ပွဲမှာ မိမိပါတီအနိုင်ရဖို့အတွက် ဒီလို့လုပ်ခဲ့တာကတော့ ဥပဒေနဲ့လည်း မညီဘူး။ အမျိုးသားရေးအတွက်၊ ရှေ့ရေးအတွက်ဘည်း အင်မတန်မှ ရင်းလေးစရာကောင်းတဲ့လုပ်ရပ်လို့ပြောချင်တယ်။ နိုင်ငံတော်ရဲ့ လုံခြုံရေးအရပဲ ကြည့်ကြည့်ဒီလိုမျိုး လုံးဝမလုပ်သင့်ဘူးလို့ ထင်ပါတယ်”

၂၀၁၃ ခုနှစ် သြဂုတ်လ ၂၆  ရက် Weekly Eleven ဂျာနယ် အတွဲ(၈)အမှတ်(၄၆) တွင် ပါရှိသော  “မည်သည့်နိုင်ငံတွင်မှ မရှိသည့်ယာယီနိုင်ငံသားကတ်(ဝိုက်ကတ်) ကိုင်ဆောင်ထားသူများကို မဲပေးခွင့်၊ ပါတီထောင်ခွင့်ပြုခြင်းဆိုသည်မှာ နိုင်ငံတော်၏ အချုပ်အခြာအာဏာကို ထိပါးနိုင်သည်အထိ ဖြစ်စေနိုင်ဟု နယ်ပယ်အသီးသီးမှ ဝေဖန်”သတင်းမှ  ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးအေးသာအောင်၏ ပြောကြားချက်အား ကောက်နှုတ်ချက်။

 


“ကျွန်တော်တို့ရဲ့သမိုင်းသင်ခန်းစာ အတွေ့အကြုံအရ၊ နှစ်ပေါင်း ၆၀ ကြာ ပဋိပက္ခဖြစ်ခဲ့ရတယ်။ တစ်ဦးနဲ့တစ်ဦး အပြန်အလှန်နားလည်မှု တန်းတူရည်တူရှိမှုတွေ ကျွန်တော်တို့ တစ်လျှောက်လုံး မရခဲ့ဘူး။ နိုင်ငံတော်အစိုးရအဆက်ဆက်နဲ့ အုပ်ချုပ်သူအဆက်ဆက်ကြားမှာ ကျွန်တော်တို့ ဆွေးနွေးခဲ့တယ်။  နောက်ဆုံးလက်နက်ချရေးလမ်းစဉ်ကိုသာ ဖိအားပေးခဲ့တယ်။ အခုဦးသိန်းစိန် လက်ထက်မှ တန်းတူရည်တူအသိအမှတ်ပြုမှု အပြန်အလှန်လေးစားမှုတွေကို အစိုးရဘက်က လိုက်လျောခဲ့တယ်။ စားဝိုင်းပွဲပေါ်မှာ ကြိုတင်ပြောဆိုထားတဲ့ စည်းမျဉ်းစည်းကမ်းတွေမရှိဘဲနဲ့ ဆွေးနွေးနိုင်ခဲ့ပါတယ်။ နိုင်ငံရေးကို နိုင်ငံရေးနည်းနဲ့ ဖြေရှင်းဖို့ ရှိပါတယ်”

၂၀၁၃ ခုနှစ် သြဂုတ်လ ၂၉ ရက်နေ့ထုတ်   Envoy  နေ့စဉ်ထုတ်သတင်းစာ အတွဲ (၄) အမှတ် (၁၃) တွင် ပါရှိသော “ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေမှာ တိုင်းးရင်းသားတွေ လက်နက်စွန့်ဖို့ပြောရခြင်းမှာ အခက်ခဲဆုံးပြဿနာဟု ဦးခင်ရီပြော ”သတင်းမှ UNFC ၏ ပြောရေးဆိုခွင့်ရှိသူ ဖဒိုမန်းငြိမ်းမောင်၏ပြော ကြားချက်အား ကောက်နှုတ်ချက်။


“အောက်တိုဘာလကုန်လောက်မှာ တစ်နိုင်ငံလုံးဆိုင်ရာ အပစ်အခတ်ရပ်စဲရေးကိစ္စကို ဖြစ်အောင်ဆောင်ရွက်မယ်လို့ အစိုးရဘက်ပိုင်းက ပြောထားပါတယ်။ တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးလုပ်ပြီးရင်တော့ ငြိမ်းချမ်းရေးဖြစ်စဉ်မှာ အဆင့်တက်လို့ရပါပြီ။ အောင်မြင်ပါပြီဆိုတဲ့အကြောင်း ပြောလို့ရပါတယ်။ အစိုးရဘက်ပိုင်းကတော့ ၂၀၁၄ ခုနှစ် မတ်လလောက်မှာ နိုင်ငံရေးဆွေးနွေးပွဲတွေကို ကျင်းပနိုင်ပါလိမ့်မယ်လို့ သူတို့က ရည်ရွယ်ထားပါတယ်”

၂၀၁၃ ခုနှစ် သြဂုတ်လ ၂၆ ရက်နေ့ထုတ်   ရွှေနိုင်ငံသစ် နေစဉ်ထုတ်သတင်းစာ  အတွဲ(၂)၊ အမှတ်(၀၄၂) တွင် ပါရှိသော “နိုင်ငံလုံးဆိုင်ရာ အပစ်ရပ်ဖို့ အကြိုဆွေးနွေးကြတော့မည်” သတင်းမှ ရှမ်းပြည်နယ် ပြန်လည်ထူထောင်ရေးကောင်စီ (RCSS/SSA) တောင်ပိုင်းအဖွဲ့၏ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီးး စိုင်းလှ၏ ပြောကြားချက်အား ကောက်နှုတ်ချက်။


“အခုက လွှတ်တော်တွေလည်းရှိနေပြီဆိုတော့ ဘတ်ဂျတ်သုံးစွဲမှုတွေကို ထိန်းကွပ်ပြီးသား ဖြစ်စေပါတယ်။ ဝန်ကြီးဌာနတွေ ကလည်း ဌာနအလိုက်ငွေကြေးစိစစ်သုံးစွဲမှုတွေအတွက် စောင့်ကြည့်ရေးအဖွဲ့တွေရှိပါတယ်။ ဘတ်ဂျတ်တင်ပြလာပြီဆိုရင် စီမံကိန်းက တကယ်ပဲ လိုအပ်တာလား၊ ဒီလောက်ကုန်မှာလားဆိုတာတွေကို ကျွန်တော်တို့ဘက်က စောင့်ကြည့်ပါတယ်”

၂၀၁၃ ခုနှစ် သြဂုတ်လ ၂၆ ရက်ထုတ်  ပြည်မြန်မာ နေ့စဉ်ထုတ်သတင်းစာ  အတွဲ(၁)အမှတ်(၇၁)တွင် ပါရှိသော “ဝန်ကြီးဌာနအားလုံး ဘတ်ဂျတ်တောင်းခံမှုကိစ္စတွင် စိစစ်ကြပ်မတ် စစ်ဆေးခံယူနေရသည်ဟုဆို” သတင်းမှ  ဘဏ္ဍာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာမောင်မောင်သိမ်း၏ ပြောကြားချက်အား ကောက်နှုတ်ချက်။


 


Google Drive: create, share, and keep all your stuff in one place. Logo for Google Drive

0 comments:

Post a Comment