Transparency Myanmar

transparency.myanmar@gmail.com

Q & C
Document

Snapshot of the item below:
Q & C

သတင်းဆောင်းပါးမှ ကောက်နှုတ်ချက်များ 

“တောင်သူတွေကို ချမ်းသာအောင် မလုပ်ပေးနိုင်ဘဲနဲ့ တိုင်းပြည်ကို ချမ်းသာအောင် လုပ်လို့မရပါဘူး။ ဒီ တောင်သူ လယ်သမားတွေ ဖွံ့ဖြိုးတိုးတက်မှု မရှိဘဲနဲ့ တိုင်းပြည် ဖွံ့ဖြိုးတိုးတက်ပါတယ်လို့ ပြောနေရင်တော့ အဓိပ္ပာယ် မရှိပါဘူး။ လယ်ယာမြေ ပြုပြင်နေတာကနေ စပြီး အားလုံး ပြုပြင်ပြောင်းလဲအောင် လုပ်ရပါမယ်”

၂၀၁၃ စက်တင်ဘာလ ၁ ရက် မွန်းတည့်နေ ဂျာနယ် အတွဲ (၁) ၊ အမှတ် (၃၆) တွင် ပါရှိသော “လယ်ယာမြေမှ အစ အလုံးစုံ ပြုပြင်ပြောင်းလဲရမည်ဟု ဒုတိယ သမ္မတ ပြောကြား” သတင်းမှ ဒုတိယသမ္မတ ဦးဥာဏ်ထွန်း၏ ပြောကြားချက်အား ကောက်နှုတ်ချက်။


“မြန်မာမှာ ဘယ်လောက်မြှုပ်နှံမလဲလို့ ပြောရရင် ပါကစ္စတန်မှာ ရင်းနှီးမြှုပ်နှံခဲ့တဲ့ ပမာဏထက် ပိုမို နည်းပါးနိုင် ပါတယ်။ ပြန် သုံးသပ်ကြည့်မယ် ဆိုရင် ပါကစ္စတန်မှာလည်း များနိုင်သမျှ များများ ရင်းနှီးမြှုပ်နှံနိုင်လိမ့်မယ် လို့ ထင်မြင်ခဲ့ကြပေမယ့် တကယ်တမ်းတော့ ဒါက ဖြစ်မလာခဲ့ပါဘူး”

၂၀၁၃ သြဂုတ်လ ၃ဝရက် Daily Eleven နေ့စဉ်ထုတ်သတင်းစာတွင် ပါရှိသော “Telenor ၏ မြန်မာနိုင်ငံအတွင်း ရင်းနှီးမြှုပ်နှံမှု အမေရိကန်ဒေါ်လာ နှစ်ဘီလျံထက် လျော့နည်းနိုင်ကြောင်း Telenor စီအီးအို ပြောကြား” သတင်းမှ Telenor အမှုဆောင်အရာရှိချုပ် (စီအီးအို) Jon Fredrik Baksaas ၏ ပြောကြားချက် အား ကောက်နှုတ်ချက်။


“တိုင်းရင်းသား ညီလာခံက ထွက်ပေါ်လာတဲ့ ဆုံးဖြတ်ချက်အတိုင်း UNFC က ဖွဲ့စည်းပုံအသစ် ရေးဆွဲဖို့ ပြင်ဆင်မှာ ဖြစ်ပါတယ်။ UNA ကလည်း ဖွဲ့စည်းပုံပြင်ဖို့ အစောပိုင်းက ပြောထားတဲ့အချက်တွေ ရှိနေတဲ့အတွက် ကျွန်တော်တို့ဆီက အချက်တွေကို သူတို့ဆီကို ပို့ပေးမှာ ဖြစ်ပါတယ်”

၂၀၁၃ စက်တင်ဘာလ ၃ ရက် News Watch Weekly ဂျာနယ် အတွဲ (၈) ၊ အမှတ် (၁၃) တွင် ပါရှိသော “ပြင်ရန် ခက်နေသည့် ၂ဝဝ၈ ဖွဲ့စည်းပုံကို အသစ်ရေးရန် UNFC မှ အဓိက တာဝန်ယူပြီး ကော်မတီ ဖွဲ့မည်” သတင်းမှ ညီညွတ်သော တိုင်းရင်းသားလူမျိုးများ မဟာမိတ်အဖွဲ့ (UNA) ပြောရေးဆိုခွင့်ရှိသူ ဦးအေးသာအောင်၏ ပြောကြားချက်အား ကောက်နှုတ်ချက်။


“ကျွန်တော်တို့ လုပ်နေတဲ့ ယုံကြည်မှု တည်ဆောက်ခြင်း ဆွေးနွေးပွဲဆိုတာ တစ်ဆင့်ချင်း ပြုလုပ်နေတဲ့ သဘော ဖြစ်ပါတယ်။ တိုင်းဒေသကြီးတွေမှာရှိတဲ့ ဗမာနိုင်ငံရေးပါတီတွေကိုတော့ မဖိတ်ဖြစ်သေးပါဘူး။ အဓိက ကတော့ တိုင်းရင်းသားဒေသတွေမှာ ရှိတဲ့ တိုင်းရင်းသားပါတီတွေကို ဦးစားပေးပြီး ဖိတ်တာ တိုင်းရင်းသားဒေသက အသံတွေကို လိုချင်လို့ ဖြစ်ပါတယ်”

၂၀၁၃ သြဂုတ်လ ၃ဝ ရက် Mizzima နေ့စဉ်ထုတ်သတင်းစာတွင် ပါရှိသော “ငြိမ်းချမ်းရေးအတွက် ယုံကြည်မှုတည်ဆောက်ခြင်း ဆွေးနွေးပွဲ တိုင်းရင်းသားလက်နက်ကိုင်တွေကို ဖိတ်မည်” သတင်းမှ  ရှမ်းတိုင်းရင်းသားများ ဒီမိုကရစီအဖွဲ့ချုပ် (SNLD) အဖွဲ့ ဗဟိုစည်းရုံးရေးမှူး ဦးစိုင်းခင်မောင်ညွှန့်၏ ပြောကြားချက်အား ကောက်နှုတ်ချက်။


“ဖွဲ့စည်းပုံအခြေခံဥပဒေ သုံးသပ်ရေး ကော်မတီ ဖွဲ့စည်းပြီးတဲ့အတွက် သူတို့တွေ စပြီးတော့ ဆောင်ရွက်တော့ မယ်။ ဘယ်လောက် အတိုင်းအတာအထိ ပြီးမလဲ ဆိုတာကတော့ သူတို့ရဲ့ ကြိုးပမ်းအားထုတ်မှုနဲ့ လွှတ်တော် ကိုယ်စားလှယ်များ ပါဝင်မှု ရှိတဲ့ဟာမှာ အဓိကအုပ်ချုပ်ရေးဘက် ပါဝင်မှုက အရေးကြီးပါတယ်။ ဥပဒေ ပြဋ္ဌာန်းတဲ့နေရာမှာ အုပ်ချုပ်ရေး အဖွဲ့အစည်းရဲ့ ပါဝင်မှု အများကြီး ၊ အရေးကြီးပါတယ်။ ဒီအပေါ် မူတည်ပြီးတဲ့ အခါမှာ ဘယ်လောက် အတိုင်းအတာအထိ ပြီးမယ် ဆိုတာကတော့ အဲဒီရဲ့ ပါဝင်မှု အပေါ်မှာပဲ မူတည်တယ်လို့ ပြောချင်ပါတယ်”

၂၀၁၃ သြဂုတ်လ ၃၁ ရက် မြန်မာသံတော်ဆင့် ဂျာနယ် အတွဲ (၂) ၊ အမှတ် (၂၅) တွင် ပါရှိသော “ဖွဲ့စည်းပုံအခြေခံဥပဒေ ကော်မတီ၏ ဆောင်ရွက်နိုင်စွမ်း အုပ်ချုပ်ရေးပိုင်းမှ ပါဝင်မှု အဓိက မူတည်” သတင်းမှ ပြည်ထောင်စုလွှတ်တော် နာယက သူရဦးရွှေမန်း၏ ပြောကြားချက်အား ကောက်နှုတ်ချက်။


 


Google Drive: create, share, and keep all your stuff in one place. Logo for Google Drive

0 comments:

Post a Comment