Transparency Myanmar

transparency.myanmar@gmail.com

International Media
Document

Snapshot of the item below:
International Media

ဘာသာပြန်သတင်းများ (၁)

(China Daily မှ 28 August 2013 ရက်စွဲပါ NGOs offer valuable chance for popular engagement in Myanmar ကိုဘာသာပြန်ဆိုသည်)

(Energy Business Review မှ  29  Aug 2013 ရက်စွဲပါ “Japan to provide technical support for gas fired power plant in Myanmar ”သတင်းကို ဘာသာပြန်ဆိုမည်)


မြန်မာနိုင်ငံတွင်း လူကြိုက်များသော လုပ်ဆောင်ချက်များအတွက် အဖိုးတန်အခွင့်အရေးပေးရန် အန်ဂျီအိုများ လက်ကမ်း

(China Daily မှ 28 August 2013 ရက်စွဲပါ NGOs offer valuable chance for popular engagement in Myanmar ကိုဘာသာပြန်ဆိုသည်)

မြန်မာနိုင်ငံ၏ ဒီမိုကရေစီအသွင်ကူးပြောင်းမှုသည် အစိုးရမဟုတ်သည့် အဖွဲ့အစည်းများ(အန်ဂျီအို) ပိုလိုလုပ်ကိုင် လည်ပတ်နိုင်ရန် အားပေးအားမြှောက်ပြုသည့် အရပ်ဘက်လူ့အဖွဲ့ အစည်းဆိုင်ရာ ကြိုးပမ်းချက်များနှင့် ပတ်သက်၍ ပိုမိုနားလည်သဘောပေါက်မှုများကို ဖြစ်ပေါ်စေသည်။

သို့ပါ၍ အဆိုပါအန်ဂျီအိုများကို အကြမ်းဖျင်းအားဖြင့် သုံးမျိုးသုံးစားခွဲခြားနိုင်သည်။ ပထမအမျိုးအစားမှာ အများအားဖြင့် ပြည်တွင်း၌ပင်ဖွဲ့စည်းတည်ထောင်ကြသော မြန်မာအန်ဂျီအို (Myanmar NGO) များ ဖြစ်သည်

မြန်မာအန်ဂျီအိုများသည် အောက်ခြေလူတန်းစားတို့နှင့် အနီးကပ်ဆက်ဆံရေးရှိသော်လည်း ပရော်ဖက်ရှင်နယ် လုပ်ငန်းပိုင်းတွင် သိမ်ငယ်မှုများဖြစ်ပေါ်နေသည်ကိုတွေ့ ရသည်။ ဒုတိယအမျိုးအစားမှာမူ နိုင်ငံတကာ အန်ဂျီအို (INGO) များဖြစ်ကြသည်။ ၎င်းတို့သည် ပြည်ပအဖွဲ့အစည်းများနှင့် အဆက်အသွယ်ရှိကြပြီး အရင်းအနှီး အမြောက်အမြား ရှိကြသည်။ တတိယအမျိုးအစားမှာမူ လူထုအခြေပြုအဖွဲ့အစည်း(CBO) တို့ဖြစ်သည်။

အမှန်တကယ်တွင် INGO များသည် Myanmar NGO နှင့် CBO တို့နှင့် အနီးကပ်ပူးပေါင်းဆောင်ရွက်မှု ရှိကြသည်။ မြန်မာနိုင်ငံတွင်းရှိ အန်ဂျီအိုများသည် အဓိကအားဖြင့် ဆင်းရဲနွမ်းပါးမှုနှင့် ကျန်းမာရေးကိစ္စများကို အလေးပေးကြသည်။ သို့သော် လတ်တလောနှစ်ကာလများတွင် သဘာဝပတ်ဝန်းကျင် ကာကွယ်စောင့်ရှောက်ရေး ဘက်တွင် စိတ်ပါဝင်စားစွာလုပ်ကိုင်လာကြသည်ကိုတွေ့ရသည်။

ခန့်မှန်းခြေအားဖြင့် မြန်မာနိုင်ငံတစ်ဝန်းလုံးရှိ သဘာဝပတ်ဝန်းကျင်ကိစ္စများတွင် ပါဝင်ဆောင်ရွက်လျက်ရှိသော INGO ပေါင်း ၄၀ ကျော်ခန့်ရှိသည်။  ၎င်းတို့သည် ခရစ်ယာန်ဘုရားရှိခိုးကျောင်းများ၊ ဗုဒ္ဓဘာသာ ဘုန်းတော်ကြီးကျောင်းများ၊ အောက်ခြေ သဘာဝပတ်ဝန်းကျင်သုတေသန အဖွဲ့အစည်းများ၏ ပူးပေါင်းလုပ်ကိုင်မှု များကိုရယူကာ မြန်မာပြည်တွင်း ရေရှည်ဖွံ့ဖြိုးတိုးတက်မှုမြှင့်တင်သည့် အခန်းကဏ္ဍတွင် အရေးပါသောနေရာမှ ပါဝင်လျက်ရှိသည်။

အဆိုပါ သဘာဝပတ်ဝန်းကျင် NGO များသည် သဘာဝသယံဇာတရင်းမြစ်များ ကာကွယ်ခြင်း၊ စဉ်ဆက်မပြတ် ဖွံ့ဖြိုးမှုကို ထိန်းသိမ်းပေးခြင်းနှင့် အသက်မွေးဝမ်းကျောင်းပညာများ တိုးတက်ကောင်းမွန်အောင်လုပ်ကိုင်ပေးခြင်း အစရှိသည်တို့ကို လုပ်ကိုင်ရာတွင် အစိုးရနှင့် ထိတွေ့ ဆက်ဆံမှုများပြုလုပ်ကာ အာဏာပိုင်များ၊ သက်ဆိုင်ရာ အဖွဲ့အစည်းများအနေဖြင့် လူထုဖွံ့ဖြိုးတိုးတက်မှု၊ သဘာဝပတ်ဝန်းကျင်အသိပညာများအပေါ် အလေးထားလာကြရန် တိုက်တွန်းဆော်သြကြသည်။ ၎င်းတို့သည် အငြင်းအခုန်များနှင့် ဖိုရမ်များ၊ ဟောပြောပွဲများ ပေါ်ထွက်လာစေရန် ရံဖန်ရံခါဆိုသလို စုံစမ်းဖော်ထုတ်မှုများပြုလုပ်ပြီး အစီရင်ခံစာများထုတ်ပြန်ကြသည်။ ထို့ပြင် လူအဖွဲ့အစည်း ကွန်ယက်များနှင့် မီဒီယာများကိုအသုံးပြုကာ သဘာဝပတ်ဝန်းကျင်ကာကွယ်ရေးနှင့် သက်ဆိုင်သော သတင်းအချက်အလက်များကို ထုတ်ပြန်ကြသည်။

မြန်မာနိုင်ငံ၏ အကြီးဆုံး ရင်းနှီးမြှုပ်နှံသူဖြစ်သော တရုတ်နိုင်ငံ၏ ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ လုပ်ဆောင်ချက်များမှာ NGO များ အဓိကပစ်မှတ်ထားဝေဖန်သော အကြောင်းအရာတစ်ခုဖြစ်လာသည်။ အချို့သော NGO များမှာမူ သဘာဝ ပတ်ဝန်းကျင်ကိစ္စတစ်ခုတည်းသက်သက်မဟုတ်ဘဲ နိုင်ငံရေးနှင့်ပတ်သက်သော အဖွဲ့အစည်းများ ဖြစ်နေကြသည်။

၂၀၁၁ ခုနှစ် စက်တင်ဘာလအတွင်း သမ္မတဦးသိန်းစိန်အစိုးရက တရုတ်ရင်းနှီးမြှုပ်နှံမှုဖြစ်သော မြစ်ဆုံစီမံကိန်း ကြီးအား ရပ်ဆိုင်းခဲ့မှုကိုကြည့်ပါ။ ထိုသို့ရပ်ဆိုင်းလိုက်ခြင်းသည် သဘာဝပတ်ဝန်းကျင်းဆိုင်ရာ စိုးရိမ်ပူပန်မှုတစ်ခုတည်း ကြောင့် ထွက်ပေါ်လာခြင်းမဟုတ်ပေ။ အမှန်တွင် ထိုစီမံကိန်းရပ်ဆိုင်းမှုသည် အချို့သော အတိုက်အခံပါတီများနှင့် အုပ်စုများ၏ နိုင်ငံရေးဖိအားပေးမှုကြောင့်ဖြစ်ပေါ်လာသော ရလဒ်ပင်ဖြစ်သည်။

နိုင်ငံတကာတွင်ဖြစ်ပေါ်လျက်ရှိသော ဆည်တမံဆန့်ကျင်ရေးလှုပ်ရှားမှုများမှာ လူမှုရေး၊ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် လုံခြုံရေးဆိုင်ရာ လွှမ်းမိုးမှုများကိုအသားပေးခြင်းဖြစ်သည်။ သို့သော် မြန်မာနိုင်ငံမှ အန်ဂျီအိုများ၏ မြစ်ဆုံစီမံကိန်းဆန့်ကျင်ရေးလှုပ်ရှားမှုများသည် အကျိုးအမြတ်ဆိုင်ရာခွဲဝေမှုနှင့်ပတ်သက်၍ ပွင့်လင်းမြင်သာမှုရှိစေရန် တောင်းဆိုမှုများကြောင့်ဖြစ်သလို တိုင်းရင်းသားလက်နက်ကိုင် ပဋိပက္ခများနှင့်လည်းပတ်သက်နေသည်။

မြစ်ဆုံဆန့်ကျင်ရေးသည် သဘာဝပတ်ဝန်းကျင်ဆိုင်ရာလှုပ်ရှားမှု တစ်ခုတည်းတော့ မဟုတ်ပေ။ တိုင်းရင်းသား များ တန်းတူအခွင့်အရေးရရှိရေးနှင့် ဒီမိုကရေစီအခွင့်အရေးများပေါ်ပေါက်ရေးအတွက် ကြိုးပမ်းချက်လည်းပါဝင်သည်။

ရွှေဓာတ်ငွေ့လှုပ်ရှားမှုအဖွဲ့၊ Arakan River Network တို့ကိုကိုယ်စားပြုသည့် အန်ဂျီအိုအချို့သည် မြန်မာနှင့် တရုတ်နိုင်ငံအကြား ချိတ်ဆက်သွယ်တန်းသော ဓာတ်ငွေ့နှင့် ရေနံပိုက်လိုင်းစီမံကိန်းကို ဆန့်ကျင်ခဲ့ကြသည်။

မြန်မာနိုင်ငံမှ အန်ဂျီအိုများသည် တစ်ခါတရံတွင် အများပြည်သူ၏ သဘောထားဆန္ဒထွက်ပေါ်လာအောင် တွန်းအားပေးပြီး အစိုးရအနေဖြင့် ၎င်းတို့၏ ဦးတည်ချက်များကို အကောင်အထည်ဖော်ပေးရန် ဖိအားပေးနိုင်သည့် နည်းလမ်းများကို အသုံးပြုလေ့ရှိကြသည်။

ဤသို့သော် အနေအထားမျိုးတွင် မြန်မာနိုင်ငံတွင်းရှိ တရုတ်ရင်းနှီးမြှုပ်နှံမှုများအနေဖြင့် အန္တရာယ်များနှင့် ရင်ဆိုင်ရမည့် အလားအလာရှိနေသည်ဟူသောအချက်မှာ သံသယဖြစ်ဖွယ်မရှိပေ။ တရုတ်အနေဖြင့် မြန်မာနိုင်ငံတွင်းရှိ အန်ဂျီအိုများ၏ လုပ်ကိုင်ဆောင်ရွက်မှုများနှင့်ပတ်သက်၍ အမြဲမပြတ်သတိရှိကြီးစွာ ရင်ဆိုင်ရန်လိုအပ်သည်။ ထို့ပြင် ကိုယ်ပိုင်အန်ဂျီအိုများထူထောင်ပေးပြီး ၎င်းတို့အနေဖြင့် ကမ္ဘာလုံးဆိုင်ရာစီမံအုပ်ချုပ်မှုတွင် အရေးပါသည့်အခန်းကဏ္ဍမှ ပါဝင်နိုင်အောင် ထောက်ပံ့မှုပြုလုပ်ပေးသင့်သည်။

တရုတ်အနေဖြင့် အစိုးရ၊ လုပ်ငန်းနှင့် အန်ဂျီအိုတို့ပူးပေါင်းပါဝင်ကာ နိုင်ငံခြားအကူအညီများ ပေးအပ်လျက် ရှိသည့် မော်ဒယ်မျိုးကိုကျင့်သုံးလျက်ရှိသည့် ဂျပန်ကဲ့သို့သော နိုင်ငံများမှလေ့လာသင်ယူမှုများ ပြုလုပ်နိုင်သည်။

တရုတ်အန်ဂျီအိုများအနေဖြင့် မြန်မာနိုင်ငံတွင်း လုပ်ငန်းတိုးချဲ့လုပ်ကိုင်နိုင်မည့် အခွင့်အရေးများစွာရှိပါသည်။ ယင်းတို့မှာ ဆင်းရဲနွမ်းပါးမှုတိုက်ဖျက်ရေး၊ ကျေးရွာဒေသဖွံ့ဖြိုးရေး၊ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး၊ အခြေခံ အဆောက်အဦ တည်ဆောက်ပေးရေး၊ အလုပ်အကိုင်ရရှိရေးအစရှိသောနယ်ပယ်များပင်ဖြစ်သည်။ မြန်မာသည် တရုတ်အန်ဂျီအိုများအနေဖြင့် နိုင်ငံတကာအခန်းကဏ္ဍတွင် ပါဝင်နိုင်ခြင်းရှိ၊ မရှိဟူသောအချက်ကို စမ်းသပ်နိုင်ရေး အတွက် အရေးပါသော နယ်ပယ်တစ်ခုပင်ဖြစ်သည်။

မြန်မာနိုင်ငံသည် ယခုအခါတံခါးဖွင့်စနစ်ကျင့်သုံးပြီး အပြောင်းအလဲများစွာကို လျင်မြန်စွာလုပ်ကိုင်လျက်ရှိသည်။ သို့သော် မြန်မာအစိုးရမှာ အန်ဂျီအိုများအား မည်သို့မည်ပုံ စီမံခန့်ခွဲရမည်ဟူသောကိစ္စတွင် အတွေ့အကြုံ ရင့်ကျက်မှု မရှိသေးပေ။

တရုတ်အန်ဂျီအိုများ မြန်မာနိုင်ငံတွင်းသို့ ဝင်ရောက်နိုင်ရန်အကောင်းဆုံး နည်းလမ်းတစ်ခုမှာ INGO ဖိုရမ်များတက်ရောက်ခြင်းပင်ဖြစ်သည်။  သို့မှသာ တရုတ်အန်ဂျီအိုများအနေဖြင့် နိုင်ငံခြားအန်ဂျီအိုကြီးများနှင့် ကူးလူးဆက်ဆံမှုပြုလုပ်ကာ လေ့လာသင့်ယူမှုများပြုလုပ်နိုင်မည်ဖြစ်သည်။

တရုတ်အန်ဂျီအိုများအနေဖြင့် Myanmar NGO များ၊ CBO များနှင့် ချိတ်ဆက်မှုများပြုလုပ်ကာ ၎င်းတို့ကို အကူအညီအထောက်အပံ့များပေးနိုင်မည်ဖြစ်သည်။ ထို့ပြင် မြန်မာအစိုးရအေဂျင်စီများနှင့် သဘောတူညီချက် စာချုပ်များချုပ်ဆိုခြင်းဖြင့် မြန်မာနိုင်ငံရှိ စီမံကိန်းကြီးများတွင် တရုတ်အန်ဂျီအိုများ ပူးပေါင်းပါဝင်နိုင် မည်ဖြစ်သည်။

လက်ရှိအနေအထားတွင် မြန်မာအစိုးရ၏ ကျန်းမာရေးဝန်ကြီးဌာနသည် နိုင်ငံတကာအသင်းအဖွဲ့များစွာနှင့် ပူးပေါင်းဆောင်ရွက်မှုများကို တိုးမြှင့်လုပ်ကိုင်လျက်ရှိသလို အာဏာပိုင်များကလည်း နိုင်ငံခြားအဖွဲ့အစည်းများနှင့် ဆက်ဆံမှုများ အနည်းငယ်တိုးမြှင့်လာသည်ကိုတွေ့ရသည်။ အကယ်၍ တရုတ်အန်ဂျီအိုများအနေဖြင့် ပညာရေး၊ လယ်ယာစိုက်ပျိုးရေးနှင့် ဘာသာရေးပူးပေါင်းဆောင်ရွက်မှုများကို ပိုမိုဖွံ့ဖြိုးအောင်လုပ်ဆောင်နိုင်မည်ဆိုပါက အားနည်းချက်ရှိသော အုပ်စုများအတွက် ကြီးမားသော အကူအညီများရရှိစေမည်ဖြစ်သည်။


လှိုင်သာယာ ဓာတ်ငွေ့လောင်စာသုံး ဓာတ်အားပေးစက်ရုံအတွက် နည်းပညာ အကူအညီ ဂျပန်ပေးမည်

(Energy Business Review မှ  29  Aug 2013 ရက်စွဲပါ “Japan to provide technical support for gas fired power plant in Myanmar ”သတင်းကို ဘာသာပြန်ဆိုမည်)

လှိုင်သာယာစက်မှုဇုံတွင် ဓါတ်ငွေ့လောင်စာသုံး ဓာတ်အားပေးစက်ရုံ တည်ဆောက်ရေးအတွက် နည်းပညာ အကူအညီ ပေးရန် ဂျပန်အစိုးရက သဘောတူလိုက်ပါသည်။

ရန်ကုန်မြို့တော် နယ်နိမိတ်အတွင်း၌ တည်ရှိသည့် အဆိုပါဓာတ်အားပေးစက်ရုံကို ၂၀၁၅တွင် အပြီးသတ်မည် ဟု မျှော်လင့်ရသည်။

၅၀၀မဂ္ဂါဝပ် ဓာတ်အားပေးစက်ရုံ စီမံကိန်းအတွက် သဘောတူစာချုပ်ကို ဂျပန်နိုင်ငံ စီးပွားရေး ကုန်သွယ်ရေး စက်မှုဝန်ကြီးဌာနနှင့် မြန်မာအစိုးရတို့ လက်မှတ်ရေးထိုးခဲ့ကြပြီးဖြစ်သည်။၏

“လှိုင်သာယာစက်မှုဇုန် ဧရိယာထဲမှာ တည်ဆောက်မယ့် ဓာတ်အားပေးစက်ရုံအတွက် နည်းပညာ အကူအညီ ပေးဖို့ ဂျပန်ဝန်ကြီးဌာနက သဘောတူလိုက်ပါပြီ” ဟု လှိုင်သာယာစက်မှုဇုန် ဥက္ကဋ္ဌ ဦးမြတ်သင်းအောင်က ပြောကြား သည်။

“ဒီဓာတ်အားပေးစက်ရုံက ထွက်ရှိလာမယ့် လျှပ်စစ်ဓာတ်အားဟာ စက်မှုဇုန်အတွက် သာမကပဲ အခြားမြို့နယ်တွေအတွက်ပါ လုံလောက်မှုရှိပါတယ် ” ဟု ၄င်းက ဆက်လက်ပြောကြားသည်။

ထို့အပြင် သီလဝါစက်မှုဇုန်တွင် ၅၀ မဂ္ဂါဝပ်ဓာတ်ငွေ့လောင်စာသုံး ဓာတ်အားပေးစက်ရုံ တည်ဆောက်ခြင်းကို လည်း ဂျပန်အစိုးရက အကူအညီပေးဦးမည်ဟု သိရှိရသည်။

“သီလဝါစက်မှုဇုန် မှ ဓာတ်အားပေးစက်ရုံက လှိုင်သာယာစက်မှုဇုန်က ဓာတ်အားပေးစက်ရုံထက် ပိုသေးတဲ့ အကြောင်းရင်းက သီလဝါမှာ စက်မှုဇုန်ကို ဖော်ထုတ်နေတုန်းမို့ပါ ” ဟု ဦးမြတ်သင်းအောင်က ဆိုသည်။


 


Google Drive: create, share, and keep all your stuff in one place. Logo for Google Drive

0 comments:

Post a Comment