Transparency Myanmar

transparency.myanmar@gmail.com

International Media (2)
Document

Snapshot of the item below:
International Media (2)

နိုင်ငံတကာသတင်းများ (၂)

(UPI မှ 29 Aug 2013 ရက်စွဲပါ  “Myanmar pressured over North Korea ties” သတင်းကို ဘာသာပြန်သည်)

(30 August 2013  ရက်စွဲပါ Washington Post မှ Richard S. Ehrlich ရေးသားသော Physicians Group blames Government For Myanmar religion strife ကို ဘာသာပြန်ပါသည်)


မြောက်ကိုရီးယားနှင့်ဆက်ဆံရေးကြောင့် မြန်မာဖိအားပေးခံရ

(UPI မှ 29 Aug 2013 ရက်စွဲပါ  “Myanmar pressured over North Korea ties” သတင်းကို ဘာသာပြန်သည်)

မြန်မာနိုင်ငံ၏ ပြုပြင်ပြောင်းလဲရေးကြိုးပမ်းမှုများကို အမေရိကန်စစ်ဖက်က အသိအမှတ်ပြုသော်လည်း မြောက် ကိုရီးယားနိုင်ငံနှင့် ဆက်ဆံမှုများအပေါ် စိုးရိမ်ပူပန်လျက်ရှိကြောင်း အမေရိကန်ကာကွယ်ရေးဌာနက ပြောကြားသည်။

ဘရူနိုင်းတွင်ကျင်းပသော ကာကွယ်ရေးဝန်ကြီးများ အစည်းအဝေး၏ အဝန်းအဝိုင်းတွင် အမေရိကန် ကာကွယ်ရေးဝန်ကြီး ချက်ဟေဂယ်နှင့် မြန်မာကာကွယ်ရေးဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးဝေလွင်တို့ တွေ့ဆုံဆွေးနွေးခဲ့ ကြခြင်းဖြစ်သည်။

ထိုသို့တွေ့ဆုံစဉ် ချပ်ဟေဂယ်က“ အာဆီယံအလှည့်ကျဥက္ကဌအဖြစ် မြန်မာနိုင်ငံတာဝန်ယူတော့မည့် အစီအစဉ် ကို ပင်တာဂွန်က အားပေးထောက်ခံကြောင်းနှင့် မြန်မာနိုင်ငံတွင် စစ်အုပ်ချုပ်ရေးအဆုံးသတ်၍ ၂၀၁၀ ရွေးကောက်ပွဲများ ကျင်းပပြီးနောက်ပိုင်း ဖြစ်ပေါ်လာခဲ့သော တိုးတက်ပြောင်းလဲမှုများကို အထူးပင်ချီးကျူးကြောင်း” ပြောကြားခဲ့သည်ဟု ကာကွယ်ရေးဌာနပြောရေးဆိုခွင့်ရှိသူ ဂျော့လစ်တယ်က သတင်းထုတ်ပြန်သည်။

အမေရိကန်ကာကွယ်ရေးဝန်ကြီးက မြန်မာနိုင်ငံပြုပြင်ပြောင်းလဲရေးလုပ်ငန်းစဉ် သတင်းတိုးတက်ဖို့ အရေးကြီးကြောင်းနဲ့ မြောက်ကိုရီးယားနဲ့ စစ်ဖက်ဆက်ဆံမှုရပ်ဆိုင်းဖို့ အရေးကြီးကြောင်းကိုလည်း ဆွေးနွေး ပြောဆိုခဲ့ပါ တယ်ဟု  ကာကွယ်ရေးဌာနပြောရေးဆိုခွင့်ရှိသူက အင်္ဂါနေ့တွင် သတင်းထုတ်ပြန် ပြောကြားသည်။

အနောက်အုပ်စုမဟာမိတ်များက အာရှဒေသတွင်းမိတ်ဆွေများနှင့်အတူ ကိုရီးယားကျွန်းဆွယ်လုံခြုံရေး စိုးရိမ်စရာကိစ္စများကို အကဲဖြတ်လျက်ရှိသည်။ မြောက်ကိုရီးယားသည် ၄င်း၏ တတိယအကြိမ်မြောက် နျူကလီးယား စမ်းသပ်ဖောက်ခွဲမှုကို မနှစ်ကပြုလုပ်ခဲ့ပြီး ထိုအတောအတွင်း မြန်မာနိုင်ငံသည်လည်း ၄င်း၏ ပြည်တွင်းရေးနှင့် လုံခြုံရေးပြဿနာများ ကြီးထွားလာခြင်းကို ဖြေရှင်းရန် နိုင်ငံတကာက တိုက်တွန်းတောင်းဆိုခြင်းကို ခံနေရသည်။

ပြီးခဲ့သောလတွင် မြန်မာ့တပ်မတော် ကာကွယ်ရေးစစ်လက်နက်ပစ္စည်းညွှန်ကြားရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး သိန်းဌေးအား မြောက်ကိုရီးယားစစ်ဖက်နှင့် ဆက်ဆံမှုကြောင့် sanction ချမှတ်အရေးယူကြောင်း  အမေရိကန် ပြည်ထောင်စု အကြမ်းဖက်ဝါဒနှင့် ငွေကြေးထောက်လှန်းရေးဆိုင်ရာအတွင်းဝန် ဒေးဗစ်ကိုဟင်က ထုတ်ပြန်ကြေညာ ခဲ့သည်။

“ဒုတိယဗိုလ်ချုပ်ကြီးသိန်းဌေးဟာ မြောက်ကိုရီးယားမှ လက်နက်ဝယ်ယူမှုတားမြစ်တဲ့ နိုင်ငံတကာစည်းကမ်းကို လိုက်နာမှုမရှိခဲ့ပါဘူး။ ဒီအရောင်းအဝယ်ကရတဲ့ ပိုက်ဆံတွေဟာ မြောက်ကိုရီးယားရဲ့ တရားမဝင်လုပ်ရပ်တွေကို တိုက်ရိုက်ပံ့ပိုးနေပါတယ်” ဟု ဒေးဗစ်ကိုဟင်က ပြောကြားခဲ့သည်။

၂၀၁၀ ဧပြီလက မြန်မာနိုင်ငံ ရန်ကုန်မြို့သင်္ကြန်ပွဲတော်၌ ဗုံးပေါက်ကွဲမှုဖြစ်ပွားခဲ့သည့်အချိန်တွင် တိုက်တိုက်ဆိုင်ဆိုင် သံလျင်မြို့သီလဝါဆိပ်ကမ်း၌ မြောက်ကိုရီးယားသင်္ဘောတစ်စင်းဆိုက်ကပ်ကာ ကုန်ပစ္စည်းများ ချခဲ့သည်ဟု ကြားသိရပြီး၊ သင်္ကြန်ပွဲတော်ဗုံးပေါက်ကွဲမှုသတင်းကြောင့် မြောက်ကိုရီးယားသင်္ဘောဆိုက်ကပ်မှု သတင်း တိမ်မြှုပ်သွားခဲ့သည်ဟု သိရှိရသည်။


Physicians အုပ်စုက မြန်မာနိုင်ငံမှ ဘာသာရေးပဋိပက္ခအတွက် အစိုးရကို ပြစ်တင်မှုများပြုလုပ်

(30 August 2013  ရက်စွဲပါ Washington Post မှ Richard S. Ehrlich ရေးသားသော Physicians Group blames Government For Myanmar religion strife ကို ဘာသာပြန်ပါသည်)

မြန်မာနိုင်ငံတွင် ဗုဒ္ဓဘာသာများသည် မွတ်ဆလင်များအား ဥပဒေမဲ့ သတ်ဖြတ်လျက်ရှိကြောင်း အစိုးရက တိုက်ခိုက်မှုများကို ရပ်တန့်သွားအောင် မလုပ်နိုင်ခြင်းကြောင့်ဖြစ်ကြောင်း နယူးယောက်အခြေစိုက် Physicians For Human Rights အဖွဲ့က မွတ်ဆလင်များအပေါ် ထပ်မံတိုက်ခိုက်မှုများ ဖြစ်ပေါ်လာအပြီးတွင် ပြောကြားခဲ့ပါသည်။

ပြီးခဲ့သည့်နှစ်အတွင်းက မြန်မာနိုင်ငံတဝှမ်းရန်ပွဲများ ဖြစ်ပွားခဲ့ရာ ရာပေါင်း(၂၄၀)ကျော် သေဆုံးခဲ့ရာအများစုမှာ မွတ်ဆလင်များဖြစ်ပါသည်။

သြဂုတ်လ (၂၄)ရက်နေ့က စစ်ကိုင်းတိုင်း၊ ကန့်ဘလူ့မြို့တွင် မွတ်ဆလင်အမျိုးသားက ဗုဒ္ဓဘာသာအမျိုးသမီးကို အဓမ္မပြုကျင့်ရန် ကြိုးစားသည်ဟု ကောလဟာလသတင်းများအရ လူတစ်ထောင်ခန့်ရှိသော လူအုပ်ကြီးသည် မွတ်ဆလင် များ၏နေအိမ် ၃၅ လုံးကျော်နှင့် ဆိုင်ခန်းတစ်ဒါဇင်ခန့်ကို မီးရှို့ဖျက်ဆီးခဲ့သည်ဟု ရဲက AP သို့ပြောကြားခဲ့ပါသည်။

ရဲက ကျုးလွန်သူဟု သံသယရှိသူကို ဖမ်းဆီးခဲ့သော်လည်း လူအုပ်ကြီးက ထိုလူအားတောင်းဆိုမှုအပေါ် ထုတ်ပေးရန် ငြင်းဆိုခဲ့ခြင်းကြောင့် မည့်သို့မျှသက်ဆိုင်ခြင်းမရှိသော အနီးအနားရှိ မွတ်ဆလင်များအပေါ် တိုက်ခိုက်ခဲ့ ကြောင်း ရဲကပြောပါသည်။ မီးလောင်ခြင်းကြောင့် ဗလီတစ်လုံး ပျက်စီးခဲ့ရပါသည်။

“မြန်မာအစိုးရအနေနဲ့ ဒီကျူးလွန်မှုတွေအပေါ် ထိရောက်တဲ့စုံစမ်းစစ်ဆေးမှုတွေ စနစ်တကျ အားထည့်ပြီး လုပ်ရပါမယ်။ ကျုးလွန်သူတွေကိုလည်း ဖမ်းဆီးအရေးယူမှုတွေ လုပ်ရပါမယ်”ဟု အဆိုပါအုပ်စုက အစီရင်ခံစာ ရေးသားခဲ့ပါသည်။

အစီရင်ခံစာတွင် နိဂုံးချုပ်ဖော်ပြထားရာတွင် “အဆိုပါသတ်ဖြတ်မှုများသည် လက်ရှိတွင် တစ်နိုင်ငံလုံး အနေအထား ဖြစ်မလာသေးသော်လည်း၊ အဆိုပါရာဇဝတ်မှုများသည် သဘာဝအရ ပျံနှံ့လွယ်ပြီး၊ အရေးယူမှု မရှိခြင်းကြောင့် အနာဂတ်တွင် ဆက်လက်ဖြစ်ပွားနေဦးမည်”ဟု ဖော်ပြထားပါသည်။

“ဒီအခြေအနေတွေကို  မကိုင်တွယ်နိုင်ဘူးဆိုရင်၊ မြန်မာနိုင်ငံမှာ မြို့ရွာအနှံအကြမ်းဖက်မှုတွေဟာ ကြုံတွေ့ရပြီး အန္တရာယ်ကြီးတဲ့အဆင့်မှာရှိပါမယ်။ လူသားချင်းစာနမှုမရှိတဲ့ ရာဇဝတ်မှုနဲ့ သို့မဟုတ် လူမျိုးတုံးသတ်ဖြတ်မှုတွေ ဖြစ်လာနိုင်ပါတယ်”ဟုဆိုပါသည်။

ကုလသမဂ္ဂ လူ့အခွင့်အရေးအထူးကိုယ်စားလှယ် Tomar Quintana သည် မိထ္ထီလာတွင် ဗုဒ္စဘာသာများကမူ မွတ်ဆလင်များအပေါ် တိုက်ခိုက်မှုများအား သြဂုတ်လ ၂၁ ရက်နေ့တွင် ပြီးဆုံးသော၎င်း၏ ဆယ်ရက်ခရီးစဉ်အတွင်း စုံစမ်းစစ်ဆေးခဲ့ပါသည်။

ဒေသခံများက မိတ္ထီလာရန်ပွဲတွင် ဗုဒ္စဘာသာများပါဝင်ပတ်သက်မှုနှင့် ပတ်သက်၍ Quintana သည် ဘက်လိုက်သည်ဟု စွပ်စွဲပြီး၊ အစိုးရကလည်း ၄င်း၏ပြောဆိုမှုများကို ငြင်းဆိုခဲ့ပါသည်။

Quintana သည် ၄င်းကြုံတွေခဲ့ရသည့် အတွေ့အကြုံအရ အကြမ်းဖက်သောလူအုပ်ကြီး၏ ကျုးလွန်နေစဉ် ဒေသခံများ၏ ကြောက်ရွံ့မှုကို ကိုယ်တိုင်ခံစားသိရှိခဲ့ရပါသည်။ ရဲတပ်ဖွဲ့သည် လူပေါင်း(၄၃)ဦးသေဆုံးသည်အထိ ဖြစ်ပွား သော လူအုပ်ကြီးကို ဘေးမှရပ်ကြည်နေခဲ့ကြောင်း စွပ်စွဲမှုများရှိခဲ့ပါသည်။

ရခိုင်ပြည်နယ်မှ မွတ်ဆလင်များက ၄င်းတို့သည် ရိုဟင်ဂျာတိုင်းရင်းသားများဖြစ်သော်လည်း ခွဲခြားနှိပ်စက်ခံရ ကြောင်း ဆိုပါသည်။

ဗုဒ္စဘာသာစစ်သွေးကြွများနှင့် အစိုးရက ရိုဟင်ဂျာများသည် မြန်မာနိုင်ငံသားများမဟုတ်ဘဲ အိမ်နီးချင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ လွန်ခဲ့သော ဆယ်စုနှစ်များစွာက တရာမဝင်ရွေ့ပြောင်းလာသော ဘင်္ဂါလီလူမျိုး မွတ်ဆလင်များ ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။

ဗုဒ္စဘာသာများက မွတ်ဆလင်နေအိမ်များနှင့် ဆိုင်ခန်းများကို အကြမ်းဖက်မီးရှို့၍ မောင်းထုတ်ရာတွင် ရဲတပ်ဖွဲ့နှင့် သို့မဟုတ် စစ်တပ်သည် ရိုဟင်ဂျာနှင့် အခြားမွတ်ဆလင်များးကို တိုက်ခိုက်ခြင်း သို့မဟုတ် တိုက်ခိုက်နေ သည်များကို ကြည့်နေခဲ့ကြောင်းနှင့် အကာအကွယ်မပေးသည့် ဖြစ်ရပ်များစွာရှိကြောင်း အစီရင်ခံစာတွင် ဖော်ပြထားပါသည်။



Google Drive: create, share, and keep all your stuff in one place. Logo for Google Drive

0 comments:

Post a Comment