Transparency Myanmar

transparency.myanmar@gmail.com

International Media (3)
Document

Snapshot of the item below:
International Media (3)

နိုင်ငံတကာသတင်းများ (၃)

UAE က မြန်မာနိုင်ငံမှ ရိုဟင်ဂျာ မွတ်ဆလင်များအတွက် ရေရှည်တည်တံ့မည့် အဖြေရှာရေး နိုင်ငံတကာ အသိုင်းအဝိုင်းကို တိုက်တွန်း

(29 sept 2013 ရက်စွဲပါ Emirates News Agency မှ UAE urges international community to find lasting solutions for Rohingya Muslim minority ကိုဘာသာပြန်ဆိုသည်)

UAE ကမြန်မာနိုင်ငံတွင် ရိုဟင်ဂျာ မွတ်ဆလင်လူနည်းစု အပေါ်တွင် ပစ်မှတ်ထား လုပ်ဆောင်နေသော အကြမ်းဖက်မှုများအပေါ် စိုးရိမ်မှုများကို ဖော်ပြခဲ့ပြီး နိုင်ငံတကာအသိုင်းအဝိုင်းအနေဖြင့် မြန်မာအစိုးရအား လူ့အခွင့် အရေး၏ အခြေခံမူများနှင့် ဆန့်ကျင်နေသောလုပ်ရပ်များ ရပ်တန့်ရေး၊ မြန်မာနိုင်ငံတွင် ရိုဟင်ဂျာ မွတ်ဆလင် လူနည်းစု ရပိုင်ခွင့်များ ပြန်ရအောင် ကူညီရေးအတွက် လုပ်ဆောင်ပေးရန် အားပေးကြရန် တောင်း ဆိုခဲ့ပါသည်။

UAE က ၎င်းသည် အကြမ်းဖက်မှုခံရသောသူများကို လူသားချင်းစာနာသော အကူအညီများ ဆက်လက်ပေး သွားမည်ဖြစ်ပြီး မြန်မာနိုင်ငံမှ မွတ်ဆလင်လူနည်းစုများ၏ တရားဝင်ရပိုင်ခွင့်များကို အကာအကွယ်ပေးသွား မည်ဖြစ် ကြောင်း ပြန်လည်အတည်ပြုပြောကြားခဲ့ပါသည်။

အဆိုပါ ပြောကြားမှုများသည် နယူးယောက်တွင် ကျင်းပသော အစ္စလာမ်ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ (OIC) ၏ ရိုဟင်ဂျာဆက်သွယ်ရေးအုပ်စု အစည်းအဝေးတွင် ဖတ်ကြားသော UAE ၏ ကျေညာချက်တွင် ပါဝင်ပါသည်။ အဆိုပါ အစည်းအဝေးကို နယူးယောက်တွင် ၆၈ ကြိမ်မြောက် ကုလသမဂ္ဂအထွေထွေညီလာခံနှင့် မဆိုင်ပဲ သီးခြားပြုလုပ်ခဲ့ ခြင်းဖြစ်ပြီး OIC ၏ အထွေထွေအတွင်းရေးမှူးချုပ် ပါမောက္ခ Ekmeleddin Ihsanoglu က သဘာပတိအဖြစ် ဆောင်ရွက်ခဲ့ပါသည်။

အဆိုပါ အစည်းအဝေးတွင် UAE ၏ ကျေညာချက်ကို နိုင်ငံတကာ အဖွဲ့အစည်းများရေးရာ လက်ထောက် နိုင်ငံ ခြားရေး ဝန်ကြီး Dr.Saeed Mohammed Al Shamsi က ဖတ်ကြားခဲ့ပါသည်။

UAE တာဝန်ရှိသူက ရိုဟင်ဂျာမွတ်ဆလင်များကိစ္စ အဖြေရှာရေးနှင့် လူသားချင်းစာနာသော ဖွံ့ဖြိုးတိုးတက်မှု အကူအညီများပေးရေးအတွက် လိုအပ်သည့်လက်တွေ့ကျသည့် ခြေလှမ်းများလှမ်းနိုင်ရေးအား ကုလသမဂ္ဂနှင့် လူ့အခွင့် အရေးအဖွဲ့များအပေါ် ဆန္ဒပြင်းပြလာစေအောင် စုစည်းညီညွတ်စွာနှင့် လက်တွေ့ကျကျ ရပ်တည်ရန် တောင်းဆိုခဲ့ပါ သည်။

UAE ကျေညာချက်အဆိုအရ အဆိုပါကိစ္စအတွက် ရေရှည်တည်တံ့အမည်အဖြေရှာရေး၊ ဘာသာရေးအရ ပဋိပက္ခများ ကာကွယ်ရေးနှင့် အစွန်းရောက်များကို တားဆီးနိုင်ရေးအတွက် လူ့အခွင့်အရေးကောင်စီနှင့် အစွန်း ရောက်များကို တားဆီးနိုင်ရေးအတွက် လူ့အခွင့်အရေးကောင်စီတွင် အဆိုပါကိစ္စဆွေးနွေးခြင်း၊ အချက်အလက် ရှာဖွေ ရေး ကော်မတီဖွဲ့စည်းခြင်း၊ မြန်မာနိုင်ငံ လူ့အခွင့်အရေးကိစ္စရပ်အပေါ် အထူးကိုယ်စားလှယ်မှ အဆိုပါ ကိစ္စကို အဆတ်မပြတ်အစီရင်ခံခြင်း၊ ကုလသမဂ္ဂအထွေထွေ အတွင်းရေးမှူးမှ ထိုကိစ္စကို မျက်ခြေမပြတ်ခြင်း၊ အထက်က ဆိုခဲ့ သော လုပ်ဆောင်ချက်များကို ကုလသမဂ္ဂအထွေထွေညီလာခံ ဆုံးဖြတ်ချက်ဖြင့် ထောက်ခံ အားပေးမှုပြုခြင်း၊ နိုင်ငံ တကာဖိအားပေးမှုမျိုးစုံပေးခြင်းများ လုပ်ဆောင်ရန် ပါဝင်ပါသည်။

Dr Al Shamsi က မြန်မာနိုင်ငံရိုဟင်ဂျာ မွတ်ဆလင်များကိစ္စအပေါ် လက်ခံနိုင်သော အဖြေရှာနိုင်ရေးအတွက် လက်ရှိ ကုလသမဂ္ဂ အထွေထွေညီလာခံတွင် စုစည်းညီညွတ်စွာ ရပ်တည်၍ လက်တွေ့ကျသော ထောက်ခံအကြံပြု ချက်များနှင့် လုပ်ဆောင်မှုယန္တရားများ ဖော်ထုတ်ကြရန် လိုအပ်ချက်ကို အလေးပေးပြောကြားခဲ့ပါသည်။



Google Drive: create, share, and keep all your stuff in one place. Logo for Google Drive

International Media (2)
Document

Snapshot of the item below:
International Media (2)

ဘာသာပြန်သတင်းများ (၂)

(Associated Press မှ 29 Sept 2013 ရက်စွဲပါ “Sectarian tensions flare in Myanmar town”သတင်းကို ဘာသာပြန်ဆိုသည်)

(Bangkok Post မှ 28 Sept 2013 ရက်စွဲပါ “Govt reaches border accord with myanmar”သတင်းကိုဘာသာ ပြန်ဆိုသည်)


သံတွဲတွင် လူမျိုးရေးအကြမ်းဖက် တင်းမာမှုဖြစ်ပွားပြန်

(Associated Press မှ 29 Sept 2013 ရက်စွဲပါ “Sectarian tensions flare in Myanmar town”သတင်းကို ဘာသာပြန်ဆိုသည်)

မြန်မာနိုင်ငံ အနောက်မြောက်ပိုင်း သံတွဲမြို့တွင် တနင်္ဂနွေနေ့ညပိုင်း၌ ဗုဒ္ဓဘာသာဘုန်းကြီးများက မွတ်ဆလင် ပိုင် အိမ်နှစ်လုံးကို ဖျက်ဆီးခဲ့ပြီးနောက် လုံခြုံရေးတပ်ဖွဲ့များကို အမြင့်ဆုံးအဆင့် တပ်လှန့်ထားရပြီး တင်းမာမှုများ မြင့်တက်လျက် ရှိသည်။

စနေနေ့က သံတွဲမြို့တွင် တက်စီဒရိုင်ဘာတစ်ဦးက မွတ်ဆလင်ပိုင်ဈေးဆိုင်တစ်ခု၏ ရှေ့တွင် ကားပါကင်ထိုး စဉ် ဆိုင်ရှင်က ဆဲဆိုစော်ကားခဲ့သည်ပာု ရဲစခန်းသို့တိုင်ကြားခဲ့ပြီးနောက် တင်းမာမှုများစတင်ခဲ့ကြောင်း ရခိုင်ပြည်နယ် အစိုးရ ဦးဝင်းမြိုင်က ပြောကြားသည်။

ရဲစခန်းက ၎င်းမွတ်ဆလင်ဆိုင်ပိုင်ရှင်ကို ခေါ်ယူမေးမြန်းခဲ့သော်လည်း ထိုသူကို ရဲစခန်းက ပြန်လွှတ်လိုက်ပြီး နောက်တွင် ဒေါသထွက်နေသော လူအုပ်ကြီးက ထိုသူ၏အိမ်ကိုခဲများဖြင့် စတင်ပစ်ပေါက်ခဲ့ကြခြင်းဖြစ်သည်။

တနင်္ဂနွေနေ့ညပိုင်းတွင် အိမ်နှစ်လုံး မီးရှို့ဖျက်ဆီးခံရပြီးနောက် လုံခြုံရေးတပ်ဖွဲ့များက အခြေအနေကို ထိန်းသိမ်းရန် ကြိုးစားနေကြသည်ပာု ဦးဝင်းမြိုင်ကဆိုသည်။

“အခြေအနေကို ထိန်းသိမ်းနိုင်ပြီဆိုပေမယ့် အရမ်းတင်းမာနေတယ်။ မွတ်ဆလင်အိမ်တွေကို ဖျက်ဆီးဖို့အတွက် သံတွဲကို လူတွေ ထပ်ရောက်လာကြမယ်ဆိုတဲ့ ကောလပာာလသတင်းတွေကို ကြားပြီးတဲ့နောက် ဒေသခံတွေ စိုးရိမ် ကြောက်လန့် နေကြတယ်”ပာု သံတွဲဒေသခံ မွတ်ဆလင်တစ်ဦးဖြစ်သူ မျိုးမင်းက Associated Press သို့ ဖုန်းဖြင့် ပြောကြားသည်။

လွန်ခဲ့သော သုံးလခန့်ကလည်း သံတွဲတွင် အလားတူဖြစ်ရပ် ဖြစ်ပွားခဲ့သည်။ ထိုဖြစ်ရပ်တွင် မွတ်ဆလင်သုံးဦး ကအမျိုးသမီး တစ်ဦးကို မုဒိမ်းကျင့်သည်ပာူသော ကောလပာာလသတင်းထွက်ပေါ်လာပြီးနောက် ရုန်းရင်းဆန်ခတ်မှုများ ဖြစ်ပွားကာ မွတ်ဆလင် အိမ်နှစ်လုံး မီးရှို့ဖျက်ဆီးခံခဲ့ရသည်။

ဗုဒ္ဓဘာသာဝင်အများစုနေထိုင်သော လူဦးရေ သန်း ၆၀ မြန်မာနိုင်ငံတွင် မနှစ် ဇွန်လကစပြီး ဘာသာရေး၊ လူမျိုးရေး အကြမ်းဖက် အဓိကရုဏ်းဖြစ်ပွားခဲ့သည်။ အဓိကရုဏ်းဖြစ်စဉ်အတွင်း သေဆုံးသူ ၂၅၀ ခန့်အနက် အများစုမှာ မွတ်ဆလင်များ ဖြစ်ကြပြီး လူပေါင်း ၁၄၀,၀၀၀ ခန့် အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့ကြရသည်။

မြန်မာနိုင်ငံ၏ ဒီမိုကရေစီပြုပြင်ပြောင်းလဲရေး တာထွက်လမ်းကြောင်းကို လောင်းရိပ်မိုးနေသော အကြမ်းဖက် အဓိကရုဏ်းများတွင် ပြည်တွင်းဗုဒ္ဓဘာသာအစွန်းရောက် သံဃာများ၊ ပြည်ပမှ အစွန်းရောက် အစ္စလာမ်သွေးထိုး လှုံဆော်သူများ၊ ပြုပြင်ပြောင်းလဲရေးလုပ်ငန်းစဉ်ကို နှေးကွေးစေလိုသူ အာဏာရှင်လက်ပောာင်းများ ထွေးရောယှက်တင် ပတ်သက် နေသည်ပာု အကဲခတ်လေ့လာသူများက မှတ်ချက်ပေးကြသည်။

ယခုနောက်ဆုံးဖြစ်ရပ်ကြောင့် ယင်းကဲ့သို့ အကြမ်းဖက်အဓိကရုဏ်းများကို ဦးသိန်းစိန်အစိုးရ ကိုင်တွယ်ဖြေ ရှင်းနိုင်ပါ့မလားပာူသော သံသယများ ထပ်မံတိုးပွားလာစေသည်ပာု ဆိုသည်။


 

ထိုင်းနှင့် မြန်မာနယ်ခြားမျဉ်းဆိုင်ရာ သဘောတူညီမှု ရရှိ

(Bangkok Post မှ 28 Sept 2013 ရက်စွဲပါ “Govt reaches border accord with myanmar”သတင်းကိုဘာသာ ပြန်ဆိုသည်)

နယ်ခြားမျဉ်းသတ်မှတ်ရေးအတွက် အခြေခံလုပ်ငန်းပုံစံ framework အဖြစ် နားလည်မှု စာချွှန်လွှာ လက်မှတ် ရေးထိုးရန် လိုအပ်သောကြောင့် ထိုင်းနှင့် မြန်မာတို့ သဘောတူညီလိုက်ပြီဖြစ်သည်။

ဘန်ကောက်မြို့တွင် ကျင်းပသော ထိုင်း မြန်မာ ပူးတွဲနယ်ခြားကော်မရှင် JBC အစည်းအဝေး နောက်ဆုံးရက် အဖြစ် မနေ့က ကျင်းပရာတွင် အဆိုပါ သဘောတူညီမှု ရရှိခဲ့ခြင်းဖြစ်သည်။

ရက်မသတ်မှတ်ရသေးသော နောက်တစ်ကြိမ် အစည်းအဝေး မတိုင်မီ နားလည်မှုစာချွန်လွာ လက်မှတ်ရေးထိုးခြင်းကို ထိုင်းနှင့် မြန်မာအကြီးတန်း တာဝန်ရှိသူများက အပြီးသတ်ပြုလုပ်ကြလိမ့်မည်ဟု နယ်ခြား ကော်မရှင် အစည်းအဝေးပူးတွဲ ဥက္ကဋ္ဌ ဗာဆင်တီရာဗီချန်းက ပြောကြားသည်။

အထက်ပါ အစည်းအဝေးတွင် မြန်မာ ဒုတိယနိုင်ငံခြားရေးဝန်ကြီးကလည်း ပူးတွဲဥက္ကဋ္ဌ အဖြစ် ဆောင်ရွက်ခဲ့ သည်ဟု သိရှိရသည်။

ထိုင်းနှင့် မြန်မာနှစ်နိုင်ငံသည် နယ်စပ်အရှည် ၂၄၀၁ ကီလိုမီတာခန့် နယ်စပ်ခြင်း ထိစပ်နေပြီး နယ်ခြားမျဉ်း ပြန်လည်တိုင်း တာခြင်း၊ သတ်မှတ်ခြင်းလုပ်ငန်းစဉ်တွင် အသုံးပြုရန်အတွက် လေကြောင်းမှ ဓါတ်ပုံရိုက်ကူးမှုများ ပြုလုပ်သွားမည်ဟု ဗာဆင်တီရာဗီချန်းက ပြောကြားသည်။

ထိုင်းနှင့် မြန်မာတာဝန်ရှိသူများသည် အမြဲတမ်းဝင်ပေါက်ဖြစ်လာတော့မည့် ပရာချွတ်ကရီချန် ပြည်နယ် ဆင်းကုန်း-မော တောင် စစ်ဆေးရေး ဂိတ်နယ်မြေတွင် အသေးစိတ်တိုင်းတာခြင်းကို ပထမဆုံး ပြီးဆုံးအောင် ဆောင်ရွက်သွားကြမည်ဟု မစ္စတာ ဗာဆင်က ဆိုပါသည်။


                                                


Google Drive: create, share, and keep all your stuff in one place. Logo for Google Drive