Transparency Myanmar

transparency.myanmar@gmail.com

Q & C
Document

Snapshot of the item below:
Q & C

သတင်းဆောင်းပါးမှ ကောက်နှုတ်ချက်များ 

“အခုစလုပ်မှာက ငွေရင်းငွေနှီးဈေးကွက် ( Capital Market ) ကြီးတစ်ခုလုံးတော့ မပာုတ်သေးဘူးပေါ့။ အဲ့ဒါရဲ့အစိတ်အပိုင်း တစ်ခုဖြစ်တဲ့ စတော့အိတ်ချိန်းကိုစပြီးတော့ အကောင်အထည်ဖော်မှာ။ ဒီအတွက်ပြင်ဆင်နေတဲ့အနေနဲ့ ဘဏ္ဍာရေးဝန်ကြီး ဌာနက ဦးဆောင်ပြီး ကော်မတီတစ်ရပ်ဖွဲ့ထားတယ်။ မြန်မာနိုင်ငံရဲ့ပထမဦးဆုံး အိတ်ချိန်းဈေးကွက်ကိုတော့ ၂၀၁၅ မတိုင်မီ လောက်မှာ ဖြစ်လာဖို့မျှော်မှန်းထားတယ်”

စက်တင်ဘာလ ၁ ရက်နေ့ထုတ် စံတော်ချိန် နေ့စဉ်ထုတ်သတင်းစာတွင်ပါရှိသော “စတော့အိတ်ချိန်း အကောင် အထည် ဖော်ရန် ကော်မတီဖွဲ့စည်းဆောင်ရွက်နေပြီ”သတင်းမှ ဘဏ္ဍာရေးဝန်ကြီးဌာနမှ ဒုတိယဝန်ကြီး မောင်မောင်သိမ်း ၏ ပြောကြားချက်အား ကောက်နှုတ်ချက်။


“အခုတင်လိုက်တဲ့ ပြင်ဆင်ချက်သာ အတည်ဖြစ်မယ်ဆို မြန်မာနိုင်ငံမှာ နိုင်ငံသားစစ်စစ်ကပဲ ရွေးကောက်ပွဲ ဝင်ပြိုင် နိုင်တော့မယ်။ ၂၀၁၀ တုန်းက ဥပဒေကတော့ နိုင်ငံရေးပါတီထောင်တဲ့သူတွေကိုရော၊ ရွေးကောက်ပွဲဝင်တဲ့ သူတွေကိုရော အားလုံးကို သူတို့က ခွင့်ပြုထားတယ်။ နောက်ဆုံးအဖြူရောင်ကတ်ကိုင်တဲ့ သူတွေကအစ ပါတီ ထောင်ခွင့်တို့၊ မဲပေးခွင့်တို့ ရနေကြတာပေါ့။ အဲဒါတွေ ပြဋ္ဌာန်းထားတဲ့အတွက်ကြောင့် ဒေါက်တာအေးမောင်က နိုင်ငံသားစစ်စစ်မှသာ နိုင်ငံရေးပါတီ တည်ထောင်ခွင့်၊ ရွေးကောက်ပွဲဝင်ခွင့်ပေးနိုင်အောင် ပြင်ဆင်ချက်တင်တဲ့သဘောပါ။ ဥပဒေပြင်ဆင်ပြီးရင် လွှတ်တော်ကပဲ လက်ခံပြီး အတည်ပြုလိုက်မယ်ဆိုရင်တော့ လက်ရှိအဖြူရောင်ကတ်ကိုင်ပြီး ဝင်ရောက်ယှဉ်ပြိုင်တဲ့ပါတီတွေအနေနဲ့က တော့ ဖျက်သိမ်းခံရဖွယ်ရှိပါတယ်”

စက်တင်ဘာလ ၁ ရက်နေ့ထုတ် ပြည်မြန်မာနေ့စဉ်ထုတ် သတင်းစာတွင်ပါရှိသော “နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေ ပြင်ဆင်ရေးဆွဲပြီးပါက နိုင်ငံသားအစစ်များသာ၊ ရွေးကောက်ပွဲဝင်ရောက်ယှဉ်ပြိုင် နိုင်တော့မည်”သတင်းမှ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးဖုန်းမြင့်အောင်၏ ပြောကြားချက်အား ကောက်နှုတ်ချက်။


“သူတို့တွေက ဘယ်တော့မှခွဲမထွက်ဘူး။ ဖက်ဒရယ်မူဆိုတာကို ကြားလိုက်တာနဲ့ ခွဲထွက်သွားမယ်ဆိုတဲ့စိတ်မျိုး လုံးဝမရှိပါနဲ့။ ဒါကို အဓိကထားဆွေးနွေးတယ်။ နောက်တစ်ခုက ငြိမ်းချမ်းရေးဖော်ဆောင်တဲ့အပိုင်းမှာ ရပ်တန့်မသွားဘဲနဲ့ စဉ်ဆက်မပြတ် မကြာမကြာ အခုလို ထိတွေ့ပေးရင် သူတို့တင်ပြချက်လေးတွေကို နားထောင်ပေးခြင်းအားဖြင့် ယုံကြည်မှုတည်ဆောက်တဲ့ အပိုင်းမှာ ပိုမိုပြီးတော့ ထိထိရောက်ရောက် အောင်အောင်မြင်မြင်ဖြစ်လာမယ်လို့ သူတို့ကပြောတယ်။ နောက်တစ်ခုက သူတို့ စိတ်ထဲမှာ အားလုံးငြိမ်းချမ်းရေးရပြီး အပစ်အခတ်ရပ်စဲပြီးတဲ့နောက်ပိုင်းမှာ တကယ်လို့များ လွှတ်တော်မှဆက်ပြီး ဆွေးနွေး လို့ရှိရင် ကြန့်ကြာနေမယ်ဆိုတာ စိုးရိမ်သောကဖြစ်မိတယ်လို့ပြောတယ်။ နောက်တစ်ခုက သူတို့က ဘာပဲဖြစ်ဖြစ် သူတို့ တွေပာာ တိုင်းရင်းသားညီအစ်ကိုတွေ။ ဒီ ၂၀၁၅ မတိုင်မီ ငြိမ်းချမ်းရေးရပြီဆိုတဲ့ အဆင့်ရောက်တဲ့အထိ တစ်ဆင့်ပြီး  တစ်ဆင့် မြန်မြန်သွားချင်နေကြတယ်။ အဲ့ဒါလေးတွေ ဆွေးနွေးဖြစ်ပါတယ်”

စက်တင်ဘာလ ၁ ရက်နေ့ထုတ် Daily Eleven နေ့စဉ်ထုတ်သတင်းစာတွင်ပါရှိသော “အပစ်အခတ်ရပ်စဲထားသော KNU နှင့် RCSS/SSA တို့ကို ငြိမ်းချမ်းရေးဖော်ဆောင်ရေးလုပ်ငန်းကော်မတီဥက္ကဋ္ဌ ဒုတိယသမ္မတ ဒေါက်တာစိုင်းမောက်ခမ်း နေပြည်တော်သို့ခေါ်ယူတွေ့ဆုံ”သတင်းမှ ပြည်ထောင်စုငြိမ်းချမ်းရေးဖော်ဆောင်ရေး လုပ်ငန်းကော်မတီအဖွဲ့ဝင် မွေးမြူရေး၊ ရေလုပ်ငန်းနှင့် ကျေးလက်ဒေသဖွံ့ဖြိုးရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအုန်းမြင့်၏ ပြောကြားချက်အား ကောက်နှုတ်ချက်။


“အန်တီတို့နိုင်ငံရဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေမှာပါတယ်။ ဘာသာရေးကို နိုင်ငံရေးအလို့ဌာ မသုံးစွဲရဘူးလို့ဆိုပါတယ်။ တခြားနိုင်ငံတွေမှာလဲ ဒါတွေပါ ပါတယ်။ အဲ့ဒါကြောင့် နိုင်ငံရေးနဲ့ ဘာသာရေးနဲ့နွယ်နေတဲ့ကိစ္စတွေဆိုရင် အများကြီးသတိထား ရတယ်။ သတိထားတယ်ဆိုတာ နိုင်ငံရေးအဖွဲ့အစည်းတွေအနေနဲ့ဆိုရင် ဘာသာရေးနဲ့ပတ်သက်လို့ဝင်ပြီး ကိုင်တွယ်တာ ရှိခဲ့လို့ရှိရင် ဒါကိုစွက်ဖက်တယ်။ ဒါပာာ ဘာသာရေးကို နိုင်ငံရေးအတွက် သုံးသပ်လို့ ဒီစွပ်စွဲချက်တွေဖြစ်လာနိုင်တယ်။ နောက်ပြီး ဘာသာရေးနဲ့ဆိုင်တယ်ဆိုတာကတော့ အန်တီအမြင်ပြောရရင် တကယ်အဓိကဘာသာရေးနဲ့ဆိုင်တဲ့ကိစ္စတွေကို ပြေလည်အောင်လုပ်ဖို့ဆိုရင် ဘာသာရေးခေါင်းဆောင်တွေနဲ့ အများကြီးဆိုင်ပါတယ်။ အဲဒီတော့ နိုင်ငံရေးသမားတွေမှာ တာဝန်မရှိဘူးလားဆိုတော့ ရှိတော့ရှိတယ်။ ရှိတယ်ဆိုတော့ အန်တီကတော့ ဥပဒေစိုးမိုးရေးဘက်ကကို အစကတည်း ကပြောတယ်။ ဥပဒေစိုးမိုးရေးဖိပြီးလုပ်ပါ။ အစိုးရအနေနဲ့ နိုင်ငံရေးဘက်က ဒီပာာကို အားထားစေချင်၊ အလေးထားစေ ချင်တယ်။ အစိုးရများရဲ့တာဝန်က တရားဥပဒေစိုးမိုးရေးကို ထိန်းသိမ်းထားရမယ်။ အားလုံးကငြိမ်းငြိမ်းချမ်းချမ်းဆွေးနွေးနိုင်တဲ့ အနေအထားမှာရှိရမယ်။ တကယ်တော့ ဒီလိုကိစ္စတွေပာာ အလွယ်လေးနဲ့ အဖြေမရှိပါဘူး။ အဲ့လိုသာရှိရင် ပြဿနာဆိုတာ မရှိဘူး။ အဲဒီတော့ ဘာသာဆိုင်ရာပုဂ္ဂိုလ်ကြီးများကလဲ ဘာသာရေးဘက်က လုပ်သင့်လုပ်ထိုက်တာလုပ်ရမယ်။ အစိုးရလုပ် သူတွေ အစိုးရဘက်ကလုပ်သင့်လုပ်ထိုက်တာလုပ်ရမယ်။ နိုင်ငံရေးပါတီတွေကလဲ နိုင်ငံရေးဘက်က လုပ်သင့်လုပ်ထိုက်တာ ရှိရမယ်”

သြဂုတ်လ ၃၁ ရက်နေ့ထုတ် Yangon Time နေ့စဉ်ထုတ်သတင်းစာတွင်ပါရှိသော “တရားဥပဒေစိုးမိုးရေး တကယ်လုပ် ရမှာက အစိုးရသာဖြစ်ကြောင်း ဒေါ်အောင်ဆန်းစုကြည်ပြောကြား”သတင်းမှ ကော့မှူးမဲဆန္ဒနယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်အောင်ဆန်းစုကြည်၏ ပြောကြားချက်အား ကောက်နှုတ်ချက်။


 

“မြန်မာနိုင်ငံရဲ့ တိုးတက်ပြောင်းလဲမှုတွေက အရေးကြီးတယ်။ လက်ရှိအခြေအနေကိုလည်း အမေရိကန်ပြည်ထောင်စုက ထောက်ခံတယ်။ ၂၀၁၄ အာဆီယံအလှည့်ကျဥက္ကဋ္ဌနေရာကို မြန်မာနိုင်ငံက တာဝန်ယူဖို့ကိုလည်း ပင်တဂွန်က ပံ့ပိုးပေးမယ့် အကြောင်း ပြောခဲ့ပါတယ်။ ဒါပေမယ့် မြောက်ကိုရီးယားနဲ့ စစ်ရေးအရ ဆက်ဆံမှုရှိရင်တော့ စိုးရိမ်စရာပဲဆိုပြီး အဲဒီအကြောင်း တွေကို အဓိကဆွေးနွေးခဲ့ပါတယ်”

စက်တင်ဘာလ ၃ ရက်နေ့ထုတ် True News ဂျာနယ် အတွဲ(၅) အမှတ်(၄၆)တွင်ပါရှိသော “မြန်မာနိုင်ငံ၏ မြောက်ကိုရီး ယားနှင့် စစ်ဘက်ဆက်ဆံရေးအပေါ်စိုးရိမ်ပာု အမေရိကန်ဆို”သတင်းမှ မြန်မာစစ်ဘက်ပြောရေးဆိုခွင့်ရှိသူ တစ်ဦး၏ ပြောကြားချက်အား ကောက်နှုတ်ချက်။

 


 


Google Drive: create, share, and keep all your stuff in one place. Logo for Google Drive

0 comments:

Post a Comment