Transparency Myanmar

transparency.myanmar@gmail.com

Q & C
Document

Snapshot of the item below:
Q & C

သတင်းဆောင်းပါးမှ ကောက်နှုတ်ချက်များ 

“သန်း ၆ဝ သော ပြည်သူတွေ လိုက်နာအောင် ဘက်ပေါင်းစုံကနေ စနစ်တကျ ရေးဆွဲဖို့လိုတယ်။ ဥပဒေကြမ်း တစ်စောင် ရေးဆွဲတာမလွယ်ဘူး။ ဥပဒေပညာရှင်တွေတင် ရေးဆွဲလို့မရဘူး။ ရေးဆွဲမယ့်ဥပဒေပေါ်မူတည်ပြီး သက်ဆိုင်ရာ ပညာရှင် တွေနဲ့ တိုင်ပင်ဆွေးနွေးရမယ်။ ဥပမာ-စီးပွားရေးအတွက် ဥပဒေရေးဆွဲမယ်ဆိုရင် စီးပွားရေးပညာရှင်တွေနဲ့ တိုင်ပင်ရေးဆွဲ ရမယ်။ ယခုရှိနေတဲ့ ဥပဒေကြမ်း ရေးဆွဲရေးအဖွဲ့မှာ အဲဒါတွေ အားနည်းနေတယ်”

၂၀၁၃ စက်တင်ဘာလ ၂ ရက်နေ့ထုတ် The Empire Daily နေ့စဉ်ထုတ်သတင်းစာတွင် ပါရှိသော “ဥပဒေပြုရေး အဖွဲ့တွင် ဘာသာရေးအလိုက် ကျွမ်းကျင်ပညာရှင်များ မရှိပါက ဥပဒေဖောင်းပွမှုဖြစ်နိုင်” သတင်းမှ တရားလွှတ်တော် ရှေ့နေ ဦးကိုနီ၏ ပြောကြားချက်အား ကောက်နှုတ်ချက်။


“နိုင်ငံတကာမှ မြန်မာနိုင်ငံရဲ့ ပြည်ထောင်စုနဲ့ပြည်နယ်အစိုးရအနေနဲ့ ဒီအရေးအခင်းကိစ္စမှာ အလုပ်ကောင်းကောင်း မလုပ်ဘူးလို့ပဲ ထင်နေကြတယ်။ ကျွန်တော်အနေနဲ့ ဒေသခံတိုင်းရင်းသားတွေနဲ့ ရိုဟင်ဂျာလို့ခံယူနေတဲ့ ဒီလူမျိုးစုနှစ်စုကြား ပဋိပက္ခငြိမ်းချမ်းအောင် အတူယှဉ်တွဲနေထိုင်ဖို့ လက်ရှိမှာ အခက်အခဲရှိနေတာ နားလည်ပါတယ်။ အစိုးရတွေအနေနဲ့ ကိုင်တွယ်ဖြေရှင်းရ ခက်နေတာလည်းသိပါတယ်။ ဘာပဲဖြစ်ဖြစ်၊ လူမျိုးနှစ်ခုလုံး ငြိမ်းချမ်းစေမယ့် အခြေအနေ ရောက်လာဖို့ကိုပဲ မျှော်လင့် လုပ်ဆောင်သွားမှာပါ”

၂၀၁၃ စက်တင်ဘာလ ၂ ရက်နေ့ထုတ် 7 Day Daily နေ့စဉ်ထုတ်သတင်းစာတွင် ပါရှိသော “ရခိုင်ပြည်နယ် အစိုးရ တုံ့ပြန်ဆောင်ရွက်ချက်များ နိုင်ငံတကာမှ အမြင်မကြည်မှုများ ရှိနေသေးဟု နမ်ဘီးယားပြောကြား” သတင်းမှ ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူး အထူးအကြံပေးပုဂ္ဂိုလ် မစ္စတာ ဗီဂျေနမ်ဘီးယား၏ ပြောကြားချက်အား ကောက်နှုတ်ချက်။


“သတင်းမီဒီယာတွေကို အာဏာထူထောင်တာ မဟုတ်ဘူး။ သြဇာထူထောင်တာ။ သြဇာထူထောင်တယ် ဆိုတာက သတင်းအမှန်ပေးမှ ပြည်သူကယုံမှာ။ မှန်ကန်တဲ့၊ အပြုသဘောဆန်တဲ့ ဝေဖန်သုံးသပ်မှုတွေ၊ ရိုးသားတဲ့ ဝေဖန်သုံးသပ်မှုတွေ၊ ပယောဂ မပါတဲ့ ဝေဖန်သုံးသပ်မှုတွေကို လွတ်လပ်စွာ ရေးသားမှုရှိပြီဆိုရင် ပုဂ္ဂလိက မီဒီယာတွေဟာ သြဇာရှိမယ်။ ဒါကလဲ အစိုးရကူညီမှ ဖြစ်မယ်။ ကျွန်တော်တို့က သိက္ခာမရှိတဲ့၊ မမှန်ကန်တဲ့ သတင်းတွေရေး၊ ဘက်လိုက်တဲ့ သုံးသပ်ချက်တွေကိုပြော၊ တိုက်ခိုက်မှုတွေလုပ်နေရင် အဲဒီ သတင်းမီဒီယာတွေဟာ ပြည်သူလူထုရဲ့ တံတွေးခွက်မှာ မျောသွားလိမ့်မယ်။ ကျွန်တော်တို့ သတင်းမီဒီယာတွေ အကြောက်ဆုံးက ဒါပဲလို့ သမ္မတကြီးကို ပြောပြခဲ့တယ်”

၂၀၁၃ စက်တင်ဘာလ ၂ ရက်နေ့ထုတ် ပြည်ထောင်စုနေ့စဉ် နေ့စဉ်ထုတ်သတင်းစာတွင် ပါရှိသော “အမြင် မတူ သော်လည်း အပြန်အလှန် ညှိနှိုင်းဆောင်ရွက်၊ စာနယ်ဇင်းကောင်စီ နှင့် တွေ့ဆုံစဉ် သမ္မတပြောကြား” သတင်းမှ ဦးခင်မောင်လေး (ဖိုးသောကြာ) ၏ ပြောကြားချက်အား ကောက်နှုတ်ချက်။


 

“ကျွန်တော်တို့ လူ့အဖွဲ့အစည်းတစ်ရပ် အနေနဲ့ သမိုင်း သင်ခန်းစာတွေကို မေ့ပျောက်ပစ်ခြင်း မရှိဘဲ နာကျင်မှု တွေ၊ ဆုံးရှုံးမှုတွေ ခံစားခဲ့ရတဲ့ ခါးသီးတဲ့ အတွေ့အကြုံတွေ၊ သမိုင်းကြောင်းထဲက ခွဲထွက်နိုင်မယ့် နိုင်ငံရေး ဖြစ်စဉ်သစ်တစ်ရပ် အစပြုနိုင်ခြင်းဆိုတဲ့ မျှော်လင့်ချက်ကို စတင် ပိုင်ဆိုင်လာပြီလို့ ဆိုရမှာ ဖြစ်ပါတယ်”

၂၀၁၃ စက်တင်ဘာလ ၄ ရက်နေ့ထုတ် The Myanmar Post ဂျာနယ် အတွဲ (၅) ၊ အမှတ် (၃၅) တွင် ပါရှိသော “ရှစ်လေးလုံး ဒီမိုကရေစီ ငွေရတုအခမ်းအနားအား ကျင်းပနိုင်ခြင်းမှာ နိုင်ငံရေးယဉ်ကျေးမှုတစ်ရပ် ပြုလုပ်နိုင်ခြင်း ဖြစ်ကြောင်း နိုင်ငံတော်သမ္မတ ပြောကြား” သတင်းမှ နိုင်ငံတော်သမ္မတ ဦးသိန်းစိန်၏ ပြောကြားချက်အား ကောက်နှုတ် ချက်။


“ကုလသမဂ္ဂ အနေနဲ့ အထူးသဖြင့် UNICEF အနေနဲ့ စစ်တပ်ထဲက ကလေးတွေကို တာဝန်တွေကနေ ရပ်ဆိုင်း ထားပြီး ပြန်လွှတ်လိုက်တဲ့အတွက် အထူးကြိုဆိုပါတယ်။ ဒါဟာ အစိုးရနဲ့ သဘောတူညီမှု ရထားတဲ့ ၂ဝ၁၂ ခုနှစ် စီမံကိန်းကနေ စပြီး အခု နောက်ဆုံး ၄၂ ယောက်နဲ့ ဆိုရင်တော့ ပြန်လွှတ်ပေးလိုက်တာ ၆၆ ယောက် ရှိပါပြီ၊ အခုလို ကလေးတွေကို စစ်တပ်ထဲကနေ ပြန်လွှတ်ပေးနေတာ တွေကို အရှိန်အဟုန် ကောင်းကောင်းနဲ့ ဆောင်ရွက်နေတယ်လို့လည်း ကျွန်တော်တို့ ခံစားမိပါတယ်၊ နောက်ပြီး နောင်ကိုလည်း ဒါမျိုးတွေ ဆက်မလုပ် ဖို့နဲ့ စစ်တပ်ထဲမှာ ကလေးတွေ လုံးဝ မရှိတဲ့အထိ လုပ်ဆောင်သွားလိမ့်မယ်လို့ မျှော်လင့်မိပါတယ်”

၂၀၁၃ စက်တင်ဘာလ ၅ ရက်နေ့ထုတ် Envoy ဂျာနယ် အတွဲ (၄) ၊ အမှတ် (၁၄) တွင် ပါရှိသော “ကလေးစစ်သား ပပျောက်ရေးအတွက် တိုင်းရင်းသားလက်နက်ကိုင်များဘက်မှ ပူးပေါင်းမည်” သတင်းမှ ကုလသမဂ္ဂ ကလေးများ ရန်ပုံငွေအဖွဲ့ (UNICEF) ပြောခွင့်ရ Peter Serdon ၏ ပြောကြားချက်အား ကောက်နှုတ်ချက်။

 



Google Drive: create, share, and keep all your stuff in one place. Logo for Google Drive

0 comments:

Post a Comment