Transparency Myanmar

transparency.myanmar@gmail.com

International Media
Document

Snapshot of the item below:
International Media

ဘာသာပြန်သတင်းများ (၁)

(Korea Joongang Daily မှ 2 Sep 2013 ရက်စွဲပါ “Saemaul taking root in Myanmar” သတင်းကိုဘာသာပြန်ဆိုသည်)

(eTurboNews မှ 1 Sep 2013 ရက်စွဲပါ “Myanmar Airways to replace Chinese MA 60s with French planes.” သတင်းကို ဘာသာပြန်ဆိုသည်။)

  • စစ်တပ်သည် နိုင်ငံခြားရေးမူဝါဒအတွက်အာဏာရှိဆဲ (International Media-2)

(2 September 2013 ရက်စွဲပါ Bangkok Post မှ Army remain a foreign policy power ကို ဘာသာပြန်သည်။)

  • မွတ်စလင်ဆန့်ကျင်ရေး ဘုန်းတော်ကြီးတစ်ပါးကြောင့် ဘာသာရေးတင်းမာမှုများဖြစ်ပွား (International Media - 3)

(The Nation(Pakistan) မှ 31 August 2013 ရက်စွဲပါ Anti-Muslim monk stokes Burmese religious tensions ကိုဘာသာပြန်ဆိုသည်)


ကျေးလက်ဖွံ့ဖြိုးရေး Saemaul စီမံချက် မြန်မာတွင်ခြေချ

(Korea Joongang Daily မှ 2 Sep 2013 ရက်စွဲပါ “Saemaul taking root in Myanmar” သတင်းကိုဘာသာပြန်ဆိုသည်)

၁၉၇၀ ခုနှစ်များအတွင်းက တောင်ကိုရီးယားအစိုးရဦးဆောင်သော ကျေးလက်ဖွံ့ဖြိုးရေး၊ ဆင်းရဲမှု တိုက်ဖျက်ရေးစီမံချက် Saemaul movement သည် တစ်ဦးချင်း ဂျီဒီပီတစ်နှစ်လျှင် ပျှမ်းမျှ ၈၅၄ ဒေါ်လာမျှသာရှိသော ကမ္ဘာ့အဆင်းရဲဆုံးတစ်နိုင်ငံဖြစ်သည့် မြန်မာနိုင်ငံသို့ရောက်ရှိလာပြီဖြစ်သည်။

တောင်ကိုရီးယားအစိုးရက ဒေါ်လာ ၁၃၅,၁၀၀ ရန်ပုံငွေထောက်ပံ့ပေးထားသော Saemual Complex Center ကို ရန်ကုန်မြို့အရှေ့ဖက် ကီလိုမီတာ ၈၀ အကွာရှိကျေးရွာတစ်ခုတွင် စနေနေ့က ဖွင့်လှစ်လိုက်သည်။

၎င်းစင်တာတွင် မြန်မာအစိုးရနှင့်အတူ လုံခြုံရေး၊ လူထုစီမံခန့်ခွဲရေးဝန်ကြီးဌာနများအပါအဝင် ကိုရီးယား အစိုးရဌာနသုံးခု ပါဝင်လှုပ်ရှားကြမည်ဖြစ်သည်။ ၎င်းစင်တာ၌ ဆေးပေးခန်း၊ စာကြည့်တိုက်နှင့် လယ်ယာ သုံးစက်ကိရိယာ ပြုပြင်ရေးအလုပ်ရုံလည်းပါဝင်သည်။

“ကျွန်တော်တို့ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးမှာ ပါဝင်ဆောင်ရွက်ပေးတဲ့အတွက် ကိုရီးယားအစိုးရကို ကျေးဇူး တင်ပါတယ်။ Saemual movement ရဲ့စေတနာကို ဘယ်တော့မှမမေ့ပါဘူး”ပာု ဒေသခံတစ်ဦးက Joong Ang Ilbo သတင်းစာသို့ပြောကြားသည်။

ရန်ကုန်မြို့တောင်ဖက် ၄၀ ကီလိုမီတာအကွာမှ နောက်ထပ်ကျေးရွာတစ်ခုသည်လည်း အလားတူတိုးတက် လာပြီဖြစ်သည်။ ၎င်းကျေးရွာတွင် ယခင်က သန့်ရှင်းသော သုံးရေစနစ်၊ မိလ္လာစနစ်များမရှိသည့်အပြင် ကျွဲနွားဝက်များ ကိုလည်း ခြံမခတ်ပဲ မွေးမြူကြသည်။ သို့သော် မနက်က Saemaul Project စတင်ပြီးနောက် ကိုရီးယားအစိုးရဝင်ငွေသန်း ၃၀ ထည့်ဝင်ပေးခဲ့သည်။

ကျေးရွာနှင့် လယ်ကွက်များကို ခြားထားသည့်ချောင်းကို ဒေသခံများက ၎င်းရန်ပုံငွေဖြင့် တံတားထိုး လိုက်ကြသည်။ ကျွဲနွား အနည်းငယ်သာဖြတ်သန်းနိုင်သော တံတားငယ်တစ်ခုဖြစ်သော်လည်း လယ်ယာလုပ်ငန်းခွင် အတွက် ထိရောက်သော အကူအညီဖြစ်စေလိမ့်မည်ပာု ဒေသခံများက မျှော်လင့်ထားကြသည်။

မေလက ကိုရီးယားတွင် Saemual အယူအဆကိုသွားရောက်လေ့လာသင်ယူခဲ့သူ ဒေသခံရွာသားတစ်ဦးက “Saemual စီမံချက်စတင်တဲ့အချိန်ကစပြီး ကျွန်တော်တို့ရွာကလူတွေပာာ ကျေးရွာဖွံ့ဖြိုးရေးလုပ်ငန်းတွေမှာ ဆန္ဒအလျောက် စတင်ပါဝင်လှုပ်ရှားလာကြပါတယ်”ပာု ပြောကြားသည်။

လုံခြုံရေးနှင့် ပြည်သူ့စီမံခန့်ခွဲရေးဝန်ကြီး ယူဂျုံဘွတ်က “မြန်မာ့ကျေးလက်ဖွံ့ဖြိုးရေးကို ကိုရီးယားရဲ့ Saemual စီမံချက် အတွေ့အကြုံက ကူညီနိုင်လိမ့်မည်လို့ထင်ပါတယ်။ လာမယ့်နှစ်မှာ မြန်မာနိုင်ငံကိုဒေါ်လာ ၂၂ သန်းထပ်မံကူညီ ပေးဦးမှာပါ။ တောင်ကိုရီးယားပာာ ပြင်ပကမ္ဘာက အထောက်အပံ့ကို လက်ခံရတဲ့ နိုင်ငံအဆင့်ကနေ အလှူရှင်အဆင့် ဖြစ်လာနိုင်ခဲ့တဲ့အတွက် Saemual စီမံချက်ကို ကျေးဇူးတင်ပါတယ်။ မြန်မာနိုင်ငံပာာလည်း အနာဂါတ်ကာလမှာ အလားတူတိုးတက်အောင် လုပ်နိုင်လိမ့်မယ်လို့ မျှော်လင့်ပါတယ်”ပာု ပြောကြားပါသည်။

Saemaul စီမံချက်ကို တက်ကြွစွာပူးပေါင်းပါဝင်သော နိုင်ငံအနည်းငယ်အပေါ် ကူညီပံ့ပိုးရေးကိုသာ ဆက်လက်ဦးတည် လုပ်ဆောင်သွားမည်ပာု ကိုရီးယားဝန်ကြီးဌာနက ဆိုပါသည်။


 

တရုတ်လုပ် MA 60 လေယာဉ်များနေရာတွင် ပြင်သစ်လုပ်လေယာဉ်များဖြင့်အစားထိုးပျံသန်းမည်

(eTurboNews မှ 1 Sep 2013 ရက်စွဲပါ “Myanmar Airways to replace Chinese MA 60s with French planes.” သတင်းကို ဘာသာပြန်ဆိုသည်။)

မြန်မာအစိုးရပိုင် ပြည်တွင်းလေကြောင်းလိုင်း Myanmar Airways သည် စာရိတ်စနစ်ထပ်ကာထပ်ကာ ချို့ယွင်းမူများကြောင့် ဇွန်လမှ စ၍ ရပ်နားထားခဲ့ရသော တရုတ်လုပ် MA 60 လေယာဉ် အသုံးဝင်းအတွက် အစားထိုးရန် ပြင်သစ်လုပ် ATR 72-500 လေယာဉ် သုံးစင်းဝယ်ယူဖို့ စိစဉ်နေကြောင်းနေပြည်တော် သတင်းရပ်ကွက် မှသိရသည်။

ပထမဦးဆုံးအနေဖြင့် အိုင်ယာယာဉ်လေကြောင်းလိုင်း Aer Arann မှ ၅ နှစ်သက်တမ်းရှိ ATR 72-500 MSN 787 ကို ဝယ်ယူရန် Myanmar Airways က စိစိဉ်နေသည်။၎င်းအတွက်ဒေါ်လာ ၁၂.၅ သန်းကုန်ကျမည် ဖြစ်ပြီး နှစ်ရှည် အရစ်ကျ ပေးချေမူစသည့်ဖြင့် ဝယ်ယူမည်ဟုဆိုသည်။

ပြည်တွင်းလေကြောင်း Myanmar Airways သည် ၂၀၁၁ ခုနှစ်က တရုတ် နိုင်ငံထံမှ အကြွေးစနစ်ဖြစ် ရရှိခဲ့သော MA 60  လေယာဉ် သုံးစင်းကို ယခုနှစ်တွင် စတင် အသုံးပြုခဲ့ခြင်းဖြစ်သော်လည်း ဟိုက်ဒရောလစ် စနစ် ချို့ယွင်းမူကို လောလောလတ်လတ် ကြုံတွေခဲ့ရသည်။

မေလ ၁၆ ရက်နေ့ က ရှမ်းပြည်နယ် မိုင်းဆက်လေဆိပ်တွင် MA 60 လေယာဉ် တစ်စင်းဘရိတ်စနစ် ချို့ယွင်း ကာ လမ်းချော်သွားကာ လမ်းချော်သွားခဲ့ရာ လေယာဉ်ကြီးကြီး မားမားပျက်စီးခဲ့ပြီး နှစ်ဦးထိခိုက်ဒဏ်ရာရရှိခဲ့သည်။

၎င်းဖြစ်ရပ်နှစ်ခု အပြီးတွင် MA 60 လေယာဉ်အားပျံသန်းမူရပ်ဆိုင်းကြောင်းလေကြောင်းလိုင်းက ဇွန်လ ၁၁ ရက်နေ့ ၌ကြေညာခဲ့သည်။ ထိုနောက်တွင်ပြည်တွင်းလေဆိပ် ၂၅ ခု သို့  ပျံသန်းပေးနေသော Myanmar Airways ခရီးစဉ် များ အတွက် လေယာဉ် မလုံလောက်မူကို ရင်ဆိုင်ကြုံတွေ့ ခဲ့  ရသည်။

ထို့ကြောင့် လောလောဆယ် လေယာဉ် ရှစ်စင်း များဖြင့်သာ ခရီးစဉ် များကို ပျံသန်းပြေးဆွဲ နေရပြီး၊ တရုတ်လုပ် လေယာဉ်များနေရာတွင် မြန်မြန် ဆန်ဆန် အစားထိုးရန် ဆန္ဒရှိနေသည်ဟု ဈေးကွက်လေ့လာသူ တစ်ဦးကပြောကြား သည်။

သို့ ရာတွင် မိုင်းဆတ်လေဆိပ်၌ ပျက်စီးခဲ့သော MA 60 လေယာဉ် အတွက် အာမခံလျှော်ကြေးငွေ ဒေါ်လာ ၆ သန်း မျှသာ ရရှိ ထားသောကြောင့် တစ်စင်းလျှင် ပျှမ်းမျှဒေါ်လာ ၁၂. ၅ သန်းစဉ်ကုန်ကျမည့် ATR 72-500 လေယာဉ် သုံးစင်း ဝယ်ယူရန် အတွက် ဘဏ္ဍာငွေလိုအပ်လိမ့်မည်ပာု ၎င်းကမှတ်ချက်ပေးသည်။



Google Drive: create, share, and keep all your stuff in one place. Logo for Google Drive

0 comments:

Post a Comment