Transparency Myanmar

transparency.myanmar@gmail.com

International Media (2)
Document

Snapshot of the item below:
International Media (2)

နိုင်ငံတကာသတင်းများ (၂)

စစ်တပ်သည် နိုင်ငံခြားရေးမူဝါဒအတွက်အာဏာရှိဆဲ

(2 September 2013 ရက်စွဲပါ Bangkok Post မှ Army remain a foreign policy power ကို ဘာသာပြန်သည်။)

မြန်မာနိုင်ငံတွင် ပြောင်းလဲမှုများစွာ လုပ်ဆောင်လျှက်ရှိပါသည်။ နိုင်ငံရေးမြင်ကွင်းမှာ လျှင်မြန်စွာ ဖြေလျော့နေပါသည်။ နိုင်ငံရေးအကျဉ်းသားများ လွှတ်ပေးခဲ့ပါသည်။ ပြည်သူများဆန္ဒပြခြင်း၊ အလုပ်သမားများ ဆန္ဒပြခြင်းများကို တရားဝင်ဖြစ်စေခဲ့ပါသည်။ ဒေါ်အောင်ဆန်းစုကြည်မှာလည်း လွှတ်တော်သို့ရွေးချယ်ခံရပြီး စစ်အစိုးရလွန် ဖွဲ့စည်းပုံကို အလုပ်သမားများပိုမိုပါဝင်အောင် လုပ်ဆောင်လာပါသည်။ အနောက်နိုင်ငံ၏ အရေးယူမှုများ ပိုမိုရုပ်သိမ်းလာခဲ့ပြီးနောက်  ၂ နှစ်အတွင်း တရားဝင်သံတမန်ဆက်ဆံရေး အရေအတွက်သုံးဆခန့်မြင့်တက်လာပါသည်။

သို့သော် အသွင်ကူးပြောင်းရေးကာလ၏ အောင်မြင်မှုသည် တချိန်က အာဏာအားလုံး ပိုင်ဆိုင်ခဲ့သည့် တပ်မတော်က  စစ်တန်းလျားသို့ တဖြည်းဖြည်းပြန်သွားပြီး မူဝါဒချမှတ်ရေးကို အလုပ်သမားသို့ပေးရန် ဆန္ဒပြင်းပြမှုရှိ မရှိအပေါ်တွင် များစွာမူတည်နေပါသည်။

လက်ရှိအသွင်ကူးပြောင်းရေးသည် ရုတ်တရက် တော်လှန်ရေးကြောင့် ပေါက်ပေါက်လာခြင်းမဟုတ်ဘဲ စစ်တပ်ကိုယ်၌က အိုင်ဒီယာအဖွဲ့စည်းတွေ ပြင်ဆင်ကြီးကြပ်ခဲ့ခြင်းဖြစ်ပါသည်။ တပ်မတော်သည် ၄င်းကူညီပုံဖော်ခဲ့သော စစ်အစိုးရလွန်အနေအထားတွင်  ပါဝင်ပတ်သက်မှုရှိနေဆဲဖြစ်ပြီး နိုင်ငံရေးကို ဝင်ရောက်စွက်ဖက်ရန် တရားဝင် အခြေခံဥပဒေအရ  ခွင့်ပြုထားသောအစိတ်အပိုင်း ဖြစ်နေဆဲဖြစ်ပါသည်။ လာမည့်ဆယ်စုနှစ်များတွင်လည်း မူဝါဒချမှတ်ရေး လုပ်ငန်းစဉ်ကြီးတစ်ခုလုံးတွင် အရေးပါသော သြဇာလွှမ်းမိုးနေဦးမည်ဖြစ်ပါသည်။

ပြင်ပမှစောင့်ကြည့်လေလာသူများ အသိအမှတ်ပြုရန် သတိလက်လွတ်ဖြစ်နေသော အဓိကသော့ချက်ကျသော ကိစ္စရပ်တစ်ခုမှာ မြန်မာနိုင်ငံ၏နိုင်ငံခြားရေးမူဝါဒ ချမှတ်မှုတွင် စစ်တပ်၏ဆက်လက်ပါဝင်နေမှု အခန်းကဏ္ဍကို ဖြစ်ပါသည်။ ပြင်ပကမ္ဘာသည် ယခင်ကတည်းက ယခုထိ ဗိုလ်ချုပ်ကြီးဟောင်းများ ယူနီဖောင်းဝတ်ထားသောပုဂ္ဂိုလ်များက တဆင့်သာ မြန်မာနိုင်ငံနှင့်ဆက်ဆံရာတွင် ကြုံတွေ့ကြရပါသည်။ နောက်တွင်လည်း ထိုသို့သာ ဆက်လက်ဆက်ဆံ နေရဦးမည်ဖြစ်ပါသည်။

အမျိုးသားလက်နက်ကို်င်တပ်ဖွဲ့များသည် နိုင်ငံ၏နိုင်ငံခြားရေးမူဝါဒများ၏ သဘာဝအစိတ်အပိုင်းများဖြစ်ပါသည်။ Carlvon Clausewitz ၏ အဆိုအမိန့်တွင် စစ်တပ်များက ကျွမ်းကျင်သည့်စစ်ပွဲများသည် ဆက်ဆံရေးကို(diplomacy) ကို လောဂျစ်နည်းကျစွာချဲထွင်ခြင်းဖြစ်သည်ဟု ဆိုထားပါသည်။ စစ်သားများသည်။ အကြမ်းဖက်မှုကိုထိန်းသိမ်းပြီး တိုင်းပြည်ကို ကာကွယ်သူများဖြစ်သည်နှင့်အညီ အရပ်သားရေးထက်စာလျှင် တိုင်းပြည်လုံခြုံရေးကိုသာ ပိုမို၍ ပူပန်မှုရှိမည်ဟု မှတ်ယူရမည်ဖြစ်ပါသည်။ ထိုထက်ပို၍  ယနေ့နိုင်ငံတကာ  နိုင်ငံရေးတွင် စစ်တပ်နှင့်မဆိုင်သော ကိစ္စရပ်များကြား နယ်ပယ်သတ်မှတ်မှုမှာ  လွန်စွာတိတိကျကျ မသတ်မှတ်နိုင်တော့ကြောင်း သက်သေပြမှုများ ရှိလာပါသည်။ ထို့ကြောင့် နိုင်ငံတစ်ခု၏ ကာကွယ်ရေး၊ လုံခြုံရေးနှင့် နိုင်ငံခြားရေးမူဝါဒများသည် စစ်သားများ၏ ကျယ်ပြန့်သော အကျိုးစီးပွားအတွင်းသို့  ပုံမှန်အခြေအနေတစ်ခုသဖွယ် သက်ဆင်းခဲ့ရတော့သည်။

မြန်မာတပ်မတော်သည် ထိုအတိုင်း အတိအကျ၎င်း၏ အခန်းကဏ္ဍကို အဓိပ္ပယ်ဖွင့်ဆိုခဲ့ပြီး တိုင်းပြည်၏ အကျိုးစီးပွားတစ်ခုလုံးကို အကာအကွယ်ပေးသည့် အုပ်ထိန်းသူအဖြစ် နှစ်ပေါင်းများစွာ တာဝန်ယူခဲ့ပါသည်။

အမျိုးသားလုံခြုံရေးဦးစားပေးမှုကို ရှေ့တန်းတင်လျှက် မြန်မာစစ်သားများသည် နိုင်ငံခြားရေးမူဝါဒတွင် ကျယ်ပြန့်သောကဏ္ဍမှ ထိန်းချုပ်လာခဲ့ကြပါသည်။ မြန်မာ့နိုင်ငံခြားရေး အုပ်ချုပ်မှုရေးရာများတွင် စစ်တပ်သည် ၄င်းတို့်၏ ကမ္ဘာကြီးအပေါ်အမြင်များကို ကာလရှည်ကြာကပင် အသက်သွင်းလာခဲ့ကြပါသည်။ ၂၀၁၁ အလွန် အသွင်ကူးပြောင်း ကာလတွင် အမျိုးသားလုံခြုံရေးကို မည်သည်များနှင့် ဖွဲ့စည်းမည်ဆိုသည်ကို အဓိပ္ပာယ်ဖွင့်ဆိုရန် အခွင့်အလမ်းများ အတွက် စစ်တပ်အပေါ်တောင်းဆိုမှုများရှိသော်လည်း ယခင်အတိုင်းပင် စစ်တပ်က ပါဝင်လွှမ်းမိုးထားဦးမည်ဖြစ်ပါသည်။

အမှန်တကယ်ပင် စစ်အစိုးရအလွန် အသွင်ကူးပြောင်းရေးကာလကို ကျေးဇူးတင်ရမည်ဖြစ်ပါသည်။ ကျယ်ပြန့် သော လူမှုရေး၊ စီးပွားရေးနှင့် အချို့နိုင်ငံရေးကိစ္စရပ်များသည် ယခုအခါ တင်းကြပ်သည့် အမျိုးသားလုံခြုံရေးအောက်မှ လွတ်မြောက်သွားပုံရပါသည်။ အရပ်သားများပိုမိုကောင်းမွန်စွာ ခံစားမှုများရလာနိုင်ပြီး၊ စစ်တပ်ထိပ်တန်းခေါင်းဆောင်များ ကလည်း ယခုအခါ ပြန်လည်စဉ်းစားမှုများ ပြုလုပ်လာကြသည့်ပုံရှိပါသည်။ သို့သော် အထူးသဖြင့် အဖြေရှင်းရခက်သော တိုင်းရင်းသားပြဿနာမျိုးကဲ့သို့သော အခြားနိုင်ငံရေးကိစ္စရပ်များတွင်မူ ပါဝင်နေဦးမည်ဖြစ်ပါသည်။ ကာလရှည်ကြာကာ အမြစ်တွယ်နေသော အမျိုးသားရေးအလေးကဲမှုကြောင့် ပြင်ပမှအရာမှန်သမျှ သံသယဖြင့်ကြည့်ရှုခြင်း အလေ့အထမြန်မာ စစ်တပ်အီလစ်များကြားတွင် ရှိနေဆဲဖြစ်ပါသည်။

၂၀၀၈ခုနှစ် အခြေခံဥပဒေ၏ကျေးဇူးကြောင့် တပ်မတော်သည် ဆက်ဆံရေးတွင် ဝင်ရောက်စွက်ဖက်ရန် အစိတ်အပိုင်းတစ်ခုဖြစ်နေဆဲဖြစ်ပါသည်။ အခြေခံဥပဒေအရ အရေးကြီးသောဝန်ကြီးဌာနသုံးခုကို စစ်တပ်သို့ ပေးထား ရပါသည်။ ပြည်ထဲရေး၊ ကာကွယ်ရေးနှင့် နယ်စပ်ရေးရာတို့ဖြစ်ပါသည်။ အဆိုပါသုံးခုသည် အမျိုးသားလုံခြုံရေးကို ဖွဲ့စည်းရာတွင် အရေးကြီးသော ကဏ္ဍသုံးခုမှာပါဝင်ပြီး အိမ်နီးချင်းများနှင့် ပြင်ပကမ္ဘာဆက်ဆံရေးကို  အဓိပ္ပာယ်ဖွင့်ဆိုပေး ပါသည်။ နိုင်ငံခြားရေးဝန်ကြီးသည် ပွင့်လင်းမှုမရှိသော အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီတွင် တစ်နေရာ ပါဝင်သည်။ ၄င်းအဖွဲ့သည် မူဝါဒလုပ်ဆောင်မှုများကို စောင့်ကြည့်သောအဖွဲ့ဟု စွပ်စွဲမှုများရှိသည်။ လွှတ်တော်များ၏ လေးပုံတစ်ပုံကိုလည်း စစ်တပ်ကိုယ်စားလှယ်များအတွက် ချန်ထားရပါသည်။ လွှတ်တော်သည် မူဝါဒများနှင့် အုပ်ချုပ်ရေး ကဏ္ဍ၏ လုပ်ဆောင်မှုများကို စောင့်ကြည့်မှု၊ သြဇာလွမ်းမိုးမှုရှိလာသည့်အဖွဲ့ ဖြစ်လာသည်နှင့်အမျှ စစ်တပ်ကလည်း သြဇာအားကောင်းလာမည် ဖြစ်ပါသည်။ နိုင်ငံခြားတိုင်းပြည်များနှင့် သံတမန်ဆက်ဆံရေး ထူထောင်ရာတွင် လွှတ်တော်၏ အတည်ပြုချက် လိုအပ်လာပါသည်။

စစ်အစိုးရလွန် တိုင်းပြည်တည်ဆောက်ပုံမှာ အရပ်သားကိုအမည်ခံ၍ လူအနည်းစုက နောက်ကွယ်မှ ကြိုးကိုင်နေသည့် ပုံသဏ္ဍာန်ရှိပါသည်။ ထို့ကြောင့် အရပ်သားများနှင့် သံတမန်စစ်စစ်များက နိုင်ခြားရေးမူဝါဒ ရေးဆွဲခြင်း လုပ်ငန်းမှာ မဖြစ်နိုင်သေးဘဲ အချိန်ယူရဦးမည်ဖြစ်ပါသည်။ သို့သော် ယခုမူ အရပ်သားရေးရာများကို ဖြေရှင်းပေးရန်နှင့် နိုင်ငံခြားရေးမူဝါဒများအပါအဝင် မူဝါဒရေးဆွဲမှုများကို လမ်းညွန်ရန် ရည်ရွယ်အသင့်ရှိနေပါသည်။

နိုင်ငံရေးပညာရှင်အများစုက ရုပ်သေးအစိုးရ သို့မဟုတ် စစ်တပ်အုပ်ထိန်းသူရှိသော တိုင်းပြည်တစ်ပြည်သည် အိမ်နီးချင်းများနှင့်သော်လည်းကောင်း၊ အခြားတိုင်းပြည်နှင့်သော်လည်းကောင်း စစ်ဖြစ်နေသည့် အခြေအနေရှိမနေတတ် ဟု ဆိုပါသည်။

လူတစ်စုက နောက်ကွယ်မှကြိုးကိုင်သော နိုင်ငံတစ်ခုတွင် စည်းကမ်းများပြီး၊ သေချာစွာဂရုပြုသော နိုင်ငံ အချင်းချင်းကြား ဆက်ဆံရေးကို အကောင်အထည်ဖော်ရန် ဦးစားပေးပါသည်။ တခါတရံ စစ်တပ်၏ သီးသန့်ဖြစ်သော အနှစ်သာရကို ထိန်းသိမ်းရန်နှင့် ပြည်တွင်းလုပ်ငန်းဆောင်တာများတွင် ပြည်တွင်းနှင့် ပြည်ပ သို့မဟုတ် နိုင်ငံဖြတ်ကျော် ခြိမ်းခြောက်မှုများမရှိစေရန် ဝင်ရောက်စွက်ဖက်မှုနည်းသော ချဉ်းကပ်မှုနည်းလမ်းကို ပိုမိုရွေးချယ်ကြပါသည်။

ဤလမ်းကြောင်းမှာ မြန်မာကိုဦးတည်နေသော လမ်းကြောင်းဖြစ်ဖွယ်ရှိပါသည်။ မြန်မာနိုင်ငံ၏ မူဝါဒအဝန်း အဝိုင်းတွင် တရုတ်နှင့်အိန္ဒိယအပြင် လူဦးရေထူထပ်သော ဘင်္ဂလားဒေ့ရှ်၏ ရုတ်တရက်ကြီးမား နိုးထလာမှုများကို စိုးရိမ်မှုရှိနေပါသည်။ တစ်ချိန်တည်းတွင် အင်အားကြီးအနောက်နိုင်ငံများနှင့် အဆက်အသွယ်ဟောင်း ဂျပန်အပေါ်တွင် သဘောကျမှုများလည်း ရှိပါသည်။

မြန်မာနိုင်ငံသည် လာမည့်နှစ်များတွင် ပို၍ကြားနေပြီး အားလုံးညီတူညီမျှ ဆက်ဆံပြီး၊ တုန့်ပြန်မှုရှိသည့် နိုင်ငံခြားရေးမူဝါဒကိုလည်း ပြန်လည်ကျင့်သုံးဖွယ်ရှိသည်။ ပြင်ပကမ္ဘာနှင့် ပြန်လည်ဆက်ဆံရေးကို ကြိုဆိုသော်လည်း သံသယအနည်းငယ်ထားရှိဆက်ဆံမည် ဖြစ်ပါသည်။

တက်ကြွသည့်နိုင်ငံခြားရေးမူဝါဒတစ်ခုသည် အကယ်၍ ရန်လိုခြင်း သို့မဟုတ် စစ်အင်အားကြီးလိုခြင်းရှိပါက ဘက်ဂျက်အပေါ် သိသာသည့်သက်ရောက်မှုများရှိပါသည်။ ၄င်း၏ အိမ်နီးချင်းများသို့ တိုက်ရိုက်ခြိမ်းခြောက်မှု မရှိနိုင်သည့်အပြင် စစ်တပ်အတွက် အကောင်းဆုံးထင်ဟပ်နိုင်သည့်  အယ်ဒိုရာဒို ( စိတ်ကူးယဉ် အင်အားကြီးနိုင်ငံ) အတွက် နောက်ဆုံးစစ်မျက်နှာဖွင့်ခြင်းလည်း မလုပ်နိုင်ပေ။



Google Drive: create, share, and keep all your stuff in one place. Logo for Google Drive

0 comments:

Post a Comment