Transparency Myanmar

transparency.myanmar@gmail.com

Q & C
Document

Snapshot of the item below:
Q & C

သတင်းဆောင်းပါးမှ ကောက်နှုတ်ချက်များ 

“ပုဂ္ဂလိကပိုင်းကတော့ အသင်းချုပ် အနေနဲ့ ပူးပေါင်းပြီး လုပ်ဆောင်နေတာတွေ အများကြီးပါ။ ဆန်စက် ကဏ္ဍ ကိုလဲ ပြည်တွင်း လုပ်ငန်းရှင်ရော၊ ပြည်ပနိုင်ငံတွေနဲ့ ပေါင်းပြီး လုပ်ဆောင်နေတာတွေ ရှိနေတယ်။ အစိုးရပိုင်းကလဲ သမဝါယမ အနေနဲ့ အသေးစား ငွေချေးလုပ်ငန်းတွေ လုပ်ဆောင်တာတွေ ရှိနေပေမယ့် တောင်သူတွေ ဖြစ်နေတာက အသိပညာပိုင်း အားနည်းချက်တွေ ရှိနေတယ်။ ဒီအပိုင်းကို ဖြည့်ဆည်းမယ်ဆိုရင် သူတို့နဲ့ အနီးကပ် ကူညီနိုင်ဖို့ လိုတယ်”

၂၀၁၃ စက်တင်ဘာလ ၃ ရက်နေ့ The Yangon Times နေ့စဉ်ထုတ်သတင်းစာတွင် ပါရှိသော “မြန်မာ့ ဆန်စပါးကဏ္ဍ မြှင့်တင်ရန် Farmer Center များ မြို့နယ်တိုင်းတွင် ပေါ်ပေါက်ရန် လိုအပ်နေ” သတင်းမှ မြန်မာနိုင်ငံ ဆန်စပါး အသင်းချုပ် ဥက္ကဋ္ဌ ဦးချစ်ခိုင်၏ ပြောကြားချက်အား ကောက်နှုတ်ချက်။


“နိုင်ငံတကာ အသိုင်းအဝိုင်းကို သူတို့က စပြီး ပြောလာတဲ့အခါ OIC တို့လို နိုင်ငံတကာ အဖွဲ့အစည်းတွေက ပါဝင်လာတဲ့ ကြိုးစားမှုတွေ ဖြစ်လာတယ်။ တကယ်တမ်း ဒီပြဿနာဆိုတာ ကိုယ့်ပြည်တွင်းမှာ နှစ်ဦး နှစ်ဖက် ဖြေရှင်းရမယ့် ပြဿနာပါ။ နိုင်ငံတကာ ဘယ်အစိုးရကမှ ဝင်ရောက်စွက်ဖက်တာကို မကြိုက်ပါဘူး”

၂၀၁၃ စက်တင်ဘာလ ၃ ရက်နေ့ စံတော်ချိန် နေ့စဉ်ထုတ်သတင်းစာတွင် ပါရှိသော “ရခိုင် ပဋိပက္ခ ပြည်တွင်း၌သာ ဖြေရှင်းရမည်ဟု ဗီဂျေနမ်ဘီးယားဆို” သတင်းမှ ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ် ၏ မြန်မာနိုင်ငံဆိုင်ရာ အထူး အကြံပေးပုဂ္ဂိုလ် ဗီဂျေနမ်ဘီးယား၏ ပြောကြားချက်အား ကောက်နှုတ်ချက်။


“ဖွဲ့စည်းပုံအခြေခံဥပဒေကို လေ့လာသုံးသပ်တဲ့အခါမှာ လွှတ်တော်ဥက္ကဋ္ဌ ချင်း ညှိနှိုင်းတာကောင်းတယ်။ ဒီနေ့ အသံကျယ်နေ  တဲ့ ဖက်ဒရယ်မရဘူးဆိုရင် ငြိမ်းချမ်းရေးအတွက် အခက်အခဲဖြစ်မယ်။ အမျိုးသား စည်းလုံး ညီညွတ်ရေး၊ တိုင်းရင်းသား စည်းလုံးညီညွတ်ရေး၊ တရားဥပဒေ စိုးမိုးရေးအတွက် အခက်အခဲရှိမယ်။ ဒီစကားတွေဟာ ထိုက်သင့်သလောက်မှန်တဲ့အတွက် သုံးသပ်ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။ လွှတ်တော် တစ်ခုတည်း လွှဲမထားပါနဲ့။ ပြည်သူတွေပါ အားလုံးပါဝင်ဖို့ လိုအပ်ပါ တယ်။ ဝန်ကြီးဌာန ပုဂ္ဂိုလ်တွေ အားလုံးလို လို ခေါ်ခဲ့ပါတယ်။ နိုင်ငံတော်ကာကွယ်ရေးအတွက် တိုင်းပြည် တစ်ပြည် မှာ တပ်မတော်တစ်ခုတည်း ရှိပါတယ်။ အမေရိကန်ပြည်ထောင်စုမှာ ယူနီယံအာမီ တပ်မတော်တစ်ခုတည်း ရှိပါ တယ်။ တိုင်းနဲ့ပြည်နယ်မှာ  တပ်မတော် တစ်ခုစီ ဘယ်နိုင်ငံမှာမှ ထောင်လို့ မရပါဘူး”

၂၀၁၃ စက်တင်ဘာလ ၃ ရက်နေ့ Daily Eleven နေ့စဉ်ထုတ်သတင်းစာတွင် ပါရှိသော “ဖက်ဒရယ် မရပါက ငြိမ်းချမ်း ရေးအတွက် အခက်အခဲဖြစ်မည်ဟု ပြည်ထောင်စုလွှတ်တော် နာယက သူရဦးရွှေမန်း တောင်ကြီးမြို့ တွင် ဒေသခံများနှင့် တွေ့ဆုံစဉ်ပြောကြား” သတင်းမှ ပြည်ထောင်စုလွှတ်တော် နာယက သူရဦးရွှေမန်း၏ ပြောကြားချက်အား ကောက်နှုတ် ချက်။


“လက်ရှိ ကျွန်တော်တို့ ရောက်နေတဲ့ အနေအထားနဲ့ နိုင်ငံတော် အနေအထားကို ပြန်ခြုံကြည့်လိုက်တဲ့ အခါမှာ တစ်နိုင်ငံလုံး ငြိမ်းချမ်းရေးရဖို့ပဲ။ ငြိမ်းချမ်းရေးဆိုတဲ့နေရာမှာ ကျွန်တော့်အနေနဲ့ ပြောချင်တာက ပြည်နယ်တွေ မှာ မူးယစ်ဆေးဝါးကြောင့်လဲ ငြိမ်းချမ်းရေးခရီးမရောက်ဘူး ဖြစ်နေတယ်။ မူးယစ်ဆေးဝါးကြောင့် ငြိမ်းချမ်းရေး လိုရာခရီးမရောက်တာလို့ ကျွန်တော်မြင် တယ်။ ပြည်သူတွေရော၊ အဖွဲ့အစည်းတွေရာ ဒီမူးယစ်ဆေးဝါးမှာ လုံးချာလည်နေတယ်။ မူးယစ်ဆေးဝါးက ဥပဒေနဲ့ မလွတ်ကင်းဘူး။ ဥပဒေနဲ့ သွားချင်ပေမယ့် မူးယစ်ဆေးဝါးက အကျိုးအမြတ် ဖြစ်ထွန်းနေတဲ့သူတွေ အတွက်ကတော့ ငြိမ်းချမ်းရေးကို ဖြည်းဖြည်းချင်း သွားချင်ကြတယ်”

၂၀၁၃ စက်တင်ဘာလ ၃ ရက်နေ့ ပြည်ထောင်စုနေ့စဉ် နေ့စဉ်ထုတ်သတင်းစာတွင် ပါရှိသော “ငြိမ်းချမ်းရေးခရီး ကြန့်ကြာ နေခြင်းသည် မူးယစ်ဆေးဝါး ပြဿနာကြောင့်ဟု ဆို” သတင်းမှ ရှမ်းပြည်နယ် (တောင်ပိုင်း) ဟိုပုံးမြို့နယ် ပြည်သူ့လွှတ် တော် ကိုယ်စားလှယ် ဦးခွန်သိန်းဖေ၏ ပြောကြားချက်အား ကောက်နှုတ်ချက်။


“ပူးပေါင်းကော်မတီ အစည်းအဝေး ဆုံးဖြတ်ချက်များအရ ဖွဲ့စည်းပုံအခြေခံ ဥပဒေ ပြင်ဆင်ရေးဆိုင်ရာ အစီရင်ခံစာကို နောက်လေးလအတွင်း တင်သွင်းရမယ်။ ကျွန်တော်တို့ ပူးပေါင်းကော်မတီအဖွဲ့ဝင်တွေ ထဲမှာ ပါတီပေါင်းစုံက ကိုယ်စားလှယ် တွေပါတယ်။ အဲဒီပါတီတွေကလည်း ပါတီအလိုက်ရော၊ တစ်ဦးချင်းစီ အလိုက်ရော ဖွဲ့စည်းပုံအခြေခံဥပဒေ နဲ့ ပတ်သက်ပြီး အားလုံး ပြုစုနေကြပြီး တချို့လည်း အဆင်သင့် ဖြစ်နေပါပြီ။ ပြည်ခိုင်ဖြိုးပါတီ အနေနဲ့လည်း သူ့အလျောက် သူရှိနေမှာ ဖြစ်ပါ တယ်။ တချို့ ဘယ်ပါတီမှ မဟုတ် ဘဲ တစ်ဦးချင်းအနေနဲ့ ပြင်ဆင်လိုတာ ရှိမယ်။ ဒါတွေလည်း လက်ခံရမှာပါ။ အခု လက်ရှိ လွှတ်တော်နားနေတဲ့ ကာလတွေမှာလည်း ဖွဲ့စည်းပုံအခြေခံဥပဒေ လေ့လာသုံးသပ်ရေးဆိုင်ရာ ကိစ္စတွေကို ဆောင်ရွက်ကြဖို့ ရှိပါတယ်”

၂၀၁၃ စက်တင်ဘာလ ၃ ရက်နေ့ Daily Eleven နေ့စဉ်ထုတ်သတင်းစာတွင် ပါရှိသော “လာမည့် လေးလအတွင်း ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးဆိုင်ရာ အစီရင်ခံစာ တင်သွင်းရန် အာဏာရ ပြည်ခိုင်ဖြိုးပါတီနှင့် အမျိုးသားဒီမိုက ရေစီအဖွဲ့ချုပ် ပြင်ဆင်” သတင်းမှ ဖွဲ့စည်းပုံအခြေခံဥပဒေ လေ့လာ သုံးသပ်ရေး ပူးပေါင်းကော်မတီ အတွင်းရေးမှူး ပြည်ထောင်စုကြံ့ခိုင်ရေး နှင့် ဖွံ့ဖြိုးရေးပါတီ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးအေးမောက်၏ ပြောကြားချက်အား ကောက်နှုတ်ချက်။



Google Drive: create, share, and keep all your stuff in one place. Logo for Google Drive

0 comments:

Post a Comment