Transparency Myanmar

transparency.myanmar@gmail.com

Q & C
Document

Snapshot of the item below:
Q & C

သတင်းဆောင်းပါးမှ ကောက်နှုတ်ချက်များ 

“တစ်အချက် ဖက်ဒရယ်ပြည်ထောင်စု ထူထောင်ဖို့၊ နှစ်အချက် ၂ဝဝ၈ ဖွဲ့စည်းပုံအခြေခံဥပဒေဟာ ဒီမိုကရေစီ  အခြေခံတွေ၊ ဖက်ဒရယ်ဖွဲ့စည်းပုံတွေနဲ့ မကိုက်ညီလို့ လက်မခံကြောင်း ဆုံးဖြတ်တာနဲ့ သုံးအချက်အနေနဲ့ UNFC နဲ့ UNA တို့က ကမကထပြုပြီး ပါသင့်ပါထိုက်တဲ့ ပညာရှင်တွေ၊ အမျိုးသမီးအဖွဲ့တွေနဲ့ လူငယ်အဖွဲ့တွေ က ပါသင့်ပါထိုက်တဲ့သူတွေနဲ့ ဖက်ဒရယ်ဖွဲ့စည်းပုံ အခြေခံဥပဒေတစ်ရပ် ရေးဆွဲဖို့တွေ ဆုံးဖြတ်ခဲ့ကြတယ်။ အဲဒါကို အကောင်အထည်ဖော်ဖို့ အခုကော်မတီကို ဖွဲ့လိုက်တာပါ”

၂၀၁၃ စက်တင်ဘာလ ၄ ရက်နေ့ Daily Eleven နေ့စဉ်ထုတ်သတင်းစာတွင် ပါရှိသော “ဖက်ဒရယ် ဖွဲ့စည်းပုံ အခြေခံဥပဒေ(မူကြမ်း) ရေးဆွဲရန် UNFC နှင့် UNA မှ ကော်မတီဖွဲ့စည်း” သတင်းမှ ရခိုင် ဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌ ကော်မတီ လမ်းညွှန်ပုဂ္ဂိုလ် ဦးအေးသာအောင်၏ ပြောကြားချက်အား ကောက်နှုတ်ချက်။

 


“ဖွဲ့စည်းပုံအခြေခံဥပဒေက ပြင်ဖို့လိုတဲ့ ဥပဒေတစ်ခုလို့ ဒါအမြဲ ပြောခဲ့တယ်။ အဲဒါကတော့ အန်တီ သမ္မတဖြစ်ရေး၊ မဖြစ်ရေးက သက်သက်၊ ဒီဖွဲ့စည်းပုံ အခြေခံဥပဒေဟာ ဒီမိုကရေစီ စံနှုန်းတွေနဲ့မညီလို့ ပြင်ကို ပြင်ရမယ်၊ ပြင်ကို ပြင်ရမယ်ဆိုတဲ့ ကိစ္စက ဖြစ်အောင်ပြင်ရမယ်၊ ဘယ်လိုဖြစ်အောင် ပြင်မလဲဆိုရင် အန်တီကတော့ အမြဲပဲ အဆင်ပြေပြေနဲ့ အေးအေးချမ်းချမ်းပဲ ဖြစ်အောင် ပြင်ချင်တယ်၊ အဲဒီလို ဖြစ်အောင်တော့ ကြိုးစားရမှာပေါ့”

၂၀၁၃ စက်တင်ဘာလ ၅ ရက်နေ့ ပြည်သူ့ခေတ် ဂျာနယ် အတွဲ (၄) ၊ အမှတ် (၁၆၁) တွင် ပါရှိသော “သမ္မတ ဖြစ်ရေး အတွက်သာ အခြေခံဥပဒေကိုပြင်လိုတာမဟုတ်”သတင်းမှ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် ၏ ပြောကြားချက်အား ကောက်နှုတ်ချက်။

 


“ကျွန်တော်တို့က ဖက်ဒရယ်ပြည်ထောင်စုကို မျှော်မှန်းတဲ့အတွက် ပြည်ထောင်စုတပ်မတော်ဟာ ပြည်နယ်တွေ အားလုံးကို ကိုယ်စားပြုတဲ့ တပ်မတော်ဖြစ်ဖို့ လိုပါတယ်။ သမ္မတနဲ့ ပြည်ထောင်စု ငြိမ်းချမ်းရေးဖော်ဆောင်ရေး  ကော်မတီတို့ တွေ့တဲ့အခါမှာ ပြည်ထောင်စုတပ်မတော် ဖြစ်ဖို့လိုတယ်လို့ ဆွေးနွေးမှုတွေ ရှိပါတယ်။ ပြည်ထောင်စု တပ်မတော် ပေါ်ပေါက်လာဖို့ နိုင်ငံရေးဆွေးနွေးပွဲတွေမှာ ဆွေးနွေးသွားမယ်”

၂၀၁၃ စက်တင်ဘာလ ၆ ရက်နေ့ လူထုပုံရိပ် ဂျာနယ် အတွဲ (၁) ၊ အမှတ် (၄၉) တွင် ပါရှိသော “ပြည်ထောင်စု တပ်မတော်ဖွဲ့စည်းရေး အစိုးရနှင့် ဆွေးနွေးမည်” သတင်းမှ ရှမ်းပြည်နယ် ပြန်လည်ထူထောင် ရေးကောင်စီ၊ ရှမ်းပြည်နယ် တပ်မတော်တောင်ပိုင်း RCSS/SSA  ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူး စိုင်းမုန်း၏ ပြောကြားချက်အား ကောက်နှုတ်ချက်။


 

မေး           ။               ။၂၀၁၅ ဟိုဘက်အတွက် ပြင်ဆင်မယ်ဆိုရင် နိုင်ငံရေးအတွေးအခေါ် အယူအဆတွေ ပေါ်ထွန်းလာအောင် လက်ရှိ နိုင်ငံရေးပါတီတွေက ဘယ်လောက်အထိ အားထုတ်သင့်ပါသလဲ။

ဖြေ            ။               ။ “အဓိကတော့ နိုင်ငံရေးပါတီတွေရဲ့ အခန်းကဏ္ဍနဲ့ ဆိုင်တယ်။ နိုင်ငံရေးပါတီတွေရဲ့ အခန်းကဏ္ဍနဲ့ ပတ်သက်ပြီး ပြောရမယ်ဆိုရင် နိုင်ငံရေးပါတီတွေက ဘယ်လိုပါတီဖွဲ့စည်းပုံမျိုးနဲ့ ဘယ်လို အိုင်ဒီယော်လော်ဂျီကို တပ်ဆင်မှာလဲဆိုတာ နိုင်ငံရေးပါတီဘက်က သုတေသနလုပ်ရမယ်။ ပါတီတွေကို ထူထောင်ရပ်တည်တဲ့ ပုံသဏ္ဌာန်လည်း ကျွန်တော်တို့ လိုအပ်တယ်။ ကျွန်တော်တို့ဟာ ဆိုရှယ်လစ်ခေတ်ကနေ လာခဲ့တဲ့အတွက် ဆိုရှယ်လစ်ခေတ်ရဲ့ ပါတီဖွဲ့စည်းပုံမျိုးနဲ့ ဆိုတာထက် ဒီမိုကရေစီနိုင်ငံကြီးတွေမှာ ရပ်တည် နေတဲ့ ပါတီဖွဲ့စည်းပုံတွေဟာ ဘယ်လိုသွားလဲ။ ပေါ်လစီကို ဘယ်လို လက်ခံယူသလဲ။ ဒါတွေကို ကျွန်တော်တို့ လေ့လာသင့်တယ်။”

၂၀၁၃ စက်တင်ဘာလ ၅ ရက်နေ့ ပဲ့တင်သံ ဂျာနယ် အမှတ် (၅) တွင် ပါရှိသော “နိုင်ငံရေး အတွေးအခေါ် နှင့် မူဝါဒကို စွဲကိုင်ရပ်တည်နိုင်ရန် နိုင်ငံရေးပါတီများ အချိန်ယူရမည်” သတင်းမှ လှည်းကူး မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဖြိုးမင်းသိန်း၏ ပြောကြားချက်အား ကောက်နှုတ်ချက်။


“ပါတီချင်း အတူတူမှာ ကျန်တဲ့ပါတီတွေက ပါတီ ရန်ပုံငွေ ရှာဖွေတဲ့ ပုံစံက အဖွဲ့ဝင်တွေကနေ ဝင်ကြေး ကောက်မယ်။ အထိမ်းအမှတ် စာရွက်စာတမ်းလေးတွေ ရောင်းမယ်၊ တီရှပ်တွေ ရောင်းမယ်၊ မူးစုမတ်စု ရှာရမယ့် အချိန်မှာ သူတို့က လွယ်လွယ်ကူကူ နိုင်ငံပိုင်မြေတွေကို လက်ညှိုးထိုးပြီးတော့ အဲဒီလို ပိုက်ဆံရှာလို့ ရရင် တခြားပါတီတွေလည်း ရသင့်တယ်၊ အဲသလို မဟုတ်ရင် သူက နေရင်း ထိုင်ရင်း ပါမစ်တွေရမယ်၊ မြေကွက်တွေ ရမယ်၊ သူက ထုနဲ့ ထည်နဲ့ ငွေကြေးစုပြီး ဆောင်းပြီးသား၊ တခြားသူက လက်ဖဝါး၊ ခြေဖဝါး နဲ့ ပြိုင်ရမယ်ဆိုရင် ဘယ်လိုလုပ် ပါတီစုံ ဒီမိုကရေစီ ဖြစ်မလဲ၊ တရားမျှတမှု ရှိမလဲ”

၂၀၁၃ စက်တင်ဘာလ ၅ ရက်နေ့ ပြည်သူ့ခေတ် ဂျာနယ် အတွဲ (၄) ၊ အမှတ် (၁၆၁) တွင် ပါရှိသော “အများပိုင်နေရာ အများပိုင်ပစ္စည်းကို ပါတီပိုင် လုပ်လို့ရသလား” သတင်းမှ ဦးကိုကိုကြီး (၈၈ မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်း) ၏ ပြောကြားချက်အား ကောက်နှုတ်ချက်။



Google Drive: create, share, and keep all your stuff in one place. Logo for Google Drive

0 comments:

Post a Comment