Transparency Myanmar

transparency.myanmar@gmail.com

International Media (2)
Document

Snapshot of the item below:
International Media (2)

နိုင်ငံတကာသတင်းများ (၂)

အင်ဒိုနီးရှားတွင် ရဲဗိုလ်ချုပ်အား အဂတိလိုက်စားမှုဖြင့် ထောင်ဒဏ်ချမှတ်

(3 September 2013 ရက်စွဲပါ BBC News မှ  Indonesia jails police general for corruption ကို ဘာသာပြန်ဆိုသည်)

အင်ဒိုနီးရှားနိုင်ငံ အဂတိလိုက်စားမှု တိုက်ဖျက်ရေး တရားရုံးက ကြယ်နှစ်ပွင့်အဆင့်ရှိ ဗိုလ်ချုပ်ကြီးအား လူသိများသော အမှုတစ်ခုတွင် အဂတိလိုက်စားမှုနှင့် ငွေကြေးခဝါချမှုများအတွက် အပြစ်ရှိကြောင်း တွေ့ရှိခဲ့ပါသည်။

Insp General Djoko Susilo သည် ယာဉ်ထိန်းဌာနကို တာဝန်ယူစဉ်က မော်တော်ကား အမောင်းသင် ကိရိယာများ တင်သွင်းသည့် ကုမ္ပဏီထံမှ လာဒ်ငွေ ဒေါ်လာ 13 သန်း(ပေါင်စတာလင် 8.4သန်း)  ယူခဲ့သည်ဟု စစ်ဆေးတွေ့ရှိခဲ့ပါသည်။

၎င်းအား ထောင်ဒဏ် (၁၀) နှစ်နှင့် ဒဏ်ကြေး rupiah သန်း 500(ဒေါ်လာ 45000၊ ပေါင်စတာလင် 29000) ပေးဆောင်စေခဲ့ပါသည်။

ယခုပြစ်ဒဏ်မှာ Djoko အား သံသယရှိသဖြင့် (14)လခန့်စစ်ဆေးပြီးမှ ထွက်ပေါ်လာခြင်းဖြစ်ပါသည်။ မူလက တရားသူကြီးများက ၄င်းအားထောင်ဒဏ်(18) နှစ် နှင့် ဒဏ်ကြေး (32) ဘီလီယံ Rupiah ပေးဆောင်စေခဲ့ပြီး Djoko အား  မဲဆန္ဒပေးပိုင်ခွင့်နှင့် ကိုယ်စားလှယ်လောင်းအဖြစ် အရွေးခံပိုင်ခွင့် ရုပ်သိမ်းရန် ပြောဆိုခဲ့ပါသည်။

အင်ဒိုနီးရှား အဂတိလိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင်သည် Djoko ၏ ချမ်းသာကြွယ်ဝမှုများကို ဖော်ထုတ်ခဲ့ရာ (100) ဘီလီယံ rupiah တန်ဖိုးရှိ အခြေခံပစ္စည်းများနှင့် ဇိမ်ခံကားများ ပါဝင်ပါသည်။

တရားသူကြီးများက ပြောကြားရာတွင် Djoko သည် ဂျာဗားကျွန်းနှင့် ဘာလီကျွန်းတွင် မြေနှင့်အိမ်(25) ခုကျော် ပိုင်ဆိုင်ပြီး ၄င်း၏အမည်၊ မိန်းမ သုံးယောက်အမည်နှင့် ဆွေမျိုးများ၏ အမည်များဖြင့် ဝယ်ယူထားသည်ဟု ဆိုပါသည်။

၎င်းက သူသည် အင်ဒိုနီးရှားရိုးရာ ဓါးမြောင်(200) ကျော်ပိုင်ဆိုင်ကြောင်း ဝန်ခံပါသည်။ အဆိုပါဓားသည် မှော်ဆန်သည့် စိတ်စွမ်းအား ရှိသည်ဟု အင်ဒိုနီးရှားရိုးရာ ယုံကြည်မှုရှိပါသည်။ မျက်မြင်သက်သေတစ်ဦးက  Djoko သည် ၄င်းထံမှ အဆိုပါဓား(16) ချောင်း ဝယ်ယူရာ တန်ဖိုးကြီးနေအိမ် တစ်လုံးပေးခဲ့သည်ဟု ဆိုပါသည်။

အဆိုပါ အမှုကိစ္စအတွက် အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်နှင့် အမျိုးသားရဲတပ်ဖွဲ့တို့ ပွတ်တိုက်များရှိခဲ့ကြောင်း  စုံစမ်းစစ်ဆေးမှုကို ရဲတပ်ဖွဲ့ကလည်း လုပ်ဆောင်လိုခြင်းကြောင့် ဖြစ်သည်ဟု ဂျာကာတာရှိ BBC မှ Pinta Karana ကပြောကြားခဲ့ပါသည်။

အောက်တိုဘာလက အင်ဒိုနီးရှားသမ္မတ Susilo Bambang Yudhoyono  က  ရဲတပ်ဖွဲ့အား အဆိုပါအမှုကို အဂတိလိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင်သို့ လွှဲပြောင်းပေးရန်  ပြည်သူများဆန္ဒပြုမှုအပြီးတွင် ပြောကြားခဲ့ပါသည်။



Google Drive: create, share, and keep all your stuff in one place. Logo for Google Drive

0 comments:

Post a Comment