Transparency Myanmar

transparency.myanmar@gmail.com

International Media
Document

Snapshot of the item below:
International Media

ဘာသာပြန်သတင်းများ (၁)

(Bangkok Post မှ 4 Sep 2013 ရက်စွဲပါ “Myanmar stock exchange running late” သတင်း ကို ဘာသာပြန်ဆို သည်။)

(2 Sep 2013 ရက်စွဲပါ BBC News မှ China’s manufacturing activity at 16 month high သတင်းကို ဘာသာပြန်ဆိုသည်)


မြန်မာစတော့အိပ်ချိန်း နောက်ကျနေ

(Bangkok Post မှ 4 Sep 2013 ရက်စွဲပါ “Myanmar stock exchange running late” သတင်း ကို ဘာသာပြန်ဆို သည်။)

မြန်မာနိုင်ငံတွင် ၂၀၁၅ ၌ စတော့အိပ်ချိန်း စတင်ရေးကိစ္စသည် ဥပဒေဆိုင်ရာပုံစံ Legal framework ချမှတ်ရာတွင် နှောင့်နှေးခြင်းကြောင့် စီစဉ်ထားသည့်ထက် နောက်ကျနေကြောင်း စီမံကိန်းတွင် ကူညီ ပေးနေသော Janpan Exchange Group Inc မှအမှုဆောင် တစ်ဦးက ပြောကြားသည်။

သြဂုတ်လ ၂၇ ရက် တိုကျိုတွင် ပြုလုပ်သော အင်တာဗျူးတွင် Japan Exchange မှအကြီးတန်းအမှု ဆောင်အရာရှိ ကိုအိချီဝိုမီယာဟာရာက “ကျွန်တော်တို့မှာ အချိန်မလောက်တဲ့ ဖိအားရှိနေပါတယ်။  ငွေရင်းငွေနှီးဈေး ကွက်ဥပဒေ အတည်ပြုတာ နောက်ကျလို့ စီမံကိန်း ကြန့်ကြာသွားပါပြီ။ စည်းကမ်း ထိမ်းသိမ်းရေးလိုဟာမျိုး ဆက်စပ်အဖွဲ့အစည်းတွေကို ဘယ်လောက်မြန်မြန်ဆန်ဆန် ဖွဲ့စည်းနိုင်မလဲ ဆိုတာက မြန်မာအစိုးရအပေါ်မှာ မူတည်နေပါတယ်”ဟု ပြောကြားပါသည်။

မြန်မာအာဏာပိုင်များသည် ဆယ်စုနှစ်ချီတံခါးပိတ်ထားမှုကို ဖွင့်လှစ်လိုက်ပြီးနောက် စတော့အိပ်ချိန်း ထူထောင်ရာတွင် အကူအညီရယူရန်အတွက် ဂျပန် Tokyo Stock Exchange Group နှင့် Daiwa Securities Group တို့ကို မနှစ်က ရွေးချယ်ခဲ့ခြင်းဖြစ်သည်။

စင်ကာပူ Institude of Southeast Asian Studies မှ သုတေသနပညာရှင် ဒေါ်မိုးသူဇာက “တစ်ခြား ခေတ်မှီ စီးပွားရေးတိုးတက်တဲ့ နိုင်ငံတွေလိုဘဲ မြန်မာနိုင်ငံမှာလည်း ကုမ္ပဏီ ငွေရင်းငွေနှီး ရရှိနိုင်ဖို့ အတွက် စတော့ဈေးကွက် ရှိဖို့လိုပါတယ်။ ကောင်းမယ်ထင်သလို သတ်မှတ်ထားတဲ့ စတော့ဈေးကွက် ရှိဖို့လိုပါတယ်။ ကောင်းမယ်ထင်သလို သတ်မှတ်ထားတဲ့နောက်ဆုံးရက်ကို အချိန်မှီဖို့ထက် ဆီလျှော်မှန်ကန်တဲ့ စည်းကမ်းပိုင်းဆိုင်ရာ၊ လုပ်ငန်းပိုင်းဆိုင်ရာ အခြေခံအဆောက်အဦးစနစ်တွေ ခိုင်ခိုင်မာမာရှိဖို့က ပိုပြီးအရေးကြီးပါတယ်” ဟု မှတ်ချက်ပေးသည်။

စတော့အိပ်ချိန်းကို ဇူလိုင် ၃၁ ရက်တွင် သမ္မတဦးသိန်းစိန် ကလက်မှတ်ထိုးပေးလိုက်သည်။ စတော့အိပ်ချိန်းဈေးကွက် အုပ်ချုပ်ရေးအဖွဲ့ ဖွဲ့စည်းခြင်း၊ လုပ်ကိုင်ခြင်းတို့ပါဝင်သော ၎င်းဥပဒေကို လွှတ်တော်က အတည်ပြုပေး ခဲ့သည်။

စီမံကိန်းကို ကူညီပေးနေသော Japan Exchange ကြီးကြပ်သူ မီယာဟာရာက “စတော့အိပ်ချိန်းဥပဒေ ကို ၂၀၁၃ နှစ်စတွင် အတည်ပြုနိုင်မည်ဟု မျှော်လင့်ထားခဲ့ကြောင်း၊ ယခုလို နှောင့်နှေးမှုကြောင့် စီမံကိန်းအကောင်အထည်ေ ဖ်ာရာတွင် တစ်နှစ်ခန့်အချိန် တိုတောင်းသွားကြောင်း ၊ လုပ်ငန်းအချိန်မှီပြီးစီးရန်အတွက် မိမိတို့ကုမ္ပဏီအနေဖြင့် အရာ အရာကြိုးပမ်းအားထုတ် လုပ်ကိုင် သွားမည်ဖြစ်ကြောင်း”ရှင်းလင်းပြောကြားထားသည်။

အင်္ဂါနေ့က တယ်လီဖုန်းအင်တာဗျူးတွင် မြန်မာနိုင်ငံ ဗဟိုဘဏ်ညွှန်ကြားရေးမှူးချုပ် ဦးမောင်မောင်က စတော့ အိပ်ချိန်း လည်ပတ်မည့်ပုံစံကို ချမှတ်ရန်အတွက် ဥပဒေအရ စည်းကမ်းပိုင်းဆိုင်ရာများကို ရေးဆွဲရဦးမည်ဟု ပြောကြား သည်။

သြဂုတ်လ ၂၃ ရက်က ညှိနှိုင်းဆွေးနွေးပွဲတွင် ဘဏ္ဍာရေးဒုဝန်ကြီးဦးမောင်မောင်သိမ်းက “စတော့အိပ်ချိန်း အတွက် အဆောက်အအုံနှင့် ဆော့ဝဲလ် ကဲ့သို့ အခြေခံအဆောက်အဦးစနစ်များကို နောက်နှစ်တွင် အစိုးရက စတင်လုပ်ကိုင်မည်ဖြစ်ကြောင်း၊ စတော့အိပ်ချိန်းကို ၂၀၁၅ တွင်စတင်နိုင်မည်ဖြစ်ကြောင်း” ရှင်းလင်းပြောကြားခဲ့သည်။

တိုကျိုအခြေစိုက် Japan Exchange နှင့် Daiwa သုတေသနဌာနနှစ်ဖွဲ့စလုံးက မြန်မာစတော့အိပ်ချိန်း အတွက် လုပ်ငန်းပိုင်းနှင့် အခြေခံအဆောက်အဦးစနစ်ပိုင်းဆိုင်ရာ အစီအစဉ်များအပါအဝင် ပုံစံချမှတ်မှုနှင့် ပတ်သက်နေ သည့် အစီရင်ခံစာများကို အပြီးသတ်ရေးသားပြီးစီပြီဖြစ်၍ မြန်မာအစိုးရထံ ယခုလအတွင်း တင်ပြကြလိမ့်မည်ဟု မစ္စတာမီယာဟာရာ က ပြောကြားသည်။

မြန်မာစတော့အိပ်ချိန်းဥပဒေတွင် နိုင်ငံခြားသားများအား ရောင်းဝယ်ခွင့်ပြုမှာလားဆိုသည်ကို ဖော်ပြ ထားခြင်းမရှိပေ။


၁၆ လကြာ မြင့်မားနေသော တရုတ်၏ ကုန်ထုတ်လုပ်မှု

(2 Sep 2013 ရက်စွဲပါ BBC News မှ China’s manufacturing activity at 16 month high သတင်းကို ဘာသာပြန်ဆိုသည်)

တရုတ်၏ ကုန်ထုတ်လုပ်မှုသည် ၁၆ လ အမြင့်ဆုံးအခြေအနေတစ်ခုအဖြစ် သြဂုတ်လအတွင်း မြင့်မားလာခဲ့ရာ ၎င်းတို့၏ စီးပွားရေး ရုတ်ခြည်း ကျဆင်းသွားမည်ကို ကြောက်ရွံ့စိုးရိမ်နေကြသည်။

တရားဝင် ထုတ်ပြန်သော Purchasing Managers’ Index (PMI) အရ ဂျူလိုင်လအတွင်း ၅၀ ဒဿမ ၃ မှ ၅၁ အထိ တက်လာခဲ့သည်။

PMI သည် ဖော်ပြပါ ကဏ္ဍ၏ ကျန်းမာသန်းစွမ်းမှုအတွက် အဓိကညွှန်းကိန်းတစ်ခုဖြစ်ပြီး ယင်းအမှတ် ၅၀ ကျော်လာခြင်းမှာ ကြီးထွားလာခြင်းကို ညွှန်ပြသည်။

ကမ္ဘာ့ ဒုတိယအကြီးဆုံး စီးပွားရေးနယ်ပယ် တရုတ်သည် ၎င်း၏ စီးပွားရေးတိုးတက်နှုန်း အချိန်အတိုင်းအတာ တစ်ခု၏ သုံးလပတ်နှစ်ခုကြာမျှ နှေးကွေးလာခဲ့ပြီးနောက်ပြန်လည် ဦးမော့လာစေရေးအတွက် အမျိုးမျိုးအဖုံဖုံ ကြိုးပမ်းခဲ့သည်။

“ကျွန်တော်တို့ဟာ စီးပွားရေးအခြေအနေ တိုးတက်မှုအတွက် ပိုရှင်းလင်းတဲ့ လက္ခဏာတွေကို တွေ့နေပါ တယ်”ဟု ဟောင်ကောင်၊ JP Morgan  မှ စီးပွားရေး ပညာရှင် အကြီးအကဲ Haibin က ပြောသည်။

 ခိုင်မာသော မူဝါဒကြေညာချက်

တရုတ်စီးပွားရေးသည် နှစ်တစ်နှစ်၏ အစောပိုင်း ဧပြီလမှ ဇွန်လအထိတွင် ၇ ဒဿမ ၅ ရာခိုင်နှုန်း ကြီးထွား ခဲ့ကာ အရှေ့ သုံးလ၏ စီးပွားရေး တိုးတက်မှု ၇ ဒဿမ ၇ ရာခိုင်နှုန်းမှ ကျဆင်းခဲ့ခြင်းဖြစ်သည်။

နောက်လာမည့် လများတွင် စီးပွားရေး တိုးတက်နှုန်း သည့်ထက် လျော့ကျမည်ကို စိုးရိမ်မှုများ ရှိနေခဲ့သည်။ အထူးသဖြင့် အမေရိကန်နှင့် ဥရောပကဲ့သို့ အဓိကဈေးကွက်များတွင် တရုတ်တင်ပို့ကုန်များ မှာယူမှု နည်းလာခြင်းကြောင့် ဖြစ်သည်။

ဤသည်မှာ တရုတ်နိုင်ငံ၏ အဓိက စီးပွားရေး မောင်းနှင်အားဖြစ်သော ကုန်ထုတ်လုပ်မှုနှင့် တင်ပို့မှုကဏ္ဍအတွက် ထိခိုက်နစ်နာရသည်။

ရုတ်တရက် ပြင်ပဝယ်လိုအား ကျဆင်းလာမှုကြောင့် ဘေဂျင်းသည် စီးပွားရေးကို ပြန်လည်ထိန်းညှိရန်နှင့် တိုးတက်နှုန်းကို တာရှည်ထိန်းထားရန် ပြည်တွင်းသုံးစွဲမှုအား မြင့်တက်လာအောင် ကြိုးစားနေရသည်။

ပြီးခဲ့သောလက အစိုးရသည် လစဉ် ယွမ် နှစ်သောင်း(၃၂၅၇ ဒေါ်လာ/ ၂၁၂၅ ပေါင်) ထက်နည်းပြီး ရောင်းဝယ်ကြသော အသေးစား လုပ်ငန်းများအတွက် တန်ဖိုး မြှင့်ပစ္စည်းအတွက်အခွန် (value-added tax) နှင့် စုစုပေါင်း ရောင်းရငွေအပေါ်အခွန် (turnover tax) တို့ကို ရုတ်သိမ်းပေးခဲ့သည်။

အဆိုပါဆုံးဖြတ်ချက်ကြောင့် ကုမ္ပဏီငယ် ခြောက်သန်းခန့် အကျိုးဖြစ်ထွန်းရန်နှင့် အလုပ်အကိုင်များ တိုးပွားလာရန် မျှော်လင့်ထားသည်။

ဘေဂျင်းက အကောက်ခွန်ရှင်းလင်းမှု(custom clearance) ဖြစ်စဉ်ကို ရိုးရှင်းအောင် ဆောင်ရွက်ရန်၊ လုပ်ငန်းဆောင်တာ ကုန်ကျငွေများ ဖြတ်တောက်ရန်နှင့် ပုဂ္ဂလိက အသေးစားနှင့် အလတ်စား လုပ်ငန်းများ၏ တင်ပို့မှုကို အားပေးရန်အတွက် အကောင်အထည်ဖော် မည်ဟု ပြောပါသည်။

“မူဝါဒ ရပ်တည်ချက် လတ်တလော ပြောင်းလဲမှုနှင့် ခိုင်မာသည့် မူဝါဒကို ကြေညာခြင်း”များမှာ စီးပွားရေးကဏ္ဍ ပြန်လည်အသက်ဝင်လာစေ ရန် အဓိကအချက်တစ်ခုဖြစ်သည်ဟု Haibin က ဆိုသည်။



Google Drive: create, share, and keep all your stuff in one place. Logo for Google Drive

0 comments:

Post a Comment