Transparency Myanmar

transparency.myanmar@gmail.com

Q & C
Document

Snapshot of the item below:
Q & C

သတင်းဆောင်းပါးမှ ကောက်နှုတ်ချက်များ 

“အခြေခံအဆောက်အအုံ လိုအပ်ချက်တွေနဲ့ နည်းပညာပိုင်းမှာ အားနည်းတယ်ဆိုပေမယ့် သဘာဝကပေးတဲ့ အရင်း အမြစ်တွေအများကြီးရှိတယ်။ ဥပမာစီးပွားရေး ဗပိာုချက်ကျတာမျိုးနဲ့ လူဦးရေအများဆုံးနိုင်ငံတွေကြားမှာ ရှိနေတဲ့ အတွက်ပါ SME လုပ်ငန်းတိုးတက်ဖို့ အစိုးရအနေနဲ့ ထိရောက်တဲ့ ကူညီပေးမှုတွေ ဆောင်ရွက်ပေးသင့်တယ်”

စက်တင်ဘာလ ၈ ရက်နေ့ထုတ် ပြည်မြန်မာ နေ့စဉ်ထုတ်သတင်းစာပါ “လုပ်သားအင်အားနှင့် အိန္ဒိယ၊ တရုတ်ဈေးကွက်မှာ ပြည်တွင်း SME လုပ်ငန်းများ ဖွံ့ဖြိုးမှုအတွက် အားသာချက်များဖြစ်ပာုဆို”သတင်းမှ SME ဥပဒေရေးဆွဲရာတွင် အကြံပေးပုဂ္ဂိုလ်အဖြစ် ပါဝင်သော ဒေါက်တာတင်ထူးနိုင်၏ ပြောကြားချက်အား ကောက်နှုတ်ချက်။


 “ဥပဒေအရသော်လည်းကောင်း၊ ILO ပြဋ္ဌာန်းချက်အရသော်လည်းကောင်း အတင်းဓမ္မခိုင်းစေမှု မဖြစ်စေချင်တဲ့ သဘောပါ။ သို့သော် လုပ်ငန်းလိုအပ်ချက်အရ သတ်မှတ်ထားတဲ့အချိန်ထက်ပိုပြီး အချိန်ပိုခိုင်းစေမယ်ဆိုရင် အလုပ်သမားရဲ့ သဘော တူညီချက်နဲ့ ကျွန်တော်တို့ဌာနကို ကြိုပြီး အသိပေးစေချင်တယ်။ ဌာနမနေနဲ့ တင်လာတဲ့ အပေါ်စိစစ်ပြီးတော့ ခွင့်ပြုသင့်တာ ကို ခွင့်ပြုပေးသွားမှာပါ”

စက်တင်ဘာလ ၈ ရက်နေ့ထုတ် Daily Eleven နေ့စဉ်သတင်းစာပါ “အလုပ်ရှင်များအနေဖြင့် အလုပ်သမားများ အား သတ်မှတ်ချိန်ထက် အချိန်ပိုခိုင်းစေပါက အလုပ်သမားဝန်ကြီးဌာနသို့ တင်ပြရမည်” သတင်းမှ အလုပ်သ မားဝန်ကြီးဌာန ဒုတိယ ဝန်ကြီး ဦးထင်အောင်၏ ပြောကြားချက်မှ ကောက်နှုတ်ချက်။

 


“၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို မဲဆန္ဒများများနဲ့ အတည်ပြုဖို့ ရည်ရွယ်ချက်နဲ့ ဝှိုက်ကတ်တွေထုတ်ပေးတယ် ဆိုတဲ့ ရည်ရွယ်ချက်မျိုးဆိုရင် မကောင်းပါဘူး၊ နောက်ပြီး ၂၀၁၀ ရွေးကောက်ပွဲမှာ ပါတီတစ်ခုက အနိုင်ရမဲပေး ခွင့်ပေးတယ် ဆိုတာလဲ မဖြစ်သင့်ဘူး။ ဝှိုက်ကတ်ဆိုတာ ၁၉၈၂ နိုင်ငံသား ဥပဒေနဲ့လည်း မကိုက်ညီဘူး၊ ဖြစ်လည်း မဖြစ်သင့်ဘူး။ သူတို့ကို ပါတီထောင်ခွင့်၊ မဲပေးခွင့် ပေးထားတာဟာ နိုင်ငံတော်ရဲ့ တည်ဆဲဥပဒေနဲ့ မကိုက်ညီဘူး။”

စက်တင်ဘာလ ၈ ရက်နေ့ထုတ် ရွှေနိုင်ငံသစ် နေ့စဉ်ထုတ်သတင်းစာတွင်ပါ “ဝှိုက်ကတ်ဆိုတာ ဘာလဲ ALD ကန့်ကွက်မည်” သတင်းမှ ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးအေးသာအောင်၏ ပြောကြားချက်အား ကောက်နှုတ်ချက်။


“ကျွန်တော်တို့က အစိုးရအဖွဲ့နဲ့ သဘောထားကွဲလွဲမှုတွေ ရှိနေခဲ့တယ်။ အခုလည်းရှိနေဆဲပဲ။ နောက်လည်းရှိနေ ဦးမှာပဲ။ ဒါကြောင့်စောင့်ကြည့်ကြပါဦး။ ပြီးတော့ ဒီသိန်းငါရာဟာ ပြည်သူ့ဘဏ္ဍငွေပါ။ သမ္မတ ကိုယ်ပိုင်ငွေလည်း ဟုတ်မှမဟုတ်တာ။ သမ္မတက ကျွန်တော်တို့ကို လွှမ်းမိုးစရာ အကြောင်းမရှိပါဘူး”

စက်တင်ဘာလ ၅ ရက်နေ့ထုတ် 7Day Daily နေ့စဉ်သတင်းစာပါ “စာနယ်ဇင်း ကောင်စီယာယီ၏ လုပ်ရပ်များကို စောင့်ကြည့်ပြီးမှ ဝေဖန်သင့်ဟု” သတင်းမှ မြန်မာနိုင်ငံစာနယ်ဇင်း ကောင်စီ(ယာယီ) အတွင်းရေးမှူး ဦးကျော်မင်းဆွေ၏ ပြောကြားချက်အား ကောက်နှုတ်ချက်။


 “ပြီးခဲ့တဲ့ ငွေရတုမှာ ရရှိခဲ့တဲ့ အချက်သုံးချက်ကို ကြည့် ကျွန်တော်တို့ မြန်မာနိုင်ငံရေးမှာ အဓိကက ကျွန်တော် တို့ ဘာကိုဖြေရှင်းရမလဲ ဆိုတာကို တိတိပပမြင်နေရပါတယ်။ အဓိကကတော့ ၂၀၁၅ ကို ကျွန်တော်တို့က အဆုံးအဖြတ်စဉ်း စားပြီးတော့ ကြည့်မယ်ဆိုရင် ၂၀၁၅ ရွှေးကောက်ပွဲမှာ တိုင်းရင်းသားအားလုံး ညီညီညွှတ်ညွှတ်နဲ့ ပါဝင်နိုင်တဲ့ ဒီမိုကရေစီကို တကယ် အကောင်အထည်ဖော်နိုင်တဲ့ ရွှေးကောက်ပွဲဖြစ်ဖို့ လိုအပ်ပါတယ်။ အဲ့ဒါမျိုးဖြစ်ဖို့ဆိုရင် အခုရှိနေတဲ့ အောက်ခြေဖွဲ့စည်းပုံမှာ မပြည့်စုံမှုတွေ အများကြီးရှိတယ်။ တိုင်းရင်းသားတွေ အားလုံးပါဝင်ပြီးတော့ ယှဉ်ပြိုင်နိုင်ဖို့ ကိုမှ ခက်ခဲနေတဲ့ အတားအဆီးဖြစ်နေတဲ့ဟာတွေ အများကြီးရှိတယ်။ အဲ့ဒီအတွက်ကို ကျွန်တော်တို့က ဖက်ဒရယ်ပြည်ထောင်စု ဖြစ်နိုင်ဖို့ဆိုရင် ၂၀၀၈ ဖွဲ့စည်းပုံဟာ ပြင်ရပါမယ်။ ၂၀၀၈ ဖွဲ့စည်းပုံကို ပြင်ဖို့ဆိုရင်လည်း တစ်ဦးတစ်ယောက် တစ်ဖွဲ့ ကပြင်တာမျိုးမဟုတ်ဘဲနဲ့ အမျိုးသားအင်အားစု အားလုံးပါဝင်တဲ့ အဖွဲ့ကပြင်ရမှာ ဖြစ်ပါတယ်”

စက်တင်ဘာလ ၈ ရက်နေ့ထုတ် Daily Eleven နေ့စဉ်သတင်းစာပါ “၂၀၁၅ ခုရွေးကောက်ပွဲလွတ်လပ်ပြီး တရားမျှတရန် တိုင်းပြည်၏ အနာဂတ်ကိုကြည့်သည့် ညီလာခံတစ်ရပ်ကို ၂၀၁၄ ခုနှစ် ပထမသုံးလအတွင်း ခေါ်ဆိုနိုင်ရန် လိုအပ်ဟုဆို” သတင်းမှ ၈၈ မျိုးဆက်ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်း မှဦးဌေးကြွယ်၏ ပြောကြားချက်မှ ကောက်နှုတ်ချက်။

 



Google Drive: create, share, and keep all your stuff in one place. Logo for Google Drive

0 comments:

Post a Comment