Transparency Myanmar

transparency.myanmar@gmail.com

International Media
Document

Snapshot of the item below:
International Media

ဘာသာပြန်သတင်းများ (၁)

လေ့လာမှုအရ မြန်မာနိုင်ငံတွင် ဖုန်းဝန်ဆောင်မှု ဝယ်လိုအားကြီးမားခြင်းနှင့်အတူ ဈေးကွက်မြန်ဆန်စွာ ကြီးထွားဖွယ်ရှိ

(Global Telecom Business မှ   16 Aug 2013 ရက်စွဲပါ “Myanmar Survey reveals a rapidly growing market with strong demand for telecoms services ” သတင်းကို ဘာသာပြန်ဆိုသည်)

မနှစ်ကအထိ မြန်မာနိုင်ငံ၏ မိုဘိုင်းဖုန်း သုံးစွဲပျံ့နှံ့မှုသည်  ၁၀% ပင် မပြည့်သော်လည်း ၂၀၁၇ တွင်မြို့ပေါ် သုံးစွဲမှုနှုန်း ၉၀% အပါအဝင် ပျမ်းမျှ ၅၀% ကျော်သွားဖွယ်ရှိသည်ဟု Analysys Mason လေ့လာမှု စစ်တမ်းအရ သိရှိရသည်။

သို့ရာတွင် နောက်ထပ်လေ့လာမှုများအရ မြန်မာဈေးကွက်သစ်သို့ဝင်ကြမည့် အော်ပရေတာများအတွက်  အခွင့်အလမ်းနှင့် စိန်ခေါ်မှုနှစ်မျိုးစလုံး စောင့်ကြိုနေသည်ဟုဆိုသည်။ ပြီးခဲ့သော ဇွန်လတွင်နော်ဝေ Telenor နှင့် ကာတာ Ooredoo တို့ကို အော်ပရေတာလိုင်စင် တင်ဒါအောင်သူများအဖြစ် ရွေးချယ်ခဲ့သည်။

ယင်းသို့လိုင်စင်ချပေးပြီးနောက်တွင် အဓိကမြို့ကြီးများ၌ မိုဘိုင်းဖုန်းသုံးစွဲနှုန်း တက်လာသော်လည်း ကျေးလက်ဒေသများ တွင်မူ အနာဂါတ်ရည်မှန်းချက် ပြည့်မှီနိုင်ခြင်း မရှိသေးပေ။

Analysys Mason လေ့လာမှုစစ်တမ်းကို အဓိကမြို့ကြီး ၅ မြို့ရှိ စီးပွားရေးလုပ်ငန်း ၂၀၀ နှင့် သုံးစွဲသူ ၁၀၀၀ ခန့်ထံမှ ကောက်ယူခဲ့ခြင်းဖြစ်ပြီး မိုဘိုင်းဖုန်းဝန်ဆောင်မှုများအပေါ် လက်ခံနိုင်မှု၊ သုံးစွဲမှုနှင့် သဘောထားတို့ကို မေးမြန်းခဲ့သည်။

ကျေးလက်ဒေသနေမြန်မာပြည်သူ  ၆၅% မှာမူ ဆာဗေးတွင်ပါဝင်ခြင်းမရှိပေ။ ထို့အပြင် လူဦးရေ၏ ၁၃% အကြုံး မဝင်သော အသက် ၁၈ မှ  ၆၅ နှစ်ကြားရှိသူများကိုသာ  ဆာဗေးလုပ်ခဲ့ခြင်းဖြစ်သည်။ ရရှိသော ကိန်းဂဏန်းများသည် အဓိကမြို့ကြီးများ၌သာ ၁၁% ပျံ့နှံ့မှုကို ရည်ညွန်းသည်။

လက်တွေ့လေ့လာမှုများအရ မြန်မာနိုင်ငံတွင်မိုဘိုင်းဖုန်း Station ၁၂၀၀ မှ ၁၆၀၀ အတွင်းသာရှိပြီး ကျေးလက် ဒေသများတွင်  မရှိသလောက်ပင်ဖြစ်သည်ကို တွေ့ရှိရသည်။

စစ်တမ်းကောက်ယူခဲ့သော သုံးစွဲသူထက်ဝက်ကျော်မှာ သုံးစွဲသည့်ကာလ တစ်နှစ်ပင် မပြည့်သေးဟူသော အချက်က ဈေးကွက်အတွင်း တစ်နှစ်ပြီး တစ်နှစ်ကြီးထွားလာမှုကို ရည်ညွှန်းလျက်ရှိသည်။

မြန်မာဈေးကွက်၏ ကြီးထွားလာနိုင်စွမ်းကို ကျယ်ကျယ်ပြန့်ပြန့် သိရှိထားကြပြီဖြစ်ပါသည်။ သုံးစွဲခွင့်မ ရသေးသော လူဦးရေ ရာခိုင်နှုန်းမှာ အလွန်ကြီးမားနေသည်။ သာဓကအနေဖြင့် အိမ်နီးချင်းနိုင်ငံများတွင် ဈေးကွက်ဖြေလျှော့အပြီး  ၅ နှစ်ခန့် အကြာတွင် ကမ္ဘောဒီးယား၌  ၆၅% ၊ လာအို၌  ၄၁% သုံးစွဲမှုနှုန်း ရှိလာခဲ့သည်ကို တွေ့ရသည်။

မြန်မာနိုင်ငံ၏ မိုဘိုင်းဖုန်းသုံးစွဲပျံ့နှံ့မှုနှုန်းသည်  ၂၀၁၇ တွင်  ၅၀% ရှိလာမည်ဟု  Analysys  Mason ဆာဗေးက လေ့လာတွေ့ရှိသော အချက်အလက်များကို အခြေခံ၍ ခန့်မှန်းထားပါသည်။ ဈေးကွက် အလားအလာ ကြီးမားမှုကြောင့်  အိမ်နီးချင်းနိုင်ငံများ၏ ဆက်သွယ်ရေး တိုးတက်မှုအချိန်ကာလကို ကျော်ဖြတ်နိုင်မည်ဟု မျှော်လင့် ရသည်။

သို့သော် မြို့ကြီးများ ပြင်ပတွင် အခြေခံအဆောက်အဦးစနစ်များ မရှိခြင်းကြောင့် အစိုးရ၏  ၂၀၁၅ တွင်  ၅၀% ပျံ့နှံ့ရေး ရည်မှန်းချက်မှာမူ ဖြစ်နိုင်ချေမရှိပါ။

မြို့ပြဧရိယာတွင် ဖုန်းဝန်ဆောင်မှုအတွက် ငွေပေးရန် ဝန်မလေးကြသော်လည်း ကျေးလက်တွင်မူ မစမ်းသပ်ရသေးပါ။ မြို့ပြရှိဈေးကွက် အလားအလာမှာမူ မြန်ဆန်စွာ ကြီးထွားလျက်ရှိပြီး စစ်တမ်းကောက်ယူခဲ့သော ဖုန်မသုံးစွဲရသေးသူ  ၄၀ ရာခိုင်နှုန်းက လာမည့်တစ်နှစ်အတွင်း မိုဘိုင်းဖုန်း ပိုင်ဆိုင်သုံးစွဲရန် ရည်မှန်းထားကြကြောင်း တွေ့ရှိရသည်။

လတ်တလော SIM ကဒ် မဲဖောက်သောစနစ်ကြောင့် ဝင်ငွေနိမ့်အလွှာတွင် ဖုန်းသုံးစွဲမှု မြင့်တက်လာခဲ့သည်။ ထို့အတွက်  SIM ကဒ် ပျမ်းမျှဈေးနှုန်းမှာ ဒေါ်လာ ၄၅၀ (၄၅၀၀၀) ကျပ်ခန့် ရှိနေပြီး အကျိုးသက်ရောက်မှုနည်းပါးခြင်း၊ ပြည်သူတို့၏ ဝယ်လိုအား မြင့်တက်နေခြင်း အချက်နှစ်ချက်စလုံးကို ရည်ညွန်းပြသနေသည်။

အထက်ပါအကောင်းမြင် အပြုသဘောထင်မြင်ချက်မှာ အခြားသောအကြောင်းအချက်များစွာကြောင့် လွဲချော်သွားနိုင်ပါ သည်။ မြို့ပြဧရိယာရှိ အချို့သူများမှာ ဖုန်းဝန်ဆောင်မှုစနစ်အပေါ် လုံးဝစိတ်မဝင်စားခြင်း မရှိကြပါ။ ကျေးလက်ဒေသရှိ အလားအလာနှင့် လိုလိုလားလားရှိမှုတို့ကိုလည်း မလေ့လာရသေးပါ။ ထို့အပြင် နယ်စပ်ဒေသ များတွင် လုပ်ကိုင်မည့် အော်ပရေတာများအနေဖြင့် စောစောစီးစီး ခြေကုပ်ယူထားပြီးသော တရုတ်နှင့် ထိုင်းကုမ္ပဏီ များကို  ယှဉ်ပြိုင်ရ ပါလိမ့်မည်။


 

                                                


Google Drive: create, share, and keep all your stuff in one place. Logo for Google Drive

0 comments:

Post a Comment