Transparency Myanmar

transparency.myanmar@gmail.com

International Media (2)
Document

Snapshot of the item below:
International Media (2)

နိုင်ငံတကာသတင်းများ (၂)

အိန္ဒိယ၏ EXIM Bank ကိုယ်စားလှယ်ရုံး ရန်ကုန်တွင် ဖွင့်ပြီ

(9 September 2013 ရက်စွဲပါ The Gulf Today မှ EXIM Bank to open representative office in Yangon ကို ဘာသာပြန်ဆိုသည်။)

ရခိုင်တွင် စီးပွားရေးဇုန်စီမံကိန်း စတင်တော့မည်

(Bangkok Post မှ 8 Sept 2013 ရက်စွဲပါ “Rakhine economic project touted”သတင်းကို ဘာသာပြန်ဆိုသည်)


အိန္ဒိယ၏ EXIM Bank ကိုယ်စားလှယ်ရုံး ရန်ကုန်တွင် ဖွင့်ပြီ

(9 September 2013 ရက်စွဲပါ The Gulf Today မှ EXIM Bank to open representative office in Yangon ကို ဘာသာပြန်ဆိုသည်။)

Export Import (EXIM) Bank သည် တနင်္လာနေ့တွင် ရန်ကုန်၌ ၎င်း၏ကိုယ်စားလှယ်ရုံးကို ဖွင့်လှစ်မည်ဖြစ်ပါသည်။ အိန္ဒိယနိုင်ငံသည် လာမည့်နှစ်တွင် အာဆီယံဥက္ကဋ္ဌတာဝန်ယူမည့် မြန်မာနိုင်ငံနှင့်မတူညီသော အလွှာများဖြင့် ထိတွေ့ ဆက်ဆံရန် လုပ်ဆောင်လာနေပါသည်။

EXIM ဘဏ်ရုံးဖွင့်လှစ်ခြင်းမှာ ပြီးခဲ့သည့်နှစ်မေလက အိန္ဒိယဝန်ကြီးချုပ် မန်မိုဟန်ဆင်း မြန်မာနိုင်ငံသို့ သွားရောက် လည်ပတ်ခဲ့ခြင်း၏ အကျိုးဆက်ဖြစ်ပြီး၊ ရထားလမ်းနှင့် ဆည်မြောင်းစီမံကိန်းများအတွက် ဒေါ်လာ သန်း (၅၀၀) ခရစ်ဒစ်လိုင်း တစ်ခုလည်း လက်မှတ်ရေးထိုးခဲ့ပါသည်။ ထို့အပြင် အိန္ဒိယသည် နောက်ထပ် ဒေါ်လာသန်း (၂၅၀) ကိုလည်း အခြားစီမံကိန်း များအတွက် ခွင့်ပြုခဲ့ပါသည်။ ဘဏ်အနေဖြင့် အဆိုပါကိစ္စရပ်များကိုအတည်ပြုရန် အစိုးရထံ တင်ပြ ထားသည်ဟု ဘဏ်၏ အမှုဆောင်ဒါရိုက်တာ David Rasquinha ကပြောကြားခဲ့သည်။

ဘဏ်မှလုပ်ဆောင်နေသော အမျိုးသားပို့ကုန်အာမခံစာရင်း (National Export Insurance Account)အောက်မှ ခရက်ဒစ်စီမံကိန်း(Credit Scheme)တစ်ခုကို အသုံးပြုရန်လည်းစီစဉ်နေပါသည်။ ၎င်းကိုအသုံးပြု၍ အစိုးရအေဂျင်စီများ သည် အိန္ဒိယမှ ကုန်ပစ္စည်းများနှင့် ဝန်ဆောင်မှုများကို တင်သွင်းနိုင်ပါမည်။

မြန်မာအစိုးရ၏ ၂၀၁၃ - ၂၀၁၄ ဘဏ္ဍာနှစ် အစီရင်ခံစာအရ မြန်မာနိုင်ငံသည် စိုက်ပျိုးရေး၊ လျှပ်စစ်စွမ်းအင်၊ ဆက်သွယ်ရေးနှင့် သယ်ယူပို့ဆောင်ရေး စသည့် ကဏ္ဍများတွင် စီမံကိန်းအချို့အကောင်အထည်ဖော်မည် ဖြစ်ကြောင်း သိရပါသည်။ မြန်မာနိုင်ငံတွင် ကြီးထွားမှုအတွက် ၂၀၃၀ အထိရင်းနှီးမြှုပ်နှံရန် ဒေါ်လာ (၆၅၀) ဘီလီယံ လိုအပ်မည်ဖြစ်ကြောင်း Mic Kinsey Global Institute ကပြောကြားခဲ့သည်။ လာမည့် ငါးနှစ်အတွင်း မြန်မာနိုင်ငံ၏ တိုးတက်မှုနှုန်းသည် ၇% ရှိမည်ဟု IMF ကခန့်မှန်းထားပါသည်။

အိန္ဒိယသည် မြန်မာနိုင်ငံနှင့် ဖွံ့ဖြိုးရေးပူးဆောင်ရွက်မှုများနှင့် ယခင်ကတည်းကရှိပြီးသော နှစ်နိုင်ငံဆက်ဆံရေးကို အရှိန်မြှင့်လျက်ရှိပါသည်။ အိန္ဒိယနိုင်ငံ၏ အတွေးအခေါ်များ၊ ကုန်သွယ်မှုများသည် အရှေ့ဘက်ကမ်းခြေ ဘန်ဂေါ၊ အိုဒက်ရှားနှင့် တမီးလ်နာဒူးတို့ကိုဖြတ်၍ လွန်ခဲ့သောနှစ်ပေါင်းထောင်ကျော်မှစ၍ ပျံ့နှံ့ခဲ့ပြီး ဘာသာရေး၊ ဘာသာစကား နှင့် ယဉ်ကျေးမှုများ လွှမ်းမိုးခဲ့သည်ဟု စာရေးဆရာ ဦးသန်းမြင့်ဦးက ထောက်ပြထားပါသည်။


ရခိုင်တွင် စီးပွားရေးဇုန်စီမံကိန်း စတင်တော့မည်

(Bangkok Post မှ 8 Sept 2013 ရက်စွဲပါ “Rakhine economic project touted”သတင်းကို ဘာသာပြန်ဆိုသည်)

မနှစ်က လူပေါင်း ၂၀၀ ခန့် သေဆုံးခဲ့ရသော အကြမ်းဖက်မှုများ ဖြစ်ပွားခဲ့သည့် ပဋိပက္ခဘေးဒဏ်သင့် ရခိုင်ပြည်နယ်၌ အထူးစီးပွားရေးဇုန် ဖော်ထုတ်ရေးတွင် အကူအညီရယူရန်အတွက် အတိုင်ပင်ခံကုမဏီရှာဖွေရန် မြန်မာအစိုးရက တနင်္ဂနွေနေ့တွင် တင်ဒါခေါ်ယူလိုက်ပြီဖြစ်သည်။

ကျောက်ဖြူအထူးစီးပွားရေးဇုန်တွင် ရင်းနှီးမြှုပ်နှံကြမည့်သူများအတွက် ကန်ထရိုက်စည်းကမ်းများ ရေးဆွဲရာတွင် အကူအညီပေးနိုင်မည့် နိုင်ငံတကာအတိုင်ပင်ခံကုမ္ပဏီကို မြန်မာအာဏာပိုင်များက ရှာဖွေနေခြင်းဖြစ်သည်။

၎င်းစီမံကိန်းသည် ကနေဦးအဆင့်တွင် ဒေါ်လာ ၂၂၇ သန်းခန့် ကုန်ကျလိမ့်မည်ဟု တာဝန်ရှိသူများက ဆိုပါသည်။ ရခိုင်ပြည်နယ်သည် ကမ္ဘာဖွံ့ဖြိုးမှု အနိမ့်ဆုံးစာရင်းဝင် မြန်မာနိုင်ငံ၏ အနွမ်းပါးဆုံး ဒေသတစ်ခုဖြစ်သည်။ မြန်မာနိုင်ငံသည် နှစ်ပေါင်း ၅၀ စစ်အုပ်ချုပ်ရေးကြောင့် စီးပွားရေးပြိုလဲကာ ချွတ်ခြုံကျသွားခဲ့ပြီးနောက် ၂၀၁၀ နိုဝင်ဘာလတွင် အထွေထွေရွေးကောက်ပွဲများ ကျင်းပ၍ နိုင်ငံရေး၊ စီးပွားရေးပြုပြင်ပြောင်းလဲမှုများ ပြုလုပ်ကာ ခေတ်သစ်တစ်ခုကို အစပျိုး လျက်ရှိသည်။

အဆိုပါစီးပွားရေးဇုန်ကို မြို့တော်ရန်ကုန်၏ အနောက်ဖက် ကီလိုမီတာ ၅၀၀ ကွာဝေးသော ရခိုင်ကမ်းရိုးတန်း ကျောက်ဖြူမြို့နယ် အနီးတွင် တည်ဆောက်မည်ဖြစ်သည်။

ယင်းစီမံကန်းသည် မနှစ်က လူ ၂၀၀ ခန့် သေဆုံး၍ ၁၄၀,၀၀၀ ခန့် အိုးအိမ်မဲ့ဖြစ်စေခဲ့သော ရခိုင်ပဋိပက္ခဖြစ်ပွားရာ ဒေသ ရခိုင်ပြည်နယ်သို့ စီးပွားရေးအခွင့်အလမ်းများ ဆောင်ကြည်ပေးမည့် အစိုးရ၏ ကြိုးပမ်းမှုအစီအစဉ်တစ်ခုဖြစ်သည်။

အထူးစီးပွားရေးဇုန် စီမံခန့်ခွဲရေးကော်မတီ တွဲဖက်အတွင်းရေးမှူးဦးအောင်ကျော်သန်းက “ တကယ်လို့ဒေသခံ ပြည်သူတွေအားလုံး အလုပ်အကိုင်ရရှိသွားမယ်ဆိုရင် အေးချမ်းတဲ့အခြေအနေကို သူတို့လိုလားလာကြမှာပါ။ ဒီစီမံကိန်းက ဒေသခံတွေအတွက် အလုပ်အကိုင် ၅၀,၀၀၀ လောက်ဖန်တီးပေးနိုင်ပါလိမ့်မယ်။ အထူးသဖြင့် အမျိုးသမီးတွေအတွက်ပေါ့”ဟု ပြောကြားသည်။

စိတ်ဝင်စားသော အတိုင်ပင်ခံကုမ္ပဏီများအနေဖြင့် စက်တင်ဘာလ ၂၃ မှ နိုဝင်ဘာလ ၉ ရက်အတွင်း အဆိုပြုတင်ဒါတင်သွင်းကြရမည်ဖြစ်ပြီး တင်ဒါအောင်သူကို နိုဝင်ဘာလ ၂၇ တွင် ထုတ်ပြန်ကြေညာမည်ဟု သိရှိရသည်။

စီမံကိန်းအကောင်အထည်ဖော်မည့် ကန်ထရိုက်တာကုမ္ပဏီကို မတ်လတွင် ရွေးချယ်ကာ ဧပြီလတွင် တည်ဆောက်မှု စတင်မည်ဟု မျှော်လင့်ရသည်။



Google Drive: create, share, and keep all your stuff in one place. Logo for Google Drive

0 comments:

Post a Comment