Transparency Myanmar

transparency.myanmar@gmail.com

International Media
Document

Snapshot of the item below:
International Media

ဘာသာပြန်သတင်းများ (၁)

(Shanghai Daily  မှ 8 Sep 2013 ရက်စွဲပါ “Myanmar’s border trade hits over 1.8 bln USD  in five months” သတင်းကို ဘာသာပြန်ဆိုသည်)

(AIN news မှ Sept 2013 ရက်စွဲပါ “Myanmar ponders future as an air transport player” သတင်းကို ဘာသာပြန်ဆိုသည်)


ယခုဘဏ္ဍာရေးနှစ် ပထမ ၅ လတွင် နယ်စပ်ကုန်သွယ်မှုတန်ဖိုး ၁.၈ဘီလီယံ ဒေါ်လာသို့ရောက်ရှိ

(Shanghai Daily  မှ 8 Sep 2013 ရက်စွဲပါ “Myanmar’s border trade hits over 1.8 bln USD  in five months” သတင်းကို ဘာသာပြန်ဆိုသည်)

၂၀၁၂-၂၀၁၃ ဘဏ္ဍာရေးနှစ် ပထမ ၅ လအတွင်း မြန်မာနယ်စပ် ကုန်သွယ်ရေးသည် ဒေါ်လာ ၁.၈၈၁ ဘီလီယံသို့ရောက်ရှိကာ ယခင်နှစ် အလားတူကာလထက် ဒေါ်လာ ၃၉၁ သန်း ပိုလာကြောင်း တနင်္ဂနွေနေ့ သတင်းများက ဆိုသည်။

စုစုပေါင်း ကုန်သွယ်မှုပမာဏအနက် ပို့ကုန်တန်ဖိုး ၁.၁၇၁ ဘီလီယံ ဒေါ်လာနှင့် သွင်းကုန်တန်ဖိုး ၄၆၁ မီလီယံ ဒေါ်လာ အသီးသီးရှိခဲ့သောကြောင့် ကုန်သွယ်ရေးပိုငွေ ဒေါ်လာ ၄၆၁ သန်း ရရှိခဲ့သည်။

မြန်မာနိုင်ငံသည် တရုတ်၊ ထိုင်း၊ ဘင်္ဂလားဒေ့ရှ်၊ အိန္ဒိယ စသော အိမ်နီးချင်း လေးနိုင်ငံနှင့် နယ်စပ်ကုန်သွယ်မှုကို နယ်စပ်ဂိတ် ၁၅ ခုမှ တဆင့် လုပ်ကိုင်နေခြင်းဖြစ်သည်။

မြန်မာနိုင်ငံ၏ အကြီးဆုံး နယ်စပ်ကုန်သွယ်ရေး ဂိတ်ပေါက်မှာ တရုတ်နှင့် ဆက်သွယ်သော မူဆယ် တွင်ရှိပြီး၊ ထိုင်း နှင့် ဆက်သွယ်သော မြဝတီ နယ်စပ်ဂိတ်မှာ ဒုတိယအကြီးဆုံးဖြစ်သည်။

အခြားနယ်စပ်ဂိတ်များမှာ တရုတ်နှင့် ဆက်သွယ်သော လွယ်ဂျယ်၊ ချင်းရွှေဟော်၊ ကန်ပိုက်တီး၊ ထိုင်း နှင့် ဆက်သွယ်သော ကော့သောင်းနှင့် မြိတ်၊ ဘင်္ဂလားဒေ့ရှ်နှင့် ဆက်သွယ်သော စစ်တွေနှင့် မောင်းတော၊ အိန္ဒိယနှင့် ဆက်သွယ်သော တမူးနှင့် ရိဒ် တို့ဖြစ်သည်။

မြန်မာအာဏာပိုင်များသည် တရားဝင်ကုန်သွယ်မှုကို မြှင့်တင်ရန်အတွက် ရွှေ့လျားစစ်ဆေးရေးအဖွဲ့ကို စေလွှတ်ကာ ကုန်သွယ်မှုလုပ်ငန်းများကို စစ်ဆေးကြပ်မတ်ခြင်း၊ တစ်ဦးချင်း ကုန်သွယ်မှုလုပ်ငန်းများ လွယ်ကူချောမွေ့စေရန် ကဒ်ပြားများထုတ်ပေးခြင်းတို့ကို ဆောင်ရွက်လျက်ရှိသည်။

တရားဝင်ကိန်းဂဏန်းများအရ ၂၀၁၂-၂၀၁၃ ဘဏ္ဍာရေးနှစ် အတွက် စုစုပေါင်း နိုင်ငံခြားကုန်သွယ်မှု ပမာဏမှာ အမေရိကန် ဒေါ်လာ ၁၈.၄၂၁ ဘီလီယံ ရှိခဲ့ပြီး၊ ယခင် ဘဏ္ဍာရေးနှစ်က ရရှိခဲ့သော ဒေါ်လာ ၁၈.၁၇ ဘီလီယံထက် ၁.၄ ရာခိုင်နှုန်း မြင့်တက်လာကြောင်း တွေ့ရှိရသည်။

စုစုပေါင်း နိုင်ငံခြားကုန်သွယ်မှုပမာဏတွင် ပို့ကုန်တန်ဖိုး ၉.၀၈ ဘီလီယံဒေါ်လာနှင့် သွင်းကုန်တန်ဖိုး ၉.၃၄၁ ဘီလီယံဒေါ်လာနှင့် သွင်းကုန်တန်ဖိုး ၉.၃၄၁ ဘီလီယံ ဒေါ်လာ အသီးသီးရှိခဲ့သည်။

ပို့ကုန်များမှာ သဘာဝဓါတ်ငွေ့၊ ကျောက်စိမ်း၊ ပဲအမျိုးမျိုး၊ ဆန်၊ ရေထွက်ပစ္စည်း၊ ရာဘာနှင့် ကျွန်းသစ် တို့ ဖြစ်ပြီး၊ သွင်းကုန်အမည်များတွင် ရေနံစိမ်း နှင့် ဓါတ်ငွေ့၊ ကားပစ္စည်း၊ သံနှင့်သံမဏိ၊ စားအုန်းဆီ၊ ဆေးဝါးပစ္စည်း၊ ပလတ်စတစ်၊ ဓါတ်မြေသြဇာ၊ ဘိလပ်မြေ၊ လျှပ်စစ်ပစ္စည်း အမျိုးမျိုးတို့ ပါဝင်သည်။


လေကြောင်းပို့ဆောင်ရေးလုပ်ငန်း၏ အနာဂါတ်ကို မြန်မာ ကြိုတင်ပြင်ဆင်

(AIN news မှ Sept 2013 ရက်စွဲပါ “Myanmar ponders future as an air transport player” သတင်းကို ဘာသာပြန်ဆိုသည်)

၂၀၁၁ မတ်လ အာဏာရလာသောအခါ အစိုးရသစ်လက်ထက် ပြုပြင်ပြောင်းလဲမှုများ ဆက်တိုက်ပြုလုပ်သာ မြန်မာနိုင်ငံသည် ဆိုးဆိုးဝါးဝါးချို့တဲ့နေသော လေကြောင်းပို့ဆောင်ရေး အခြေခံအဆောက်အဦးစနစ်အပေါ် ခြိမ်းခြောက်လာသော ခရီးသွားလုပ်ငန်းစန်းထမှုအတွက် ကြိုတင်ပြင်ဆင်ရန် အမျိုးသား အရပ်ဖက်လေကြောင်းဆိုင်ရာ မူဝါဒကို လာမည့်နှစ်တွင် ထုတ်ပြန်ရန် စီစဉ်နေပြီဖြစ်သည်။

မြန်မာနိုင်ငံ၏ မြန်မြန်ဆန်ဆန်ကြီးထွားလာသော လေကြောင်းလိုင်းဈေးကွက်တွင် လောလောဆယ် ပြည်တွင်း လေကြောင်းလိုင်း ၇ ခု ရှိပြီးနိုင်ငံသားပိုင် လေကြောင်းလိုင်း ၄ ခု နောက်ထပ်လုပ်ကိုင်ရန် အဆိုပြု ထားသည်။ ၂၀၁၇ တွင်နှစ်စဉ် ခရီးသွားဧည့်သည် ၆ သန်း အထိတိုးတက်လာမည်ဟု အစိုးရက ခန့်မှန်းထားသည်။

နိုင်ငံ၏ ပင်မဝင်ပေါက်ဖြစ်သော ရန်ကုန်နိုင်ငံတကာလေဆိပ်အပြင် ပြေးဆွဲနိုင်သော လေကြောင်းလိုင်း အရေအတွက်ကို လေကြောင်းဦးစီးဌာနက တင်းကြပ်ထားခြင်းကြောင့်၊ ခရီးသည်ပြည့်လျှံမှုများမှာ ယခင်ကတည်းက ရှိနေပြီးဖြစ်သည်။ မနှစ်က မြန်မာနိုင်ငံသို့ လေကြောင်းခရီးဖြင့် ရောက်ရှိလာသော ခရီးသည် ၆၀၀, ၀၀၀ အနက် ၅၀၀,၀၀၀ မှာ ရန်ကုန်လေဆိပ်မှ ဝင်ရောက်လာကြခြင်း ဖြစ်သည်။ အကျိုးဆက်အနေဖြင့် လေကြောင်းလိုင်းသစ်များအား မန္တလေးနှင့် နေပြည်တော်လေဆိပ်များမှ အခြေစိုက်ပြေးဆွဲကြရန် လေကြောင်း ဦးစီးဌာန က ဖိအားပေးခဲ့ရသည်။

သြဂုတ်လ ၂၁ ရက်တွင် လေကြောင်းဦးစီးဌာနက ရန်ကုန်နိုင်ငံတကာလေဆိပ်၊ မန္တလေးနိုင်ငံတကာ လေဆိပ် နှင့် ဟံသာဝတီနိုင်ငံတကာ လေဆိပ်သစ်များ မွမ်းမံခြင်း၊ ပြုပြင်ခြင်း၊ တည်ဆောက်ခြင်း တို့အတွက် ရွေးချယ်လိုက်သော ကန်ထရိုက်တာများကို ထုတ်ပြန်ကြေညာခဲ့သည်။ ခရီးသည် ၁၂ သန်း လက်ခံနိုင်ရန် ဒီဇိုင်းထုတ်ထားပြီး ၂၀၁၈ တွင် ဖွင့်လှစ်နိုင်ရန် စီစဉ်ထားသော ဟံသာဝတီ နိုင်ငံတကာလေဆိပ်သစ် တည်ဆောက်ရေးလုပ်ငန်း ကန်ထရိုက်လုပ်ငန်းကို တောင်ကိုရီးယား Incheon International Airport က ရရှိ သွားပါသည်။

ရန်ကုန်မြို့သို့ တိုက်ရိုက်ပျံသန်းနေသော အာရှလေကြောင်းလိုင်း ၂၂ လိုင်းခန့်ရှိရာတွင် Silk Air အပါအဝင် စင်္ကာပူလေကြောင်းလိုင်းများ၊ Tet Star ၊ China Eastern ၊ ယခင်အပတ်က ပြည်တွင်း Asian Wings လေကြောင်းလိုင်း၏ ရှယ်ယာ ၄၉% ကို ဒေါ်လာ ၂၅ သန်းဖြင့် ဝယ်ယူမည့် အစီအစဉ်ကို ကြေညာခဲ့သူ All Nippon Airways (ANA) တို့ ပါဝင်ကြသည်။ ထို့အပြင် ထိုင်းအခြေစိုက် စရိတ်နည်း လေကြောင်းလိုင်း Nok Air နှင့် စင်္ကာပူအခြေစိုက် Tiger Airline တို့ကလည်း တိုက်ရိုက်ခရီးစဉ်များ ပျံသန်းရန် လေကြောင်းဦးစီးဌာနသို့ အဆိုပြုထားကြသည်။ မြန်မာသို့ ပျံသန်းလျက်ရှိသော အခြားလေကြောင်းလိုင်းများမှာ Malaysia Airline, Laos Airline, Vietnam Airline, Cathay Pacific လိုင်းခွဲ၊ တရုတ်ခရီးသည်အများစုကို ပို့ဆောင်ပေးနေသော Dragon Air တို့ဖြစ်သည်။ ဂျပန်လေကြောင်းလိုင်းများနှင့် မီဆူဘီရှီ ပို့ဆောင်ရေးတို့ ဖက်စပ်ထူထောင်ထားသာ ကုန်တင်ခရီးစဉ်များလည်း မြန်မာသို့ ပျံသန်းနေသည်။ ထို့အပြင် Qatar Airways ၏ လန်ဒန်-ဒိုယာ- ရန်ကုန် ခရီးစဉ်၊ ဂျာမန် Condor ၏ ဖရန့်ဖွတ်-ရန်ကုန် တစ်ပတ်တစ်ကြိမ်ခရီးစဉ်များလည်းရှိသေးသည်။

မြန်မာအဏာပိုင်များက ၄င်းတို့၏လူ့အခွင့်အရေးမှတ်တမ်း မကောင်းမှုနှင့် နျူကလီးယား မပြန့်ပွားရေး နိုင်ငံတကာ သဘောတူညီချက်များ အကောင်အထည်ဖော်မှုတို့ကို ရှင်းလင်းချက်များ ထုတ်ပြန်နေသည့်တိုင် အောင် အနောက်အုပ်စုလေကြောင်းလိုင်းများက မြန်မာနိုင်ငံသို့စတင် ပျံသန်းခြင်းမရှိသေးပါ။

အီးယူကမူ ၂၀၁၅ အာဆီယံအသိုင်းအဝိုင်း ထူထောင်မှုနှင့် ဒေသတွင်း ပေါင်းစည်းမှုများတွင် မြန်မာနိုင်ငံ ပါဝင်လာခြင်းကို ထောက်ခံအားပေးရန်အတွက် ဆက်ဆံမှုများ တိုးမြှင့်သွားရန် ကတိပြုထားသည်။

မြန်မာ့လေကြောင်းပို့ဆောင်ရေးကဏ္ဍ၏ ထူးခြားချက်နှစ်ခုမှာ တပ်မတော်ပိုင် ဦးပိုင်လိမိတက်က ယခင်ကတည်းက လက်ရှောင်ထားခြင်း၊ ယခင်အကြီးအကဲဟောင်း မိသားစု၏ ရှယ်ယာပိုင်ဆိုင်မှုများရှိကြောင်း၊ သတင်းထွက်ပေါ်ခြင်းတို့ပင်ဖြစ်သည်ဟု ရန်ကုန်မြို့မှ အကဲခတ်လေ့လာသူများက ပြောကြားသည်။


 

 

 

 

                                                


Google Drive: create, share, and keep all your stuff in one place. Logo for Google Drive

0 comments:

Post a Comment