Transparency Myanmar

transparency.myanmar@gmail.com

International Media (2)
Document

Snapshot of the item below:
International Media (2)

နိုင်ငံတကာသတင်းများ (၂)

ရခိုင်ပဋိပက္ခသည် ကျောက်ဖြူအထူးစီးပွားရေးဇုန်ကို မထိခိုက်ဟု မြန်မာအစိုးရဆို

(10 September 2013 ရက်စွဲပါ Channel News Asiaမှ Rakhine conflict won't affect Kyaukphyu SE2, says Myanmar Government ကို ဘာသာပြန်ပါသည်)

ရခိုင်ပြည်နယ်မှ ဘာသာရေးပဋိပက္ခများသည် ပြည်နယ်အတွင်းရှိ ကျောက်ဖြူအထူးစီးပွားရေးဇုန် ဖွံ့ဖြိုးတိုးတက်မှုကို ထိခိုက်စေလိမ့်မည် မဟုတ်ကြောင်း မြန်မာအစိုးရက ပြောကြားခဲ့သည်။

အဘယ်ကြောင့်ဆိုသော် မြန်မာနိုင်ငံ၏ အနောက်တောင်ဖက်အရပ်တွင် တည်ရှိသော အဆိုပါစီးပွားရေးဇုန်သည် တိုင်းပြည်၏ အရေးကြီးဆုံးရင်နှီးမြှုပ်နှံမှုဇုန်ဖြစ်သောကြောင့် အစိုးရက ဘာသာရေးအရ အကြမ်းဖက်မှုများမှ လုံခြုံမှုရှိအောင် သေချာစေခဲ့ခြင်းကြောင့် ဟုဆိုပါသည်။ ထိုကြောင့်ထိုဒေသတွင် နိုင်ငံခြားကုမ္ပဏီများလာရောက်ရေးအတွက် အစိုးရက ပိုမိုတွန်းအားပေးနိုင်မည် ဖြစ်ပါသည်။

ရိုဟင်ဂျာမှုဆလင်များနှင့် ရခိုင်ဗုဒ္ဓဘာသာတို့များအကြား ၂၀၁၂ ခုနှစ်အတွင်းက ရန်ပွဲများကြောင့် လူပေါင်း(၂၀၀)ကျော်သေဆုံးပြီး ၁၄၀၀၀၀ ခန့် အိုးမဲ့အိမ်မဲ့ ဖြစ်ကြရသည်။

သို့သော်လည်း အစိုးရသည် အထူးစီပွားရေးဇုန်သုံးခုရှိသည့်အနက် ကျောက်ဖြူအထူးစီးပွားရေးဇုန်တွင် အလားအလာရှိသော ရင်းနှီးမြှုပ်နှံသူများလာရောက်နိုင်ရန် အာမခံချက်ပေးနိုင်ရန် ကြိုးစားလုပ်ဆောင် နေပါသည်။

အခြားစီးပွားရေးဇုန်နှစ်ခုမှာ သီလ၀ါနှင့် ထားဝယ်အထူးစီးပွားရေးဇုန်များ ဖြစ်ပါသည်။

“ပဋိပက္ခက သိပ်အကြီးကြီး မဟုတ်ပါဘူး။ ကြီးမားတဲ့ပြဿနာတော့မဟုတ်ပါဘူး။” ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာန ဒုတိယ၀န်ကြီးနှင့် ကျောက်ဖြူတင်ဒါစီစစ်ရွေးချယ်ရေးကော်မတီဒုဥက္ကဋ္ဌဒေါက်တာ မောင်မောင်သိမ်းက ပြောကြားခဲ့ပါသည်။

“ဒါကြောင့် ပြဿနာအချို့ရှိပါတယ်။ ဒါပေမယ့် ခက်ခဲတဲ့ပြဿနာ မဟုတ်ပါဘူးလို့ ကျွန်တော်ထင်ပါတယ်။ မှန်ကန်တဲ့အချိန်တစ်ခုရောက်ရှိသည့်အထိ ကိုင်တွယ်ဖြေရှင်းနိုင်မှာပါ။ နောက်တစ်ခုက ဒီဒေသက ပဋိပက္ခတွေကို ခံနိုင်ရည်ရှိတယ်လို့ကျွန်တော်ထင်ပါတယ်”ဟု ၎င်းကဆိုပါသည်။

အစိုးရသည် ပဋိပက္ခကိုကျော်လွန်၍ အဆိုပါစီးပွားရေးဇုန်အား အခွင့်အလမ်းများစွာပေးနေကြောင်း၊ အထူးသဖြင့် ရေနံနှင့် သဘာဝဓာတ်ငွေ့တို့တွင် ဖြစ်ကြောင်း ၎င်းကဆိုသည်။ ရေနက်ဆိပ်ကမ်းကြောင့် အကြီးဆုံးကုန်ပစ္စည်းသယ်ယူသည့် သဘောင်္များ ဆိုက်ကပ်နိုင်သည်ဟု ဆိုပါသည်။

ရထားပို့ဆောင်ရေးဝန်ကြီးဌာန ဒုတိယ၀န်ကြီးနှင့် ကျောက်ဖြူအထူးစီးပွားရေးဇုန် ဥက္ကဋ္ဌ ဦးမြင့်သိန်းက ပြောကြားရာတွင် “အကြံတူ နောက်လူသာစမြဲ ဆိုသလိုပါပဲ၊ ကျွန်တော်တို့မှာ အသာရတဲ့အချက်တွေရှိပါတယ်။ ကျွန်တော်တို့ စီးပွားရေးကို စနစ်တကျနှင့် စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ဖို့ ထူထောင်ရပါမယ်”ဟု ဆိုပါသည်။

ကျွန်တော်တို့ အသေးစားစက်မှုလုပ်ငန်းလေးတွေ ထူထောင်ရမှာပါ။ ပတ်ဝန်းကျင်ကလည်း ပင်လယ်နဲ့ သစ်တောနဲ့ပဲရှိတော့ ပင်လယ်စာ ထုတ်လုပ်ရေးဇုန်လုပ်လို့ရပါတယ်။ ဒါအပြင်ဒီဒေသဟာ အာဆီယံတစ်ခုလုံးနှင့် နီးကပ်တဲ့နေရာမှာ ရှိပြီး ပစိဖိတ်သမုဒ္ဒရာ၊ ဘင်္ဂလားပင်လယ်အော်တို့နှင့်လည်း ဆက်စပ်နေပါတယ်။ ဒါကြောင့်ကျွန်တော်တို့ဟာ သယ်ယူပို့ဆောင်ရေးဗဟိုဌာနတစ်ခု တည်ထောင်နိုင်ပါတယ်”ဟု ၎င်းကပြောပါသည်။

ကျောက်ဖြူသည် အခြားစီးပွားရေဇုန်နှစ်ခုနှင့် နှိင်းယှဉ်ပါက သီးသန့်အနေအထားတွင်ရှိပါသည်။

ဒေါက်တာမောင်မောင်သိမ်းက ဖြည့်စွက်ပြောကြားရာတွင် “ကျောက်ဖြူကို အထူးစီးပွားရေးဇုန် အပျိုစင်လေးလို့ ပြောလို့ရပါတယ်။ အခြားဇုန်တွေက အစိုးရချင်း ဖွံ့ဖြိုးတိုးတက်ရေး လုပ်ဆောင်နေကြတာပါ။ ဒီ ကျောက်ဖြူကတော့ အစိုးရချင်း သဘောတူညီချက်ဘာမှမရှိပါဘူး။ ဒါကြောင့်ရင်နှီးမြှုပ်နှံသူတွေအတွက် အကြီးမားဆုံးအခွင့်အရေးဖြစ်ပါတယ်”ဟုဆိုပါသည်။

ကျောက်ဖြူအထူးစီးပွားရေးဇုန်ရဲ့ အဓိကကျတဲ့ ဆွဲဆောင်မှုတစ်ခုကတော့ မဟာဗျူဟာကျတဲ့နေရာမှရှိပြီး တရုတ်၊ အိန္ဒိယတို့ကဲ့သို့ နိုင်ငံများသို့ ပင်လယ်မှ အမြန်ဆုံးလမ်းကြောင်းသွားနိုင်ခြင်းဖြစ်ပါသည်။

ထိုသို့သော အကျိုးဖြစ်ထွန်းမှုများသည် ရခိုင်ပြည်နယ်မှ ပဋိပက္ခများကို လွှမ်းမိုးသွားနိုင်ပါသည်။

Pacific Alphine Myanmar မှ အမှုဆောင်ဒါရိုက်တာ Edward Lee က ပြောကြားရာတွင် “ကျွန်တော့် ပုဂ္ဂိုလ်ရေး ခံစားချက်ကို ပြောရရင် စိတ်ပူစရာမရှိဘူးလို့ ထင်ပါတယ်။ ဒီနေရာက သီးသန့်ကျွန်းလေးဖြစ်နေပြီး၊ လူဦးရေက ထူထပ်လှတာမဟုတ်ပါဘူး။ ပြဿနာဖြစ်နေတာကလည်း စစ်တွေရဲ့မြောက်ဖက်မှာ ဖြစ်နေတာပါ။ ဒါကလည်း အခုထိန်းချုပ်ထားနိုင်တဲ့ အခြေအနေမှာရှိပါတယ်” ဆိုပါသည်။

“ဒါကြောင့်စက်မှုလုပ်ငန်းတွေအတွက် အနာဂတ်မှာ အလားအလာကောင်းတဲ့ ထုတ်လုပ်သူတွေ ဒါမှမဟုတ် ပစ္စည်းတပ်ဆင်တဲ့စက်ရုံတွေ လုပ်ကိုင်နေဖို့ ရှာဖွေနေပါတယ်။ စက်မှုဇုန်နဲ့ စီးပွားရေးနဲ့ စီးပွားရေးဇုန်အတွက် အခွန်ကင်းလွတ်ခွင့်နဲ့ အခြားအခွင့်အရေးတွေ ပေးထားပါတယ်” ဟု ၎င်းကဆိုပါသည်။

ကျောက်ဖြူအထူးစီးပွားရေးဇုန်အနေဖြင့် ၂၀၁၆တွင် ပြီးစီးမည့် ပထမအဆင့်တည်ဆောက်ရေးတွင် ကနဦး ရင်နှီးမြှုပ်နှံမှု အမေရိကန်ဒေါ်လာ ၂၇၇ သန်း မြင်တွေ့ရနိုင်သည်ဟု မျှော်မှန်းလျက်ရှိပါသည်။



Google Drive: create, share, and keep all your stuff in one place. Logo for Google Drive

0 comments:

Post a Comment