Transparency Myanmar

transparency.myanmar@gmail.com

Q & C
Document

Snapshot of the item below:
Q & C

 

သတင်းဆောင်းပါးမှ ကောက်နှုတ်ချက်များ 

“တက္ကသိုလ်ဥပဒေက တော်တော်လေးတော့ဆွေးနွေးပြီးပြီ။ မကြာခင်မှာ လွှတ်တော်မှာတင်ပြီးတော့ဆွေးနွေးနိုင်မယ်။ တက္ကသိုလ်ဥပဒေပြန်ဆွဲရေးက အဓိကကဒေါ်အောင်ဆန်းစုကြည်ရဲ့အပေါ်မှာ တာဝန်ဖြစ်သွားတယ်။ သူက ဝန်ကြီးဌာနကို တင်တဲ့ တက္ကသိုလ်ဥပဒေကို လွှတ်တော်မှာ အရင်ကန့်ကွက်လိုက်တယ်။ လွှတ်တော်ကနေပြီးတော့ အသစ်ရေးဖို့ ဆုံးဖြတ်ချက် ချလိုက်တယ်။ တော်တော်လေးတော့ အဆင်သင့်ဖြစ်နေပြီ”

စက်တင်ဘာလ ၁၂ ရက်နေ့ထုတ် Popular News Journal တွင်ပါရှိသော “ဒီချုပ်ရေးဆွဲထားသော တက္ကသိုလ် ဥပဒေကြမ်း မကြာမီလွှတ်တော်သို့တင်မည်” သတင်းမှ ဒီမိုကရေစီအဖွဲ့ချုပ်ပညာရေးကွန်ရက်မှ ဒေါက်တာ သိန်းလွင် ၏ ပြောကြားချက်အား ကောက်နှုတ်ချက်။


 

“ငြိမ်းချမ်းရေးဆွေးနွေးပွဲ အလားအလာတွေနဲ့ပတ်သက်ပြီး ဆရာ့အမြင်ပြောပြပါဦး။ ဒီလထဲမှာအလုပ်အဖွဲ့ (TAT) အချင်းချင်း ဆက်တိုက်တွေ့ဆုံသွားမယ်လို့သိရပါတယ်။ ဒုတိယသမ္မတ ဒေါက်တာစိုင်းမောက်ခမ်း လာချိန်မှာလည်း ထူးခြားတာမတွေ့ရဘူး။ ငြိမ်းချမ်းရေးဖြစ်စဉ်နဲ့ ပတ်သက်ပြီး သိပုံလည်းမရဘူး။ ပြောပုံအရ ဆုံးဖြတ်ခွင့်မရှိတာလား။ တစ်ခုခုကြိုးကိုင်မှုအောက်မှာ သွားနေတဲ့ပုံစံမျိုးပဲ တွေ့ရတယ်။ အောက်တိုဘာလမှာ တစ်တိုင်းပြည်လုံး အပစ်အခတ်ရပ်ဖို့ ပြောတယ်။ ဖြစ်မလို၊ ဖြစ်မလိုနဲ့ KIO ကတော့ TAT က စနစ်တကျဘာပြီးရင်၊ ဘာလုပ်မလဲ။ မူဝါဒချပြီး တိတိကျကျလုပ်ပြီး ဖွဲ့စည်းရတယ်။ အဲဒီလိုအစီအစဉ်မချနိုင်သရွေ့ အောက်တိုဘာလမှာ တစ်ပြည်လုံးအပစ်အခတ်ရပ် လက်မှတ်ထိုးဖြစ်ရင် လည်း KIO ပါမယ်မထင်ဘူး။ ဘာ့ကြောင့်လဲဆိုရင် KIO ကလည်း အမြဲတမ်းပြောနေတာပဲ။ ဒီကြားထဲမှာ ပီပီပြင်ပြင် ဆွေးနွေးဖို့ ဘာမှမရှိသေးတဲ့ အခြေအနေမျိုး။ အပစ် အခတ် ရပ်စဲရေးထိုးရုံနဲ့ ပီပြင်ပြီဆိုတာ မဟုတ်သေးဘူးပေါ့။ ဆီးဂိမ်းနဲ့ အာဆီယံ ဥက္ကဋ္ဌ နီးလာပြီဆိုတော့ အဖြစ်သဘောနဲ့ လုပ်ချင်တဲ့ သဘောရှိတယ်လို့ ခံစားရတယ်။”

စက်တင်ဘာလ ၁၁ ရက်နေ့ထုတ် 7 Day News Journal အတွဲ (၁၂) အမှတ် (၂၇) တွင်ပါရှိသော “ဆီးဂိမ်းနဲ့ အာဆီယံ ဥက္ကဋ္ဌ နီးလာတော့ ငြိမ်းချမ်းရေးကို အဖြစ်သဘောနဲ့ လုပ်ချင်လာတယ်လို့ ခံစားရတယ်” အင်တာဗျူးမှ ကချင်နှစ်ခြင်း ခရစ်ယာန်အသင်းတော်(KBC) အထွေထွေအတွင်းရေးမှူး ဒေါက်တာခလမ်ဆမ်ဆွန် ၏ဖြေကြားချက်အား ကောက်နှုတ် ချက်။


 

“ကျွန်တော်တို့ခေတ်၊ ကျွန်တော်တို့ကာလမှာ တရားမျှသောဥပဒေများ ပေါ်ပေါက်ရေး၊ တရားမျှတပြီးအများ လိုက်နာ နိုင်သော ဥပဒေများပေါ်ပေါက်ရေး၊ ကျွန်တော်တို့ ပြဋ္ဌာန်းလိုက်တဲ့ ဥပဒေတွေဟာ နိုင်ငံတော်နဲ့ နိုင်ငံသား အကျိုးစီးပွား ဖြစ်စေသောဥပဒေဖြစ်ရေး၊ တစ်နည်းအားဖြင့် နိုင်ငံတော်နဲ့နိုင်ငံသား အကျိုးစီးပွားကို ကာကွယ်စောင့်ရှောက်တဲ့ ဥပဒေ ဖြစ်ရေး၊ ကျွန်တော်တို့ ပြဋ္ဌာန်းလိုက်တဲ့ ဥပဒေတွေဟာ တစ်ဦးတစ်ယောက်အတွက် အစိုးရအတွက် လွှတ်တော်အတွက်ပဲ မဟုတ်ရပါဘူး။ နိုင်ငံသားအားလုံးအတွက် ဖြစ်ရပါမယ်။ အဲဒါကိ ကျွန်တော်တို့ ရဲရဲဝံ့ဝံ့ ထိထိရောက်ရောက် လုပ်သွားမှာ ဖြစ်ပါတယ်”

စက်တင်ဘာလ ၁၁ ရက်နေ့ထုတ် ပြည်သူ့ခေတ်ဂျာနယ် အတွဲ (၄) အမှတ် (၁၆၂) တွင်ပါရှိသော “နိုင်ငံသား အားလုံး လိုက်နာနိုင်သည့် ဥပဒေများဖြစ်စေရေး သူရဦးရွှေမန်းကတိပေး”သတင်းမှ ပြည်ထောင်စု လွှတ်တော်နာယက သူရဦးရွှေမန်း ၏ ပြောကြားချက်အားကောက်နှုတ်ချက်။


 

“အောက်တိုဘာလမှာ ပြန်လည်စတင်မယ့် လွှတ်တော်အစည်းအဝေးမှာ ဘတ်ဂျက်ကိစ္စတွေပါပါမယ်။ အစိုးရ ဝန်ကြီး ဌာနတွေနဲ့ ဘတ်ဂျက်အသုံးစရိတ်တွေကို ပြီးခဲ့တဲ့ ဧပြီလမတိုင်ခင်မှာ ခွင့်ြ့ပုပေးခဲ့တယ်။ အဲဒီခွင့်ပြုပေးခဲ့တဲ့ ဘတ်ဂျက်ကို သုံးစွဲပြီးနောက် တချို့မလုံလောက်တာတွေ၊ အရေးပေါ်ဆောင်ရွက်ဖို့ပေါ်လာတဲ့ကိစ္စတွေအတွက် ဘတ်ဂျက်ထပ်မံတောင်း ခံမှုတွေကို အခုလာမယ့် လွှတ်တော်မှာတင်ရပါမယ်။ ကျွန်တော်တို့ပြည်သူ့ငွေစာရင်း ကော်မတီအနေနဲ့ စိစစ်ခွင့်ပြုသွားဖို့ ရှိပါတယ်”

စက်တင်ဘာလ ၁၁ ရက်နေ့ထုတ် Daily Eleven နေ့စဉ်ထုတ် သတင်းစာတွင်ပါရှိသော “ပြန်လည်စတင်မည့် လွှတ်တော် အစည်းအဝေးများတွင် အစိုးရအဖွဲ့မှတင်ပြမည့် ထပ်တိုးဘတ်ဂျက်များကို အဓိကဆွေးနွေးမည်” သတင်းမှ ပြည်သူ့ လွှတ်တော်၊ ပြည်သူ့ငွေစာရင်း ကော်မတီအဖွဲ့ဝင် ဦးစိုင်းသီဟကျော်၏ ပြောကြားချက် အားကောက်နှုတ်ချက်။


“ကျွန်တော်တို့ကတော့ အစိုးရနဲ့ပြေလည်အောင် ကြိုးစားနေတာပဲ၊ ညှိနှိုင်းပွဲတွေလည်း အကြိမ်ပေါင်းများစွာ လုပ်ပြီးပြီ။ ကျွန်တော်တို့ဘက်က WGEC ရဲ့ မူဘောင်တွေကို တင်ပြထားတယ်။ အစိုးရဘက်ကတော့ အဲဒီမူဘောင်တွေကို ငြင်းခုံစရာ သိပ်မရှိဘူးလို့ ပြောတယ်။ အကြမ်းဖျင်းအားဖြင့်ပေါ့။ အသေးစိတ်ကိစ္စကိုတော့ ညှိနှိုင်းနေတယ်”

စက်တင်ဘာလ ၁၁ ရက်နေ့ထုတ် Daily Eleven နေ့စဉ်ထုတ် သတင်းစာတွင်ပါရှိသော “တစ်နိုင်ငံလုံး အပစ်အခတ်ရပ်ရေး စာချုပ်အတွက် နိုင်ငံရေးအာမခံချက်မရှိသေးဟု UNFC ပြောကြားပြီးချိန်တွင် တိုင်းရင်းသားပူးပေါင်းဆောင်ရွက်ရေး အလုပ်အဖွဲ့(WGCE)က အစိုးရနှင့် အဆင်ပြေရန်ကြိုးစားနေဟုဆို” သတင်းမှ WGCE အဖွဲ့ဝင် RCSS/SSA ၏ ပြောရေး ဆိုခွင့်ရပုဂ္ဂိုလ် ဗိုလ်မှူးကြီး စိုင်းလှ ၏ပြောကြားချက်အား ကောက်နှုတ်ချက်။


 


Google Drive: create, share, and keep all your stuff in one place. Logo for Google Drive

0 comments:

Post a Comment