Transparency Myanmar

transparency.myanmar@gmail.com

Q & C
Document

Snapshot of the item below:
Q & C

 

သတင်းဆောင်းပါးမှ ကောက်နှုတ်ချက်များ 

“အခုအချိန်မှာ ဒီစီမံကိန်း အကောင်အထည်ဖော်ဖို့ စောနေသေးတယ်လို့ ပြောချင်ပါတယ်။ ဘာ့ကြောင့် ဒီလို ပြောရလဲဆိုရင် မြန်မာနိုင်ငံမှာ သတ္တုတူးဖော်ရေးလုပ်ငန်းတွေနဲ့ပတ်သက်လို့ အကျိုးအမြတ်ခွဲဝေမှု ဥပဒေမရှိသေးဘူး။ သဘာဝပတ်ဝန်းကျင် ထိခိုက်မှုဆိုင်ရာ နည်းဥပဒေမထွက်ပေါ်လာသေးဘူး။ ဒီမိုကရေစီ စနစ်ကိုသာသွားနေတာ တရားဥပဒေစိုးမိုးမှု အားနည်းနေသေးတာတွေရှိတဲ့အတွက်ကြောင့် ဒီသတ္တုလုပ်ငန်းကို တူးဖော်ခွင့်ပြုဖို့ စောနေသေးတယ်လို့ ပြောခြင်းဖြစ်ပါတယ်။”

စက်တင်ဘာလ ၁၃ ရက်နေ့ထုတ် မြန်မာပို့စ်ဂလိုဘယ် ဂျာနယ် အမှတ် (၁၂၆) တွင်ပါရှိသော  “မြွေတောင်၊ ဖားတောင် သတ္တုတူးဖော်ရေးကိစ္စနှင့် ပတ်သက်၍ ချင်းပြည်နယ်အစိုးရက ပြည်ထောင်စုအစိုးရကို လိမ်လည် တင်ပြခဲ့ဟု ချင်းတိုင်းရင်းသားပါတီများကပြော” သတင်းမှ ချင်းအမျိုးသားပါတီ ဥက္ကဋ္ဌပြည်နယ် လွှတ်တော် ကိုယ်စားလှယ် ဦးဇိုဇမ်၏ ပြောကြားချက်အားကောက်နှုတ်ချက်။


“အခြေခံအားဖြင့်တော့ ဘယ်လိုဖက်ဒရယ်မျိုးလဲဆိုတာကို ဆုံးဖြတ်ရမယ်။ ဒီ ဖွဲ့စည်းပုံအခြေခံဥပဒေကို ဘယ်လိုပြင်မလဲဆိုတာကို ဒါကို ကျွန်မတို့ ဆုံးဖြတ်ရမယ်။ ဖွဲ့စည်းပုံ အခြေခံဥပဒေပြောင်းမှ ရွေးကောက်ပွဲ စနစ်ပြောင်းနိုင်မှာ ဖြစ်ပါတယ်။ အဲဒီတော့ အဲဒီလိုဟာမျိုးလေးတွေ ကျွန်မတို့ ဆွေးနွေးရမှာတစ်ချက်။ နောက်တစ်ခုလုံး ပြင်မလား။ တစ်ခုစီ ပြင်မလား။ ဒါတွေလည်း ကျွန်မတို့ ဆွေးနွေးရမှာ။ ကျွန်မတို့ ဆုံးဖြတ် ရမှာတွေက ဆွေးနွေးရမှာတွေက အများကြီးပါ။ တစ်ယောက်နဲ့တစ်ယောက် သဘောထားမတူညီဘူးဖြစ်လို့ ရှိရင် တကယ့်ဒီမိုကရေစီ ပြည်ထောင်စု၊ ဖက်ဒရယ်ပြည်ထောင်စု ထူထောင်ချင်တဲ့ ကျွန်မတို့အတွက် အားနည်း သွားပါလိမ့်မယ်။”

စက်တင်ဘာလ ၁၅ ရက်နေ့ထုတ် Reporter Journal အမှတ် (၃၇) တွင်ပါရှိသော “ဖွဲ့စည်းပုံ အခြေခံဥပဒေပြင်ဆင်ရေး အချိန်သိပ်မရှိတော့ဟု ဒေါ်အောင်ဆန်းစုကြည် အရေးတကြီးပြောဆို” သတင်းမှ ဒေါ်အောင်ဆန်းစုကြည်၏ ပြောကြားချက်အားကောက်နှုတ်ချက်။


 

“လွှတ်တော်ပြင်ပမှာတော့ တိုင်းရင်းသား ညီလာခံ တစ်ခုလုပ်နိုင်ဖို့ ညီနောင်ပါတီတွေ ဘက်ကရော၊ အပစ် အခတ် ရပ်ထားတဲ့ အဖွဲ့တွေကရော ညှိနှိုင်းနေဆဲ ဖြစ်ပါတယ်။ ပြည်ထောင်စု ညီလာခံ မဟုတ်ဘဲနဲ့ အဲဒီမတိုင်ခင် ပြည်တွင်းမှာ တိုင်းရင်းသားတွေ သီးသန့်ညီလာခံ တစ်ရပ် ခေါ်ဖို့ စီစဉ်ထားတယ်။ သဘောက လွှတ်တော်ပြင်ပကနေ ကိုယ့်ပြည်နယ် အသီးသီး ညီလာခံတွေ ကျင်းပမယ်။ ပြီးတော့ တိုင်းရင်းသားညီလာခံ၊ ပြည်ထောင်စု ညီလာခံတွေပေါ့။ အဲဒီ အဆင့်ဆင့်မှာလည်း NBF အနေနဲ့ တစိုက်မတ်မတ် ကိုင်စွဲသွားမှာပါ”

စက်တင်ဘာလ ၁၂ ရက်နေ့ထုတ် Daily Eleven နေ့စဉ်ထုတ်သတင်းစာတွင် ပါရှိသော “ညီနောင်တိုင်းရင်း သားပါတီများ ဖက်ဒရေးရှင်းက ဖွဲ့စည်းပုံပြင်ဆင်ရေးမူကြမ်းတစ်ခု ရေးဆွဲကာ လွှတ်တော်ဖွဲ့စည်းပုံ လေ့လာသုံးသပ်ရေး ကော်မတီသို့ တင်ပြမည်” သတင်းမှ NBF အဖွဲ့ဝင် ချင်းအမျိုးသားပါတီ အထွေထွေအတွင်းရေးမှူး ဆလိုင်း ကျဲအိုဘိခ်ထောင်၏ ပြောကြားချက်အား ကောက်နှုတ်ချက်။


“ငြိမ်းချမ်းရေးအတွက် တိုင်းရင်းသားတွေကို ခေါ်တွေ့တဲ့နေရာမှာ တစ်ဦးတစ်ဖွဲ့ချင်းစီ ခေါ်ယူတွေ့နေလို့ကတော့ စစ်မှန်တဲ့ငြိမ်းချမ်းရေးနဲ့ အလှမ်းဝေးနိုင်တယ်။ အစိုးရအနေနဲ့အရည်အချင်းပြည့်ဝပြီး စစ်မှန်တဲ့ တိုင်းရင်းသား ခေါင်းဆောင်တွေနဲ့ တွေ့ဖို့လိုတယ်။ ငြိမ်းချမ်းရေးရှိမှ နယ်မြေဖွံ့ဖြိုးတိုးတက်မှုဆိုတာလည်း ဆက်လုပ်နိုင်မယ် ဒီလိုမှ မဟုတ်ရင် နှစ် ၆၀ လောက် မရခဲ့တဲ့ ငြိမ်းချမ်းရေးဟာထပ်ပြီး အလှမ်းဝေးနေဦးမှာပါ ပဲ။”

စက်တင်ဘာလ ၁၂ ရက်နေ့ထုတ် ပြည်မြန်မာ နေ့စဉ်ထုတ်သတင်းစာတွင်ပါရှိသော “တိုင်းရင်းသားအဖွဲ့အစည်း တစ်ဖွဲ့ချင်းစီ ခေါ်ယူတွေ့ဆုံခြင်းဖြင့် စစ်မှန်သည့် ငြိမ်းချမ်းရေးမရနိုင်ကြောင်း KNU/KNLA ငြိမ်းချမ်းရေးကောင်စီ နိုင်ငံတော်သမ္မတကြီးထံ တင်ပြ” သတင်းမှ KNU/KNLA ကရင်ငြိမ်းချမ်းရေး ကောင်စီ နိုင်ငံခြားရေးရာတာဝန်ခံ ဗိုလ်မှူးချုပ် ဒေါက်တာတီမိုသီ ၏ပြောကြားချက်အားကောက်နှုတ်ချက်။


“ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက်ဘာကူညီပေးရမလဲမေးတယ်။ ကျွန်တော်ကတော့ ပြည်သူတွေ အဓိက လိုအပ်ချက်တွေထောက်ပံ့ပေးပါ။ ကျေးလက်နေပြည်သူတွေကို သူတို့ဘဝရပ်တည်နိုင်အောင် အသက်မွေးဝမ်းကျောင်း ပညာနဲ့ အရင်းအနှီးဈေးကွက် ဖန်တီးပေးပါ။ မွေးမြူရေးလုပ်ငန်းမှာလည်း မျိုးကောင်း မျိုးသန့်နဲ့ နည်းပညာကူညီပေးပါလို့ ပြောတော့ သူတို့က ကူညီပေးမယ်လို့ပြောသွားတယ်။”

စက်တင်ဘာလ ၁၂ ရက်နေ့ထုတ် 7 day Daily တွင်ပါရှိသော “ကျေးလက်ဒေသ ရေနှင့်မီးရရှိရေး အမေရိကန် ကူညီမည်” သတင်းမှ ပြည်ထောင်စုဝန်ကြီး ဦးအုန်းမြင့်၏ ပြောကြားချက်အားကောက်နှုတ်ချက်။


 


Google Drive: create, share, and keep all your stuff in one place. Logo for Google Drive

0 comments:

Post a Comment