Transparency Myanmar

transparency.myanmar@gmail.com

Current News
Document

Snapshot of the item below:
Current News

ပြည်တွင်း နိုင်ငံရေး၊ စီးပွားရေး သတင်းစဉ်


၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ  အသစ်ပြင်ဆင်ရေး အတွက် အမျိုးသား ညီလာခံကျင်းပသင့်

စက်တင်ဘာလ ၁၂ ရက်၌ ဒဂုံမြို့သစ်(တောင်ပိုင်း) မြို့နယ်တွင် ငြိမ်းချမ်းရေးနှင့် ပွင်းလင်းလူ့အဖွဲ့အစည်းရုံး၌ ကျင်းပသော ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးဆွေးနွေးပွဲ ခေါင်းစဉ်ဖြင့် ဟောပြောပွဲတွင်  အခြေခံဥပဒေအား ပြန်လည်ရေးဆွဲရန်အတွက် အခြေခံဥပဒေကို  အတည်ပြုခဲ့သော ညီလာခံကဲ့သို့  င်္ညီလာခံမျိုး  ကျင်းပရန် ပြင်ဆင်သင့်ကြောင်း ၈၈မှ  ဦးမင်းဇေယျာ ကပြောသည်။

လက်ရှိ ဖွဲ့စည်းပုံအခြေခံဥပဒေသည်   ၁၅နှစ် နီးပါးရေးဆွဲထားသော်လည်း  ပြည်သူများအတွက် ဒီမိုကရေစီ နိုင်ငံတစ်ခု ထွက်ပေါ်ရန် စစ်မှန်သော ညီလာခံ ကျင်းပ၍ ရေးဆွဲခြင်းမဟုတ်ကြောင်း ၄င်းက ပြောကြားသည်။

စက်တင်ဘာ  ၁၂ ရက်တွင်  ပိုလန်နိုင်ငံသို့ ရောက်ရှိနေသော  ဒေါ်အောင်ဆန်းစုကြည်သည် ဝါဆောတက္ကသိုလ် တွင် ပြုလုပ်သော  နိုင်ငံရေးနှင့် ပညာရေး ခေါင်းစဉ်ဖြင့် ပို့ချချက်တွင်  ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေသည်  ဒီမိုကရေစီ စံနှုန်းအားလုံးနှင့် ဆန့်ကျင်နေသည့်အတွက် ပြင်ဆင်ရန် လိုအပ်ကြောင်း ပြောကြားခဲ့သည်။

 “ ဒီမိုကရေစီဆိုတာ လွတ်လပ်တဲ့ ရွေးချယ်မှုမရှိရင် အဓိပ္ပယ်မရှိပါဘူး။ ဒါပေမဲ့ အသိပညာ မကြွယ်ဝတဲ့ သူတစ်ဦးရဲ့ ရွေးချယ်မှုဟာ ကောင်းမွန်သော ရွေးချယ်မှု တစ်ခုမဖြစ်နိုင်ပါဘူး။ ဒါကြောင့် ကျွန်မတို့ မြန်မာနိုင်ငံရဲ့ ပညာရေးဏ္ဍကို အဆင့်မြှင့်တင်ဖို့ လိုပါတယ်” ဟုပြောကြားခဲ့သည်။

 မြန်မာနိုင်ငံတွင်း  ဖြစ်ပွားခဲ့သော ပဋိပက္ခများကို မေးမြန်းရာတွင်        ယင်းပဋိပက္ခများကို ၄င်းတစ်ဦးတည်းဖြေရှင်း၍ မရနိုင်ကြောင်း၊ တရားဥပဒေစိုးမိုးရေး စနစ်တကျ တည်ဆောက်ရန် အရေးကြီးကြောင်း၊   ၉၆၉ လှုပ်ရှားမှုကို စိုးရိမ် စောင့်ကြည့်သူများလည်း ရှိနေကြောင်း ဆက်လက်ပြောကြားခဲ့သည်။

စက်တင်ဘာလ  ၉ရက်နေ့၌   တနင်္သာရီတိုင်းဒေသကြီး ထားဝယ်မြို့တော်ခန်းမတွင်  သူရဦးရွှေမန်းသည်  တိုင်းဒေသကြီးလွတ်တော်အမတ်များ ၊ နိုင်ငံရေးပါတီခေါင်းဆောင်များ၊  မြို့မိမြို့ဖများ၊ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များနှင့် တွေ့ဆုံစဉ်  ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေသည်   န.အ.ဖ အစိုးရက နောင်တက်လာမည့် အစိုးရအဖွဲ့ကို အာဏာ လွဲပြောင်းပေးရန်  ဖြစ်ပြီး  မရေးဆွဲနိုင်လျှင် အာဏာရေးဆွဲပေးမည် မဟုတ်ကြောင်း ပြောကြားခဲ့ သည်။

၂၀၀၈ ဖွဲ့စည်းပုံအခြေခံ ဥပဒေသည်  တစ်ဖက်သတ် ရေးဆွဲသည့် ပုံစံဖြစ်နေသည်ဟု နိုင်ငံရေးလေ့လာသူများက ဝေဖန်ပြောကြားသော်လည်း   ယင်းဥပဒေ မရှိလျှင်  အရပ်သားအစိုးရ ပေါ်လာမည်မဟုတ်ဟု ပြောကြားခြင်းများရှိကြောင်း  ဆက်လက်ပြောကြားခဲ့သည်။

 ၂၀၁၅ ရွေးကောက်ပွဲတွင်   ဒေါ်အောင်ဆန်းစုကြည် သမ္မတဖြစ်သည့်တိုင်အောင်   စစ်ရေးအရ အမြင်မရှိသည့် အတွက်   သမ္မတမဖြစ်နိုင်ကြောင်း၊  စစ်ရေးအမြင်ရှိသည့် သူသာ သမ္မတ ဆက်ဖြစ်နိုင်ကြောင်း  နိုင်ငံရေး လေ့လာသူ တစ်ဦးက  သုံးသပ်ပြောကြားခဲ့သည်။

YC


ဒေါ်လာ ၁၁ ဘီလီယံကိစ္စအား စစ်ဆေးပေးရန် ကမ္ဘာ့ဘဏ်သို့ အကြောင်းကြား၊ အချက်အလက် ခိုင်မာကအစိုးရ ဆက်လက် ဆောင်ရွက်မည်

မြန်မာနိုင်ငံမှ ငွေစာရင်းငါးခုဖြင့် နိုင်ငံခြားဘဏ်များတွင် အပ်နှံထားသည့် ဒေါ်လာ ၁၁ ဘီလီယံရှိသည် ဆိုခြင်းမှာ အမှန်တကယ် ဟုတ်၊ မဟုတ် စီစစ်ပေးရန် ကမ္ဘာ့ဘဏ်သို့ မြန်မာအစိုးရအနေဖြင့် စက်တင်ဘာ ၁၂ ရက်နေ့တွင် အကြောင်းကြားထားပြီး အဆိုပါကိစ္စရပ်များနှင့်ပတ်သက်၍ ခိုင်မာသည့်အချက်အလက် ပေးမည်ဆိုပါကအစိုးရမှ ဆက်လက် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း နိုင်ငံတော်သမ္မတ၏ ပြောရေးဆိုခွင့်ရှိသူ ပြန်ကြားရေဒုဝန်ကြီး ဦးရဲထွဋ် က ပြောကြားသည်။

နိုင်ငံတော်သမ္မတ၏ ပြောရေးဆိုခွင့်ရှိသူ ပြန်ကြားရေး ဒု-ဝန်ကြီးဦးရဲထွဋ်က“ဒီလောက် ပမာဏတောင်မဟုတ်တဲ့ မြန်မာပြည်က ငွေစာရင်းအကောင့်တွေ ပိုင်တဲ့သူတွေကိုတောင် အမေရိကန်အစိုးရကရှာဖွေပြီး ပိတ်ဆို့ စာရင်းသွင်းခဲ့သေး တာပဲ။ အခုဒေါ်လာ ၁၁ ဘီလီယံဆိုတာနည်းတာမှမဟုတ်တာ။ ဒါကြောင့် ကျွန်တော်တို့အစိုးရအနေနဲ့ ဂါစီယာက ဒီလို ပြောသွားတယ်။ အဲဒါ ကမ္ဘာ့ဘဏ်ကပြောသွားတာလားဆိုတာ တစ်ချက်၊ နောက်အကောင့်ငါးခုဟာ မြန်မာအကောင့်တွေ ဖြစ်ကြောင်း အထောက်အထားရှိရင်ပေးဖို့ ကမ္ဘာ့ဘဏ်ကို အကြောင်းကြားထားတယ်”ဟု ပြောကြားသည်။

မြန်မာနိုင်ငံမှ ဒေါ်လာ ၁၁ ဘီလီယံ ပမာဏရှိသည့် မြန်မာအကောင့်ငါးခုကြောင့် ကမ္ဘာ့ဘဏ်အနေဖြင့် အကြွေးမလျှော် ပေးခဲ့ခြင်းဖြစ်ကြောင်း Bank Information Center မှ အာရှစီမံရေးရာမန်နေဂျာ Mr. Jelson Garcia က ပြောကြား ခဲ့သည်ကို မြန်မာနိုင်ငံ၏ ပုဂ္ဂလိကပိုင် နေ့စဉ်ထုတ်သတင်းစာအချို့တွင် ပါဝင်လာခဲ့ပြီးနောက် မြန်မာအစိုးရမှ ပြန်လည် ရှင်းလင်းပြောကြားခဲ့ခြင်း ဖြစ်သည်။

အဆိုပါ အမေရိကန်ဒေါ်လာ ၁၁ ဘီလျံအား နိုင်ငံတကာဘဏ်များတွင် အပ်နှံထားမှုနှင့် ပတ်သက်၍ နိုင်ငံတော်သမ္မတ၏ ပြောရေးဆိုခွင့်ရှိသူ ဦးရဲထွဋ်က“အစိုးရအနေနဲ့ နိုင်ငံပိုင်ငွေကိုအဲဒီလို ပြည်ပမှာအပ်နှံထားတာ လုံးဝမရှိပါဘူး။ ၁၁ ဘီလျံ အပ်ထားတယ်ဆိုတဲ့ အကောင့်ငါးခုနဲ့ပတ်သက်လို့ ခိုင်မာတဲ့အချက်အလက်ရှိရင် ပေးပါ။ အစိုးရ အနေနဲ့ ဆက်လက် ဆောင်ရွက်ဖို့အသင့်ပါပဲ”ဟု ၎င်း၏ ကိုယ်ပိုင် Facebook စာမျက်နှာတွင် စက်တင်ဘာလ ၁၂ ရက်နေ့က ဖော်ပြထားသည်။

သို့သော် မြန်မာနိုင်ငံအစိုးရအနေဖြင့် ဒေါ်လာ ၁၁ ဘီလျံအပ်နှံထားခြင်းမရှိကြောင်းကို သာဖော်ပြထားပြီး ပုဂ္ဂလိက အနေဖြင့် အပ်နှံထားခြင်းရှိ၊ မရှိကိုမူ ထည့်သွင်းဖော်ပြထားခြင်းမရှိဘဲဒေါ်လာ ၁၁ ဘီလျံအပ်နှံထားခြင်းရှိသည်၊ မရှိသည်ကို လည်း တိုက်ရိုက် ငြင်းဆိုထားခြင်း၊ ဝန်ခံခြင်းမပြုထားကြောင်း၎င်း၏ စာမျက်နှာတွင် ဆက်လက် ဖော်ပြထားချက်အရ သိရသည်။

အဆိုပါ ကိစ္စနှင့် ပတ်သက်၍ ကမ္ဘာ့ဘဏ်မှ စက်တင်ဘာလ ၁၂ ရက် ညနေကသတင်းကြေညာချက် ထုတ်ပြန်ခဲ့ပြီး မြန်မာနိုင်ငံမှ ပြည်ပတွင် နိုင်ငံခြားငွေစာရင်းငါးခုဖြင့် အမေရိကန် ဒေါ်လာ ၁၁ ဘီလျံ အပ်နှံထားကြောင်းပြောကြားခဲ့သည့် Mr. Jelson Garcia မှာ ကမ္ဘာ့ဘဏ်၏ ပြောရေးဆိုခွင့်ရှိသူတစ်ဦးမပာုတ်ဘဲ ကမ္ဘာ့ဘဏ် အပါအဝင် နိုင်ငံတကာ ငွေကြေး အဖွဲ့အစည်းများ၏ လုပ်ဆောင်မှုများကိုစောင့်ကြည့်သော Bank Information Center (BIC) အနေဖြင့်သာ ပြောကြား ခဲ့ခြင်းဖြစ်ကြောင်း၊ နိုင်ငံတော် အစိုးရများအနေဖြင့် ကုန်သွယ်ရေးဝန်ဆောင်မှုဆိုင်ရာ လုပ်ငန်းများ ချောမွေ့ လွယ်ကူစေရန် နှင့် နိုင်ငံခြားငွေလဲလှယ်နှုန်းကိုတည်ငြိမ်အောင် စီမံဆောင်ရွက်နိုင်ရန်အတွက် နိုင်ငံရပ်ခြားဘဏ်စာရင်းများ ထားရှိခြင်း သည် နိုင်ငံအစိုးရတိုင်း၏ ပုံမှန်လုပ်ငန်းတစ်ရပ်ဖြစ်သည်ဟု ကမ္ဘာ့ဘဏ်အနေဖြင့် ယူဆကြောင်း ကမ္ဘာ့ဘဏ်မှ ထုတ်ပြန်ကြေညာခဲ့သည်။

အမေရိကန် ဒေါ်လာ ၁၁ ဘီလျံကိစ္စအား ထုတ်ဖော်ပြောကြားခဲ့သူ Mr. Jelson Garcia သည် Bank Information Center (BIC) ၏ Asia Program မန်နေဂျာတစ်ဦးဖြစ်ပြီး အာရှဒေသတွင်းနှင့် နိုင်ငံတကာရှိ လူမှုအခွင့်အရေး ဆုံးရှုံးနေ သူများကို အကာအကွယ်ပေးသည့် အဖွဲ့အစည်းများတွင် လုပ်ကိုင်ခဲ့သူတစ်ဦးဖြစ်ကာ ၎င်းသည် လူမှု့အဖွဲ့အစည်းများ၌် မလုပ်ကိုင်မှီ ဖိလစ်ပိုင်သမ္မတရုံး၏ ပေါင်းစည်းရေး၊ ဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်းနှင့် World Vision – Asia Pacific Disaster Management Office Humanitarian Competency Program တို့တွင် လုပ်ကိုင်ခဲ့သူတစ်ဦးလည်း ဖြစ်ကြောင်း သိရသည်။

ယင်းကဲ့သို့ မြန်မာနိုင်ငံမှ ငွေကြေးများအပ်နှံထားမှုနှင့်ပတ်သက်၍ မြန်မာအစိုးရနှင့် ကမ္ဘာ့ဘဏ် နှစ်ခုတို့မှ ငြင်းဆိုထားခြင်း မရှိသေးသည့်အပေါ် တာဝန်ရှိသူများအနေဖြင့် တိတိပပရှင်းလင်းဖြေကြားသင့်ကြောင်း၊ ယခုကဲ့သို့ အမှန်တကယ် ရှိ၊ မရှိ ကိုပင် ဖြေကြားနိုင်ခြင်းမရှိသဖြင့် သံသယကိုပိုမိုကြီးထွားစေနိုင်ကြောင်း နိုင်ငံရေးနှင့် စီးပွားရေးစောင့် ကြည့်လေ့လာသူများ က ပြောဆိုနေကြသည်။

လက်ရှိအချိန်တွင် တရားမဝင်သောနည်းလမ်းများဖြင့် ရရှိလာသောငွေကြေးများ ထိန်းချုပ်ရေးဆိုင်ရာဥပဒေကို ၂ဝဝ၅ ခုနှစ် ကတည်းက မြန်မာနိုင်ငံ၌ ပြဋ္ဌာန်းထားပြီး ဖြစ်သော်လည်း အာရှ ပစိဖိတ်ဆိုင်ရာငွေကြေးခဝါချမှု တိုက်ဖျက်ရေး အဖွဲ့၏ စောင့်ကြည့်ခံရသောစာရင်းများတွင် ပါဝင်နေဆဲဖြစ်သည်။

YC


 အစိုးရနှင့် KIO ပြည်ထောင်စုအဆင့် ဆွေးနွေးနိုင်ရန်အတွက် အလုပ်အဖွဲ့နှင့် အကြိုတွေ့ဆုံမည်

အစိုးရငြိမ်းချမ်းရေးဖော်ဆောင်ရေး လုပ်ငန်းကော်မတီအနေဖြင့် ကချင်လွတ်မြောက်ရေးအဖွဲ့ KIO နှင့်ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေးဆွေးနွေးပွဲတစ်ရပ် ဖော်ဆောင်နိုင်ရေးအတွက် စက်တင်ဘာလ ၁၆ ရက်နေ့နှင့် ၁၇ ရက်နေ့တို့တွင်  ကချင် ပြည်နယ်မြစ်ကြီးနားမြို့၌ KIO အလုပ်အဖွဲ့နှင့် ကနဦးတွေ့ဆုံဆွေးနွေးသွားမည်ဖြစ်ကြောင်း Myanmar Peace Center မှ အကြီးတန်းအကြံပေးအရာရှိ ဦးလှမောင်ရွှေ၏ ပြောကြားချက်အရ သိရသည်။

အဆိုပါ ငြိမ်းချမ်းရေးဆွေးနွေးပွဲတွင် ဆွေးနွေးညှိနှိုင်းမှုများအောင်မြင်ခဲ့ပါက ပြည်ထောင်စုအဆင့်သို့ ဆက်လက်ဆွေးနွေး သွားမည်ဖြစ်သည်။

“ကေအိုင်အို အလုပ်အဖွဲ့နဲ့ ၁၆ ရက် မြစ်ကြီးနားမှာ ကျွန်တော်တို့သွားဆွေးနွေးမယ်။ အဲ့ဒီဆွေးနွေးပွဲတွေမှာ အစစအရာရာ အဆင်ပြေခဲ့ရင် ကျွန်တော်တို့ဝန်ကြီးဦးအောင်မင်း အဆိုပြုထားတာက အလုပ်အဖွဲ့တွေက အစစအရာရာ အဆင်ပြေရင် အောက်တိုဘာလဆန်းလောက်ကို ပြည်ထောင်စုအဆင့်မြစ်ကြီးနားမှာ ထပ်လုပ်ဖို့လည်း တင်ပြထားပါတယ်” ဟု ဦးလှမောင်ရွှေက ဆိုသည်။

အစိုးရနှင့် KIO အလုပ်အဖွဲ့တို့မှ ယခုဆွေးနွေးမည့် ဆွေးနွေးပွဲမှ ရလဒ်များကို ပြည်ထောင်စုအဆင့် ဆွေးနွေးပွဲတွင် ထည့်သွင်း ဆွေးနွေးသွားမည်ဖြစ်ကြောင်း  ကချင်ငြိမ်းချမ်းရေးအကျိုးတော်ဆောင် အဖွဲ့မှ ဦးလမိုင်ဂွမ်ဂျာမှ ပြောသည်။

“ဆွေးနွေးတဲ့အခါ ဘာတွေဆွေးနွေးမယ်။ ဘာခေါင်းစဉ်နဲ့ ဆွေးနွေးမယ်။ ဒါကတော့ ထည့်သင့်တယ်။ မထည့်သင့်ဘူး။ ဆွေးနွေးသင့်တယ်။ မဆွေးနွေးသင့်ဘူးဆိုတာကို ကြိုတင်ဆွေးနွေးမယ်လေ”ပာု ၎င်းကဆက်လက်ဆို သည်။

အစိုးရနှင့် KIO တို့သည် ကချင်ပြည်နယ်မိုင်ဂျာယန်တွင်နှစ်ကြိမ်၊ ထိုင်းနိုင်ငံတွင်တစ်ကြိမ်၊ တရုတ်နိုင်ငံ ရွှေလီမြို့၌် နှစ်ကြိမ် တွေ့ဆုံခဲ့ပြီး ၂၀၁၃ ခုနှစ် မတ်လက ကချင်ပြည်နယ်မြစ်ကြီးနားမြို့တွင် နောက်ဆုံးအကြိမ်တွေ့ဆုံခဲ့ခြင်းဖြစ်ပြီး ယခု ငြိမ်းချမ်းရေးဆွေးနွေးပွဲသည် ခုနှစ်ကြိမ်မြောက်ဖြစ်သည်။ ထို့သို့ တွေ့ဆုံညှိနှိုင်းမှုများ ရှိနေခဲ့သော်လည်း အောက်ခြေရှိ နှစ်ဖက်တပ်များ အတွင်း စက်တင်ဘာလ ၁၁ နေ့အထိ အပစ်အခတ်များရှိနေခဲ့သည်။

လက်ရှိအချိန်တွင် အွန်လိုင်းစာမျက်နှာများတွင် အစိုးရဘက်မှ KIO သို့ ထိုးစစ်ဖြင့်ဝင်ရောက်တိုက်ခိုက်မည်ဟု သတင်းများ ထွက်ပေါ်လျက်ရှိနေပြီး ထိုသို့ဖြစ်လာပါက ကချင်တိုင်းရင်းသားများအပေါ် ဆိုးကျိုးသက်ရောက်ရန်များနေပြီး စစ်ဘေး ဒုက္ခသည် အရေအတွက် မြင့်တက်လာနိုင်ကြောင်းနိုင်ငံရေး အသိုင်းအဝိုင်းက ဆိုသည်။

YC


 


Google Drive: create, share, and keep all your stuff in one place. Logo for Google Drive

0 comments:

Post a Comment