Transparency Myanmar

transparency.myanmar@gmail.com

Q & C
Document

Snapshot of the item below:
Q & C

 

သတင်းဆောင်းပါးမှ ကောက်နှုတ်ချက်များ 

“ကျွန်တော်တို့မြင်တာကတော့ လက်မှတ်ထိုးတာတော့ မခက်ပါဘူး။ ဒါပေမယ့် လက်မှတ်ထိုးတယ်ဆိုတာ နှစ်ဦး နှစ်ဖက် သဘောတူဖို့တော့ လိုတာပေါ့။ နှစ်ဘက်ရဲ့ လိုအပ်ချက်တွေ ပြေလည်နေတဲအချိန်မှာ ဒါက ထိုးလို့ရမှာပေါ့လေ။ နှစ်ဦးနှစ်ဖက် ကိုယ်လိုချင်တဲ့အပိုင်းတွေမရဘဲနဲ့ ထိုးမယ်ဆိုရင် နည်းနည်းတော့ ခက်ခဲမယ်လို့ ကျွန်တော်မြင်တယ်။ လက်မှတ်ထိုး တဲ့နေရာမှာ ဘယ်လိုပုံစံမျိုးနဲ့ ထိုးကြမလဲ။ ဒီ ဘက်ကတောင်းဆိုထားတဲ့အတိုင်း နိုင်ငံတော်အစိုးရက လိုက်လျောပေးမလား။ အစိုးရပြောတာကို KIO အပိုင်းက လက်ခံနိုင်သလား။ နှစ်ဦးနှစ်ဖက် သဘောတူညီမှုဟာ ဒီစက်တင်ဘာလကုန်ပိုင်းမှာ တွေ့ဆုံမှုပေါ်မှာ မူတည်တယ်လို့ထင်တယ်။ ဆွေးနွေးလို့ အဆင်ပြေသွားရင် တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး လက်မှတ်ထိုးဖို့ ကိစ္စကတော့ အခြေအနေကောင်းလာမယ်လို့မြင်တယ်။”

စက်တင်ဘာလ ၁၃ ရက်နေ့ထုတ် Mizzima နေ့စဉ်ထုတ်သတင်းစာတွင် ပါရှိသော “တစ်ပြည်လုံး အပစ်ရပ်ရေး နေပြည်တော်ဆွေးနွေးပွဲ အကောင်အထည်ပေါ်ပါ့မလား” သတင်းမှ KIO နှင့် အစိုးရကြားဆွေးနွေးပွဲများ ဖြစ်ပေါ်စေရန် စေ့စပ်ပေးသည့် ကချင်ငြိမ်းချမ်းရေးအကျိုးဆောင်အဖွဲ့ဝင် ဦးလမိုင်ဂွမ်ဂျာ ၏ပြောကြား ချက်အား ကောက်နှုတ်ချက်။


“ကျွန်တော်တို့ကတော့ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ အခန်း (၁) မှာပါတဲ့ အခြေခံရမည့်မူများဆိုသည်ကို စကိုင်တာပေါ့။ အဲဒီမှာ ဖက်ဒရယ်ပြည်ထောင်စုဖြစ်ဖို့ ကျွန်တော်တို့က တင်သွင်းချင်တယ်။ နောက်ပြီးတော့ တိုင်းဒေသကြီးတွေကို တိုင်းဒေသကြီးလို့ ခေါ်မယ့်အစားပြည်နယ် ၁၄ ခုကို အခြေခံချင်တယ်။ အမည်နာမ ဝေါဟာရကအစ အကုန်လုံးတစ်ပြေးညီ ဖက်ဒရယ်ဖြစ်ဖို့ ကျွန်တော်တို့က ရည်မှန်းတာပါ။ အမည်နာမဝိသေသ တွေက ကွဲနေရင်မဖြစ်သေးဘူးလေ။ အဲဒါကြောင့် အမေရိကန်နိုင်ငံမှာဆိုရင်တော့ ပြည်နယ် ၅၀ ပေါ့။ ကျွန်တော်တို့ ဆီကတော့ ၁၄ ပြည်နယ်ပေါ့။ အဲဒီကို လက်ခံချင်တယ်။”

စက်တင်ဘာလ ၁၃ ရက်နေ့ထုတ် Daily Eleven နေ့စဉ်ထုတ်သတင်းစာတွင် ပါရှိသော “၂၀၀၈ ခုနှစ် ဖွဲ့စည်း ပုံအခြေခံဥပဒေကို ဖက်ဒရယ်မူအခြေခံရေးနှင့် တိုင်းဒေသကြီးများကို ပြည်နယ်အဖြစ် သတ်မှတ်ပေးရန် SNDP ပါတီတင်ပြမည်” သတင်းမှ ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ တွဲဖက်အတွင်းရေးမှူး ဦးစိုင်းမောင်တင် ၏ပြောကြားချက် အားကောက်နှုတ်ချက်။


“သူတို့ရဲ့နယ်မြေစိုးမိုးရေးလို့ပဲခေါ်ခေါ်၊ နယ်မြေရှင်းလင်းရေးလို့ပဲခေါ်ခေါ်၊ ကျွန်တော်တို့ နယ်မြေမှာ ကျွန်တော်တို့ တပ်ဖွဲ့တွေ အခြေတကျမနေနိုင်အောင် လိုက်လံတိုက်ခိုက်နေရင်တော့ ကျွန်တော်တို့က ထိုးစစ် လို့ပဲယူဆတယ်။”

စက်တင်ဘာလ ၁၃ ရက်နေ့ထုတ် The Voice နေ့စဉ်ထုတ်သတင်းစာတွင်ပါရှိသော “တိုက်ပွဲများကြောင့် ငြိမ်းချမ်းရေး ဆွေးနွေးပွဲထိခိုက်နိုင်ဟုဆို” သတင်းမှ ကေအိုင်အိုမှ ပြောရေးဆိုခွင့်ရှိသူ ဦးလနန် ၏ပြောကြား ချက်အားကောက်နှုတ်ချက်။


“ကျောင်းသားတွေအတွက် ပညာရေးစနစ်ကိုမြှင့်တင်ပေးဖို့ လိုအပ်နေပြီ။ ဒီအတွက် အစိုးရအနေနဲ့ ပညာရေးနဲ့ ပတ်သက်ပြီး အဆင့်မြှင့်တင်တာတွေလုပ်တာကို ကျွန်တော်တို့ ကြိုဆိုတယ်။ ဒါပေမယ့် ကျွန်တော်တို့ တက်သိနားလည်တဲ့ ပညာရှင်တွေ ရဲ့အသံကို ကောင်းကောင်းနားထောင်ဖို့တော့ လိုမယ်။ တကယ်ဆိုရင် သင်ရိုးညွှန်းတမ်းတွေနဲ့ ပတ်သက်ရင်အခုလို အလယ်တန်းအဆင့်တွေကို နှစ်တွေတိုးတာတို့ ဘာတို့လုပ်တယ်။ ဒီကိစ္စတွေ အားလုံးကို အစိုးရကနေပြီး အပေါ် ကနေအောက်ကို ချပေးနေတာမျိုးတွေချည်းပဲ ဖြစ်နေရင်တော့ ကျွန်တော်တို့နိုင်ငံရဲ့ ပညာရေးစနစ်ဟာ ထင်သလောက်

တိုးတက်လာမှာ မဟုတ်ဘူး။ ကျွန်တော် ဆိုလိုတာက ကျောင်းသားတွေသင်နေရတဲ့ စာတွေ၊ သင်ရိုးညွှန်းတမ်းတွေကို ပညာရှင်တွေက ရေးဆွဲတာလား၊ အုပ်ချုပ်ရေး ပိုင်းက ရေးဆွဲတာလား။ ဒါတွေကိုတော့ ကျွန်တော်တို့ မသိနိုင်ဘူး။”

စက်တင်ဘာလ ၁၃ ရက်နေ့ထုတ် ပြည်မြန်မာနေ့စဉ်ထုတ်သတင်းစာတွင်ပါရှိသော “ပညာရေး အဆင့်အတန်း မြင့်မားရေးအတွက် ခေတ်မီပြီး လွတ်လပ်သော တက္ကသိုလ်ပညာရေး ဥပဒေတစ်ရပ် ပြဋ္ဌာန်းရန် လိုအပ်နေပြီဟု ဆို” သတင်းမှ မြန်မာနိုင်ငံလုံး ဆိုင်ရာ ကျောင်းသားသမဂ္ဂ (ဗကသ) မှ ဒုတိယဥက္ကဌ ကိုလင်းထက်နိုင် ၏ပြော ကြားချက် အားကောက်နှုတ်ချက်။


“နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုဆိုတဲ့နေရာမှာ ကုမ္ပဏီတစ်ခုတည်း ရောက်လာလို့ မရပါဘူး။ လူတစ်သန်းလောက်ကို အလုပ် အကိုင်ဖန်တီးပေးနိုင်ဖို့ စက်ရုံပေါင်းနှစ်သောင်းလောက် လိုအပ်မှာပါ။ မြန်မာနိုင်ငံကို နိုင်ငံခြားရင်းနှီး မြှုပ်နှံသူတွေလာတယ်။ ဘယ်လိုရင်းနှီးမြှုပ်နှံရမလဲ သေချာမစဉ်းစားနိုင်သေးခင် ရင်းနှီးမြှုပ်နှံမှုကော်မရှင် ဥက္ကဌကို သွားတွေ့ဖို့ လိုအပ်နေတာမျိုး ဖြစ်နေတယ်။”

နိုဝင်ဘာလ ၁၃ ရက်နေ့ထုတ် မြန်မာတိုင်းမ်ဂျာနယ် အတွဲ (၃၂) အမှတ် (၆၃၈) တွင်ပါရှိသော “နိုင်ငံခြားရင်း နှီးမြှုပ်နှံမှုများအတွက် အခက်အခဲများရှိနေဆဲ” သတင်းမှ ပထမမြန်မာ ရင်းနှီးမြှုပ်နှံမှုကုမ္ပဏီလုပ်ငန်းစု ဥက္ကဌ ဦးသိန်းငွေ ၏ပြောကြားချက်အားကောက်နှုတ်ချက်။



Google Drive: create, share, and keep all your stuff in one place. Logo for Google Drive

0 comments:

Post a Comment