Transparency Myanmar

transparency.myanmar@gmail.com

International Media (2)
Document

Snapshot of the item below:
International Media (2)

နိုင်ငံတကာသတင်းများ (၂)

(13 Sept 2013 ရက်စွဲပါ Bangkok Post မှ Egat prepares for gas field shutdown ကို ဘာသာပြန်ဆို ပါသည်)

(12 Sept 2013 ရက်စွဲပါ UPI မှ ICRC helps guide police policies in Myanmar ကို ဘာသာပြန်ပါသည်)


မြန်မာနိုင်ငံမှ ပြုပြင်ထိန်းသိမ်းမှုအတွက် ဓါတ်ငွေ့ပို့လွှတ်မှု ခေတ္တရပ်နားမှုအတွက် Egat ပြင်ဆင်

(13 Sept 2013 ရက်စွဲပါ Bangkok Post မှ Egat prepares for gas field shutdown ကို ဘာသာပြန်ဆိုပါသည်)

ထိုင်းနိုင်ငံ လျှပ်စစ်ဓါတ်အားထုတ်လုပ်ရေး အာဏာပိုင်အဖွဲ့ (Egat) က ထိုင်းပင်လယ်ကွေ့အတွင်း ကမ်းလွန် နှင့် ကုန်းတွင်းဓါတ်ငွေ့ထုတ်လုပ်သူများအား မြန်မာနိုင်ငံရဲတံခွန်ဓါတ်ငွေ့ထုတ်လုပ်မှုတွင် ထိန်းသိမ်းရေးလုပ်ငန်းများ လုပ်ကိုင်ရန် (၁၄) ရက် ရပ်နားမည့် အချိန်၌ ထုတ်လုပ်မှု ပိုမိုပြုလုပ်ရန် တောင်းဆိုခဲ့ပါသည်။

ရဲတံခွန်ဓါတ်ငွေ့ထုတ်လုပ်မှုသည် ပလက်ဖောက်စွမ်းရည် တိုးချဲ့ရန် ဒီဇင်ဘာ (၂၅) မှ ဇန်နဝါရီလ (၈) ရက်အထိ ပိတ်ထားမည် ဖြစ်ပါသည်။

ထိုသို့ ပိတ်ခြင်းကြောင့် ထိုင်းနိုင်ငံလျှပ်စစ်ဓါတ်အားထုတ်လုပ်မှုစနစ်တွင် တစ်ရက်လျှင် သဘာဝဓါတ်ငွေ့ (၁၁၁၀) ကုဗပေသန်းပေါင်း လိုအပ်သွားမည် ဖြစ်ပါသည်။

ထို့ကြောင့် ထိုင်းနိုင်ငံ၏ တစ်ခုတည်းသော ဓါတ်ငွေ့ဖြန့်ဖြူးသူ PTT Plc က Egat နှင့် ညှိနှိုင်းလျက်ရှိပြီး၊ ဘန်ကာဆီ၊ ဒီဇယ်၊ LNG များကို လျှပ်စစ်ဓါတ်အားထုတ်ရာတွင် အစားထိုးနိုင်ရန် ပြင်ဆင်နေပါသည်။

“ဓါတ်ငွေ့ပမာဏ ဒီလောက်နဲ့တော့ လျှပ်စစ်ဓါတ်အား ဖြန့်ဖြူးရေးမှာ ထိခိုက်မယ်မထင်ပါဘူး။ စက်မှုကဏ္ဍပဲ ဖြစ်ဖြစ် ပို့ဆောင်ရေးကဏ္ဍပဲ ဖြစ်ဖြစ် ထိခိုက်မယ်မထင်ပါဘူး။ ဘာလို့လဲဆိုတော့ အရင်ကကြုံတွေ့ခဲ့ရတဲ့ အဖြစ်အပျက်တွေရှိလို့ပါပဲ။” ဟု PTT ဓါတ်ငွေ့ဖြန့်ဖြူးရေး အကြီးတန်းအမှုဆောင် ဒုဥက္ကဌ Charcrie Buranakanonda ကပြောကြားခဲ့ပါသည်။

ထိုင်းနိုင်ငံက မြန်မာနိုင်ငံမှ ဓါတ်ငွေ့လုပ်ကွက်များမှ လိုအပ်ချက်မှာ တစ်ရက်လျှင် (၁၁၀၀) ကုဗပေ သန်းပေါင်း ဖြစ်ပြီး ရတနာမှ (၆၅၀) ကုဗပေ သန်းပေါင်းနှင့် ရဲတံခွန်မှ (၄၅၀) ကုဗပေသန်းပေါင်း ဖြစ်ပါသည်။


ICRC က ရဲနှင့် ပတ်သက်သော ဆွေးနွေးပွဲ မြန်မာနိုင်ငံတွင် ကျင်းပ

(12 Sept 2013 ရက်စွဲပါ UPI မှ ICRC helps guide police policies in Myanmar ကို ဘာသာပြန်ပါသည်)

နိုင်ငံတကာကြက်ခြေနီကော်မတီ (ICRC) က၎င်းသည် မြန်မာနိုင်ငံမှ လုံခြုံရေးတပ်ဖွဲ့များနှင့် ရဲလုပ်ငန်းအဆင့် မှီရေးနှင့် ပတ်သက်၍ လေးရက်ကြာဆွေးနွေးပွဲကို စတင်ခဲ့ကြောင်း ကြာသာပတေးနေ့ ကပြောကြားခဲ့ပါသည်။

“ဤမှတ်တိုင်ဖြစ်မည့် ဆွေးနွေးပွဲသည် ကျွန်ုပ်တို့၏ လုပ်ငန်းများ မြန်မာနိုင်ငံတွင် တိုးချဲ့ရန် ဆန္ဒပြင်းပြမှုကို ပြသနေပါသည်” ဟု မြန်မာနိုင်ငံမှ ICRC ကိုယ်စားလှယ်အဖွဲ့ခေါင်းဆောင် Jurg Mintani က ကျေညာချက် တွင်ဖော်ပြထားပါသည်။

“ကျွန်ုပ်တို့သည်ယခုအပတ်တွင် အကြီးတန်းတပ်မှူးများနှင့် အတွေ့အကြုံမျှဝေခြင်းနှင့် အကောင်းဆုံး လုပ်ထုံး လုပ်နည်းများ ပါဝင်သော ပညာရှင်စကားဝိုင်းတစ်ခုပြုလုပ်ရန် မျှော်မှန်းထားပါသည်” ဟု ဆက်လက် ဖော်ပြထားပါသည်။

မြန်မာနိုင်ငံသည် ၂၀၁၀ နောက်ပိုင်း ၎င်း၏ ဒီမိုကရေစီပြုပြင်ပြောင်းလဲမှုများကြောင့် နိုင်ငံတကာအသိုင်း၏ ချီးကျူးမှုကို ရရှိခဲ့ပါသည်။ သို့သော် လူ့အခွင့်အရေးမှတ်တမ်းများနှင့် ပတ်သက်၍ ဝေဖန်မှုကိုခံနေရဆဲ ဖြစ်ပါသည်။

“မြန်မာနိုင်ငံမှာ ရဲတပ်ဖွဲ့ကို ပရော်ဖက်ရှင်နယ် ပီသအောင် လုပ်ဆောင်ဖို့ဟာ အရေးကြီးဆုံး ဖြစ်ပါတယ်။” ဟု ဗိုလ်မှူးချုပ်ကျော်ကျော်ထွန်း ကပြောပါသည်။ “ဒီလုပ်ငန်းစဉ်မှာ အဓိကကျတဲ့ အချက်တစ်ခုကတော့ အရာရှိအားလုံးဟာ နိုင်ငံတကာစံတွေကို နားလည်ပြီး အကောင်အထည်ဖော်ဖို့ ဖြစ်ပါတယ်။” ဟု ၎င်းက ဆိုပါသည်။

ဆွေးနွေးပွဲ၏ အဓိကအကြောင်းအရာမှာ အင်အားကိုမျှတစွာအသုံးချခြင်း၊ လူအုပ်ကြီးအား ထိန်းချုပ်ခြင်းနှင့် ထိန်းသိမ်းခြင်းဖြစ်ကြောင်း ICRC က ပြောပါသည်။

ICRC ကပြောကြားရာတွင် ဆွေးနွေးပွဲသို့ အကြီးတန်းရဲအရာရှိ ၂၃ ဦးနှင့် ပြည်နယ်နှင့် တိုင်းရဲတပ်ဖွဲ့မှူးများ တက်ရောက်ကြောင်း ပြောပါသည်။ ဤဆွေးနွေးပွဲသည် ICRC အတွက် မြန်မာနိုင်ငံတွင် ပထမဆုံး ပြုလုပ်သော ဆွေးနွေး ပွဲဖြစ်ပါသည်။



Google Drive: create, share, and keep all your stuff in one place. Logo for Google Drive

0 comments:

Post a Comment