Transparency Myanmar

transparency.myanmar@gmail.com

International Media (3)
Document

Snapshot of the item below:
International Media (3)

နိုင်ငံတကာသတင်းများ (၃)

(AFP မှ 13 Sept 2013 ရက်စွဲပါ “Suu Kyi admits failure in stopping violence” သတင်းကို ဘာသာပြန် ဆိုပါသည်)

(AFP မှ 13 September 2013 ရက်စွဲပါ  “Rohingya boat lands in Thailand as monsoon rages” သတင်းကို ဘာသာပြန်ဆိုသည်)


အကြမ်းဖက်မှုတားဆီးရာတွင် မအောင်မြင်ကြောင်း ဒေါ်အောင်ဆန်းစုကြည်ဝန်ခံ

(AFP မှ 13 Sept 2013 ရက်စွဲပါ “Suu Kyi admits failure in stopping violence” သတင်းကို ဘာသာပြန် ဆိုပါသည်)

မြန်မာအတိုက်အခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က မြန်မာနိုင်ငံကို လှုပ်ခါခဲ့သော မွတ်ဆလင်ဆန့်ကျင်ရေး အကြမ်းဖက်မှုကို သူမတစ်ယောက်တည်း ဟန့်တားရန် မဖြစ်နိုင်ကြောင်းနှင့် ဖြေရှင်းရန် နည်းလမ်းမှာ ဥပဒေ စိုးမိုးမှုကို တည်ဆောက်ခြင်းဖြစ်ကြောင်း မနေ့ကပြောကြားလိုက်ပါသည်။

“ဒီကိစ္စဟာ ကျွန်မတစ်ယောက်တည်း လုပ်ဆောင်လို့ရနိုင်တဲ့အရာ မဟုတ်ပါဘူး။ ဒါပေမယ့်လည်း ကျွန်မတို့ မြန်မာလူ့အဖွဲ့အစည်းတစ်ခုလုံး အပတ်တကုတ်ကြိုးစားအားထုတ်လုပ်ဆောင်ရမယ့် ကိစ္စဖြစ်တယ်လို့ ကျွန်မ ထင်ပါ တယ်” ဟု ဒေါ်အောင်ဆန်းစုကြည် ဥရောပအလယ်ပိုင်းခရီးစဉ်အတွင်း ဝါဆောမြို့၌ သတင်းထောက်များ အားပြောကြား သည်။

“ကျွန်မတို့ ပြည်သူတွေ လုံခြုံမှုကို ခံစားနိုင်စေမယ့်တရားဥပဒေ စိုးမိုးမှု သက်ရောက်ဖို့ လိုအပ်ပါတယ်။ ကျွန်မ တို့ နိုင်ငံရဲ့ အနာဂါတ်အတွက် ညီညွတ်မှုကို အာမခံချက်ရှိမယ့် ဆက်ဆံရေးပုံစံကို ထူထောင်ရေးကိစ္စကို လုံခြုံမှုရှိတဲ့ ပြည်သူတွေကသာ ပြောဆိုနိုင်၊ ကြိုးစားနိုင်ကြမှာပါ” ဟု သူမက ဆိုပါသည်။

မြန်မာနိုင်ငံမှ လူမျိုးရေးအကြမ်းဖက်မှု ရပ်တန့်အောင် သူမတစ်ကိုယ်တော် လုပ်ဆောင်နိုင်မလားဟု သတင်းထောက်တစ်ဦးက မေးမြန်းခြင်းကို ဒေါ်အောင်ဆန်းစုကြည်က အထက်ပါ အတိုင်း ပြန်လည်ဖြေကြားခဲ့ခြင်း ဖြစ်သည်။

ဒေါ်အောင်ဆန်းစုကြည်သည် မြန်မာ့ဒီမိုကရေစီရေး ရုန်းကန်လှုပ်ရှားမှုအတွက် ချီးကျူးဂုဏ်ပြုခြင်း ခံခဲ့ရသော် လည်း၊ ဗုဒ္ဓဘာသာလူများစု မြန်မာနိုင်ငံတွင် မွတ်ဆလင်တို့ အကြမ်းဖက်ခံနေရခြင်းကို ပြတ်ပြတ်သားသား ရှုတ်ချရန် ပျက်ကွက်ခဲ့သည်ဟု အချို့နိုင်ငံတကာ လူ့အခွင့်အရေးလှုပ်ရှားသူများက ပြစ်တင်စွပ်စွဲထားကြသည်။

မနှစ်က မြန်မာနိုင်ငံအနောက်ပိုင်း ရခိုင်ပြည်နယ်တွင် လူ ၂၀၀ ခန့် သေဆုံးခဲ့ရသော လူမျိုးရေးပဋိပက္ခများ ဖြစ်ပွားခဲ့ရာ သေဆုံးသူအများစုမှာ နိုင်ငံသားခံယူခွင့် ငြင်းပယ်ခံထားရသော ရိုဟင်ဂျာမွတ်ဆလင်များ ဖြစ်သည်။

အသက် ၆၈ နှစ်အရွယ်မြန်မာအတိုက်အခံခေါင်းဆောင်သည် ပိုလန်ကွန်မြူနစ်ဆန့်ကျင်ရေးခေါင်းဆောင် လက်ရှ်ဝေလ်ဆာနှင့် တွေ့ဆုံပြီးနောက် သတင်းထောက်များအား ပြောကြားခဲ့ခြင်းဖြစ်သည်။ ဝါဆော မြို့တော်ဝန်က ဒေါ်အောင်ဆန်းစုကြည်အား ဂုဏ်ထူးဆောင် မြို့တော်သားအဖြစ် သတ်မှတ် ဂုဏ်ပြုကြောင်း ကြေညာခဲ့ပြီး၊ ထိုဂုဏ်ပြုဆုကို ရရှိထားသော အခြားနိုင်ငံခြားသားတစ်ဦးမှာ တိဘက်ဘာသာရေး ခေါင်းဆောင်ဒလိုင်းလားမား ဖြစ်သည်။

မြန်မာဒီမိုကရေစီလှုပ်ရှားမှုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်သည် ယခင်တပ်မတော်အစိုးရ လက်ထက်တွင် ၁၅ နှစ်ခန့် နေအိမ်အကျယ်ချုပ် ထိန်းသိမ်းခံခဲ့ရပြီးနောက် အငြင်းပွားဖွယ် ၂၀၁၀ ရွေးကောက်ပွဲများအပြီးတွင် လွတ်မြောက်လာခဲ့သူ ဖြစ်သည်။

၂၀၁၁ တွင် အာဏာရလာသော လက်ရှိအရပ်ဖက်အစိုးရ လက်ထက် ပြုပြင်ပြောင်းလဲမှုများကြောင့် ဒေါ်အောင်ဆန်းစုကြည်သည် ယခုအခါ အတိုက်အခံခေါင်းဆောင် လွှတ်တော်ကိုယ်စားလှယ်တစ်ဦးအဖြစ် တရားဝင် နိုင်ငံရေးလှုပ်ရှားမှုများ ပြုလုပ်လျက်ရှိသည်။

လတ်တလော ပိုလန်နိုင်ငံတွင် ရောက်ရှိနေသော မြန်မာဒီမိုကရေစီခေါင်းဆောင်သည် ဟန်ဂေရီနှင့် ချက်ရီပတ်ဗလစ်နိုင်ငံများသို့ ဆက်လက်ခရီးလှည့်လည်မည်ဖြစ်သည်။


 

မုတ်သုံကုန်ဆုံးတော့မည်ဖြစ်၍ ထိုင်းသို့ရိုဟင်ဂျာစက်လှေဆိုက်ရောက်

(AFP မှ 13 September 2013 ရက်စွဲပါ  “Rohingya boat lands in Thailand as monsoon rages” သတင်းကို ဘာသာပြန်ဆိုသည်)

မုတ်သုံရာသီ မကုန်ခင် စွန့်စွန့်စားစား ခရီးထွက်လာပုံရသော ရိုဟင်ဂျာ လှေစီးဒုက္ခသည် ၂၀၀ ကျော်သည် ထိုင်းနိုင်ငံတောင်ဖက်ကမ်းခြေသို့ ရောက်ရှိလာကြောင်း ထိုင်းအာဏာပိုင်များက ကြာသပတေးနေ့တွင် ပြောကြားသည်။

ပဋိပက္ခဘေးဒဏ်သင့် ရခိုင်ပြည်နယ်မှ ထွက်ပြေးလာပုံရသော အုပ်စုသည် ဗုဒ္ဓဟူးနေ့က လေမုန်တိုင်း တိုက်နေစဉ် တောင်းပိုင်းဆာတွန် ပြည်နယ်ကမ်းခြေသို့ ကမ်းကပ်လာခြင်းဖြစ်သည်ဟု ထိုင်းတာဝန်ရှိသူက ဆိုပါသည်။

“သူတို့လှေပေါ်ကို အစားအစာနဲ့ သောက်ရေတင်ပေးလိုက်ပါတယ်။ ပြီးတော့ သူတို့ဆက်လက် ထွက်ခွာသွား ပါတယ်” ဟုအမည်မဖော်လိုသော ထိုင်းလုံခြုံရေးအရာရှိက APF သို့ပြောကြားသည်။

“ကျွန်တော်တို့ကလည်း သူတို့ကို လက်မခံချင်ဘူး။ သူတို့ကလည်း ဒီမှာ မနေချင်ဘူး၊ ရိုဟင်ဂျာတွေက အိမ်နီချင်း မွတ်ဆလင်နိုင်ငံတွေကို အခြေချချင်ကြတာပါ” ဟု ၎င်းအရာရှိကဆိုသည်။

ရိုဟင်ဂျာများ သွားရောက်လိုသော နိုင်ငံတို့၏ အမည်ကို ထိုင်းအရာရှိက ထုတ်မပြောသော်လည်း ရိုဟင်ဂျာ တို့က များသောအားဖြင့် မလေးရှားနှင့် အင်ဒိုနီးရှားသို့ သွားရန်ရည်ရွယ်ထားကြသည်။

ယခင်တပ်မတော်ခေါ် စစ်တပ်ကအုပ်ချုပ်ခဲ့သော မြန်မာနိုင်ငံတွင် မနှစ်က ဗုဒ္ဓဘာသာနှင့် မွတ်ဆလင်တို့ အကြား အဓိကရုဏ်း ဖြစ်ပွားပြီးနောက်ပိုင်း ကလေးများနှင့် အမျိုးသမီးများအပါအဝင် ရိုဟင်ဂျာလှေစီး ဒုက္ခသည် ထောင်ပေါင်းများစွာ စွန့်ခွာထွက်ပြေးလာခဲ့ကြသည်။

သို့သော် အများစုမှာ မုတ်သုံရာသီ ကုန်ဆုံးချိန် ပင်လယ်ပြင်ငြိမ်သက်သော အောက်တိုဘာလ နောက်ပိုင်းတွင် ထွက်ခွာလာလေ့ရှိသည်။

ယခု မုတ်သုံမကုန်မှီ စွန့်စားထွက်ခွာလာသူများသည် ၁၅ ရက်ကြာ ပင်လယ်စွန့်စားခန်းအပြီးတွင် ဆာတွန်ပြည်နယ် ကမ်းရိုးတန်းသို့ ဆိုက်ရောက်လာခြင်းဖြစ်သည်ဟု ဒေသခံရွာလူကြီးက ဗုဒ္ဓဟူးညနေတွင် အတည်ပြု ပြောဆိုသည်။

“သူတို့အားလုံး ၁၅နှစ်နဲ့ ၄၅နှစ်ကြား ယောကျာင်္းတွေချည်းပဲ။ ပိန်ကပ်ပြီး အားမရှိတော့ဘူး၊ တစ်ချို့ဆိုရင် လမ်းတောင်မလျှောက်နိုင်တော့ဘူး၊ သူတို့အားလုံးမလေးရှားသို့ သွားဖို့ထွက်လာကြတာပါ” ဟု ဆွမ်တန်ခွန်ဆတ်က AFP သို့ပြောကြားသည်။

ထိုင်းနိုင်ငံသည် ရိုဟင်ဂျာလှေစီး ဒုက္ခသည်များအား၊ လာရောက်ကမ်းလှမ်းမည့် တတိယနိုင်ငံကို စောင့်ရင်း မဆန့်မပြဲ အချုပ်ခန်းများတွင် စုပြုံထိန်းသိမ်း ထားခြင်းကြောင့် လူအခွင့်အရေးအုပ်စုများ၏ အပြစ်တင် ဝေဖန်မှုကို ရင်ဆိုင်နေရသည်။

သို့သော် လာရောက်ကမ်းလှမ်းသည့်  ပြည်ပနိုင်ငံ မရှိသေးသောကြောင့် ရိုဟင်ဂျာဒုက္ခသည်များမှာ မိသားစုနှင့် တစ်ကွဲတစ်ပြားဖြစ်ကာ အခက်အခဲတွေ့နေကြသည်။

၎င်းရိုဟင်ဂျာဒုက္ခသည်များအား လက်ခံမည့် တတိယနိုင်ငံကို ရှာဖွေနေစဉ် အတွင်း ၆ လ နေထိုင်ခွင့်ပြုရန် UNHCR နှင့် ထိုင်းအစိုးရတို့ သဘောတူထားခဲ့ကြခြင်းဖြစ်သည်။

ထိုင်းအစိုးရက ရိုဟင်ဂျာများ၏ နေထိုင်ခွင့်သက်တမ်းကို လာမည့်နှစ်စအပိုင်းထိ သက်တမ်းတိုး ပေးထားသော်လည်း ထိုင်းနိုင်ငံတွင် ရိုဟင်ဂျာများအပေါ် ခြိမ်းခြောက်ငွေညစ်မှုများ အမြတ်ထုတ်မှုများရှိနေသည်ဟု လူအခွင့် အရေးအုပ်စုများက ထောက်ပြဝေဖန်လျက်ရှိသည်။

ထိုကြောင့် ပြီးခဲ့သော ဇန်နဝါရီလတွင် ရိုဟင်ဂျာများအား တရားမဝင် လူကုန်ကူးမှုရာတွင် ပတ်သက်နေသော ထိုင်းစစ်ဖက် အရာရှိများကို အာဏာပိုင်များက စုံစမ်းစစ်ဆေးမှုများပြုလုပ်ခဲ့ရသည်။

UNHCR ပြောရေးဆိုခွင့်ရှိသူက ၎င်းရိုဟင်ဂျာလှေစီးဒုက္ခသည်များကို မောင်ထုတ်ခြင်းမပြုလုပ်သင့်ကြောင်းနှင့် ၎င်းတို့ရောက်ရာဒေသတွင် ခိုလှုံခွင့်ရရှိသင့်ကြောင်း ထုတ်ဖော်ပြောကြားခဲ့သည်။



Google Drive: create, share, and keep all your stuff in one place. Logo for Google Drive

0 comments:

Post a Comment