Transparency Myanmar

transparency.myanmar@gmail.com

Current News
Document

Snapshot of the item below:
Current News

ပြည်တွင်း နိုင်ငံရေး၊ စီးပွားရေး သတင်းစဉ်


ဘာသာရေးပဋိအက္ခများ ရပ်တန့်သွားစေရန်အတွက် မိမိတစ်ဦးတည်းမတက်နိုင်ဟုဒေါ်အောင်ဆန်းစု ကြည်ပြောကြား

တိုင်းပြည်၏ ဒီမိုကရေစီအသွင်ကူးပြောင်းရာတွင် ဟန်ချက်ပျက်စေခဲ့သော နိုင်ငံအတွင်း မွတ်စလင်ဆန့်ကျင်ရေး အကြမ်းဖက်မှု ပဋိပက္ခများကို ၎င်းတစ်ဦးတည်း၏ အင်အားဖြင့် ရပ်တန့်ရန် မတက်နိုင်ကြောင်း မြန်မာ့ဒီမိုကရေစီခေါင်း ဆောင် ဒေါ်အောင်ဆန်းစုကြည်က ပြောကြားလိုက်သည်။

စက်တင်ဘာလ ၁၂ ရက်နေ့က ပိုလန်နိုင်ငံ ဝါဆောင်မြို့တွင် ပိုလန်သမ္မတဟောင်းနှင့် တွေ့ဆုံပြီးနောက် ပြုလုပ်ခဲ့ သည့် သတင်းစာရှင်းလင်းပွဲတွင် မြန်မာနိုင်ငံအတွင်း ဘာသာရေးအသွင်ဆောင်နေသော ပဋိပက္ခများကို ဒေါ်အောင်ဆန်း စုကြည်အနေဖြင့် ရပ်တန့်အောင် ဆောင်ရွက်နိုင်ခြင်းမရှိမရှိ ဆိုသည့် သတင်းထောက်တစ်ဦး၏ မေးမြန်းမှုကို ပြန်လည်ဖြေကြားခဲ့ခြင်းဖြစ်သည်။

“ တရားဥပဒေစိုးမိုးရေးကို ကျွန်မတို့လိုအပ်တယ်။ တရားဥပဒေစိုးမိုးမှုရှိမှသာ ကျွန်မတို့ပြည်သူတွေဟာ လုံခြုံမှုကို ခံစားနိုင်မယ်။ လုံခြုံစိတ်ချမှုကို ရရှိထားတဲ့ပြည်သူတွေသာလျှင် မတူညီတဲ့ လူမှုအဖွဲ့အစည်းအချင်းချင်းကြားက အပြန်အ လှန် ရင်းနှီးချစ်ခင်မှုတွေကို ပြန်လည်စတင်တည်ဆောက်နိုင်မယ်။ ဒီအချက်က ကျွန်မတို့ တိုင်းပြည်အတွက် အသင့်တော်ဆုံး ဆိုတာ အခိုင်အမာပြောလိုပါတယ်” ဟုဒေါ်အောင်ဆန်းစုကြည်က ပြောကြားခဲ့သည်။

ပြီးခဲ့သည့်နှစ်ကစ၍ ရခိုင်ပြည်နယ်မှ စတင်ခဲ့သော ပဋိပက္ခများမှာ ယခုအချိန်ထိ ဆက်လက်ဖြစ်ပေါ်နေပြီး နေရာအနှံ့တွင်လည်း ဆူပှုမှုကို ဖြစ်ပေါ်စေသည့် ကောလဟာလများ၊ အကြမ်းဖက်မှုများကို ဖြစ်ပေါ်စေသည့် အမုန်းတရား အခြေခံပြောဆိုမှုများ မကြာခဏဖြစ်ပေါ်နေကာ နိုင်ငံတွင်း အကြမ်းဖက်မှုဖြစ်စဉ်များကြောင့် လူပေါင်း နှစ်ရာကျော် သေဆုံး ခဲ့ရပြီးဖြစ်သည်။

ကမ္ဘာ့နိုင်ငံအများစု၏ လေးစားမှုကိုရရှိထားပြီး လူ့အခွင့်အရေးတက်ကြွလှုပ်ရှားသူများ အတွက်ပေးအပ်သော နိုဗယ်ငြိမ်းချမ်းရေးဆုကိုလည်း ရရှိထားသည့် ဒေါ်အောင်ဆန်းစုကြည်အား မြန်မာနိုင်ငံအတွင်း ဖြစ်ပေါ်နေသော အကြမ်းဖက်မှုများနှင့် ပတ်သတ်၍ နှုတ်ဆိတ်နေခြင်း အပေါ် သတင်းထောက်အများစုက မေးခွန်းထုတ်ခဲ့ခြင်း ဖြစ်ကြောင်း (CAN) သတင်းတွင် ဖော်ပြထားသည်။

ဒေါ်အောင်ဆန်းစုကြည်သည် စက်တင်ဘာလ ၁၃ ရက်နေ့တွင် ဟန်ဂေရီနိုင်ငံသို့ ဆက်လက်ထွက်ခွာသွားပြီး ဟန်ဂေရီနိုင်ငံ ဘူဒါပက်တက္ကသိုလ်တွင် “တော်လှန်ရေးမှသည် အမျိုးသားရင်ကြားစေ့ရေးသို့” ခေါင်းစဉ်ဖြင့် ဟောပြော သွားမည်ဖြစ်သည်။

YC


CPI ကုမ္ပဏီ၏ ချီဖွေငယ်လျှပ်စစ်ဓါတ်အားပေးစက်ရုံမှ ကချင်ပြည်နယ်သို့ ယခုနှစ်မကုန်မီတွင် ဓါတ်အား စတင်ရောင်း ချမည်

တရုတ်ကုမ္ပဏီတစ်ခုဖြစ်သည့် CPI ကုမ္ပဏီ၏ ချီဖွေငယ်လျှပ်စစ်ဓါတ်အားစက်ရုံမှ ထွက်ရှိလာသော လျှပ်စစ်ဓါတ် အားများကို ယခုနှစ်မကုန်မီတွင် ကချင်ပြည်နယ်သို့ စတင်ရောင်းချသွားမည်ဖြစ်ကြောင်း သိရသည်။

“မြစ်ကြီးနားနှင့် ဝိုင်းမော်ကို ဖြန့်ဖို့က သေချာတယ်။ ဓါတ်အားလိုင်းနှင့် ဓါတ်အားစစ်ရုံတွေ ပြီးနေပြီ။ ဘူးဂါးကုမ္ပဏီကဘဲ ဖြန့်ဖြူးမှာပါ။ ဈေးနှုန်းကတော့ မသတ်မှတ်ကြသေးဘူး။ ဓါတ်အားလိုင်းကတော့ မိုးကောင်းမှာ မဟာဓါတ်အားလိုင်းနဲ့ ဆုံမယ်။ စက်သုံးလုံးလည်ပတ်သွားဖို့ရှိတယ်။ ပြည်ထောင်စုအဆင့် ဘယ်လိုသဘောတူညီချက် လုပ်သလဲဆိုတာတော့ မသိပါဘူး” ဟု ပြည်နယ်လျှပ်စစ်မန်နေဂျာ ဦးသန်းတင့်က ပြောသည်။

ချီဖွေငယ် လျှပ်စစ်ဓါတ်အားစက်ရုံသည် ၃၃ ဒသမ ၃ မီဂါဝပ် စက်သုံးလုံးတပ်ဆင်ထားပြီး မီဂါဝပ် ၉၉ ဒသမ ၉ မီဂါဝပ် ထုတ်လုပ်နိုင်ကာ ပထမတစ်လုံးကို အောက်တိုဘာလ မကုန်မီတွင် စတင်လည်ပတ်သွားမည်ဖြစ်ကြောင်း သိရသည်။

ချီဖွေငယ်မှ လျှပ်စစ်ဓါတ်အားကို ဖြန့်ဖြူးနိုင်ရန်အတွက် ချီဖွေ - ဝါရှောင် - မြစ်ဆုံ ဓါတ်အားလိုင်းမှ ခွဲထွက်ပြီး ချီဖွေ - ဝါရှောင် - ဝိုင်းမော်သို့ 132 KV ဓါတ်အားလိုင်းဆက်သွယ်ထားပြီး ဝိုင်းမော်မြို့တွင် 132/66 KV ဓါတ်အားခွဲရုံ တည်ဆောက်ထားပြီး မြစ်ကြီးနားမြို့တွင် 66/11 KV ဓါတ်အားခွဲစက်ရုံတည်ဆောက်ထားပြီးဖြစ်သည်။

အဆိုပါကိစ္စနှင့်ပတ်သတ်၍ ပြည်နယ်ဝန်ကြီးချုပ် ဦးလဂျွန်ငန်ဆိုင်းက “ ဘူးဂါးကုမ္ပဏီက ၅ မီဂါဝပ်လိုနေတာ ကျွန်တော်တို့က CPI နဲ့ပြောထားပြီ။ ကျွန်တော်တို့ဘက်က အဆင့်သင့်ဖြစ်ပြီလို့ပြောတာကို သူတို့ဘက်က တွန့်ဆုတ် နေတယ်။ အခုတော့ ဒီဇင်ဘာမတိုင်ခင်ပြီးစေရမယ်လို့ ကတိပေးသွားတယ်” ဟု ပြောကြားခဲ့သည်။

ဘူးဂါးကုမ္ပဏီဖြန့်ဖြူးရေးမန်နေဂျာ ဦးလအောင်က “ ကျွန်တော်တို့ကတော့ မသိရသေးဘူး။ အစီစဉ်လည်း မရှိသေးဘူး။ အပြင်မှာ ပြောနေကြပေမဲ့ တိကျတဲ့ ညွှန်ကြားချက်တော့ မရှိသေးဘူး။ လူကြီးပိုင်းတွေ ညှိနှိုင်းဦးမယ် ထင်တယ်။ နွေရာသီမှာတော့ လိုအပ်တာများတာပေါ့” ဆိုသည်။

မြစ်ကြီးနားနှင့် ဝိုင်းမော်မြို့များသို့ ကေအိုင်အိုပိုင် မလိ ရေအားလျှပ်စစ်စက်ရုံမှ ဖြန့်ဖြူးနေခြင်းဖြစ်ပြီး နှစ်မြို့ပေါင်း ၁၅ မီဂါဝပ်သာ ရရှိနေသောကြောင့် လိုအပ်သော ၅ မီဂါဝပ်ကို အလှည့်ကျစနစ်ဖြင့် ထောက်ပံနေရကြောင်း သိရသည်။

ကချင်ပြည်နယ်တွင် ပူတာအိုခရိုင် နှင့် တနိုင်း၊ ဆွမ်ပရာဘွမ်၊ အင်ဂျန်းယန် စသည့်မြို့နယ်များမှာ လျှပ်စစ်ဓါတ် အားမရ ရှိသေးပေ။

YC


 ပြည်တွင်း SME လုပ်ငန်းများ မြှင့်တင်နိုင်ရန် ငွေချေးမည်

ပြည်တွင်းရှိ (SME) အသေးစားနှင့် အလတ်စားလုပ်ငန်းများ တိုးတက်ရေးနှင့် လုပ်ငန်းရှင်များ ရင်ဆိုင်နေရသည့် အခက် အခဲများကို ဖြေရှင်းနိုင်ရန်အတွက် ကျပ်သန်းငါးထောင်ကို ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာနမှ ချပေးထားပြီး လုပ်ငန်း ရှင်များ အနေဖြင့် မြန်မာ့အသေးစားနှင့် အလတ်စား စက်မှုလုပ်ငန်းများ ဖွံ့ဖြိုးရေးဘဏ် (SMIDP) နှင့် ချိတ်ဆက် ချေးယူ နိုင်ကြောင်း ပြည်သူ့ ဝန်ဆောင်မှု လုပ်ငန်းများ စွမ်းဆောင်ရည် အကဲဖြတ်အဖွဲ့က ထုတ်ပြန်ကြေငြာသည်။

ထို့သို လိုအပ်သောချေးငွေများ ရရှိနိုင်ရန် ဘဏ္ဍာရေး ဝန်ကြီးဌာနမှ ချေးငွေအာမခံ အဖွဲ့အစည်းတစ်ရပ်ကို ဖွဲ့စည်းကာ ဆောင်ရွက် သွားမည်ဖြစ်ကြောင်း ပြည်သူ့ဝန်ဆောင်မှု လုပ်ငန်းများ စွမ်းဆောင်ရည် အကဲဖြတ်အဖွဲ့၏ ထုတ်ပြန်ချက်အရ သိရသည်။

ထုတ်ပြန်ချက်အရ အသေးစား အလတ်စား လုပ်ငန်းများအတွက် အာမခံ လုံလောက်စွာ တင်သွင်းနိုင်မှု ရှိမှသာ ချေးငွေအလုံအလောက် ရမည်ဖြစ်ကြောင်း၊ ဘဏ္ဍာရေးဝန်ကြီးဌာန အနေဖြင့် ချေးငွေအာမခံ အဖွဲ့အစည်း (Credict Guarantee Corporation) ပေါ်ပေါက်ရန်အတွက် အစီအစဉ်များ ချမှတ်ဆောင်ရွက်လျက် ရှိကြောင်း၊ အာမခံ တင်သွင်း နိုင်ခြင်း မရှိသည့် အသေးစား အလတ်စား လုပ်ငန်းများအပေါ် အဆိုပါ ချေးငွေအာမခံ အဖွဲ့အစည်းမှ အာမခံပေးခြင်းဖြင့် လိုအပ်သော ချေးငွေများ ရရှိနိုင်မည်ဖြစ်သည်။

SME လုပ်ငန်းများသည် နိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အရေးကြီးသော အခန်းကဏ္ဍမှ ပါဝင်နေသည်ဖြစ်ရာ ယင်းလုပ်ငန်းများအတွက် အခွန်ကင်းလွတ်ခွင့်ပေးရေးမှာလည်း လိုအပ်ချက်တစ်ခုဖြစ်ကြောင်း ပြည်တွင်းရှိ စီးပွားရေး လုပ်ငန်းရှင်များက ဆိုသည်။

အသေးစား အလတ်စား လုပ်ငန်းများအတွက် မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင်၏ အခွန်ကင်းလွတ်ခွင့်များ ရရှိအောင် ဆောင်ရွက်ပေးလျက် ရှိကြောင်း၊ အသေးစား အလတ်စား လုပ်ငန်းများကို စွမ်းရည်ပြည့် အကောင်အထည် ဖော်နိုင်ရန် လိုက်လျောညီထွေမှု ရှိစေရန်နှင့် ညှိနှိုင်းဆောင်ရွက်ခြင်းဖြင့် ခိုင်မာသော စီးပွားရေး ၀န်းကျင်ကို ထူထောင်နိုင်ရန် အထောက်အပံ့ပြုမည့် SME Development Law (draft) ကို ညှိနှိုင်းရေးဆွဲပြီးဖြစ်၍ လွှတ်တော်မှ အတည်ပြုပြီးပါက အသေးစားအလတ်စား လုပ်ငန်းများအတွက် အကာအကွယ်ပေးနိုင်မည့် မူဝါဒများ ပါဝင်ကြောင်း သိရသည်။

SME Development Law (draft) တွင် အသေးစား အလတ်စား လုပ်ငန်များအတွက် One Stop Service ဖြင့် ၀န်ဆောင်မှုပေးခြင်း၊ အခွန်သက်သာခွင့်ပေးခြင်း၊ အားပေးချီးမြှင့်ခြင်းနှင့် နိုင်ငံတကာနှင့် ယှဉ်ပြိုင်နိုင်စွမ်း ရှိရေးအတွက် ၀န်းကျင်ကောင်းများ ဖန်တီးရေး မူဝါဒများ ပါဝင်ကြောင်း သိရသည်။

အသေးစားလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်လာမှသာ ပြည်သူများ ဖွံ့ဖြိုးတိုးတက်နိုင်ပြီး အဆိုပါ လုပ်ငန်းများကို အခွန်ကင်းလွတ်ခွင့် ပေးမည် ဆိုပါကလည်း နိုင်ငံတော် ဘဏ္ဍာရရှိမှု ထိခိုက်မှု ကြီးကြီးမားမား မရှိနိုင်ကြောင်း ဖွံ့ဖြိုးရေးလုပ်ငန်းများ လုပ်ကိုင်နေသူ ကုလသမဂ္ဂ ဖွံ့ဖြိုးမှု အစီအစဉ် (UNDP) ဝန်ထမ်းဟောင်း ဦးမြင့်ဇော်က ဆိုသည်။

ထို့ပြင် ပြည်တွင်းရှိ SME လုပ်ငန်းများအတွက် Local NGO တစ်ခုဖြစ်သော မင်္ဂလာမြန်မာအဖွဲ့သည် ၂၀၁၂ ခုနှစ်မှစ၍ စမ်းချောင်း၊ ကမာရွတ်၊ ကြည့်မြင်တိုင်၊ မင်္ဂလာဒုံ၊ လှိုင်၊ မရမ်းကုန်း၊ ဗဟန်း၊ မြောက်ဥက္ကလာ၊ ရွှေပြည်သာနှင့် လှိုင်သာယာမြို့နယ်တို့ ရှိ ငွေကြေးမပြည့်စုံ သော်လည်း အသေးစားလုပ်ငန်း တည်ထောင်လိုသူများကို အတိုးနှုန်း နှစ်ကျပ်ခွဲနှုန်းဖြင့် ချေးငွေများ ထုတ်ချေးကူညီပေးခဲ့ကြောင်း သိရသည်။

YC


 

 


Google Drive: create, share, and keep all your stuff in one place. Logo for Google Drive

0 comments:

Post a Comment