Transparency Myanmar

transparency.myanmar@gmail.com

Q & C
Document

Snapshot of the item below:
Q & C

 

သတင်းဆောင်းပါးမှ ကောက်နှုတ်ချက်များ 

မေး။          ။နောက်ဆုံးမေးခွန်းပါ။ ကေအိုင်အေနဲ့ မြန်မာအစိုးရတို့ကြား ငြိမ်းချမ်းရေးရဖို့ အလားအလာကောင်းကို မြင်ထား ပါသလား။ ဘယ်လိုထင်မြင်ယူဆထားပါသလဲ။

ဖြေ။           ။ယုံကြည်တာကိုပြောမယ်ဆိုရင် ကေအိုင်အေပာာ မြန်မာအစိုးရရဲ့ တစ်နိုင်ငံလုံးအတိုင်းအတာ အပစ်အ ခတ်ရပ်စဲရေးစာချုပ်မှာ နောက်ဆုံးမှပါဝင်မှာဖြစ်ပါတယ်။ တစ်ရက်စောပြီး ပါဝင်မလား။ တစ်ရက်နောက်ကျပြီမှ ပါဝင်မလား ဆိုတာ မပြောနိုင်ပါဘူး။ ဒါပေမဲ့ နောက်ဆုံးမှာ မြန်မာအစိုးရနဲ့ငြိမ်းချမ်းရေး ရရှိမှာဖြစ်ပါတယ်။ သမ္မတဦးသိန်းစိန် အနေနဲ့ စိတ်ရင်းစေတနာနဲ့ ငြိမ်းချမ်းရေးရချင်တာဖြစ်သလို ကေအိုင်အေအနေနဲ့ကလည်း စိတ်ရင်းစေတနာနဲ့ ငြိမ်းချမ်းရေး ရချင်တာပါ ပဲ။ ဒါပေမဲ့ အရင်က ပစ်ခဲ့ခတ်ခဲ့ကြတာတွေက နှစ်ပေါင်းချီပြီးရှိခဲ့ကြတော့ နှစ်ဖက်အပြန်အလှန်ယုံကြည်မှုမရှိဘူး။ ကေအိုင်အေ က မြန်မာအစိုးရကို မယုံတာက တော်တော်ကြီးမားတယ်။ အပြန်အလှန်မယုံကြည်တာပာာ ငြိမ်းချမ်းရေးရဖို့ အပာန့်အ တားဖြစ်နေမှာပဲ။ ဒါကိုဖြေရှင်းဖို့ နှစ်ဖက်စလုံး လုပ်ဆောင်သင့်တယ်။

စက်တင်ဘာလ ၁၄ ရက်နေ့ထုတ် ရန်ကုန်တိုင်းမ်နေ့စဉ်ထုတ်သတင်းစာတွင်ပါရှိသော “တရုတ်ပြည်သူ့သမ္မတနိုင်ငံ အာရှရေးရာအထူးသံတမန်နှင့် နိုင်ငံခြားရေးဝန်ကြီးဌာန နိုင်ငံခြားရေးမူဝါဒအကြံပေးကော်မတီအဖွဲ့ဝင် မစ္စတာဝမ်ယင်ဖန် နှင့်တွေ့ဆုံခြင်း”အင်တာဗျူးမှ နိုင်ငံခြားရေးမူဝါဒအကြံပေးကော်မတီအဖွဲ့ဝင် မစ္စတာဝမ်ယင်ဖန်၏ ပြောကြားချက်အား ကောက်နှုတ်ချက်။


 “၂၀၁၃-၂၀၁၄ ဘဏ္ဍာရေးနှစ် မူလရသုံးမှန်းခြေငွေစာရင်းခွင့်ပြုချက်အရ ရငွေကျပ် ၁၁၂ ဒဿမ ၇၃၆ ဘီလီယံနဲ့အသုံးစရိတ် ၁၂၅ ဒဿမ ၄၈၀ ဘီလီယံဖြစ်ပါတယ်။ အဲဒီမှာ လိုငွေ ကျပ် ၂ ဒဿမ ၇၄၄ ဘီလီယံဖြစ်ပါတယ်။ ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီရဲ့ မူလရသုံးမှန်းခြေငွေစာရင်းကို ပိုငွေလိုငွေမရှိ ရေးဆွဲခဲ့ပေမယ့် အစိုးရဝန်ထမ်းများ၏ လစာနှင့် လုပ်ခများကို တိုးမြှင့်သတ်မှတ်ပေးခဲ့ပြီး ယင်းတိုးမြှင့်လစာနဲ့ လုပ်ခလစာအတွက် ရန်ပုံငွေ ၂ ဒဿမ ၇၄၄ ဘီလီယံ ထပ်မံခွဲဝေရရှိခဲ့တာကြောင့် လိုငွေဖြစ်ပေါ်ရခြင်းဖြစ်ပါတယ်”

စက်တင်ဘာလ ၁၄ ရက်နေ့ထုတ် ရန်ကုန်တိုင်းမ်နေ့စဉ်ထုတ်သတင်းစာတွင်ပါရှိသော “ရန်ကုန်တိုင်းဒေသကြီးအတွက် ဖြည့်စွက်ခွင့်ပြုငွေသန်းပေါင်း ၅၉၀၀၀ ကျော်တောင်းခံရမည့်အပြင် လိုငွေကျပ်သန်း ၄၈၀၀၀ ကျော်ရှိ”သတင်းမှ ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီမှ စည်ပင်သာယာဝန်ကြီးနှင့် ရန်ကုန်မြို့တော်ဝန် ဦးလှမြင့်၏ ပြောကြား ချက်အား ကောက်နှုတ်ချက်။


 “KIA ဘက် ဖမ်းထားတာလည်းမရှိဘူး။ ဖမ်းထားပြီး သတ်တယ်ဆိုတာလည်းမရှိဘူး။ တိုက်ပွဲမှာ ကျတာတော့ရှိနိုင်တယ်။ အဲဒါက ပာိုဘက်၊ ဒီဘက်ရှိနိုင်တာပဲ။ တိုက်ပွဲမှာကျရင် သူတို့နယ်မြေထဲမှာ ကောင်းကောင်းမွန်မွန်မြှုပ်ထားတယ်ဆိုတာကို တပ်မတော်ဘက်ကို အကြောင်းပြန်ပြီသား”

စက်တင်ဘာလ ၁၄ ရက်နေ့ထုတ် ပြည်မြန်မာ နေ့စဉ်ထုတ်သတင်းစာပါ “ငြိမ်းချမ်းရေးခရီး မြန်ဆန်ဖြောင့်ဖြူးရန် နှစ်ဖက်တပ်မတော်က ချင့်ချိန်လုပ်ဆောင်နေသလို ပြည်သူလူထုကလည်း ဆင်ခြင်တုံတရားရှိရန်လိုအပ်”သတင်းမှ ကချင်ငြိမ်းချမ်းရေးအကျိုးဆောင်အဖွဲ့ဝင် ဦးဆန်းအောင်၏ ပြောကြားချက်အား ကောက်နှုတ်ချက်။


 “ဦးဝီရသူကို အမြင်မကြည်တဲ့သူတွေထဲမှာ ကျွန်တော်က ထိပ်ဆုံးကပါတယ်။ ၉၆၉ တရားထွက်တော့ တခြားအစ္စလာမ် ဘာသာဝင်တွေ ဘယ်လောက်မုန်းလဲမသိဘူး။ ကျွန်တော်ကတော့ တော်တော်မုန်းခဲ့တယ်။ မမျှော်လင့်ဘဲ ဦးဇင်းနဲ့ ဆုံတွေ့ခွင့်ရခဲ့တယ်။ ဆရာတော်မှာ သက်သေသာဓကအခွေက စပြီး အတိအကျပြနိုင်တယ်။ ဒါတွေက အစွန်းရောက်တွေ ရဲ့လုပ်ရပ်တွေပါ။ အာဖဂန်နစ္စတန်မှာ အစွန်းရောက်တွေကိုကြည့်ပြီး စိုးရိမ်တဲ့အတွက် အမျိုးသားရေးနိုးကြားအောင် ဟောတာပါ။ ဒါပေမယ့် ဦးဝီရသူက အကြမ်းဖက်သူမဟုတ်ပါဘူး”

စက်တင်ဘာလ ၁၇ ရက်နေ့ထုတ် News Watch ဂျာနယ် အတွဲ (ဂ)၊ အမှတ် (၁၅) တွင်ပါရှိသော "ပြည်တွင်း၌ အစွန်းရောက် အစ္စလာမ်ဘာသာဝင်များ ရှိဟုဆို” သတင်းမှ ငြိမ်းချမ်းရေးနှင့် ချစ်ကြည်ရေး သံတမန်ကွန်ရက်တာဝန်ခံ ဒိုင်းမွန်း ဦးရွှေကြည်၏ ပြောကြားချက်အား ကောက်နှုတ်ချက်။


 နိုင်ငံခြားက စီးပွားရေးလုပ်ငန်းရှင်တွေက ငွေကြေးအရင်းအနှီးရော နည်းပညာပိုင်းမှာရော အားသာတဲ့အတွက် ပြည်တွင်း လုပ်ငန်းရှင်တွေအနေနဲ့ ယှဉ်ပြိုင်နိုင်ဖို့ခက်ခဲပါ လိမ့်မယ်။ ဒါကြောင့် ပြည်တွင်းလုပ်ငန်းရှင်တွေကို ကာကွယ်ပေးနိုင်မယ့် ဥပဒေတစ်ရပ်တော့ ရှိဖို့တော့လိုပါလိမ့်မယ်။ နိုင်ငံခြားလက်လီ ရောင်းချခွင့်ပေးမယ်ဆိုရင်တော့ ပြည်တွင်းလုပ်ငန်းရှင်တွေ အနေနဲ့ ယှဉ်ပြိုင်မှုမြင့်တက်လာပါလိမ့်မယ်”

စက်တင်ဘာလ ၁၇ ရက်နေ့ထုတ် သူရိယအလင်းဂျာနယ်ပါ "ပြည်တွင်းလုပ်ငန်းရှင်များအား ကာကွယ်ပေးနိုင်မည့် ဥပဒေ ပေါ်ထွက်လာစေရန် ပြည်တွင်းလုပ်ငန်းရှင်များ လိုလားလျက်ရှိ” သတင်းမှ City Mart Holding မှ စီးပွားရေးလုပ်ငန်း ရှင်ဒေါ်ဝင်းဝင်းတင်၏ ပြောကြားချက်အား ကောက်နှုတ်ချက်။



Google Drive: create, share, and keep all your stuff in one place. Logo for Google Drive

0 comments:

Post a Comment